Pages

Subscribe

Thursday 21 February 2008

တာဝန်ရှိသူများရဲ့ လစ်လျှူုရူမူ

နို့ဆာလောင်လို့ ငိုနေတဲ့ကလေးတယောက်ရဲ့ငိုသံ
အဟာရမပြည့်ဝလို့ ပိန်ချုံးနေတဲ့လူအိုတယောက်ရဲ့နိဂုံး
အစအဆုံးနဲ့ အချိန်တွေသာကုန်ဆုံးရတယ်
ဘယ်သောအခါမှ ဝလင်စွာစားသုံးရမှာလဲ
GOLDEN LAND ရယ်။

ပြည်တွင်းပြည်ပမှ လူအများရဲ့တောင်းဆိုသံ
သံမဏိစိတ်ဓာတ်နဲ့ လူထုအတွက်ကြံ့ကြံ့ခံရင်ဆိုင်နေသူတစ်ယောက်ရဲ့အပြုံး
ဘမျိုးဘိုးတူဇာနည်ဘွား တမိပေါက်တစ်ယောက်ထွန်းကို
ဘယ်သောအခါမှ ပြန်လည်လွှတ်မြောက်ပေးမှာလဲ
စစ်အစိုးရ ရယ်။



ကဗျာရေးသားပေးပို့သူ - လူသစ်

Friday 1 February 2008

အရှင်ဂမ္ဘီရ အား ငြိမ်းချမ်းရေးဆု ချီးမြှင့်

မဇ္ဈိမသတင်းဌာန-ထိန်လင်း/ ၂၉ ဇန်န၀ါရီ ၂၀၀၈

နယူးဒေလီ။ ။ ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား ချီးမြှင့်လိုက်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရှစ်လေးလုံး ကျောင်းတိုက်၌ ပြုလုပ်သော ဦးရေဝတ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ဦးဆောင် ကျင်းပသည့် ဆွမ်းသွတ် အမျှဝေပွဲနှင့် ငြိမ်းချမ်းရေး ဆုပေးအပ်ပွဲမှ အရှင်ဂမ္ဘီရအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးအတွက် သစ္စာတရားကို လက်ကိုင်ထားသူ၊ လူသေသော်လည်း နာမည်မသေတဲ့ ဦးရေဝတရဲ့ ၉ နှစ်ပြည့် အမှတ်တရ မေတ္တာပို့ အမျှဝေတဲ့ ပွဲဖြစ်တယ်။ တဆက်ထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြ မေတ္တာပို့ခဲ့တဲ့၊ သံဃာတော်တွေကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရကို ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆု ပေးအပ်တဲ့ အခမ်းအနား ဖြစ်တယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဝရက မိန့်ကြားသည်။

ဆုရရှိသော အရှင်ဂမ္ဘီရသည် လက်ရှိအချိန်တွင် အကျဉ်းချခံထားရပြီး ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များကို ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့သူ ဖြစ်သည်။ အရှင်ဂမ္ဘီရအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၅ဝဝ နှင့် ညီမျှသော မြန်မာငွေကို ချီးမြှင့်မည် ဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးတွင် မန္တလေးမြို့ သံဃသမဂ္ဂီ ဥက္ကဋ္ဌ ဖြစ်သူ ဆရာတော် ဦးရေဝတသည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာစစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်မှု ခံခဲ့ရသည်။ ထောင်မှလွတ်၍ ၇ လခန့် အကြာတွင် ထောင်တွင်းရရှိသော ဒဏ်ရာကြောင့်ပင် ပျံလွန်တော်မူခဲ့သည်။

ယခု ဆုပေးခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး အရှင်စန္ဒာသီရိ၊ တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းနှင့် အရှင်ဉာန္ဒဝံသ တို့ကိုလည်း ချီးမြှင့်ခဲ့သည်။

ဆရာတော် ဦးပညာဝရက “သံဃာတွေရဲ့ လှုပ်ရှားမှုကို အားလုံးသိတဲ့အတိုင်း စက်တင်ဘာ လူထုလှုပ်ရှားမှုမှာ သက်သေပြပြီး ဖြစ်တယ်။ နောင်မှာလည်း လူထုလက်မခံတဲ့ တရားဥပဒေမဲ့ ဖိနှိပ် ညှဉ်းပမ်းမှုများကို အာဏာပိုင်တွေက ဆက်လုပ်နေအုံးမယ် ဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးဟာ ဝေးသထက် ဝေးသွားမှာပဲ။ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်သူ့ဆန္ဒကို လိုက်လျောသင့်ပြီ” ဟု မိန့်ကြားသည်။

သံဃာတော်များကို စော်ကားသူများအား လူမှုထူးချွန်ဆုပေး

ပြီးခဲ့သည့် ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့၌ စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံရသူများတွင် စွမ်းအားရှင်အချို့အပါအ၀င် စက်တင်ဘာ သံဃာ့အရေးအခင်းကြီးအား ဖိနှိပ်ဖြိုခွဲသူ အများအပြား ပါဝင်ကြောင်း သိရသည်။

နေပြည်တော် နအဖရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက “ဘွဲ့တွေအတွက် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စာရင်းတောင်းကတည်းက ယခင် သတ်မှတ်ချက်အဟောင်းတွေအပြင် စက်တင်ဘာ သံဃာ့အရေးအခင်းကာလမှာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့ ရဲနဲ့ ၀န်ထမ်း
တွေ၊ အစိုးရနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သံဃာနဲ့ လူပုဂ္ဂိုလ်စာရင်းတွေကိုပါ တင်ပြဖို့ ညွှန်ကြားခဲ့တယ်။ အဲဒီညွှန်ကြားချက်အတိုင်း တင်ပြလာတဲ့ လူတွေထဲမှာ စွမ်းအားရှင် တွေလည်း ပါဝင်ပြီး သူတို့ကိုတော့ လူမှုထူးချွန်တံဆိပ်တွေ ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုနှစ်အတွက် လူမှုထူးချွန်တံဆိပ် ပထမအဆင့် (၁၀၂) ဦး ရွေးချယ်ပေးအပ်ခဲ့ရာတွင် သံဃာ့ အရေးအခင်းနှင့် ဆက်စပ်သူ (၇၀) ဦးခန့် ပါဝင်ပြီး ၎င်းတို့အနက် စွမ်းအားရှင် အယောက်
(၃၀) ခန့် ပါဝင်ကြောင်း ၎င်းက ပြောသည်။

သံဃာတော်များအား ကိုယ်ထိလက်ရောက်စော်ကားသည့် စွမ်းအားရှင်များထဲတွင် အလုပ် အကိုင်အတည်တကျမရှိ အခြေအနေမဲ့ ကျပန်းသမားများ၊ ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ် သမားများ၊ ဈေးသည်၊ ပွဲစား၊ ဆိုက်ကားသမားစသည့်သူများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် နေထိုင်သူတဦးကလည်း ၎င်းတို့မြို့နယ်၌ လူမှုထူးချွန်ဆု
ရရှိသူ လမ်းဘေးဈေးသည်တဦးမှာ စွမ်းအားရှင်ဖြစ်ပြီး စက်တင်ဘာ သံဃာနှင့် လူထုဆန္ဒပြပွဲကို အာဏာပိုင်များက ဖြိုခွင်းရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ပြောသည်။

နအဖစစ်အစိုးရသည် ယခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ရဟန်းသံဃာနှင့် လူပေါင်း (၄၃၉) ဦးတို့ကို ချီးမြှင့်ခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်များထဲတွင် နအဖ စစ်အစိုးရ၏ လုပ်ငန်း များ၌ ငွေကြေးလှူဒါန်းသူများလည်း ပါဝင်ကြကြောင်း သိရသည်။

ယခုနှစ်အတွက် နအဖစစ်အစိုးရက ဘွဲ့တံဆိပ်ပေးအပ်သူ စုစုပေါင်း (၃၆,၀၀၉) ဦးရှိပြီး အဆိုပါ စာရင်းထဲမှ လူမှုထူးချွန်ဆု ရရှိသူ (၃၅၅) ဦးပါဝင်သည်။ ယခင်နှစ်က ပေးအပ်ခဲ့သည့် (၂၄၁) ယောက်နဲ့ နှိုင်းယှဉ်ပါက လူပေါင်း (၁၀၀) ကျော် ပိုပေးသည်ကို တွေ့ရပြီး အများစုသည်
အစိုးရက သံဃာ့အရေးအခင်း နှိမ်နင်းရာ၌ ကိုယ်ထိလက်ရောက် ပါဝင်ကူညီခဲ့သူများဖြစ်ကြောင်း သိရသည်။

Mizzima Latest news

နအဖ သည် ဥပဒေပြဋ္ဌာန်းချက်များကို ချိုးဖောက်နေဟု အန်အယ်ဒီက ဝေဖန်
Friday, 01 February 2008 18:49 - မြန်မာစံတော်ချိန်

တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် ကြွေးကြော်နေသည့် နအဖ သည် လက်တွေ့အားဖြင့် အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယမန်နေ့က ဝေဖန် ...

ရွှေဝါရောင်အတွင်း ၁ဝဝ ကျော် သေဆုံးဟု HRW ပြောကြား
Friday, 01 February 2008 17:42 - မြန်မာစံတော်ချိန်

ရွှေဝါရောင် တော်လှန်ရေးအတွင်း နအဖ စစ်တပ်၏ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဆန္ဒပြသူ ၁ဝဝ ကျော် အသတ်ခံရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch - HRW) အဆိုအရ သိရ ...

ဒီချုပ် လူငယ်တာဝန်ခံ နှစ်ဦးကို ရဲက ခေါ်သွားပြန်ပြီ
Friday, 01 February 2008 16:52 - မြန်မာစံတော်ချိန်

စုံစမ်းစစ်ဆေးရန် ရှိသည်ဟုဆိုကာ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၂ ဦးကို အာဏာပိုင်များက ယနေ့ နံနက်ပိုင်းက ခေါ်ဆောင်သွား ...