Pages

Subscribe

Wednesday 28 May 2008

Today C-Box News

Niknayman: လှည်းတန်း၊ ယုဇနပလာဇာ၊ မြေနီကုန်းနဲ့  ဒဂုံမြို့ သစ်တစ်ဝိုက်မှာ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) မှ ထုတ်ပြန်ကြေညာချက်များ လိုက်လံဖြန့် ဝေခဲ့တယ်လို့  သိရှိရပါတယ်။

Niknayman: မြောက်ဥက္ကလာရွှေပေါက်ကန်တွင် လေဘေးသင့်သူများ အများကြီးစုပြီးနေသောနေရာသို့  နအဖမှ သွားရောက်ပြီး “သိလား၊ မင်းတို့တွေ ဒီလိုအများကြီး စုပြီးနေနေတော့ ငါတို့ နိုင်ငံက သူတောင်းစားနိုင်ငံ ဖြစ်သွားမယ်” လို့ပြောသွားပြိး ဒီလိုမျိုး လူအများကြီး စုပြီးတော့နေရင် မင်းတို့ကို ဘူးသီးတောင်မောင်းတောကို ပို့ဖြစ်လိုက်မယ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။

Niknayman: နိုင်ငံတကာမှ ပေးပို့လှူတန်းသော စားသောက်ကုန်များကို မင်္ဂလာဒုံလေဆိပ် ဂိုဒေါင်မှာထားရှိပြီး ညဘက်တွင် စစ်ကားများဖြင့် လုံခြုံစွာထည့်ကာ နေပြည်တော်သို့ သယ်ဆောင်နေကြောင်း ကြားသိရပါတယ်။

ကိုကို: နောက်ဆုံးရသတင်းများအရ မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် နောက် ၁၂ နာရီအတွင် မုန်တိုင်းဝင်မည်ဖြစ်ကြောင်း သိရှိရ၏။

kolusoe1: ဘန်ကောက်မြန်မာ သံရုံး မီးလောင်မှုကို ၀ါယာလျှော့ဖြစ်၍ လောင်သည်ဟု သံရုံးအရာရှိတဦးက ပြောခဲ့သော်လည်း ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန နှစ်ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး မီးလောင်ခြင်းကြောင့် သံရုံးတွင်း အဂတိလိုက်စားမှုများ ဖျောက်ဖျက်ပစ်ဖို့ ရှို့မီးဖြစ်နိုင်သည်ဟု ဘန်ကောက်သံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ခေတ်ပြိုင်ကို ပြောသည်။

ဦးဘချစ်: ဘာအကူအညီမှ မရသေးတဲ့ နေရာတွေက ဖြစ်စေ၊ ဒီလိုပဲ ၀မ်းလျှောဝမ်းပျက် ဖြစ်နေတဲ့နေရာ၊ အူရောင်ငန်းဖျား၊ အသဲရောင်အသားဝါ၊ အဆုတ်အအေးပတ်၊ ငှက်ဖျား စတာတွေဖြစ်နေတဲ့ နေရာကဖြစ်စေ၊ ဦးဇင်းတပါးနဲ့ရွားခံတယောက် သာ ရန်ကုန်တက်လာပါ၊ ဆရာတော် ဦးဆေကိန္ဒ နဲ့ ရအောင်ဆက်သွယ်ပါ လိုက်ပြီးကူညီနေပါတယ်၊ ဆရာတော်ရဲ့ လက်တိုင်ဖုန်းကတော့ ၀၉ ၅၀၁ ၅၀၂၄ နဲ့ ၀၉ ၈၅၈ ၀၆၄၈ တို့ဖြစ်ကြပါတယ်

Today မဇ္ဈိမသတင်း

ရန်ကုန်တိုင်းမှ ဧရာဝတီသို့ ထွက်ခွာသော အလှူကားများ ဆက်လက်ဖွင့်ထား

ဧရာဝတီတိုင်းဘက်သို့ သွားရောက်မည့် လေဘေး အလှူရှင်များ၏ ကားများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာပိုင်များက တားဆီးခြင်း၊ အပြန်ကားများကို ယာယီ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၆ ရက်နေ့ညမှ...

Generation wave ၏ လှုပ်ရှားမှု