Pages

Subscribe

Tuesday 25 May 2010

လူငယ် ၇၀ ကျော် အဖမ်းခံရဟု ကချင်လူမှုအဖွဲ့ပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်အပြီး မြစ်ကြီးနားမြို့တွင် အာဏာပိုင်များက ပိုက်စိတ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေရာ ယမန်နေ့ကအထိ လူငယ် ၇၀ ကျော် အဖမ်းခံထားရသည်ဟု ကချင်လူမှု အဖွဲ့တခုက ပြောသည်။

မေလ ၂၃ ရက်နေ့မှ ယမန်နေ့ကအထိ ဒုတိယအသုတ်အဖြစ် လူငယ် ၅၀ ကျော် အဖမ်းခံထားရပြီး ယခင်က ဖမ်းဆီးထားသူကလည်း ၂၀ ကျော်ရှိနေသည်ကို ရပ်ကွက် အာဏာပိုင်များမှတဆင့် သိရသည်ဟု မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သော တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်ဝါက ပြောသည်။
အဖမ်းခံရသူအများသည် ကချင်လူငယ် ကျောင်းသားအဖွဲ့ Education and Economy Development for Youth (EEDY) မှ ဖြစ်ပြီး အကြီးဆုံး ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်အောက်ခံ ဖြစ်သည်။

ဖမ်းဆီးမှု အကြောင်းရင်းကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသော်လည်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဖမ်းဆီးမှုဖြစ်၍ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးလိုခြင်း ဖြစ်မည်ဟု KIO အပါအဝင် ကချင် အဖွဲ့အစည်းများက ယူဆနေကြသည်။

ဧပြီလ ၁၇ ရက်နေ့က မေခ-မလိခ ပေါင်းစုံရာရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းတွင် အနည်းဆုံး ဗုံး ၁၀ လုံးပေါက်ကွဲခဲ့ရာ တရုတ် အလုပ်သမားတဦး ဒဏ်ရာ ရသွားခဲ့သည်။

KIO အတွင်းရေးမှူး ဒေါက်တာလဂျာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် မေလ ၁၉ ရက်နေ့က မြစ်ကြီးနားရှိ မပခ ဌာနချုပ်သို့ သွားရောက်တွေ့ဆုံပြီး ဖမ်းဆီးထားသော ကချင်ကျောင်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

“အပြစ်မရှိဘူးဆိုရင် အမြန်လွှတ်ပေး။ အပြစ်ရှိတယ်ဆိုရင်လည်း ကျနော်တို့နဲ့ တွေ့ခွင့်ပေးဖို့။ နောက် ရှေ့နေလိုက်ခွင့်ပေးဖို့ ပြောထားတယ်။ မစစ်ဆေးဘဲနဲ့ ဖမ်းဆီးထားတာမျိုး မလုပ်ဘဲ အပြစ်ကျူးလွန် တယ်ဆိုရင် ဥပဒေအရေ ရင်ဆိုင်ဖို့ ခွင့်ပြုပေးပါလို့ပေါ့” ဟု KIO အရာရှိက ပြောသည်။

အမျိုးသားရေးကို အခြေခံ၍ EEDY ကျောင်းသားအဖွဲ့ကို ၂၀၀၃ ခုနှစ်၌ KIO က စတင် ဖွဲ့စည်းခဲ့ပြီး ဗိုလ်မှူးကြီး ဂွမ်မော်က ကွပ်ကဲသည်။

အဖွဲ့ဝင်များကို အခြေခံ စစ်သင်တန်း ပေးနေသည်မှာ အမှတ်စဉ် ၇ ရှိပြီဖြစ်ရာ သင်တန်းဆင်း ကချင်လူငယ် စုစုပေါင်း ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။

KIO အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း ငြင်းဆန်ထားရာ စစ်အစိုးရက ဖိအားပေးလို၍ လက်သည် မပေါ်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းကို အကြောင်းရှာသည်ဟု အတိုက်အခံများက ဝေဖန်ကြသည်။

ရေအားလျှပ်စစ် မဂ္ဂါဝပ် ၃၆၀၀ ထုတ်လုပ်ပေးနိုင်မည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံရေကာတာ စီမံကိန်းအား ၂၀၀၇ ခု နှစ်ဆန်းပိုင်းက စ၍ တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ သဘောတူ တည်ဆောက်နေကြသည်။

မေခနှင့် မလိခ မြစ်ဆုံရာ အောက်ဘက် ၃ ကီလိုမီတာခန့်တွင် တည်ဆောက်မည့် ရေကာတာကြောင့် လူ ၁ သောင်း ၅ ထောင် နေအိမ် ပြောင်းရွှေ့ရမည် ဖြစ်သည်။

Invitation Letter for 27th May Protest Demonstration in New Delhi

May 27, 2010 Invitaion in Burmese

အီးယူ - အာဆီယံစည်းဝေးပွဲ မြန်မာစစ်အစိုးရကို ဖိအားပေး ပြောဆိုဖွယ်ရှိ

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ စပိန်နိုင်ငံ Madrid မြို့မှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် အီးယူ အာဆီယံ
စည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ကို တိုက်တွန်း ပြောဆိုသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂရဲ့ အလှည့်ကျ သဘာတိ တာဝန်ယူထားတဲ့ စပိန်နိုင်ငံက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်နည်းတူ ထိတွေ့ ဆက်ဆံရေးမူကို ချမှတ် ကျင့်သုံးလိုတဲ့အကြောင်းလည်း အီးယူ - အာဆီယံ စည်းဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ စပိန်အစိုးရ အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အီးယူနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နိုင်ငံရေးအရ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲကို အီးယူရဲ့ အလှည့်ကျ သဘာပတိ နိုင်ငံဖြစ်တဲ့ စပိန်က လက်ခံကျင်းပနေတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ဒီစည်းဝေးပွဲကို အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့အတူ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီအရေးဖော်ဆောင်ရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် ဒီစည်းဝေးပွဲကို လာတက်နေ စစ်အစိုးရနိုင်ငံခြားရေ၀န်ကြီးကို ဖိအားပေး တိုက်တွန်းသွားမယ်လို့ စပိန်နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနဲ့ ပစိဖိတ် ဆက်ဆံရေး တာဝန်ခံ Jose Eugenio Salarich က ဗီအိုအေကို ပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအစည်းဝေးမှာရော၊ မကြာခင် ဥရောသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ်နဲ့ မြန်မာစစ်အစိုးရက နိုင်ငံခြားရေးကြီး တွေ့ဆုံကြတဲ့အခါမှာရော မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေ၊ တိုင်းပြည်တခုလုံးက အခြေအနေတွေနဲ့ လမ်းပြမြေပုံကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။”

မြန်မာပြည်အတွင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေးအတွက် အာဆီယံနိုင်ငံတွေတင်မကဘူး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတိုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ မစ္စတာ ဆာလာရစ်ခ်ျက ပြောပါတယ်။

“မြန်မာပြည်အပေါ် ချမှတ်လုပ်ဆောင်မယ့် ကျနော်တို့ရဲ့ ပေါ်လစီ မူဝါဒတွေနဲ့ သူတို့ဖြစ်ချင်တဲ့ ပေါ်လစီတွေ အောင်မြင်ဖို့အတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ အဲဒီလို နှစ်ဦး နှစ်ဘက်လိုလားတဲ့ ပေါ်လစီတွေ ထမြောက်အောင်မြင်အောင် လုပ်ဆောင်ဖို့က အတော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ အမေရိကန်တို့၊ ဂျပန်တို့၊ သြစတေးလျတို့နည်းတူ တရုတ်နဲ့ အိန္ဒိယတို့လည်း ကျနော်တို့နဲ့အတူ ပူးပေါင်း လုပ်ဆောင်လာတာကိုက အောင်မြင်မှုတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကြိုးပမ်းနေတဲ့ ပေါ်လစီတွေ အောင်မြင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

မြန်မာစစ်အစိုးရအပေါ် တဘက်မှာ အခုလို ဖိအားပေး ပြောဆိုတာတွေ ရှိနေသလို တဘက်မှာလည်း စစ်အစိုးရအပေါ် လက်ရှိ ကျင့်သုံး နေတဲ့ ပိတ်ဆို့အရေးယူမူဝါဒဟာ အောင်မြင်မှုမရှိဘူးဆိုတဲ့ အယူအဆကို စပိန်အစိုးရက ပြောင်းလဲ ခံယူလာနေပါတယ်။

အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားအစိုးရလိုပဲ အတိုင်းအတာတခုထိ ထိတွေ့ ဆက်ဆံရေးမူကို ချမှတ်ကျင့်သုံးဖို့ စပိန်နိုင်ငံက လိုလားနေတာပါ။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အခုနှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲကိစ္စ လေ့လာဖို့အပြင် ပိတ်ဆို့အရေးယူရေးနဲ့ ထိတွေ့ ဆက်ဆံရေး မူဒတွေကို ဘယ်လို ပေါင်းစပ် ချမှတ်နိုင်မလဲဆိုတာတွေ လေ့လာ သုံးသပ်ဖို့ အီးယူ ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွတ်နိုင်ဖို့ စပိန်နိုင်ငံက ဦးဆောင်စီစဉ်နေတာပါ။

“အမေရိကန်နိုင်ငံက မကြာခင်က အထူးကိုယ်စားလှယ် စေလွှတ်ခဲ့သလိုမျိုးပဲ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ကျနော်တို့ အနေနဲ့ အကောင်းဆုံး ဘယ်လို ကူညီ ပံ့ပိုးပေးနိုင်မလဲဆိုတာကို ဆွေးနွေး တိုင်ပင်နိုင်ဖို့ အီးယူအနေနဲ့လည်း ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွတ်နိုင်ဖို့ စီစဉ်နေပါတယ်။”

အီးယူကိုယ်စားလှယ်အဖွဲ့ အနေနဲ့ မကြာခင် သီတင်းပတ် အနည်းငယ်အတွင်းမှာ မြန်မာပြည်ကို သွားနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ အဓိကကတော့ မြန်မာစစ်အစိုးရနဲ့ ခရီးစဉ်အသေးစိတ် အကြောင်းအရာတွေကို ဆွေးနွေး တိုင်ပင် နေဆဲဖြစ်တာကြောင့် ဘယ်တော့ အတိအကျသွားနိုင်မယ်ဆိုတာ မသိရသေးတာလို့ သူက ပြောပါတယ်။

ဥရောပသမဂ္ဂမှာ စပိန်အစိုးရ သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ ကာလအတွင်း အီးယူကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားဖြစ်ခဲ့ ရင်တော့ သူကိုယ်တိုင် ဒီအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာ Jose Salarich က ပြောပါတယ်။
မြစ်ဆုံဗုံးကွဲမှုဖြင့် ကချင်များ ဖမ်းဆီးခံနေရ

မြစ်ဆုံဗုံးကွဲမှုဖြင့် ကချင်များ ဖမ်းဆီးခံနေရ

အခုက စစ်ဆင်ရေးတိုက်ပွဲ လုပ်သလို လုပ်တာ။ မတွေ့ဘူးဆို မိဘတွေကို ဓားစာခံအနေနဲ့ ခေါ်သွားတာ။ ကချင်အတိုင်ပင်ခံကော်မတီက လူငယ် ဂမ်အောင်ဆိုရင် ပထမ သူ့အဖေကို ဖမ်း၊ ပြီးမှ တပ်ကုန်းက ဂမ်အောင် အိမ်ကို လိုက်ပြခိုင်းတာ။ ဗုံးခွဲတရားခံဆိုပြီး ပန်းချီဆွဲထားတဲ့ ရုပ်ပုံကြမ်းကို ရပ်ကွက်ရုံးတွေမှာလည်း ကပ်ထားတယ်။ ဗုံးခွဲတရားခံ ရှာဖွေသတင်းပေးနိုင်ရင် ဆုချမယ်ဆိုပြီးလည်း

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်းတိုက်တွန်း

၂၀၀၈ ခုနှစ် စစ်ဖွဲ့စည်းပုံကို အသက်သွင်းမည့် မတရားသည့် ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြရန် ယနေ့ မေ (၂၅) ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကြေညာချက်ထုတ်ပြန်လိုက်သည်။


၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုကိုယ်စားလှယ်များဘက်မှ အနိုင်ရခဲ့သည်မှာ လာမည့် ၂၀၁၀ မေ (၂၇) ရက်တွင် အနှစ် (၂၀) ပြည့်တော့မည်ဖြစ်ပြီး စစ်အစိုးရက အနိုင်ရပါတီကို ယနေ့တိုင် အာဏာလွှဲမပေးဘဲ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကို မကြာမီ ပြုလုပ်တော့မည် ဖြစ်သည့်အတွက် မတရားသည့် ရွေးကောက်ပွဲကို တိုင်းရင်းသားပြည်သူတရပ်လုံးက ဆန့်ကျင်ကြရန် အထက်ပါအဖွဲ့ (၃) ဖွဲ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကိုထွန်းမြင့်အောင်က ၎င်းတို့ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး တိုက်တွန်းရန် တာဝန်ရှိသည်ဟု ဆိုသည်။

၎င်းက “ဒီလိုဆန့်ကျင်ရာမှာ ပြတ်ပြတ်သားသား သပိတ်မှောက်တဲ့နည်းနဲ့ ဆန့်ကျင်ဖို့ကို တိုက်တွန်းချင်တာပါ။ ဒါဟာ ပြည်သူလူထုက ကိုယ့်ရဲ့မဲဆန္ဒကို ငြိမ်းချမ်းစွာဖြင့် အသုံးချပြီး မဲသွားမပေးခြင်းဖြင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာကို၊ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ပြည်သူလူထုက မဲဆန္ဒသွားမပေးဘဲနဲ့ ကိုယ့်မဲဆန္ဒကို ထိန်းသိမ်းထားခြင်းဖြင့် ပြဖို့ပါ။ တနည်းအားဖြင့် ဒီမိုကရေစီတန်ဖိုးကို ကာကွယ်တာပါပဲ” ဟု ပြောသည်။

ရွေးကောက်ပွဲကို ဆန့်ကျင်ရသည့်အကြောင်းမှာ နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းခြင်းဖြစ်ပြီး အဆိုပါဖွဲ့စည်းပုံမှာ လူထုကို ကိုယ်စားမပြုသည့်အပြင် လူထုအကျိုးစီးပွား အတွက်လည်း မည်သည့်အာမခံချက်မှ မပေးနိုင်သည့် ထာဝရ စစ်အုပ်ချုပ်ရေး တည်မြဲရန်အတွက်ကြောင့်ဖြစ်ကြောင်း ကိုထွန်းမြင့်အောင်က ပြောသည်။

“ထာဝရ စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံကို အသက်သွင်းမှာ ဖြစ်တာကြောင့် ဒီလိုပွဲမျိုးကို ကျနော်တို့ ပြည်သူက ပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့ သပိတ်မှောက်ဆန့်ကျင်တဲ့နည်းဟာ အမျိုးသားရေးတာဝန်တရပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူထုကို ဖိနှိပ်မည့်ဖွဲ့စည်းပုံအား လူထုကို ဖိနှိပ်သည့်အစိုးရမှ ကမကထပြုကာ ကျင်းပမည့်ပွဲတွင် လူထုက အဖြည့်ခံအနေဖြင့် သမိုင်းတာဝန်ခံအနေနှင့် ပါဝင်မပတ်သက်ရန် လူထုကို အသိပေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ဒါကြောင့် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း လူထုကို အသိပေးပြီးတော့ လူထုနဲ့အတူ ကျနော်တို့ရပ်တည်ပြီးတော့ သပိတ်မှောက်ခြင်းလုပ်ငန်းကို ပြည်သူကို တိုက်တွန်းနှိုးဆော်ရတာပါ” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ပြောခွင့်ရသူ ဦးသြဘာသကလည်း ယခု စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲမှာ မကြေညာသေးသော်လည်း ဆက်လက်လုပ်ဆောင်တော့မည်မှာ သေချာသည့်အတွက် ကြိုတင်သပိတ်မှောက်ကြရန် နှိုးဆော်ခြင်းဖြစ်သည်ဟု မိန့်ဆိုသည်။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ မကြည်သာတင့်ကလည်း “ကျမတို့ တိုင်းပြည်မှာ အမျိုးဘာသာ သာသနာကို စော်ကားတဲ့ စစ်အုပ်ချုပ်ရေးစနစ် တရားဝင်ရပ်တည်လို့မရအောင် ကျမတို့ တိုင်းရင်းသား ပြည်သူတရပ်လုံးက အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန္ဒပြဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။

၂၁နှစ်မြောက် ကေ၀ိုင်အိုနေ့ အခမ်းအနား ကျင်းပပြီးစီး

၂၁နှစ်မြောက် ကေ၀ိုင်အိုနေ့ အခမ်းအနား ကျင်းပပြီးစီး
မေလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)

မေလ (၂၃)ရက်နေ့တွင် ကျရောက်သည့် ၂၁နှစ်မြောက် ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို)နေ့ အခမ်းအနားကို သံလွင်မြစ် ကမ်းတနေရာရှိ အီးတူထာ့ ပြည်တွင်းဒုက္ခသည်စခန်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် ကေ၀ိုင်အို ဥက္ကဌ စောလှထွန်းက ကရင့်လူမျိုးတို့၏ သမိုင်းကြောင်းကို လူကြီးများအနေဖြင့် မျိုးဆက် သစ်ကရင်လူငယ်များ သိရှိနားလည်အောင် သင်ကြားပေးရန် ယခုလို တိုက်တွန်းပြောကြားလိုက်သည်။

“ကရင့်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး၊ ကရင်လူမျိုး ကမ္ဘာပေါ်မှာ မပျောက်ကွယ်ရေးနဲ့ ကရင်အမျိုးသားတို့ရဲ့ အနာ ဂတ်ဘ၀ ရပ်တည်နိုင်ရေးဟာ ကရင်လူမျိုးတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် နေရာအနှံ့မှာရှိတဲ့ တတ်သိနားလည်တဲ့ လူကြီး တွေ မျိုးဆက်သစ်လူငယ်တွေကို ကရင့်သမိုင်းသင်ကြားပေးကြဖို့ တိုက်တွန်းရင်း သမိုင်းပေးတာဝန်ကို မျိုးဆက်သစ်တွေက လည်း ကိုယ်စီ ထမ်းဆောင်သွားကြဖို့လည်း လိုအပ်ပါတယ်”ဟု သူက ပြောသည်။

အခမ်းအနား တက်ရောက်ခဲ့သည့် ကရင်လူငယ်တဦးက “ဒီလို ကေ၀ိုင်အိုနေ့ အခမ်းအနားမှာ ပြောသွားတာ အင်မတန် ကောင်း ပါတယ်။ လူငယ်တွေဟာ တနေ့ကျရင် တိုင်းပြည်ရဲ့တာဝန်ကို ထမ်းရမယ့်သူတွေဖြစ်တယ်လေ။ ဒါကြောင့် အရင်က ဖြစ်ခဲ့တဲ့ ကရင့်သမိုင်းကြောင်းတွေကို ပြန်သိရမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလက ကရင်အမျိုးသမီးလူငယ် နမ့်ဇိုယာဖန်း ကမ္ဘာ့လူငယ်ခေါင်းဆောင်အဖြစ် အရွေးခံရခြင်းသည် ယနေ့ ကရင် လူငယ်များအတွက် စံပြနမူနာကောင်းတခုဖြစ်သည့်အပြင် ကရင်တမျိုးသားလုံးအတွက် အင်အားတခုဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။
(ကယ်ခိုဘော်ခို)
၂၁နှစ်မြောက် ကေ၀ိုင်အိုနေ့ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ခုတွင် အသီးသီး ပြုလုပ်ကျင်းပခဲ့ကြပြီး အီးတူထာ့ စခန်းတွင် ပြုလုပ်သည့် ကေ၀ိုင်အိုနေ့ အခမ်းအနားသို့ လူထုပရိဿတ် ၂၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြသည်။

ကရင်လူငယ်အစည်းအရုံးကို ၁၉၈၉ခုနှစ်၊ မေလ ၂၃ရက်နေ့က ကရင်မျိုးချစ်ခေါင်းဆောင်များ ဦးဆောင်၍ ယခင် ကေအဲန်ယူ မာနယ်ပလော ဌာနချုပ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။

မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။

သေဆုံးသူမှာ ရဲဒုတပ်ကြပ်ထူးနေလင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ပြောကြားကြပါသည်။

“သျှမ်းသူပုန်တွေဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ရဲတွေရဲ့ စစ်ဆေးအော်ငေါက်ဆဲဆိုခံရပြီး ပစ္စည်းတွေဆုံးရှုံးခဲ့ရတာ ကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့လူတွေလဲဖြစ်နိုင်တယ်”

ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လားရှိုး သို့သွားသော မြောက်ဘက်ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်ထူပြောလာကြောင်းဒေသခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။

ရွေးကောက်ပွဲ သပိတ်မှောက်ရန် သံဃာနှင့် ကျောင်းသားများ တိုက်တွန်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို မဲမထည့်ဘဲ ဆန့်ကျင်သပိတ်မှောက်ကြရန် မြန်မာပြည်တွင်း လျှို့ဝှက်စွာ လှုပ်ရှားနေသော သံဃာနှင့် ကျောင်းသားအဖွဲ့များက ယနေ့ တိုက်တွန်းလိုက်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဲသွားမပေးရန်နှင့် အတင်းအကျပ် ထည့်ခိုင်းပါက ပယ်မဲအဖြစ် ဖန်တီးပြီး ထည့်သွားကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ဥပဒေတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးလျှင် အထမြောက်သော ရွေးကောက်ပွဲဟု သတ်မှတ်ထားသည်။

“ဒီရွေးကောက်ပွဲမှာ ပျက်ကွက်မဲ အရေအတွက်နဲ့ ပယ်မဲအရေအတွက်တွေ များလာအောင် မဲမထည့်ရ ဆိုတဲ့နည်းနဲ့၊ နအဖ စစ်အစိုးရကို ကျနော်တို့ တိုင်းပြည်မှာရော၊ နိုင်ငံတကာမှာရော တရားဝင်မှု မဖြစ်အောင်” ဟု ပုန်းအောင်းတိမ်းရှောင်နေသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

အမြို့မြို့အနယ်နယ်တိုင်းတွင်ရှိသည့် ကျောင်းသားလူငယ်၊ ရဟန်းသံဃာတို့နှင့် ပူးတွဲကာ ရွေးကောက်ပွဲဆန့်ကျင်ရန် တိုက်တွန်းထားသော စာရွက်စာတမ်း၊ စီဒီတို့ ဖြင့် လူထုအကြား လျှို့ဝှက်စွာ ဖြန့်ကျက်လှုံ့ဆော်သွားနိုင်ရန် အစီအစီစဉ်များ ပြုလုပ်နေလျက်ရှိသည်ဟု သူက ပြောသည်။

လူဦးရေမှာ ၅၇ သန်းကျော်အနက် မဲပေးနိုင်ခွင့်ရှိသူ ဦးရေမှာ ၂၇ သန်းကျော်ဖြစ်မည်ဟု ခန့်မှန်းရသည်။

စစ်အစိုးရက ပြုလုပ်တော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောက်တိုဘာလ သို့မဟုတ် နိုဝင်္ဘာလတွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်ထားကြသည်။

စစ်အစိုးရ ထုတ်ပြန်ထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ခွင့်ပြုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးသာ ဦးစွာလိုလားပြီး ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆိုထားသည်။

ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က “ဒီ သပိတ်က ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှု ရှိမရှိဆိုတာက ကျနော်တို့ရဲ့ လုပ်ဆောင်မှုနဲ့ လူထုရဲ့ လိုက်ပါနိုင်မှုအပေါ်မှာလည်း မူတည်ပါတယ်” ဟု ပြောသည်။

ဝန်ကြီးချုပ် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း နိုင်ငံအဝှန်း မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု ဝေဖန်သူများက ခန့်မှန်းထားကြသည်။

ကြံ့ဖွံ့အသင်းတွင် အင်အား ၂၄ သန်းကျော်ရှိသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ကြံ့ဖွံ့ပါတီ၏ အင်အားကိုမူ ကြေညာခြင်း မရှိပါ။

“တကယ်တမ်း ရွေးကောက်ပွဲ ဖြစ်လာတဲ့ အချိန်ကျရင် သူတို့မျှော်မှန်းထားသလောက် မရဘူးဆိုတာကို ဦးဇင်းတို့ ရဲရဲကြီး ပြောရဲပါတယ်” ဟု သံဃာ့တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ဦးသြဘာသက မဇ္ဈိမကို မိန့်ကြားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို ပျက်ပြယ်သွားသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွေးကောက်ပွဲကာလတွင် မဲရုံသို့ ၅ဝ % ကျော် မဲလာမပေးလျှင် စိတ်ဝင်စားစရာ ရွေးကောက်ပွဲတခု ဖြစ်သွားနိုင်ကြောင်း ပြည်ပအတိုက်အခံ တပ်ပေါင်းစုတခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“ကိုယ်မကြိုက်ဘူးဆိုရင် ကိုယ့်မကြိုက်တာကို ပြောရဲဖို့က အဓိကကျတယ်။ အဲဒါမှာ သူ့ဘာသာ လိမ်ညာတာက သူ့ကိစ္စ။ အထဲမှာရှိတဲ့ ပြည်သူတွေကနေပြီးတော့ ကိုယ်က မဲမပေးရုံတင်မကဘဲနဲ့ ကိုယ်မဲမပေးတဲ့ ကိစ္စတွေကို သိအောင်လုပ်ဖို့ လိုတယ်။ မဲမပေးခင်ကတည်းကကို ကြိုတင်ဖော်ထုတ်ပြနိုင်ဖို့ လိုတယ်။ မဲစာရင်း ထွက်လာတဲ့ အခါကျရင် ငါတို့မဲတွေပါ ပါပြီးတော့ ညာတယ်ဆိုတာမျိုး ဖြစ်မလာအောင်ပေါ့နော်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်နိုင်ပြီး ကျနော်တို့ အားလုံးက ဝိုင်းကြိုးစားရမှာပဲ” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဆန္ဒမဲ ၈ဝ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိပေ။

မင်္ဂလာဈေးကို အကြီးစား ပြင်ဆင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ မီးလောင်ကျွမ်းခံရသော မင်္ဂလာဈေးကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်ပြီး ဆိုင်ရှင်များအတွက် ယာယီဈေးနေရာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယနေ့ ပြောဆိုလိုက်သည်။

ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ မင်္ဂလာဈေးဓမ္မာရုံတွင် အင်္ဂါနေ့ မွန်းလွဲက ပြုလုပ်သော ဈေး၏ စတုတ္တထပ်မှ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် စည်ပင်အတွင်းရေးမှူး ဦးအောင်သန်းဝင်းက အဆောက်အဦးကို အကြီးစား ပြန်လည်ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်ပြီး ထိုကာလအတွင်း ရောင်းချရန် ယာယီဈေးနေရာ ရှာဖွေနေကြောင်း ပြောသွားသည်။

ဈေးနေရာသတ်မှတ်မှုကို ၃ ရက်အကြာတွင် ထုတ်ပြန်နိုင်မည်ဟု ဆိုသည်။

ယမန်နေ့ နံနက် ၈ နာရီခွဲခန့်မှ လောင်ကျွမ်းမှု စတင်ပြီး နာရီ ၃ဝ ကျော်တိုင် မီးခိုးများ ထွက်လျက်ရှိပြီး မီးသတ်များ ရေပတ်ဖြန်းနေရဆဲဖြစ်သည်။

အဓိက လောင်ကျွမ်းမှုဖြစ်ရာ စတုတ္တထပ်အတွင်း ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၏ သုံးပုံနှစ်ပုံကို ယနေ့ နေ့လည်အရောက်တွင် ရှင်းလင်းနိုင်သည်ဟု မီးသတ်အရာရှိတဦးက ပြောသည်။ သို့သော် မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်နေရဆဲဖြစ်သည်ဟု ပြောသည်။

အနီးပတ်ဝန်းကျင်တခုလုံး မီးခိုးများ ဖုံးလွှမ်းလျက်ရှိပြီး သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ မီးခိုးလွတ်ရာသို့ ပြောင်းရွှေ့နေကြရသည်။

”ညက ကျနော်တို့ မိသားစု အိမ်ပြောင်းရတယ်။ ကမာရွတ်က အမတွေ အိမ်ကို ပြောင်းရတာ။ မီးခိုးတွေက အလုံးလိုက်ဆိုတော့ ညအိပ်ရင်း အသက်ရှူရပ်နိုင်တယ်လေ၊ အန္တရာယ် ရှိတယ်။ ဒါကြောင့် ပြောင်းလိုက်တာ” ဟု တာမွေမြို့နယ် ၁၃၄ လမ်းတွင် နေထိုင်သူ ကိုမြင့်ခိုင်က ပြောပြသည်။

မနက်ဖြန် နံနက် ၉ နာရီတွင် အထပ်တိုင်းမှ ဆိုင်ခန်းပိုင်ရှင်များ ဈေးသည်အားလုံးနှင့် မြို့တော်စည်ပင်သာယာတို့ တာမွေမြို့နယ် အထက (၁) တွင် ထပ်မံတွေ့ဆုံရန်လည်း ဖိတ်ကြားထားသည်။

ဆုံးရှုံးမှုပမာဏကို မီးသတ်ဦးစီးက မထုတ်ပြန်နိုင်သေးဘဲ ရှိသော်လည်း အနည်းဆုံး နှစ် ၂ဝ အတွင်း မီးလောင်ချိန် အကြာမြင့်ဆုံး မီးလောင်မှုတခုဟု မီးသတ်အရာရှိတဦးက ပြောသည်။

အလှကုန်ဆိုင် ပိုင်ရှင်တဦးက ”အကိုတို့ဆိုင်က အားလုံး ကုန်သွားတယ်။ အကိုတို့ဆိုင်က တန်ဖိုးအားဖြင့်တော့ ဆိုင်ခန်းအတွက် သိန်း ၂၅ဝ လောက် ရှိတယ်။ ပစ္စည်းတွေကတော့ သိန်း ၆ဝဝ ကျော်ဖိုးလောက် ရှိတယ်။ အားလုံး ကုန်သွားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် တပတ်က ဆေးဆိုင်တဆိုင်ကို ထပ်မံဝယ်ယူကာ ငွေအရင်းအနှီးပေါင်း သိန်း ၃ဝဝဝ ရင်းနှီးရောင်းချနေသော ဆေးဆိုင်ပိုင်ရှင် တဦးက ”ကျနော်ကတော့ ဖြေသိမ့်တယ်ဗျ။ လူမသေ ငွေမရှားပေါ့။ အခု မင်္ဂလာမွန်ဈေးမှာ မနက်ကပဲ တခန်းငှားပြီး ရောင်းမလို့ ပြန်စီစဉ်နေတယ်” ဟု ပြောပြသည်။ မင်္ဂလာမွန်ဈေးမှာ မင်္ဂလာဈေးနှင့် ကပ်လျက်တွင် တည်ရှိသည်။

မင်္ဂလာဈေး တတိယထပ်တွင် ရေများ ဒူးခေါင်းအထက် ရောက်ရှိနေပြီး အထည်အလိပ်များနှင့် အခြား မုန့်ဆိုင်များ၊ လူသုံးကုန် ဆိုင်များလည်း ပျက်စီးမှုများကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု၊ နယ်ခြားစောင့်တပ် ကိစ္စ KIO နှင့် စစ်အစိုးရ ဆွေးနွေး

စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အပါအ၀င် မြစ်ဆုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ လွန်ခဲ့သည့် တပတ်က တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်များ ၂၀၀၈ ခုနှစ်အတွင်းက အခမ်းအနားတခုတွင် စစ်ရေးပြနေစဉ်(ဓာတ်ပုံ - Kachinstate.com)

အဆိုပါ စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနှင့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တို့ကို တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု KIO အဖွဲ့မှ တာဝန် ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

“နယ်ခြား စောင့်တပ် အသွင်ကူး ပြောင်းရေး ကိစ္စနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ လုပ်နေတဲ့ အနေ အထားတွေ ဘယ်လောက် အထိ လုပ်ပြီး ပြီလဲ၊ ဘာကိစ္စ ရှိလဲ၊ ရှိရင် ဖြေရှင်းမယ် ဆိုတဲ့ သဘောမျိုး ခေါ်တွေ့တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းအနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီး ခံထားရသော ကချင် လူငယ်များ၏ ကိစ္စများကိုပါ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ဥပဒေ အရ အစိုးရက ခေါ်စစ်တယ်၊ အပြစ်ရှိတယ်ဆိုရင် ခံယူပါမယ်၊ နောက်ပြီး သူတို့ တကယ်လို့ ဥပဒေ အရ အပြစ်ရှိတယ်လို့ ယူဆလို့ရှိရင် ကျနော်တို့ ဆီက လူတွေနဲ့ တွေ့ခွင့်ပေးပါ၊ ရှေ့နေ ငှားခွင့်ပေးပါ၊ အဲဒီ လောက်တော့ ပြောထားပါတယ်”ဟု KIO တာဝန်ရှိသူက ပြောသည်။

ယင်း ဗုံးပေါက်ကွဲမှု နှင့် ကချင်လူငယ် ၆ ဦးခန့်ကို အာဏာပိုင်များက ခေတ္တ ထိန်းသိမ်းထားပြီး တချို့လူငယ်များကိုလည်း ယမန်နေ့ အထိ လိုက်လံ ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဒေသ နေရာ ၄ ခုတွင် ဗုံးပေါက်ကွဲခဲ့သည့် လွန်ခဲ့သော ဧပြီလ ၁၇ ရက်နေ့မှ စတင်၍ အစိုးရ အာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု အထိန်းသိမ်းခံထားရသူများမှာ ကချင်လူငယ်များဖြစ်ပြီး ယခင်က KIO မှပေးသော လူမှုရေး သင်တန်းများ တက်ရောက်ခဲ့ သူများ ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းကို စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ထို စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလဆန်းပိုင်း ၉ ရက်နေ့ကလည်း စစ်ဖက်ရေးရာ လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ အရှေ့မြောက်တိုင်း စစ် ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းကြည်တို့ ပန်ဆန်းသို့ ရောက်လာပြီး UWSA ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ပြီးခဲသည့် ကြာသပတေးနေ့က ရှမ်းပြည် အရှေ့ပိုင်း မက်မန်းမြို့တွင် ဒေသအတွင်းရှိ ပြည်သူ့စစ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းသည့် အခမ်းအနား ကျင်းပခဲ့သည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန် အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

မြန်မာသို့ EU ကိုယ်စားလှယ် တဖွဲ့ စေလွှတ်မည်

ဥရောပ သမဂ္ဂ (EU) က မြန်မာ့ ဒီမိုကရေစီရေး ဖိအားပေးရန် ချဉ်းကပ်မှု အသစ် တစိတ်တပိုင်း အနေဖြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာ နိုင်ငံသို့ စေလွှတ်မည်ဟု စပိန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အထွေထွေ ညွန်ကြားရေးမှူး ဟိုဆေး ယူဟင်နီယို ဆလာရစ်ခ်ျ

EU ၏ မဟာမိတ်များ ဖြစ်သော အမေရိကန်နှင့် သြစတြေးလျတို့က စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် လုပ်ဆောင် ထားသည့်တိုင် ယင်းသို့ စေလွှတ်ခြင်းမှာ “တွေ့ဆုံ ဆွေးနွေးရေး အတွက် တံခါးဖွင့်ပေးခြင်း” ဖြစ်သည်ဟု အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ အထွေထွေ ညွန်ကြားရေးမှူး ဟိုဆေး ယူဟင်နီယို ဆလာရစ်ခ်ျ (Jose Eugenio Salarich) က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် EU နှင့် အာဆီယံ ဆွေးနွေးပွဲ၌ ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

စပိန်အပါအဝင် EU သည် မြန်မာနိုင်ငံကို လုံးလုံး အထီးကျန်စေသည့် မူဝါဒအပေါ် မယုံကြည်ဟု ဆလာရစ်ခ်ျ က ပြောကြောင်း ဂျာမန် DPA သတင်းဌာနက ဖော်ပြသည်။

တွေ့ဆုံဆွေးနွေးရေးအတွက် အလားအလာရှိသည်ဟု ဆလာရစ်ခ်ျက မကြာသေးမီက ရန်ကုန်သို့ သွားခဲ့သည့် အမေရိကန်နိုင်ငံ၏ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကို ကိုးကား၍ ပြောသွားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်က “ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို အဖွဲ့တွေဘာတွေ စေလွှတ်မယ်ဆိုရင် NLD အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ပါတီတွေရဲ့ အသံတွေကို နားထောင်ဖို့ လိုပါလိမ့်မယ်၊ ရွေးကောက်ပွဲ အပြီးမှာ တက်လာမယ့် ရုပ်ပြ အစိုးရကို အဲဒီ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သုံးသပ်နိုင်စွမ်း ရှိရမယ်၊ အဲဒါမှ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဘာတွေ လိုအပ်မလဲ ဆိုတာကို သူတို့တွေ သဘောပေါက်လာပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

EU နှင့် အာဆီယံမှ နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၁၉ ရက်နေ့က မက်ဒရစ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မေလ ၁၅ ရက်နေ့တွင် အဆင့်မြင့် ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးသည်။

EU အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားများကို မေးမြန်းခဲ့ကြသေးသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင် EU က ကြေညာခဲ့သည်။ သက်တမ်းတိုးကြောင်း ကြေညာရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရေးဆွဲထားခြင်းမဟုတ်ဟု ဖော်ပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံများက အသိအမှတ် မပြုရေး အတွက် လှုပ်ရှားမှုများ ဆက်လုပ်ရန်ရှိကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) တွင် နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ဇိုယာဖန်းက ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဥရောပ ၂၇ နိုင်ငံမှ လွှတ်တော် အမတ် ၇၃၆ ဦးဖြင့် ဖွဲ့စည်းထားသော ဥရောပပါလီမန်က စစ်အစိုးရ ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ရုပ်သိမ်းပေးရန် မေလ ၁၉ ရက်နေ့က တောင်းဆိုခဲ့သေးသည်။