Pages

Subscribe

Friday 21 May 2010

ပေါင်းလောင်းရေလှောင်ကန်တွင် ဓာတ်အားပေးဖို့ ရေလက်ကျန် (၂၀)ရက်စာသာ ရှိတော့ကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ မေလ(၁၄)ရက်နေ့က ထုတ်ပြန်တဲ့စာ....

EPC
EPC1
ဓာတ်ပုံပေးပို့လာသူ ရဲရဲတောက် ဘားမားပါပါရာဇီ......


ပေါင်းလောင်းရေလှောင်ကန်တွင် ဓာတ်အားပေးဖို့ ရေလက်ကျန် (၂၀)ရက်စာသာ ရှိတော့ကြောင်း၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ခြင်းကြောင့် မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ....စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်များ၊ ရပ်ကွက်အသေးစား စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများ Shoppin mall များ၊ Super Market များ အား လျှပ်စစ်ဓာတ်အား ပေးဝေနေခြင်းကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းကြောင်း . မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများအား ဓာတ်အားဖြတ်တောက်ထားရန်တဲ့၊ စည်ပင်၊ အစိုးရကုမ္ပဏီရုံးခန်းများ၊ အား ဓာတ်အား ဖြတ်တောက်ခြင်း မပြုရန်တဲ့... တတ်လည်းတတ်နိုင် ပါပေတယ်.. မောင်မင်းကြီးသားတို့ရယ်....

ယခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်တွင်းဂျာနယ် တစ်စောင် မှာပါတဲ့ .. သတင်းတစ်ပုဒ်ကို အောက်မှာ ဖော်ပြထားပါတယ်..။ ဒီသတင်း မှန်မမှန်ဆိုတာ အခုလက်ရှိ အခြေအနေတွေနဲ့ နှိုင်းယှဉ် လေ့လာကြည့်ရှုနိုင်ပါတယ်။

သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ

လွယ်တိုင်းလျဲန်းအခြေစိုက် SSA တောင်ပိုင်း နှင့် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ တို့ ၅၂ နှစ် မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေ ၂၁ ရက်တွင် ကျရောက်သော သမိုင်းဝင် ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် လွယ်တိုင်းလျဲန်း၌ တိုင်းပြည်အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည် ရဲဘော်များအား အလေးပြုပြီး စစ်ရေးပြအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ သက်စွန့်စစ်သည်များအား ရည်စူး၍ ရဟန်းသံဃာသူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ပြည်သူ လူထုများလည်း တက်ရောက်ကြသည်။

စစ်ရေးပြချီတက်စဉ်

နအဖမှ တောင်းဆိုထားသော ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံခြင်း မရှိသေးသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သော အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တွင်လည်း ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်စစ်ရေးပြအခမ်းအနားကျင်းပ ကြောင်း၊ တိုင်းပြည် အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့်ငြိမ်းချမ်းရေးရယူပြီး နောက် နအဖတပ်၏ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုခံခဲ့ကြရသော ရဲဘော်များကို အလေးပြုကြကြောင်း၊ ၎င်းတို့အားရည်စူး၍ ရဟန်းသံဃာအရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း စုံစမ်းသိရှိရ သည်။

အမျိုးသမီးစစ်သည်များစစ်ရေးပြစဉ်


အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှမှ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ မေ ၁၁ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်ပန်ဖှက “အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ချင်တာကြောင့် ကျနော်တို့ သည်းခံလာခဲ့ရတာလည်း ကြာခဲ့ပြီ။ နအဖစစ်တပ်က အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်သားတွေဖြစ်မှန်းသိသိကြီးနဲ့ လာပြီး တိုက်ခိုက်တယ်။ ကျနော့်တပ်သားတွေကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်”ဟု ပြောကြား ခဲ့သည်။

၁၉၉၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရောက်ရှိနေသော အပစ်ရပ် SSA တပ်မဟာ ၁၆ မှ စစ်သည် ၆ ဦးအား နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

၂၀၀၀ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင်လည်း အပစ်ရပ် SSA တပ်မဟာ ၁ ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့သည်။ SSA ဖက်မှ စစ်သည်များက နအဖ လူမှားပစ်ခတ်သည်ဟု ယူဆပြီး ထိပ်တိုက် မဖြစ်ချင်သောကြောင့် နောက်ဆုတ်ပေးခဲ့သည်။ SSA မှ စစ်သည်နှစ်ဦးကိုလည်း နအဖက ဖမ်းဆီးရမိ၍ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်ခဲ့သည်။

အပစ်ရပ် SSA မြောက်ပိုင်းသည် နအဖဖက်မှနေ၍ စိန်ကျော့၊ ၀မ်ဟိုင်း၊ နမ့်လောင်း၊ မိုင်းဟ၊ မိုင်းဟိုင်းတို့တွင် စ၀်ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ကို ကူတိုက်ခိုက်ပေးခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်မည်ဟု သျှမ်းတော် လှန်ရေးနေ့၌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြော

မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။

ဒုဗိုလ်ချုပ်ကြီး ယွက်စစ်


မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။


မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့်သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

တာချီလိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်

သျှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ နှင့် ဗမာ့တပ်မတော်တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရ ပါသည်။

အမည်မဖေါ်လိုသူ ရွာသားတဦးက -“ သျှမ်းတပ်က ၁၀ ကျော် နဲ့ ဗမာ့တပ်မတော် စစ်ကြောင်းတကြောင်း မိုင်းကိုးကျေးရွာအုပ်စုစီငေါက့်ရွာ အနီး လယ်ကွင်းပြင်ထဲမှာ တိုက်ပွဲဖြစ်တာ၊ နာရီဝက်နီးနီး ပစ်ခတ် ကြတယ်” - ဟု ပြော၏။

သျှမ်းပြည်တပ်မတော်သားများ

မေ ၁၆ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက တာချီလိတ် အခြေစိုက် ခမရ ၃၃၁ တပ်ရင်းမှ အင်အား ၃၀ ကျော် စစ်ကြောင်းတကြောင်း နှင့် သျှမ်းပြည်တပ်မတော် နယ်လှည့်တပ်ဖွဲ့တို့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၏။

“တိုက်ပွဲပြီးတော့ ဗမာစစ်သားတွေ အထမ်း ၃ ထမ်း ထမ်းသွားတာတွေ့ရတယ်။ လူနာလား/အလောင်းလား တော့မသိဘူး။ သျှမ်းတပ်ဘက် ကတော့ ဘယ်လောက်သေကျေဒဏ်ရာရလဲမသိဘူး” - ဟု ဒေသခံ နောက်တဦး က သျှမ်းသံတော်ဆင့်သို့ ပြော၏။

ထို့အတူ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုဝင် ၀မ့်ပန်စလီရွာရှိ အခါပြည်သူ့စစ်တပ်ဖွဲ့အား နအဖ လှုပ်ရှားစစ်ကြောင်း တကြောင်းက စက်သေနတ်ပေးပြီး သျှမ်းပြည်မတော် နယ်လှည့်စစ်ကြောင်း တစ် ကြောင်းကို လိုက်လံပစ်ခတ်စေခဲ့သေးသည်ဟုဆို၏။ သို့သော် နှစ်ဦးနှစ်ဘက်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆက်လက်ပြောပြ၏။

သျှမ်းပြည်တပ်မတော် နှင့် ဗမာ့တပ်မတော်ကြား မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ၌ တာချီလိတ် မြို့နယ် ပြည်သူ့ စစ်တပ်ဖွဲ့အားလုံးစုပေါင်းပြီး နယ်ခြားစောင့်တပ်ရင်း အဖြစ် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောင်းလဲဖွဲ့စည်းလိုက်၏။ စရဖ အရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အခမ်းအနားဖြင့် ရာထူးအဆင့် အပ်နှင်းပေးခဲ့သည်။

နေပြည်တော်ရှိ TC နှင့် EISC မှ သွင်းကုန် ခွင့်ပြုမိန့်များ ကြန့်ကြာမှု ရှိ

စစ်အစိုးရ မြို့တော်သစ် နေပြည်တော်ရှိ ကုန်သွယ်ရေးမူဝါဒ ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော Trade Council (TC) နှင့် Export and Import Supervisory Committee (EISC) ဋ္ဌာနများက ပြည်ပသွင်းကုန် လိုင်စင်ထုတ်ပေးရာတွင် မလိုအပ်ပဲ ကြန့်ကြာနေကြောင်း ကုန်သည်များ အဆိုအရ သိရသည်။
ဧပြီလကုန်ပိုင်းမှစ၍ ပြည်ပသွင်းကုန် လိုင်စင်တစ်စောင် ခွင့်ပြုမိန့်ကျရန် TC တွင် တစ်လခန့်နှင့် EISC တွင် ၂ ပတ်ခန့် ကြာ ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းရှိ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ TC လိုင်စင်တစ်စောင်ကျဖို့ဆိုရင် အရင်တုန်းက ၃ ပတ်လောက်ကြာတယ် အခု တစ်လလောက်ကြာတယ် EISC လိုင် စင်ကတော့ အရင်တုန်းက တစ်ပတ်လောက်ကြာတယ် အခု ၂ ပတ်လောက်ကြာတယ် ” လို့ သူက ဆိုသည်။

“ TC လိုင်စင်တစ်စောင်ကျဖို့ဆိုရင် အရင်တုန်းက ၃ ပတ်လောက်ကြာတယ် အခု တစ်လလောက်ကြာတယ် EISC လိုင် စင်ကတော့ အရင်တုန်းက တစ်ပတ်လောက်ကြာတယ် အခု ၂ ပတ်လောက်ကြာတယ် ” လို့ သူက ဆိုသည်။

ပြည်ပသွင်းကုန်လိုင်စင်နှင့်ပတ်သက်၍ သံနှင့်သံမဏိ ကဲ့သို့သော သွင်းကုန်များအတွက် TC (ကုန်သွယ်ရေးကောင်စီ) ၏ ခွင့်ပြုမိန့်နှင့် သာမန် လူသုံး/ အိမ်သုံးပစ္စည်းများ အတွက် EISC ၏ ခွင့်ပြုမိန့် ယူရကြောင်း သိရသည်။

စစ်အာဏာပိုင်များ၏ လုပ်ထုံးလုပ်နည်းကြောင့် ယခင်ကတည်းက သွင်းကုန်လိုင်စင် ကြန့်ကြာနေရာ ဧပြီလက နေပြည် တော် သွင်းကုန် လိုင်စင်ဋ္ဌာနသို့ ညွန်မှူးအသစ် ပြောင်းရွေ့လာပြီး နောက်ပိုင်း ပိုဆိုးလာကြောင်း သိရသည်။

“လိုင်စင်စတင်တဲ့အချိန်မှာ ၂ ရက်လောက်ကြာတယ်ဗျာ ထုတ်ပေးတော့လည်း ၂ ရက်လောက်ကြာတယ် နောက်ကုမ္ပဏီ ပိုင်ရှင်တွေကို ဆင့်ခေါ်တာပေါ့ ပြီးရင်စာရွက်စာတမ်း မူရင်းတောင်းကြည့်တယ် ဒီပြဿနာကို အခုချိန်ထိ စီးပွားကူးသန်း က မရှင်းနိုင်သေးဘူးပေါ့ ”

“အရောင်းအ၀ယ် ကောင်းဖို့က ဒီတစ်လ နှစ်လပဲရှိတာ ဒီထုတ်ကုန်သွင်းကုန်ဆိုတာ အချိန်နဲ့လုပ်ရတာဗျ ဈေးမကိုက် တဲ့ အချိန်မှ လိုင်စင်လာပေးတော့ အလကားပေါ့ အဆင်ပြေတဲ့အချိန် အလုအယက် သွင်းရ တာဗျ ” လို့ သူက ဆိုသည်။

အသစ်ရောက်ရှိလာသော သွင်းကုန်လိုင်စင်ဋ္ဌာန ညွန်မှူး ဦးဇော်မင်းသည် နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ တပည့်အရင်း ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီ မ၀င်မနေရ စုဆောင်း

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင်စုဆောင်းရေး လုပ်ငန်းများ ယနေ့စတင် လုပ်ဆောင်နေ ကြောင်း သိရသည်။

ယနေ့ မြို့ပေါ်ရပ်ကွက်များအတွင်း ပါတီဝင်စုဆောင်းရာတွင် တစ်ရပ်ကွက် အယောက် ၅၀ မ၀င်မနေရ စနစ်ဖြင့် စုဆောင်း နေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နမ့်ခမ်း ကြံ့ဖွံ့ပါတီအနေဖြင့် ဒေသတွင်း ပါတီဝင် စုဆောင်းရေး အတွက် ကြိုတင် ပြင်ဆင်နေရာ မေလ ၁၉ ရက်နေ့က ကြံ့ဖွံ့ တာဝန် ရှိသူများနှင့် ကွန်ဟိုင်း ၊ နောင်ခမ်းနှင့် မန့်ကွန် ကျေးရွာအာဏာပိုင်များတွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေး သည်။

ကြံ့ဖွံ့ခေါင်းဆောင် ဦးသိန်းစိန်

“ရွာဘက်တွေမှာ ပါတီဝင်စုဆောင်းဖို့ မနေ့ကတော့ ကျေးရွာအာဏာပိုင်တွေနဲ့ ညှိနှိုင်းတာပေါ့ သူတို့ အားလပ်မဲ့အချိန် လုပ်ငန်းတွေ စတင်နိုင်မှာပါ လောလောဆယ် ပြင်ဆင်နေပါပြီ
” ဟု နမ့်ခမ်းကြံ့ဖွံ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းတို့ အနေဖြင့် ပါတီဝင်အင်အား ရရှိရန် ဒေသအာဏာပိုင်များ၏ အကူအညီယူမည် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အ တွက် နမ့်ခမ်းမြို့ပေါ်တွင် ကြံ့ဖွံ့ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀ စုဆောင်းရန် အာမခံထားရကြောင်း သူက ဆိုသည်။

“ဒီနေ့နေ့လည်ပိုင်း ရပ်ကွက်ထဲမှာ စကောက်နေပြီ တစ်ရပ်ကွက်ကို အယောက် ၅၀ ကြံ့ဖွံ့မ၀င်မနေရပေါ့ အဲဒါ ရယကကို အထက်ကအမိန့် ချပြီးလုပ်တာလို့ ပြောတယ် ” ဟု ပထမဒေသခံက ပြောသည်။

ဧပြီလကုန်ပိုင်းက နအဖ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၀ ကျော်သည် ၄င်းတို့၏ရာထူးများမှ နူတ် ထွက်လိုက်ကာ ကြံ့ဖွံ့ပါတီ ဦးဆောင်သူများ ဖြစ်လာကြသည်။

ယခုအခါ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဧပြီလ ၂၉ ရက်နေ့က ပါတီ မှတ်ပုံတင် လျှောက်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် ၀င်ရောက်ယှဉ်ပြိုင်စရာမလိုပဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူ ထားကာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့အနေဖြင့်လည်း ရွေးကောက်ပွဲ အနိုင်ရရန် ထင်တိုင်းကျဲ နေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ဗန္ဓုလတံတား အဆင်း ဒေါပုံသင်္ဘောကျင်း အနီးတွင် သစ်လုံးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

အငှားယာဉ်နှစ်စီးအား သစ်လုံးများပိနေစဉ်
မေလ ၂၀ ရက်နေ့ နံနက် ၁၁း၂၀ ၀န်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

''ကျွန်တော်က စဖြစ်တဲ့အချိန် တုန်းက ဖြစ်တဲ့နေရာရဲ့ ၀န်းကျင် နေရာတစ်နေရာရဲ့ ကွမ်းယာဆိုင် မှာရှိနေခဲ့တယ်။ နံနက် ၁၁း၂၀ လောက်မှာ ဒုန်းဒုန်းလို့ အသံကြားတော့ လှည့်ကြည့်လိုက်တဲ့အခါ မှာ အဲ့ဒီသစ်လုံးအကြီးတွေ တင်လာတဲ့ ကားကြီးက အလယ်ဖောင်ကျွန်းကို ကျော်ဖြတ်ပြီး ဘေးတစ်ဖက်က တက်လာတဲ့ ပါရမီ ကားတစ်စီးရယ်၊ စီးတီးတက္ကစီ တစ်စီးကို သစ်လုံးတွေက ကျိုးပြတ်ပြီး ပိသွားတာ တွေ့ရတယ်။ မပိခင်ချိန်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးသုံးဦး၊ အမျိုးသားကြီးတစ်ဦး ကလေးငယ်တစ်ဦး ကားနဲ့ ပိသွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က နီးစပ်ရာရှိတဲ့လူတွေ က ကားထဲက ဆွဲထုတ်တဲ့အခါ မှာ အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသားကြီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို ဆွဲထုတ်ပြီး နီးစပ်ရာ ကားတစ်စီးနဲ့ ဆေးရုံကြီးကိုပို့ခဲ့တယ်။ ဒါပေမယ့် ကလေးငယ် တစ်ဦးက လုံးဝဆွဲထုတ်လို့မရဘူး သစ်လုံးကားနဲ့ ပိနေခဲ့ပါတယ်''ဟု အဆိုပါဖြစ်စဉ် ရပ်ကွက်အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ခဲ့ရသူ ကိုကျော်မင်းအောင်က ရှင်းပြခဲ့သည်။

ယင်းဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူ မိသားစုလေးဦးမှ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ''ကျွန် တော်တို့ မိသားစု လေးဦးက တောင်ဥက္ကလာပ မြို့နယ်မှာနေတာပါ။ ဒေါပုံမှာနေတဲ့ သမီးဆီ လာတဲ့အခါမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ ကျွန်တော်တို့ကို သစ်လုံးကားကြီးက ပိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် က ကံကောင်းလို့ ကားရဲ့ အစပ် နားကပဲ ပိခဲ့တာပါ။ ပတ်ဝန်းကျင် က လူတွေ ၀ိုင်းကယ်ပြီး ဆေးရုံကို သိပ်မကြာခင်မှာ ရောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးဖြစ်တဲ့ ဒေါ်လှကြည်က ဒဏ်ရာတွေ ကြောင့် စကားတောင် မပြောနိုင်ဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အသက် ၁၃ နှစ် အရွယ်သာရှိတဲ့ ပန်းအိဖြူကလည်း မွန်းလွဲ တစ်နာရီခွဲ အချိန်လောက်မှာ သွေးတွေအန်ပါတယ်။ ဆရာဝန်ကတော့ သူ့ကို ခွဲစိတ်ခန်းဝင်ရမယ်လို့ ပြောတယ်။ ခြေထောက်တစ်ဖက်လည်း ပြုတ်သွားတယ်လို့ ပြောတယ်၊ အတွင်းဒဏ်ရာလည်း ကြီးကြီးမားမားရခဲ့တယ်''ဟု ပြော ကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ် ဌာနမှ တာဝန်ရှိသူ ဆရာဝန်တစ် ဦးကလည်း ''ဒဏ်ရာရရှိခဲ့တဲ့ လေးယောက်ထဲက ပန်းအိဖြူက ဒဏ်ရာတော်တော်လေး ပြင်းခဲ့တယ်။ သူ့ကို ခွဲစိတ်မှုတွေပြုလုပ်မယ်။ ဒေါ်လှကြည်ကိုတော့ ဓာတ်မှန်နဲ့ အဖြေတွေကို စောင့်ကြည့်မယ်။ ကျန်တဲ့ ဦးစိုးမြင့်နဲ့ မ၀င်းသီရိကို တော့ ဒဏ်ရာအခြေအနေပေါ်မူ တည်ပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပါမယ်''ဟုပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပွဲချင်းပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာသူ လေးဦးရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူအားကားထဲမှဆွဲထုတ်နေစဉ်
ရန်ကုန်ဆေးရုံကြီး၌သစ်လုံးကားပိခဲ့သည့်ကလေးငယ်တစ်ဦးဆေးကုသနေစဉ်
kiriko မှပေးပို့ ပါသည်...

ကယန်းအမျိုးသားပါတီကို လူငယ်အဖွဲ့လက်မခံ

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် “စစ်အစိုးရ လက်ဝေခံ” ကယန်းအမျိုးသားပါတီကို လက်မခံနိုင်ဟု ကယန်းမျိုးဆက်သစ်လူငယ်က ဆိုသည်။

“ကယန်းအမျိုးသားပါတီထဲမှာ ကျနော်တို့ တွေ့ရတဲ့ ပါတီလူတွေပေါ့နော် သူတို့က တစည အဖွဲ့ဝင်ဟောင်းတွေ၊ ကြံ့ဖွတ်ရဲ့အဖွဲ့ဝင်တွေ၊ လမ်းစဉ်လူငယ်ရဲ့ အဖွဲ့ဝင်ဟောင်းတွေ ပါဝင်ပြီးတော့မှ ကယန်းအမျိုးသားပါတီ နာမည်ခံပြီးတော့မှ ဖွဲ့တဲ့ အဖွဲ့ ဖြစ်တယ်ပေါ့နော် အဲဒါကြောင့် ကျနော်တို့က ကယန်းလူငယ်အနေနဲ့ ကယန်းလူထု အနေနဲ့ပါ လက်မခံရခြင်းဖြစ်တယ်”ဟု ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က ပြောသည်။

ကယန်းအမျိုးသားပါတီ (Kayan National Party) ကို ဖွဲ့စည်းမှတ်ပုံတင်သူများသည် ကယန်းလူထု၏ သဘောထားကို ရယူခြင်းမရှိဘဲ ကယန်းလူမျိုး၏ အမျိုးသားဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ တော်လှန်ရေးသမိုင်းအစဉ်အလာကို ဖျက်ဆီးလိုသည့် တာဝန်မဲ့ လုပ်ရပ်ပင်ဖြစ်သည်ဟု ကယန်းမျိုးဆက်သစ်လူငယ် ( KNGY) မှ ၁၇ ရက် ထုတ်ပြန်စာတွင် ရေးသားထားသည်။

ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကယန်းအမျိုးသားပါတီကို မဲမထည့်ပေးနိုင်ကြောင်း ကယန်းအမျိုးသမီးအဖွဲ့မှ ဆိုဖီယာက ယခုလိုပြောပါသည်။

“မပေးပါဘူး ဘယ်လိုမှ မပေးပါဘူး ဘာကြောင့်လဲ ဆိုရင် ၂၀၀၈ constitution ( ဖွဲ့စည်းပုံ အခြေခံ ဥပဒေ) ကြောင့်ပေါ့နော် အဲဒီ constitution မှာ တခုချင်း တဆင့်ချင်း ပြန်ကြည့်မယ်ဆိုရင် မဖြစ်နိုင်တဲ့ အရာ အများကြီးရှိတယ် တရားမျှတမှု မရှိတာ အများကြီး ရှိတယ် အဲဒီ constitution ကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အရှင်းဆုံးပြောရရင် ကိုယ်အရမ်းလေးစားတဲ့ လူတယောက်ဝင်ပြိုင်ရင်တောင် မဖြစ်နိုင်ပါဘူး လုံးဝ မထည့်ပါဘူး”

ကယန်းအမျိုးသားပါတီသည် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ သံတောင်မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ အရှေ့တောင်တန်းဒေသနှင့် အထူးသဖြင့် ကယန်းလူမျိုးများနေထိုင်သော ဒေသများတွင် ကိုယ်စားပြုမည် ဖြစ်သည်။

လက်ရှိ ကယန်းအမျိုးသားပါတီ ဥက္ကဌမှာ ဦးယူဂျင်းဖြစ်ပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ထုတ်ပြန်ချက်ကြေညာပြီး မကြာမှီအချိန်တွင်းမှာ ကယန်းအမျိုးသားပါတီကို တည်ထောင်လိုက်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လိုက်သည်။

ရွေးကောက်ပွဲဥပဒေအရ ကရင်နီနှင့် ကရင်ကြား လူမျိုးရေးပြသာနာ စိုးရိမ်ရဟု KNPP ဖွင့်ဟပြောဆို

ရေးသားသူ - နှောင်းလှိုင် သောကြာနေ့, 21 မေလ 2010 07:25

ရွေးကောက်ပွဲဥပဒေအရ ကယား(ကရင်နီ) ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီမှ မဲဆန္ဒနယ်မြေ ပါဝင်သည်ဟုဆိုထားသည့်အတွက် လူမျိုးရေးအရ နောက်ဆက်တွဲအခြေအနေများကို စိုးရိမ်ရသည်ဟု KNPP ကထုတ်ဖော်ပြောဆိုသည်။...

စစ်အစိုးရ အာဏာပိုင်များက ကရင်နီပြည် ရှားတောမြို့ စုစည်း ကျေးရွာမှ အရပ်သားပြည်သူများအား ယခုနှစ်အတွင်း တောင်ယာများ ပြန်လှည်ခုတ်ခွင့်ပေးကြောင်း၊ ယာခင်းများလုပ်ကိုင်စားသောက်ရန် ပိတ်ပင်ထားရာမှ့ 

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အခြေစိုက်ထားသော နယ်ခြားစောင့်တပ်သည် ရွာသားပိုင် မော်တော်ဆိုင်ကယ်အား မတရားအသုံးပြုဖျက်ဆီးခဲ့ပြီး လျှော်ကြေးမပေးဘဲ့ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် သေးဆိုလဲကျေးရွာတွင် အိမ်ခြံဝင်းတွင်းများသို့ ဆိုင်ကယ်သူခိုးများ ၀င်ရောက်ခိုးယူမှုများရှိသည်ဟု သိရသည်။့ 

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နှစ်ပေါင်းလေးဆယ်ကျော်အတွင်း တစ်ခါမျှမပြုပြင်နိုင်သေးသော လမ်းမကြီးကို ကျေးရွာလူထုများ ကိုယ်ထူကိုယ်ထဖြင့် အန္တာရာယ်ရှိသော ဒေါလောခူရွာနားရှိ့ 

ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ်

ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ်ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးက 7 days news ဂျာနယ် သတင်းထောက် မအေးသူစံအား ကိုယ်ထိ လက်ရောက် ပြုမူလိုက်ခြင်းနှင့် ပတ်သက်၍ အနုပညာ သမားများနှင့် မီဒီယာ Read more Add comment (0) Hits: 2255

အိန္ဒိယက မြန်မာကို စက်ယန္တရားများပေး

အိန္ဒိယက မြန်မာကို စက်ယန္တရားများပေးအိန္ဒိယ အစိုးရက မြန်မာအစိုးရကို မြေထိုးစက် တစီးနှင့် ကရိန်းကား တစီး ယနေ့ ပေးအပ် လိုက်သည်ဟု သိရသည်။လက်ဆောင် ပေးသည့် အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက Read more Add comment (0) Hits: 712

DKBA အရာရှိပိုင် ပွဲရုံ ဗုံးကွဲ

DKBA အရာရှိပိုင် ပွဲရုံ ဗုံးကွဲကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန် အတွင်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ အရာရှိတဦး ပိုင်ဆိုင်သော ပွဲရုံတွင် ယမန်နေ့ ည သန်းခေါင်ယံ Read more Add comment (0) Hits: 1881

မြန်မာ နှစ်လုံးထီ ဘာကြောင့်ရပ်

ထိုင်း စတော့ ဈေးကွက် ရပ်ဆိုင်း သွားသည့် အတွက် မြန်မာနိုင်ငံရှိ နှစ်လုံးထီ လောင်းကစား လုပ်ငန်းများပါ ရပ်ဆိုင်း သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်းအစိုးရနှင့် ရှပ်နီ Read more Add comment (0) Hits: 1802

မြန်မာစစ်တပ် ပစ်ခတ်၍ ထိုင်းစစ်သား တဦးသေဆုံး

ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။ မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် Read more Add comment (0) Hits: 1104

ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းရန် ဥရောပ ပါလီမန် တောင်းဆို

မြန်မာ စစ်အစိုးရ ထုတ်ပြန် ထားသော ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ရုပ်သိမ်းပေးရန် ဥရောပ ပါလီမန်က မေလ ၁၉ ရက်နေ့က တောင်းဆို လိုက်သည်။ဥရောပ ၂၇ နိုင်ငံမှ လွှတ်တော် အမတ် Read more Add comment (0) Hits: 565

ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်ရှပ်နီတို့၏ ၂ လကျော်ကြာ ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အများအပြား အခက်အခဲနှင့် ကြုံတွေ့ နေကြသည်။ဘန်ကောက်ရှိ မီးရှို့ ဖျက်ဆီးခံရသော ကုန်တိုက်များ၊ ရက်ပေါင်းများစွာ Read more Add comment (0) Hits: 2131

Last Updated ( Friday, May 21, 2010 )

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဗိုလ်ချုပ်မှူးကြီးထံ မန္တလေးလူထု တောင်းဆို

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဗိုလ်ချုပ်မှူးကြီးထံ မန္တလေးလူထု  တောင်းဆိုလျှပ်စစ်မီး ၂၄ နာရီ ပုံမှန် ရရှိရန်နှင့် လျှပ်စစ်မီတာ ထိန်သိမ်း စောင့်ရှောက် ခများကို လျှော့ချပေးရန် မန္တလေးမြို့ရှိ ပြည်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးထံ Read more Add comment (1) Hits: 3066

ထက်ထက်မိုးဦးက အမျိုးသမီး သတင်းထောက် တဦးကို ဆံပင်ဆွဲ ရိုက်နှက်ရန် ကြိုးစား

ဝင်းမြတ် ၊ ရန်ကုန်
မေ ၂၁၊ ၂၀၁၀ထက်ထက်မိုးဦး (photo: mmtimes.com)

ဗုဒ္ဓဟူးနေ့ည ကုန်ပစ္စည်းကြော်ငြာပွဲ တစ်ခုတွင် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏ အိမ်ထောင်ရေး နှင့် ပတ်သက်သည့် မေးခွန်း ထုတ်ခဲ့သည့် 7Day ဂျာနယ်မှ သတင်းထောက်တဦးကို ထက်ထက်မိုးဦးက ခန်းမမှ အထွက်တွင် ဆံပင်ဆွဲပြီး ကိုယ်ထိ လက်ရောက် ရိုက်ရန် ကြိုးစားခဲ့သည်ဟု 7Day မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုသတင်းထောက်မှာ 7Day အနုပညာ နယ်ပယ် သတင်းထောက် မအေးသူစံ ဖြစ်ပြီး မေလ ၁၉ ရက်နေ့ညက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် ကလေးသုံး ကုန်ပစ္စည်း ကြော်ငြာပွဲတွင် အထက်ပါ အဖြစ်အပျက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။



မအေးသူစံက ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအား ဖုန်းဖြင့် တွေ့ဆုံမေးမြန်းခွင့် တောင်းခံရာ ထက်ထက်မိုးဦးက ထိုကြော်ငြာပွဲသို့ လာရန် ချိန်းဆိုခဲ့သည်ဟု သိရသည်။ ထိုနောက် ပွဲကျင်းပရာတွင် သတင်းထောက်က ထက်ထက်မိုးဦး၏ အိမ်ထောင်ရေးနှင့် သက်ဆိုင်သည့် မေးခွန်းဖြစ်သော ဘ၀ကို ခဏခဏ ပြန်စနေရတယ်လို့ ပရိသတ် တချို့ရဲ့ ထင်မြင်ချက်အပေါ် ဘယ်လို ခံစားမိပါသလဲ ဟု မေးမြန်းရာ ထက်ထက်မိုးဦးက စိတ်ဆိုးသွားသည်။ သတင်းထောက်ကို ပြန်နှင်သည့် စကားဆိုသဖြင့် သတင်းထောက်က တောင်းပန်စကား ပြောခဲ့သည်ဟု သိရသည်။

သို့သော်လည်း ထက်ထက်မိုးဦးက တံခါးဝတွင် ဘယ်လက်ဖြင့် သတင်းထောက်ကိုဆွဲပြီး ပါးရိုက်ရန် ကြိုးစားကြောင်း၊ အခြားသူများ ၀ိုင်းဆွဲကြသဖြင့် မထိခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ထိ လက်ရောက် ပြုမူစဉ် မင်းသမီးက - သတင်းထောက်တွေရဲ့ နှစ်ပဲ တပြား လစာကို သနားလို့ ဖြေပေးနေတာ ဟုလည်း ပြောဆိုခဲ့သည်ဟု 7Day ဂျာနယ်မှ အယ်ဒီတာ တဦးက ရှင်းပြသည်။

သတင်းထောက်မှာ ငိုယိုပြီး နောက် သူ့ဂျာနယ်တိုက်မှ အယ်ဒီတာများထံ ဆက်သွယ် အကြောင်းကြားပြီး ထိုနေ့ညတွင် ရန်ကင်း ရဲစခန်းတွင် တိုင်ကြားရန် သွားရောက်ခဲ့သည်။ ရဲစခန်းက ၎င်းတို့နှင့် မသက်ဆိုင်သည့် အမှုဖြစ်သည်ဟု ဆိုသဖြင့် နောက်တရက်တွင် ရန်ကင်းတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်း အဖွဲ့၊ ရုပ်ရှင်အစည်းအရုံး တို့ကိုလည်း အဖြစ်အပျက်ကို အသေးစိတ်မှတ်တမ်း ပြုစုပြီး အစီရင်ခံထားကြောင်း သိရှိရသည်။

သတင်းထောက်ကို ရိုက်နှက်ရန် ကြိုးစားခဲ့သည်ဟု ဆိုသော ထက်ထက်မိုးဦးကို ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ဆက်သွယ်၍ မရသေးပေ။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးက``သတင်းထောက်တွေက ထင်ရှား ကျော်ကြားသူများအား မေးခွန်းများ မေးရာမှာပဲ ဖြစ်ဖြစ် နိုင်ငံရေး သမား၊ စီးပွားရေး လုပ်ငန်းရှင်တွေကို မေးရာမှာပဲ ဖြစ်ဖြစ် စာဖတ်သူ ပရိသတ်ကိုယ်စား မေးပေးတာပါ၊ ကိုယ့်ရဲ့ နာမည်ရလိုမှု အတွက်မဟုတ်သလို၊ နာမည်ကြီးတဲ့သူတွေကို တမင်သိက္ခာ ကျစေလိုတဲ့ သဘောလည်း မဟုတ်ပါဘူး၊ အခုမေးတဲ့ မေးခွန်းကိုလည်း သူ့အနေနဲ့ မဖြေချင်ရင် ငြင်းခွင့်ရှိပါတယ်။ အခြားသော နိုင်ငံတွေလို မြန်မာနိုင်ငံမှာ သတင်းမီဒီယာက သိပ်ပြီး ဖိပြီး မေးတာမျိုး သိပ်မရှိဘူး။ သူများနိုင်ငံတွေမှာ ဖြေရခက်တဲ့ မေးခွန်းတွေ ဒိထက်တောင် မေးသေးတယ်။ နောက်တချက်က သတင်းထောက်တွေရဲ့ နှစ်ပဲ တစ်ပြားလစာ ဆိုတဲ့ စကားလုံးက တော်တော်လေး စော်ကားတဲ့ အသုံးအနှုန်းပါ၊ ပြည်သူက ချစ်တဲ့ အနုပညာရှင် တယောက်က အဲဒီလို အသုံး အနှုန်းမျိုး သုံးတယ် ဆိုတာ တော်တော် ရုပ်ဆိုးပါတယ်´´ဟု သူ့အမြင်ကို ပြောပြသည်။

အဆိုပါ အယ်ဒီတာကပင် ယခုအဖြစ်အပျက်ကို ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးအနေဖြင့် မည်သို့ ကိုင်တွယ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းကြောင်း၊ စာပေစိစစ်ရေးကို ချဉ်းကပ်ကာ ဂျာနယ်တိုက် ပိုင်ရှင်နှင့် အယ်ဒီတာများကို ကြေအေးခိုင်းမည့် အလားအလာ ရှိကြောင်း ၊ ယခင်လည်း ဓာတ်ပုံမူပိုင်ခွင့် ကိစ္စတခု အတွက် ဓာတ်ပုံဆရာ ကျော်သာနှင့် အလဲဗင်းမီဒီယာတို့ အငြင်းပွားမှုတွင် စာပေစိစစ်ရေးက ကြားမှ ၀င်ညှိပြီး ကြေအေးစေခဲ့သည့် သာဓက ရှိခဲ့သည်ဟု ပြောသည်။
တာဝန်ရှိသူများရဲ့ လစ်လျှူုရူမူ

နို့ဆာလောင်လို့ ငိုနေတဲ့ကလေးတယောက်ရဲ့ငိုသံ
အဟာရမပြည့်ဝလို့ ပိန်ချုံးနေတဲ့လူအိုတယောက်ရဲ့နိဂုံး
အစအဆုံးနဲ့ အချိန်တွေသာကုန်ဆုံးရတယ်
ဘယ်သောအခါမှ ဝလင်စွာစားသုံးရမှာလဲ
GOLDEN LAND ရယ်။

ပြည်တွင်းပြည်ပမှ လူအများရဲ့တောင်းဆိုသံ
သံမဏိစိတ်ဓာတ်နဲ့ လူထုအတွက်ကြံ့ကြံ့ခံရင်ဆိုင်နေသူတစ်ယောက်ရဲ့အပြုံး
ဘမျိုးဘိုးတူဇာနည်ဘွား တမိပေါက်တစ်ယောက်ထွန်းကို
ဘယ်သောအခါမှ ပြန်လည်လွှတ်မြောက်ပေးမှာလဲ
စစ်အစိုးရ ရယ်။


ကဗျာရေးသားပေးပို့သူ -လူသစ်

RSS Feeds RSS Feed

ဓာတ်ပုံ VOA

ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပ ပါလီမန် တောင်းဆို

ရွေးကောက်ပွဲမတိုင်မီ မြန်မာ့နိုင်ငံရေး အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်ဖွယ် မရှိကြောင်း ဥရောပ ပါလီမန်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်
A young fisherman runs past fishing boats anchored on the shore  after a cyclone alert, on the Bay of Bengal's Orissa coast in Puri,  India, Wednesday, May 19, 2010

လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ တိုက်ခတ်နေတဲ့ လိုင်လာဆိုင်ကလုန်းမုန်တိုင်း နောက် ၃ ရက်အကြာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ မြန်မာနိုင်ငံဘက်ကို ရောက်လာနိုင်။

NLD ရပ်တည်ချက် ချက်သမ္မတနိုင်ငံ ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအရ ရပ်တည်တွေကို ချက်သမ္မတနိုင်ငံ ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းရန် ဥရောပ ပါလီမန် တောင်းဆို

မြန်မာ စစ်အစိုးရ ထုတ်ပြန် ထားသော ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ရုပ်သိမ်းပေးရန် ဥရောပ ပါလီမန်က မေလ ၁၉ ရက်နေ့က တောင်းဆို လိုက်သည်။

ဥရောပ ၂၇ နိုင်ငံမှ လွှတ်တော် အမတ် ၇၃၆ ဦးဖြင့် ဖွဲ့စည်းထားသော ဥရောပပါလီမန်အမတ်များ အစည်းအဝေးကို ပြင်သစ်နိုင်ငံ Strasbough မြို့တွင် ပြုလုပ်ခဲ့အပြီး ထိုတောင်းဆို ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLDအနေဖြင့် ကြိုဆိုကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုံးကြိုင် က ပြောသည်။

“ဒါဟာ မြန်မာလူထုအကျိုးကို ကြည့်ပြီး ဆောင်ရွက်တဲ့လုပ်ငန်းလို့မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ မျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲမဖြစ်ဘူး၊ ဒီဥပဒေတွေနဲ့သာ သွားလို့ကတော့ တာထွက်ကတည်းက မှားမှာဖြစ်လို့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ဆီ ရောက်မှာ မဟုတ်ဘူး၊ ဒါကြောင့် အီးယူ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ မြင်မိတယ်"ဟု ဦးအုံးကြိုင်က ဆိုသည်။

ဥရောပပါလီမန်၏ ထုတ်ပြန်ကြေညာချက်တွင်လည်း ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော ရွေးကောက်ပွဲလုပ်ဆောင်နေ ခြင်းကို ရှုတ်ချကြောင်း ဖော်ပြထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ ဥရောပ အပါအ၀င် အနောက်အုပ်စု နိုင်ငံများက ဖိအားများပေးနေသော်လည်း မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲမတိုင်မီကြားကာလ၌ အပြောင်းအလဲဖြစ်ပေါ်လာမည့် အလားအလာမတွေ့မိဟု ပြောသည်။

“ဒီဖိအားတွေကြောင့်တော့ အပြောင်းအလဲဖြစ်လာမယ့် အလားအလာမမြင်ဘူး၊ တကယ်က ပြည်တွင်းက လုပ်မှ ရမှာကိုး၊ပြည် တွင်း မှာလည်း လူထုတိုက်ပွဲတွေ ဖြစ်လာဖို့ ဘာညာဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည် ငြိမ်ဝပ်ပိပြား နေအောင် စစ်တပ်ကလုပ်နိုင်တယ်၊ နည်းနည်းလေးမှ အထအထောင်မခံဘူး၊ ယိုးဒယားလို မဟုတ်ဘူး။ ယိုးဒယားမှာက ဆန္ဒပြတဲ့ သူတွေက လက်နက်ရှိတော့ ပြန်ပစ်တာခတ်တာရှိသေးတယ်၊ ဒီမှာက အဲဒီလို မရှိဘဲနဲ့တောင် စစ်တပ်က ဒီအတိုင်း ပစ်ခတ် သတ်ဖြတ်နေတဲ့ အခါကျတော့ သူတို့ လုပ်တဲ့အတိုင်း ဖြစ်သွားမှာပဲ"ဟု သခင်ချန်ထွန်းက သုံးသပ်ပြောဆိုသည်။

NLD အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို စစ်အစိုးရအပေါ်ဖိအားများပေးရန် တိုက်တွန်းသကဲ့သို့ ပြည်တွင်း၌လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လူထုနားလည်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဦးအုံးကြိုင်က ပြောသည်။

အီးယူ အဖွဲ့ဝင် ချက်သမ္မတနိုင်ငံ ဒု နိုင်ငံခြားရေးဝန်ကြီး ဂျီရီ ဆတ္တလာနှင့် အဖွဲ့ဝင်တဦးတို့ကလည်း ယမန်နေ့က NLD ဗဟို အလုပ်အမှုဆောင်များနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

“သူတို့က NLD ရဲ့ ရပ်တည်ချက်ကို သူတို့သိပြီးပါပြီတဲ့၊ နောက် ရှေ့ဆက်ပြီး ဘယ်လိုလုပ်သွားမလဲလို့မေးပါတယ်၊ အဲဒါကို ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က နိုင်ငံရေးရည်ရွယ်ချက်ရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတာကို ပြောပြတယ်၊ လတ်တလော ရေရရှိရေးကိစ္စတွေ ဆောင်ရွက်နေတယ်၊ HIV လူနာစောင့်ရှောက်မှု လုပ်ငန်းတွေ ၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတာကို ရှင်းပြတယ်"ဟု ဦးအုံးကြိုင်က ပြောသည်။

NLD ၏ လူမှုရေးလုပ်ငန်းများအပေါ် အာဏာပိုင်များက နှောင့်ယှက်မှု ရှိမရှိကိုလည်း မေးမြန်းခဲ့ရာ NLD ဘက်က ယခုအချိန်ထိမူ ကြီးမားသော နှောင့်ယှက်မှုများ မရှိသေးကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ဒုနိုင်ငံခြားရေး ၀န်ကြီး ဂျီရီ ဆတ္တလာကလည်း ချက်နိုင်ငံအနေဖြင့် မြန်မာ့ လူ့အခွင့်ရေးကိစ္စရပ်များတွင် အထူးအလေးပေး ဆောင် ရွက်ပေးခဲ့ကြောင်း ၊ ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအုံးကြိုင်က ပြောပြသည်။

အဆိုပါတွေ့ဆုံမှုကို ရန်ကုန်မြို့သံတမန်ရပ်ဝန်းတခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ NLD ဘက်မှ ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဦးဉာဏ်ဝင်း ၊ ဦးအုံးကြိုင် ၊ ဦးဟံသာမြင့်တို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ချက် သံတမန်များသည် နေပြည်တော်သို့ မေလ ၁၈ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ရန်ကုန်တွင် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချက်သံတမန်များ နေပြည်တော်ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းကို စစ်အစိုးရ မီဒီယာများက ယနေ့အချိန်အထိ ထုတ်ပြန်ခြင်းမရှိပေ။

ချက် သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံနေသော နိုင်ငံဖြစ်ကာ ချက်သမ္မတဟောင်း ဗားကလက် ဟာဗဲလ် ကလည်း ၁၉၉၁ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုက်တန်ကြောင်း ဆော်သြခဲ့ သူ ဖြစ်သည်။

မြန်မာစစ်တပ် ပစ်ခတ်၍ ထိုင်းစစ်သား တဦးသေဆုံး

ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။

မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် မြောက်ပိုင်းတွင် ယင်းသို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကရင် ဒုက္ခသည် ကော်မတီ (Karen Refugee Committee - KRC) က ထိုင်း ရဲသတင်း ရပ်ကွက်ကို ကိုးကား ပြောဆိုသည်။

နယ်စပ်တွင် မြန်မာဘက် အခြမ်းသို့ ရောက်ရှိ လာသော ထိုင်း ရိန်းဂျား စစ်သားကို မြန်မာ စစ်သားများက မြေမြှုပ်မိုင်း ထိထားသည့် ဒဏ်ရာရသူ ၂ ဦးအား ထိုင်းဘက် အခြမ်းသို့ သယ်ဆောင် သွားရန် ပြောဆို ခဲ့ကြောင်း၊ ထိုင်းစစ်သားက သယ်ဆောင်သွားရန် ငြင်းကြောင်း KRC က ပြောသည်။

“မြေမြှုပ် မိုင်းကြောင့် ဒဏ်ရာ ရတဲ့သူ ၂ ယောက်ကို ထိုင်းဘက် အခြမ်း ဆေးရုံကို ခေါ်သွားဖို့ ထိုင်းစစ်သားက ငြင်းလိုက်တော့ ပစ်ခတ်တာပဲ၊ ထိုင်းစစ်သား သေသွားတယ်” ဟု KRC မှ ဝန်ထမ်း တဦးက ပြောသည်။

အခြား NGO မှ ဝန်ထမ်း တဦးကလည်း ဒေသဆိုင်ရာ ထိုင်းစစ်တပ် အရာရှိကို ကိုးကား၍ ပြောဆိုရာတွင် ပစ်ခတ်ခံရသော စစ်သားသည် စစ်ဝတ်စုံ ဝတ်ဆင် မထားကြောင်း၊ ချင်းမိုင် တက္ကသိုလ်မှ ကျောင်းသားများကို သံလွင်မြစ်သို့ လိုက်လံပို့ဆောင် ပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုင်း စစ်သားက မြန်မာ စစ်သားများကို ကျောင်းသားများအား ပြန်လည် ပို့ဆောင်ပြီးလျှင် ပြန်လာမည်ဟု ပြောကြောင်း၊ ထိုသို့ ပြောပြီး မော်တော်ဘုတ်သို့ ပြန်လျှောက် အလာတွင် နောက်ကျောဘက်မှ အချက်များစွာ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ထိုင်းတပ်မှူး တဦးက ပြောသည်။

ဤ ပြဿနာ အတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား ဆွေးနွေးမှု ပြုလုပ်ရန် ရှိကြောင်း၊ မြန်မာ စစ်သားများသည် ထိုစဉ်က အရက် သို့မဟုတ် မူးယစ်ဆေး သုံးစွဲထားပုံ ရကြောင်း ထိုင်းတပ်မှူးက ဆက်လက် ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားပြီး နောက်တွင် မြစ်ကြောင်း တလျှောက် သွားလာမှုများကို ကန့်သတ် လိုက်ပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း မြစ်အနီးရှိ ကရင် ရွာသားများက ပြောသည်။
ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

ရှပ်နီတို့၏ ၂ လကျော်ကြာ ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အများအပြား အခက်အခဲနှင့် ကြုံတွေ့ နေကြသည်။ဘန်ကောက်ရှိ မီးရှို့ ဖျက်ဆီးခံရသော ကုန်တိုက်များ၊ ရက်ပေါင်းများစွာ
လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဗိုလ်ချုပ်မှူးကြီးထံ မန္တလေးလူထု  တောင်းဆို

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဗိုလ်ချုပ်မှူးကြီးထံ မန္တလေးလူထု တောင်းဆို

လျှပ်စစ်မီး ၂၄ နာရီ ပုံမှန် ရရှိရန်နှင့် လျှပ်စစ်မီတာ ထိန်သိမ်း စောင့်ရှောက် ခများကို လျှော့ချပေးရန် မန္တလေးမြို့ရှိ ပြည်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးထံ

လက်ဖက်ခူးရင် လက်ဖက်ခြံပိုင်ရှင်နဲ့ ကျမတို့က တဝက်စီရတယ်။ ဒီနှစ် ရွှေဖီချိန်မှာ (၁ဝ) ရက်လောက်နဲ့ ပြီးသွားတယ်။ လက်ဖက်က တော်တော်ကို နည်းတာ။ ရာသီဥတုကြောင့် အထွက်မကောင်းဘူး။ တယောက်မှ

မြဝတီအနီးမှာဗုံးပေါက်ပြန်ပြီ

မင်းထက်အောင်(မေ-၂၁)။ ။ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်လျှက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့်ငါးကီလိုမီတာခန့်ဝေးကွာသော ကုန်သွယ်ရေးဇုံအဆောက်အဦးတစ်ခုနောက်ဖက်၌ ယနေ့နံနက်အစောပိုင်း တစ်နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံမွန်ကုန်သည်တစ်ဦးက ကောင်းဝါသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဗုံးသံကြားရပြီးနောက်မှာ သေနတ်သံတွေလည်း ကြားရတယ်၊ လုံခြုံရေးအဖွဲ့က ပစ်ခတ်တာမဟုတ်ဘူးဆိုတော့ ဗုံးလာခွဲသူတွေရဲ့လက်ချက်ပဲလို့ပြောလို့ရတယ်၊ အဲဒီနေရာကိုချက်ချင်း ဘယ်သူမှ မသွားရဲကြဘူး၊ အာဏာပိုင်တွေလည်း မိုးလင်းမှသွားစစ်ဆေးကြတယ်” ဟု အဆိုပါကုန်သည်က ဖြစ်စဉ်ကို ပြောကြားပါသည်။

မြဝတီမြို့ပေါ်ရှိ ဝန်ထမ်းအသိုင်းအဝိုင်းများလည်း အဆိုပါဗုံးပေါက်ကွဲမှုမှန်ကန်ကြောင်း အတည်ပြုပြောကြားပြီး ထိုအနီးအနားတွင် မပေါက်ကွဲရသေးသော နောက်ထပ်ဗုံးတစ်လုံး ကျန်ရှိနေသည်ကို မြန်မာစစ်အာဏာပိုင်များ သိမ်းဆည်းရမိသည်ဟု ဆိုပါသည်။

အဆိုပါဗုံးအမျိုးအစားကိုကြည့်၍ လက်လုပ်ဆွဲမိုင်းအမျိုးအစားဟု မြန်မာစစ်အာဏာပိုင်များသတ်မှတ်ကာ ကေအင်န်ယူ လက်ချက်ဟုသာ ကောက်ချက်ချပြောဆိုနေသည်။

သို့ရာတွင် နယ်စပ်ရှိကုန်သည်အသိုင်းအဝိုင်းများကြားတွင် ထိုသို့မယူဆပဲ မြို့ပေါ်ရှိလက်နက်ကိုင်တပ်ဖွဲ့များအကြား စီးပွားရေးစားကျက်လုကြရာမှ ဖြစ်ပေါ်လာသော ဗုံးဖေါက်ကွဲမှုများဟုသာ ပြောဆိုအကဲဖြတ်နေကြသည်။

ထိုကုန်သွယ်ရေးဇုံတွင် ထိပ်တန်းမြန်မာစစ်ခေါင်းဆောင်များနှင့်နီးစပ်သူများ၊ အပစ်ရပ်၊ လက်နက်ချတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒေသခံကုန်သည်ကုန်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးရာနေရာလည်း ဖြစ်သည်။

အလားတူ ယခုလ(၇) ရက်နေ့၊ နံနက်အစောပိုင်းတွင်လည်း မြဝတီနယ်စပ်မြို့ပေါ်၌ လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ဒီကေဘီအေ အရာရှိ စောနေစိုး(ခေါ်) ဗိုလ်နေစိုးဒဏ်ရာရရှိသည်ကို သတင်းများတွင်ဖေါ်ပြခဲ့ပြီး ယခုတိုင်လက်သည်ရှာမရဖြစ်နေသည်။

သို့သော်လည်း ယခုလ(၉) ရက်နေ့ညပိုင်း ဘုရားသုံးဆူမြို့နယ်စပ်ဗုံးပေါက်ကွဲမှုတစ်ရပ်၌ KPF ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(ဟောင်သရော)နှင့် ဆက်နွယ်နေသူနှစ်ဦးကို အဆိုပါဗုံးဒဏ်ရာနှင့်အတူ မြန်မာအာဏာပိုင်များ ပထမဆုံးအကြိမ်ဖမ်းဆီးမိသည့်ဖြစ်ရပ် သတင်းများတွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။