Pages

Subscribe

Friday 11 June 2010

ငွေကြေး ကောက်ခံ၍ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်းဝင်ခိုင်း

ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်မှ အသက် ၁၈ နှစ်ပြည့် လူငယ်များနှင့် အိမ်ထောင်ဦးစီးများအား ကြံ့ခိုင်ရေးအဖွဲ့က ၄င်းတို့ အဖွဲ့ဝင်အဖြစ် အတင်းဝင်ခိုင်းပြီး အသင်းဝင်ကဒ် ပြုလုပ်ရန် တဦးလျှင် ကျပ်ငွေ တစ်ထောင်စီ တောင်းခံကြောင်း ဒေသခံများက ပြောသည်။

“ပြီးခဲ့တာ လုပ်ပြီးပြီ။ ဒါမဲ့ ကဒ်တော့ မပေးသေးဘူး။ အဖွဲ့စည်းထဲ ၀င်ပြီး အဖွဲ့အစည်း တိုးတက်ဖြစ်မြောက်တဲ့ ကြံ့ခိုင်ရေး ဖြစ်အောင် ပါဝင်အားပေးကြဖို့ ကဒ်ပြားတခု လုပ်တယ်။ အဲဒါက ငါတို့ကို တထောင် တောင်းတယ်” ဟု ကြံ့ခိုင်ရေးအဖွဲ့ ၀င်ခဲ့ရသူ တဦးက ပြောသည်။
ဒေသခံကျေးရွာသားများသည် ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ်သို့ ၀င်ရောက်ခြင်းကို မနှစ်သက်ကြသော်လည်း အာဏာပိုင်များ၏ အမိန့်အရ လုပ်ဆောင်ကြရကြောင်း ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက ပြောသည်။

သူက “မလုပ်ချင်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အကုန်လုပ်ရမယ်။ ဘယ်သူမှ မကျန်ရဘူး ဆိုပြီးတော့ တစ်အိမ်ကို အိမ်ထောင်ဦးစီးတစ်ယောက် အကုန်လုပ်ခိုင်းတယ်။ အိမ်တစ်အိမ်မှာ ယောက်ျား မရှိရင် မိန်းကလေး လုပ်ရတယ်” ဟု ပြောသည်။

“သူတို့ အကြောင်းလည်း မသိဘူး။ လုပ်ခိုင်းတော့ လုပ်လိုက်ရတာပဲ။ နည်းလမ်း မသိဘူး။ ကြံ့ခိုင်ရေးတွေက လွိုင်ကော်တချို့ ဒီးမော့ဆို တချို့ ဖြစ်တယ်။ သေးဆူလဲတို့ဘက်လည်း ရွာတိုင်း ကဒ်ပြား လုပ်ခိုင်းတယ်” ဟု ၄င်းဒေသခံတဦးက ဆက်ပြောသည်။

ဒေသခံရွာသားများအနေဖြင့် ကြံ့ခိုင်ရေးအဖွဲ့သို့ ၀င်ရောက်နိုင်ရန် အာဏာပိုင်များက ကျေးရွာဥက္ကဌများအား စည်းရုံးပြီး ဖိအားပေးနေခြင်းဖြစ်သည်။

ဒေသခံရွာသားများသည် မိမိစားဝတ်နေရေးနှင့် ဘ၀နေထိုင်မှုလုံခြုံစေရန် လူကြီးများ၏ လုပ်ဆောင်ချက်ကို မလွန်ဆန်နိုင်ကြောင်း ဒေသခံများကပြောသည်။

“ပြည်ပက အားလုံးလည်း ဒီ ၂၀၁၀ကို စိတ်ဝင်စားကြသလို ပြည်တွင်းက လူထုတွေကတော့ စိတ်ဝင်စားဖို့ နေနေသာသာ မထူးခြားတဲ့ အစီအစဉ်ပဲမို့ စိတ်ဝင်စားနေလဲ အပိုပဲ ဆိုတဲ့ စိတ်တွေနဲ့ပဲ ဥပက္ခာ ပြုထားကြတာ များတယ်” ဟု လွိုင်ကော်မြို့ခံ လူငယ်တဦးက ပြောသည်။

ပြီးခဲ့သည့်လတွင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်မှ လူငယ်များသည် ကြံ့ခိုင်ရေး အဖွဲ့များနှင့် ပူးပေါင်းပြီး ကျေးရွာတိုင်းရှိ လူထုများအား သွားရောက်စည်းရုံးခဲ့သည်ဟု သိရသည်။

Myanmar denies nuclear cooperation with North Korea

YANGON — Myanmar's ruling junta said Friday it had no intention of building an atomic bomb, brushing aside Western concerns about possible nuclear cooperation with North Korea.

The denial came after the United States raised concerns about "growing military ties" following a report that Myanmar had begun a nuclear weapons programme with Pyongyang's help.

In a statement carried by state media, Myanmar's foreign ministry said: "These reports were baseless accusations that are politically motivated.

"Myanmar is a country that always respects UN declarations and decisions as it is a UN member country. Myanmar is not in a position to produce nuclear weapons. Myanmar has no intention to become a nuclear power."

The statement also said recent nuclear allegations were aimed at undermining renewed dialogue between the United States and Myanmar in the run-up to elections later this year.

The allegations aim "to undermine the political process as Myanmar is striving for democracy by holding general elections this year," the statement said.

The comments follow a recent documentary by the Norwegian-based news group Democratic Voice of Burma (DVB) that said Myanmar was trying to build an atomic bomb.

The documentary cited a senior army defector and years of "top secret material". It showed thousands of photos and testimony from defectors that it said revealed the junta's nuclear ambitions and a secret network of underground tunnels, allegedly built with North Korean help.

The years-long investigation included hundreds of files and other evidence from the defector, army major Sai Thein Win, who said he was deputy commander of a military factory that was part of Myanmar's nuclear battalion.

"They really want to build a bomb. That is their main objective," he was quoted as saying.

US Senator Jim Webb cancelled a planned trip to Myanmar last week in response to the allegations, saying it would be "unwise and potentially counter-productive".

The findings "contain new allegations regarding the possibility that the Burmese government has been working in conjunction with North Korea in order to develop a nuclear programme," Webb said.

Myanmar, which has been under military rule since 1962, has been accused of violating a UN Security Council ban on North Korean arms exports imposed last June.

Following a visit there in May, US Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell expressed concern about a suspected arms shipment from North Korea to Myanmar.

President Barack Obama's administration last year launched a dialogue with Myanmar's military rulers, after concluding that attempts to isolate the regime had met with little success.

But Washington has sharply criticised preparations for this year's elections -- the first in 20 years -- as well as raising the nuclear concerns.

Myanmar severed ties with Pyongyang in 1983 following a failed assassination attempt by North Korean agents on then-South Korean president Chun Doo-Hwan while he was visiting the Southeast Asian nation. The attempt left 21 people dead.

But with both countries branded "outposts of tyranny" by the United States they have tried rebuilding relations in recent years.

Myanmar is preparing for rare elections later this year that critics have dismissed as a sham due to laws that have effectively barred opposition leader Aung San Suu Kyi from participating.

Copyright © 2010 AFP

မဲမပေးဘဲနေဖို့ လူထုမှာ အခွင့်အရေးရှိဟု ဒေါ်စုပြောကြားလိုက် ခြင်း

စစ်အစိုးရက ကျင်းပပေးဖို့ရှိနေတဲ့ ဒီနှစ်ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ မဲပေးပိုင်ခွင့်ရှိသလို ဆန္ဒမရှိရင် မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ရန်ကုန်မြို့နေအိမ်မှာ ရှေ့နေဖြစ်သူနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

ဒီကနေ့ သောကြာနေ့ နေ့လည်ပိုင်းက ၂ နာရီလောက် တွေ့ဆုံခွင့်ရခဲ့တဲ့ အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာလို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက မဲပေးဖို့ အခွင့်အရေး ရှိသလို မဲမပေးဖို့လည်း အခွင့်အရေး ရှိတဲ့ ဥပဒေ ပြဌာန်းချက်၊ အဲဒါကို ပြောပါတယ်။ လူထုအနေနဲ့ မဲမပေးတာကလည်း ဥပဒေအရ အခွင့်အရေးပဲဆိုတာ ပြောတာရှိတယ်။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ လက်ရှိအခြေအနေမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အဖွဲ့ဝင်တွေက ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းလုပ်ဆောင် နေကြတယ်ဆိုတာက အကောင်းဆုံးလုပ်ရပ် ဖြစ်တယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အဲန်အယ်လ်ဒီအတွက် အခုလို ခက်ခဲတဲ့အချိန်မှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ အဲန်အယ်လ်ဒီ လူငယ်များ၊ နောက်ပြီးတော့ အမျိုးသမီးအဖွဲ့ဝင်များက အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက်တာ သူ့အနေနဲ့ အများကြီး ဂုဏ်ယူတယ်တဲ့။ ဒီလို ခက်ခဲတဲ့အချိန်မှာ ဆောင်ရွက်တာမိုလို့ ဒါဟာ အကောင်းဆုံး လုပ်ရပ်တွေပဲလို့ အဲဒီလို ပြောလိုက်ပါတယ်။”

စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတခြင်း မရှိတာကြောင့် အဲန်အယ်လ်ဒီ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံ ထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်ပိုင်း အဲန်အယ်လ်ဒီ ဟာ လူမှုရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့လအတွင်း အပူချိန်လွန်ကဲပြီး ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်နေကြရတုန်းကလည်း အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့ကြပါတယ်။

အဲဒီလို လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာလဲ အရင် နိုင်ငံရေးပါတီအဖြစ် တည်ရှိနေတုန်းကလိုပဲ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာ အာဏာပိုင်တွေရဲ့ ဖိနှိပ် ကန့်သတ်မှုတွေ ခံခဲ့ကြရယုံတင်မကဘဲ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်ခဲ့ကြရတာပါ။

ဒါကြောင့် အနာဂတ်မှာ အခုလို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် လူငယ်တွေကို ပြုစု ပျိုးထောင်ပေးကြဖို့လဲ ဒေါ်အောင်ဆန်းစုကြည်က အကြံပေး တိုက်တွန်းခဲ့ပါတယ်။

“လူကြီးတွေ၊ လူလတ်ပိုင်းတွေက မြန်မာနိုင်ငံမှာ လူငယ်များ နောင်မျိုးဆက်ကို ကျနော်တို့ ပျိုးထောင်ဖို့လိုတယ်။ အဲဒီလို ပျိုးထောင်မယ့်အလုပ်က နိုင်ငံရေးပါတီချည်းပဲ မဟုတ်ဘူး။ ပြည်သူလူထုအားလုံးမှာလဲ တာဝန်ရှိပါတယ်။ အဲဒီတော့ ပျိုးထောင်မယ့် ပုဂ္ဂိုလ်ဟာတဲ့ အချက် နှစ်ချက် ပြောပါတယ်။ သဘောထား ကြီးရမယ်တဲ့။ ရဲဘော်ရဲဘက်စိတ်နဲ့ ပျိုးထောင်ရမယ်တဲ့။”

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဒီကနေ့ တွေ့ဆုံခဲ့ကြတဲ့ အဓိက အကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံဝင်းအတွင်းမှာရှိတဲ့ သီးခြား အိမ်ငယ်တလုံးကို ဖြိုဖျက်ဖို့ တောင်းဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကို ရန်ကုန် စည်ပင်သာယာက အစောပိုင်းမှာ ခွင့်ပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ကန့်ကွက်မှု ရှိတဲ့အတွက် ဆိုပြီး ခွင့်ပြုချက်ကို ပြန်လည်ရုတ်သိမ်းသွားတာကြောင့် စည်ပင်သာယာအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ တရားရုံးကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုပြီး ပြန်လည် လျှောက်ထားရေး တိုင်ပင်ဖို့အတွက် ဖြစ်ပါတယ်။

ဒီကနေ့ ဦးဉာဏ်ဝင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြသူတွေကတော့ နေအိမ်ပြင်ဆင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ဦးထင်ကျော်နဲ့ အင်ဂျင်နီယာ ဦးခွန်သာမြင့်တို့ ဖြစ်ကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ အမေရိကန်ထိပ်တန်းအရာရှိ မြန်မာအဖွဲ့အစည်းများနှင့်

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးနှင့် ဒုက္ခသည်များဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ မစ္စတာအဲရစ်ရှဝပ်သည် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း (၁၅) ဖွဲ့နှင့် မနက်ဖြန်တွင် မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများအပြင် အမေရိကန်သို့ ခိုလှုံခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် နှစ်ရှည်ဆိုင်းငံ့ခြင်းခံနေရသည့် နိုင်ငံရေးဒုက္ခသည်များ ကိစ္စတို့ကို တင်ပြသွားမည်ဟု ဆွေးနွေးပွဲ တက်ရောက်မည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “၀န်ကြီးက ဒုက္ခသည်ရေးရာအပြင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူဖြစ်ပေမယ့် အဲဒီကိစ္စအပြင် မြန်မာပြည်ရဲ့ နိုင်ငံရေး အကြောင်းအရာတွေကိုလည်း သိချင်တယ်လို့ပြောပါတယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေး နိုင်ငံရေး လူမှုရေး ပြဿနာတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကြောင့် ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ ပိုးဆိုးလာဖို့ပဲ ရှိတယ်ဆိုတာကို သေချာအောင် ထပ်ပြောမှာပါ” ဟု ဆိုသည်။

ထိုင်းဘက်ခြမ်းတွင်ရှိသည့် ဒုက္ခသည်များအနေဖြင့် ရွေးကောက်ပွဲပြီး၍ တိုင်းပြည်အေးချမ်းသွားပြီဟု မဆုံးဖြတ်သင့်ကြောင်း ဒေါက်တာနိုင်အောင်က ပြောသည်။

“၂၀၁၀ နောက်ပိုင်းမှာ ပိုပြီးတော့ဆိုးဝါးတဲ့ နိုင်ငံရေးပြဿနာတွေ ဆက်ရှိလာမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုပြီး များလာနိုင်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပိုပြီး များလာနိုင်တယ်။ ဒေသတွင်းမှာ မြန်မာပြည်က ဖြစ်ပျက်လာမယ့် ပြဿနာတွေက များပြားလာမယ်။ အဲဒီကိစ္စတွေကို အမေရိကန်အစိုးရအနေနဲ့ မျက်ခြည်မပြတ်ဘဲနဲ့ အချိန်မီ အလျင်အမြန် ကူညီပေးနိုင်ဖို့၊ အဲဒါတွေကို တင်ပြဖို့ ရှိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့်မပြုဘဲ (၅) နှစ်ကျော် ဆိုင်းငံ့ခြင်းခံနေရသည့် မြန်မာ့နိုင်ငံရေး ဒုက္ခသည် (၄၀၀) ကျော် ကိစ္စနှင့်ပတ်သက်၍လည်း အခြေအနေအမှန်ကို သိရှိရန် ဆွေးနွေးမည်ဟုလည်း သိရသည်။

ဒေါက်တာနိုင်အောင်က “နောက်တခုက တတိယနိုင်ငံကိုထွက်ဖို့ နှစ်ရှည် ဆိုင်းငံ့ခြင်းခံနေရတဲ့ ဒုက္ခသည်တွေရဲ့ ကိစ္စအပေါ်မှာ သူတို့ရဲ့ဆောင်ရွက်တိုးတက်မှု ဘယ်လိုရှိသလဲ ဆိုတာကိုလည်း တင်ပြမှာဖြစ်တယ်” ဟု ပြောသည်။

ဝန်ကြီး အဲရစ်ရှဝပ်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲ (၁) နာရီတွင် မဲဆောက်မြို့မှ (၆၅) ကီလိုမီတာအကွာရှိ ဒုက္ခသည်(၅) သောင်းခန့်နေထိုင်သည့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ကာ စခန်းအခြေအနေများကို လေ့လာသွားသည်ဟု စခန်း ဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။

၎င်းက “အမေရိကန်ဝန်ကြီး အဖွဲ့လာပြီး ဒုက္ခသည်တွေကိုပေးတဲ့ အကူအညီတွေကို အမေရိကန်က ပိုမိုကူညီနိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။

ဝန်ကြီး အဲရစ်ရှဝပ်သည် နယ်စပ်ဒုက္ခသည်စခန်းသို့ မသွားခင် ယမန်နေ့၌ ဘန်ကောက်တွင် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအရ ပြည်တွင်းမှာ အပြောင်းအလဲ အနည်းငယ်သာ ဖြစ်ပေါ်နိုင်သည်ဟုလည်း ၎င်းက ထိုင်းအရာရှိများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁) သိန်း (၄) သောင်း ခန့် နေထိုင်လျက်ရှိကာ ၂၀၀၆ ခုနှစ်မှ စတင်၍ မယ်လစခန်းမှ အမေရိကန်သို့ သွားရောက် အခြေချသူပေါင်း (၂) သောင်းခန့် ရှိပြီဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းက ပင်းပက်တောင်စီမံကိန်း နျူကလီးယားနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ပြောဆို

ပင်းပက်တောင် ဝန်းကျင်မှာ နေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသား သနားစားဖွယ် အပြစ်မဲ့ ကလေးငယ်တစ်ဦး အရေပြားရောဂါ ခံစားနေရပုံ
ရှမ်းပြည်က ယူရေနီယံ စီမံကိန်း ဘာအတွက်လဲ
ဘီဘီစီ (မြန်မာပိုင်း)


မကြာသေးခင် ရက်ပိုင်း အတွင်းကပဲ မြန်မာ အစိုးရရဲ့ နျူးကလီးယား ရည်မှန်းချက် တွေအကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုမှု ပေါ်ထွက်လာခဲ့တာမို့ နျုးကလီးယား ထုတ်နိုင်တဲ့ ယူရေနီယံ သတ္တုထွက်ရာ ဒေသမှာ တူးဖော်နေတဲ့ မြန်မာ အစိုးရရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ သတိထား ကြည့်စရာ ဖြစ်လာပါတယ်။

အယ်လ်ဂျာဇီးရား ရုပ်မြင်သကြားကနေ ဖွင့်ဟချလိုက်တဲ့ အစိုးရရဲ့ လျှို့ဝှက် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး စစ်တပ် အရာရှိဟောင်း ဗိုလ်မှုးစိုင်းသိန်းဝင်း ပြည်ပကို သယ်ထုတ်လာတဲ့ သက်သေ အထောက် အထားတွေထဲမှာ မြန်မာအစိုးရဟာ နိုင်ငံတွင်းက ထွက်တဲ့ ယူရေနီယမ် သတ္တုတွေကို တူးဖော် ရှာဖွေနေတယ်ဆိုတာ လည်း တွေရပါတယ်။

ဒါကြောင့် ယူရေနီယမ် ထွက်ရှိတယ် ဆိုတဲ့ ရှမ်းပြည်နယ် ဘက်မှာ သတ်တ္တုတွင်း တူးဖော်ရေး လုပ်ငန်းတွနဲ့ ပတ်သက်ပြီး ကွင်းဆင်း လေ့လာ သုတေသန ပြုခဲ့သူ ပြည်ပ အခြေစိုက် ပအိုဝ်း လူငယ် အဖွဲ့က အဖွဲ့ဝင်ဟောင်း ခွန်ချန်းကီ ကတော့ ရှမ်းပြည်နယ်မှာ ယူရေနီယံ သတ်တ္တု ထွက်ရှိတဲ့ နေရာတွေ ရှိတဲ့ အကြောင်းနဲ့ သူကိုယ်တိုင်ရောက်ဖူးတဲ့ နေရာတွေမှာ တွေ့ခဲ့ရတဲ့ သတ်တ္တု တူးဖော်ရေး လုပ်ငန်းတွေ အကြောင်း ဘီဘီစီကို ပြန်ပြောပြပါတယ်။ ပင်းပက်တောင်အနီး တဝိုက်မှာ ဟိုပုန်း အခြေဆိုက် တိုင်းဗဟို (၃) က စစ်သားတွေ စောင့်ကြပ်နေပြီး ရွာသူ ရွာသားတွကေို အဲဒီ အနီးတဝိုက် သွားလာခွင့် မပေးဘဲ ကန့်သတ် ထားတယ်လို့ ခွန်ချန်းကီက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဒေသက ထွက်တဲ့ သတ္တုတွေကို သန့်စင်ပြီး မကွေးဘက်ကို ပို့တယ် ဆိုတာကြားရတဲ့ အတွက် ပင်းပက် ဒေသက ယူရေနီယံ စီမံကိန်းဟာ မကြာသေးခင်က ပေါ်ထွက်လာခဲ့တဲ့ မြန်မာအစိုးရရဲ့ နျူးကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက် နေနိုင် တယ်လို့ ခွန်ချန်းကီ က သုံးသပ်ပါတယ်။

IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီကတော့ သူတို့ အနေနဲ့ လိုအပ်ရင် မြန်မာအစိုးရ ဆီက ရှင်းလင်းချက် တောင်းခံကောင်း တောင်းခံမယ်လို့စောစောပိုင်းက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2010/06/100610_pimpet.shtml
ပတ်ဝန်းကျင်က ရွာတွေလည်း ဖျက်ဆီးခံရတယ်လေ...

ကုလ အထူးအကြံပေး မြန်မာ့အရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံရောက်

မစ္စတာ ဗီဂျေး နမ်ဘီယာ (Mr. Vijay Nambiar) ဟာ မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အာရှကို ခရီးထွက်ခဲ့ရာမှာ အိန္ဒိယနဲ့ စင်ကာပူအပြီး ဒီနေ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ဌာနချုပ်က အတည်ပြု ပြောကြားပါတယ်။ ဒီခရီးစဉ်မှာတော့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မရှိဘူးလို့လည်း သိရပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ နီးကပ်လာတဲ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာကြား နျူကလီးယား ဆက်ဆံရေး သတင်းတွေကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ တိုးလာချိန်မှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် တာဝန်ကို ပေးထားခြင်း ခံရသူ မစ္စတာ ဗီဂျေး နမ်ဘီယာဟာ အခုလို မြန်မာစစ်အစိုးရအပေါ် လွှမ်းမိုးမှု ရှိနိုင်မယ့် အိမ်နီးချင်း ၃ နိုင်ငံတို့ကို သွားရောက်တာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မာရီ အိုကဘဲ (Marie Okabe) က လက်ရှိ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယာဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အတွက် အိန္ဒိယ၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာတော့ သူဟာ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ဂေါင်ကျားအပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျူဂျန်မင်းနဲ့လည်း တွေ့ဖို့ရှိပါတယ်။”

မစ္စတာ ဗီဂျေး နမ်ဘီယာဟာ တရုတ်နိုင်ငံကို ဒီနေ့ ဆိုက်ရောက်ဖို့ ရှိပါတယ်။ သူ ပထမဦးဆုံး သွားရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာတော့ နိုင်ငံခြားရေး အတွင်းဝန် နေရူး ပါမာရားအပြင် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှစ်ဖ် ရှန်ကာ မင်နွန်းတို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူကို ဇွန်လ ၉ ရက်နေ့က ဆိုက်ရောက်ခဲ့စဉ် နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျ ယိုး (George Yeo) နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့လည်း ကုလသမဂ္ဂက အတည်ပြုခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း နိုင်ဂျီးရီးယား နိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ဒီနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ကစလို့ ဆူဒန် ဒါဖောဒေသဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အတွင်းရေးမှူးချုပ်ရဲ့ အရာရှိချုပ် မစ္စတာ ဗီဂျေး နမ်ဘီယာကို မြန်မာနိုင်ငံအရေး အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ကြားဝင် ဆောင်ရွက်ပေးဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း အနေနဲ့ကတော့ ဒီနှစ် မတ်လက အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံများနဲ့ ဆွေးနွေးခဲ့စဉ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲများဟာ အုပ်စုအားလုံးတို့ ပါဝင်ပြီး ထင်သာမြင်သာ ရှိဖို့အပြင် မြန်မာလူထုတရပ်လုံး တည်ငြိမ်ရေး၊ ဒီမိုကရေစီ ရရှိရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလေးပေး ဆောင်ရွက်သင့်တယ်လို့ အဓိကထား တင်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှာ တိုင်းရင်းသား လူနည်းစု အပါအ၀င် အရေးပါတဲ့ အုပ်စု အားလုံးတို့ ပါဝင်ခွင့် ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan) လက်ထက်ကတည်းက လက်ထောက် အတွင်းရေးမှူးအဆင့်မှာ ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံဖွား ဗီဂျေး နမ်ဘီယာကို မစ္စတာ ဘန်ကီမွန်းက သူ့ရဲ့ အရာရှိချုပ်အဖြစ် ၂၀၀၇ ခုနှစ်က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အရင် သူဟာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး၊ ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ အာဖဂန်နစ္စတန်နဲ့ အယ်လ်ဂျီးရီးယား နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်လို့ ၀ါရင့် သံတမန်ရေး အတွေ့အကြုံရှိသူလို့ ဆိုနိုင်ပါတယ်။

လက်ရှိခရီးစဉ်မှာတော့ မစ္စတာ နမ်ဘီယာ အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မရှိဘူးလို့လည်း ပြောခွင့်ရက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

သမ္မတ ကတော်ဟောင်း လော်ရာဘုရှ် မြန်မာလူထုနဲ့ ဒေါ်စုအတွက် စိုးရိမ်

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်တော့မှာမို့ ပြည်တွင်းကရော ကမ္ဘာတ၀န်းလုံးကပါ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ အထိမ်းအမှတ် ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲကြဖို့ စိုင်းပြင်းနေကြပါတယ်။ အဲဒီလို အမှတ်တရ ရှိကြသူတွေထဲမှာ မြန်မာ့အရေးကို စိတ်ဝင်တစား အရေးတယူ အားပေးလေ့ရှိတဲ့ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) လည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။ လော်ရာ ဘုရှ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘယ်လိုများ အမှတ်တရ ပြောဆိုထားသလဲဆိုတာ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် ရေးသားတဲ့ Spoken from the Heart နှလုံးသားထဲက စကားများဆိုတဲ့ သူ့ရဲ့ ဘ၀အတွေ့အကြုံ မှတ်တမ်းစာအုပ်နဲ့ ပတ်သက်ပြီး ဗွီအိုအေ အမေရိကန်အသံ အာဖဂန် သတင်းဌာနက တွေ့ဆုံ မေးမြန်းတဲ့အခါ သမ္မတကတော် လော်ရာ ဘုရှ်ရဲ့ မြန်မာ့အရေး စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မှာ သမ္မတကတော် လော်ရာ ဘုရှ် အနေနဲ့ ဘယ်လိုများ အမှာစကားတွေ ပါးချင်ပါသလဲလို့ မေးတဲ့အခါမှာတော့ အခုလို ပြောပြပါတယ်။

“ကျမ မကြာခဏဆိုသလို ဒေါ်အောင်ဆန်းစုကြည် အကြောင်း တွေးမိပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ အခုလက်ရှိ အမေရိကန် အစိုးရရဲ့ ဆက်သွယ် ဆောင်ရွက်တာတွေ၊ နောက် မြန်မာပြည်သူတွေက အမေရိကန် အစိုးရအသစ် အပေါ်မှာ ဘယ်လိုရှုမြင်သလဲ ဆိုတာတွေကိုလည်း ကျမ မျက်ခြည် မပြတ်ပါဘူး။”

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတကတော် လော်ရှာ ဘုရှ်က အခုလို မှတ်ချက်ချသွားပါသေးတယ်။

“မြန်မာပြည်အတွက် စိတ်ပူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စိတ်ပူပါတယ်။ ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ် ဆိုတာကိုတော့ မကြေညာသေးတဲ့ ရွေးကောက်ပွဲဟာ ဖိနှိပ်တဲ့ စစ်အစိုးရရဲ့ အပေါ်ယံ ဟန်ပြသက်သက် ရွေးကောက်ပွဲ ဖြစ်ပြီးတော့ ပြည်သူလူထုတွေကို မဲထည့်ခိုင်းဖို့ပဲ ဖြစ်မှာပါ။”

တဆက်တည်းမှာပဲ မြန်မာပြည်ထဲမှာလည်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တွေကတော့ မြန်မာတို့ရဲ့ ရိုးရာ အစဉ်အလာအရ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်တာဟာ အသက် ၆၆ နှစ်ထဲ ၀င်မှာမို့ သစ်ပင် ၆၆ ပင် စိုက်ကြဖို့ စီစဉ်နေကြတဲ့ အကြောင်းကို မစ္ဈိမ သတင်းမှာ ဖော်ပြထားပါတယ်။ မြို့နယ်ပေါင်း ၃၁၈ မြို့နယ်မှာ တမြို့နယ်ကို ၆၆ ပင်နှုန်း ဇွန်လ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သစ်ပင်ပေါင်း ၂၀၉၈၈ ပင် စိုက်ပျိုးမှာ ဖြစ်တယ်လို့ NLD ဗဟိုဦးစီးအဖွဲ့ဝင် တဦးဖြစ်တဲ့ မဖြူဖြူသင်းရဲ့ အပြောကို ကိုးကားပြီး မဇ္ဈိမသတင်းမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာတ၀န်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ပွဲတွေကို နေရာဒေသအလိုက် ပညာပေး ဟောပြောပွဲတွေ၊ လူမှုရေး ရန်ပုံငွေ ရှာဖွေပွဲတွေ စသဖြင့် အသီးသီး ကျင်းပကြဖို့ စိုင်းပြင်းနေတယ်လို့ သိရပါတယ်။

ရိုမေးနီးယားရောက် ကချင်ဒုက္ခသည်များ ဒုက္ခနှင့် ရင်ဆိုင်နေရ

မလေးရှား ဒုက္ခသည်စခန်းမှ ဥရောပတိုက် ရိုမေးနီးယားနိုင်ငံတွင် ရောက်ရှိနေသော ကချင်ဒုက္ခသည်များ အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းသိရှိရသည်။

061110-kachin-refugee

ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယား တွင် ရောက်ရှိနေတဲ့ ကချင်ဒုက္ခသည်တစ်ဦး သန့်ရှင်းရေးလုပ်နေပုံ။

ရိုမေးနီးယားမှာရောက်ရှိနေသော မြန်မာပြည်မြောက်ပိုင်းမှ ကချင်ဒုက္ခသည် ၃၈ဦးသည် မလေးရှားနိုင်ငံမှ ပြီးခဲ့သည့်မေလ ၃၀ရက်နေ့က ထွက်ခွာသူများဖြစ်သည်ဟု မလေးရှားကချင်ဒုက္ခသည်ကော်မီတီ (KRC) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၎င်းဒုက္ခသည်များကို ရိုမေးနီးယား အစိုးရမှ ငွေကြေးဖြင့် တစ်နှစ်ထောက်ပံ့ပေးမည်ဖြစ်ပြီး ရိုမေးနီးယား နိုင်ငံသားအဖြစ် ယင်းနိုင်ငံတွင် သုံးနှစ်ကြာနေထိုင်ပြီးနောက် အသိအမှတ်ပြုသွားမည်ဖြစ်သည်။

သို့သော် “အခုသူတို့ နိုင်ငံရောက်မှ ထောက်ပံ့ကြေးကို နှစ်လဘဲထောက်ပံ့ပြီး နိုင်ငံသားကဒ်ကိုလည်း ၅ နှစ် နေထိုင်ပြီးမှ အသိမှတ်ပြုသွားမယ်လို့ပြောတယ်” ဟု ကချင်ဒုက္ခသည်စခန်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယင်းဒုက္ခသည်များက နေရာပတ်ဝန်းကျင်အသစ် နှင့် ယဉ်ကျေးမှုအသစ်ကိုရောက်ပြီး တစ်လလျှင် အိမ်လခ၊ အသက်အာမခံကြေးများပေးရတာကြောင့် အစားအသောက်အတွက် မိသားစုများက စိုးရိမ်နေကြပါတယ်လို့  သိရပါသည်။

ကချင်ဒုက္ခသည်တစ်ဦး က “ကျွန်တ်ာတို့ အတွက် အလုပ်ရှိရင်လည်း သူတို့နိုင်ငံသားတွေတောင် အရမ်းခက်နေကြတယ်” လို့ စိုးရိမ်စိတ်ဖြင့်ပြောသည်။

ယခု ရိုမေးနီးယားနိုင်ငံသို့သွားသော ကချင်ဒုက္ခသည်များသည် ပထမအဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဘ၀ရှေ့ရေးအတွက် စိုးရိမ်နေကြသည်။

ရေကာတာစီမံကိန်းအတွက် CIP တရုတ်အလုပ်သမားများ ပူတာအို တွင် ရောက်ရှိနေ

မြန်မာနိုင်ငံ၏ မြောက်ပိုင်းအစွန်ဆုံး ပူတာအိုမြို့နယ်တည်ဆောက်မည့် ရေကာတာစီမံကိန်းအတွက်CPIတရုတ်အလုပ်သမား ၅၀ကျော် ဒီလဇွန် လဆန်းပိုင်း ထိုဒေသသို့ရောက်ရှိနေပြီဖြစ်သည်။

asia-world-company-mawdaw

ဧရာဝတီမြစ် မြစ်ဆုံရေကာတာစီမံကိန်းတွင် မြင်တွေ့ရသည့် မြန်မာပြည်မှ အေးရှားဝေါ်ကုမ္ပဏီ ကားတစ်စီး။ ဓါတ်ပုံ - ကချင်သတင်းဌာန

ပူတာအိုခရိုင် မချမ်းဘော့မြို့ (Machyangbaw) ၏ အောက်ဘက် ၁၀မိုင်အကွာ ဒိန်ဖန် (Ding Hpang Rum) ရေတံခွန်- မလိခမြစ်တွင် ရေကာတာတည်ဆောက်ရန် တရုတ်အလုပ်သမားများ ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းရေအားလျှပ်စစ်စီမံကိန်းကို အေးရှားဝေါ်ကုမ္ပဏီမှ နာမည်ခံပေးမှုအောက် တရုတ်အစိုးရပိုင် CIP (China Power Investment Corporation)မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း ထိုကုမ္ပဏီ ကသာ တာဝန်ယူထားပါသည်။

ဤကဲ့သို့ ရေကာတာစီမံကိန်းအတွက် ပြီးခဲ့သည့် ဧပြီလမှစကာ ယင်းဒေသခံရွာသားများ ပြောင်းရွှေ့ပေးနေရသည်။ အခုလို ပြောင်းရွှေ့နေခြင်းသည် မုန်လိုင်ရှီးဒီး အခြေစိုက် မြန်မာစစ်တပ် ခြေလျှပ်တပ်ရင်း (ခလရ) အမှတ် ၁၃၈သည် ရွာသားများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေသော ကြောင့်ဖြစ်သည်။

ဒိန်ဖန်ရေတံခွန်တွင် ကချင်ပြည်နယ် အခြားမြို့များ၌ မထွက်ရှိသည့် ပြည်ကြီးငါးတစ်မျိုးမှ အရသာကောင်းမွန်လှသည့် ကချင်လို “Nga-nen Naw Banau” မလိခမြစ် ရေချိုငါး ငပိ ထွက်ရှိပါသည်။ ယင်းငပိသည် ပူတာအိုမြို့နယ်တွေ နာမည်ကြီး ပါသည်။ ရေကာတာစီမံကိန်းကြောင့် ယင်း “ပူတာအို ငပိ” ထုတ်လုပ်ရေးကို တိုက်ရိုက်ထိခိုက်စေမည်ဖြစ်သည်။

ပြည်တွင်း ပြည်ပ ကချင်အမျိုးသားများက ဧရာဝတီ မြစ်ဆုံရေကာတာတည်ဆောက်ခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန် မြန်မာစစ်အစိုးရမှ စီမံကိန်းကို ပိုမိုအကောင်ထည်ဖော် တည်ဆောက်ပါသည်။

ဧပြီလ ၂၇ရက်နေ့ မြစ်ဆုံဗုံးပေါက်ကွဲမှုနောက်ပိုင်းထပ်မံတိုးချဲ့ လာခြင်းဖြစ်သည်။

၂၀၀၆ခုနှစ်တွင် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာပြည်မှ ဘိန်းဘုရှင် Lo Hsing Han ပိုင် အေးရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်အစိုးရပိုင် CPI မှ ကချင်ပြည်နယ် မေခ၊ မလိခ နှင့် ဧရာဝတီမြစ်ဆုံ များတွင် ရေကာတာ ၇ ခု တည်ဆောက်ရန် သဘောတူ လက်မှတ်ရေးထိုးထားပါသည်။

၎င်းတွင် ယခု CPI အလုပ်သမားများ ရောက်ရှိနေသည့် ပူတာအို ဒိန်ဖန်ရေတံခွန် ရေကာတာစီမံကိန်းလည်း တစ်ခုဖြစ်သည်။

အခုချိန်ထိ တရုတ် CPI မှ တည်ဆောက်နေသည့် ရေကာတာစီမံကိန်း ၃ ခုရှိပါသည်။ ၎င်းတို့သည် ဧရာဝတီ မြစ်ဆုံ၊ ချီဖွေ မေခမြစ် နှင့် ဒိန်ဖန်ရေတံခွန် မလိခမြစ် တို့တွင်ဖြစ်ပါသည်။

ရတနာမြေမှသူတို့တွေ

“ကျောက်တစ်လုံးကောင်းပဲတဲ့” … သူပြောခဲ့သည့် စကားသံကို ကြားယောင်နေမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး၌ တောင်တန်းများက ကျောက်စိမ်းများတူးဖော်ရင်း ဖြိုချဖျက်ဆီးထားမှုကြောင့် ဝါကြန့်ကြန့် အဆင်းဖြင့် တစ်ခြမ်းပဲ့များဖြစ်နေကြသည်။

061010

ဖားကန့် ကျောက်စိမ်းမှော်တခုတွင် တွေ့ရတဲ့ ကျောက်စိမ်း “ရေမဆေးကောက်သူများ”။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဖုန်တလှိမ့်လှိမ့်ဖြင့် မြေစာတင်ကျောက်ကားကြီးများက တောင်ကမ်းပါးသို့ ဦးတည်ဆင်းလာနေကြသည်။ ဝါးကနဲ့ အရှိန်ပြင်းစွာသွန်ချလိုက်သည့် ကျောက်တုံးကြီးများကို တောင်ခြေထိတိုင်လိုက်ကြည့်နေမိရင်း၊ တောင်ခြေခပ်လှမ်းလှမ်း တစ်နေရာတွင်တော့ ဝါးအိမ်တဲဖျက်နေကြသည့် မိသားစု တစ်စု။

သူတို့ကဖားကန့် ဆွတ်ငိုင်ယန်မှ မိသားစု။ ပူပြင်းသည့် နေရောင်အောက်တွင် တံလျှပ်များထနေသောကြောင့် မျက်လုံးပင်ခပ်မှေးမှေးမျှသာ ဖွင့်နိုင်တော့သည့် မိသားစုက အိမ်တိုင်များသယ်ယူနေကြသည်။ အင်္ကျီလက်ဖြင့် ချွေးတစ်ချက်သုတ်ယင်း အိမ်ရှင်မိန်းမက “ကုမ္ပဏီကားတွေမြေစာသွန်လို့” နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီများအမိန့်ဖြင့် ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။

ယခင့်အရင်ကပင်နေလာခဲ့သောပိုင်နက် အိုးအိမ်ကိုစွန့်ခွာပေးရသော်လည်း အိမ်ဆောက်နိုင်ရန်ပင် နစ်နာကြေးအလုံအလောက် မရရှိပေ။ “ကုမ္ပဏ်ီကသူတို့ ပေးချင်သလောက်ပဲပေးတယ်၊ လက်သမားခလောက်ပဲပေးတယ်”။

နိုင်ငံတော်နှင့်အကျိုးတူဆိုသည့် ကုမ္ပဏီများလုပ်ကွက်ဆွဲရာတွင် ပိုင်ဆိုင်သည့် အိမ်ခြံမြေများ ပါသွားခဲ့လည်း မတရားမှန်းသိရုံကလွှဲပြီးသူတို့ဘာမှ မတတ်နိုင်ခဲ့။ “မကျေနပ်ရင် ရုံးမှာသွားပြောတဲ့” ဖားကန့် ရေအေးချောင်းဖျား တွင် အိမ်ယာပြောင်းရွှေ့ခံခဲ့ ရသည့် ဒေသခံလူကြီးတစ်ယောက်မှ ပြောခြင်းဖြစ်သည်။

ရုံးတက်ကာ အစိုးရမှ ထုတ်ပေးထားသော ပုံစံ(၁၀၅/၆) မြေကွက်ပိုင်ဆိုင်မှု ပြေစာရရှိ ပိုင်ဆိုင်ကြောင်းထုတ်ပြသော်လည်း သူတို့အတွက် အလဟသမျှသာဖြစ်ခဲ့သည်။

“ဒီပြေစာကို နိုင်ငံတော်ကထုတ်ပေးတာ၊ နိုင်ငံတော်ကပြန်သိမ်းတယ်” ဟုဒေသဆိုင်ရာရုံးမှ ပြောဆိုကြောင်း ၎င်းကပင်ပြောပြခဲ့သည်။

ရှေ့မှမားမားမတ်မတ်ရပ်ကာ ကာကွယ်ပြောဆို ပေးမည့်သူကို လိုလားတောင့်တနေကြသည်။ သူတို့တွေစိတ်ပျက်အားငယ်နေကြသည်။ “ကျနော်တို့ဘယ်သူ့ကို တိုင်ရမှာလဲဗျာ”။
ဤကဲ့သို့ မြေယာရွှေ့ပြောင်းခံနေရခြင်းသည် ယခုမှပင်ဖြစ်ပျက်နေသော အထူးအဆန်းတော့ မဟုတ်။ လွန်ခဲ့သည့် ဆယ်စုကျော်နှစ်တွင် နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများ ဝင်ရောက်မှုအားကောင်းလာခဲ့သည့် အချိန်ကပင် ဖြစ်ပျက်နေခြင်းဖြစ်သည်။

အရင်က အခုဖားကန့်ကျောက်တိုင်ဈေးရှိသည့် နေရာတွင်မှာ အိမ်တွေရှိခဲ့သည်။ ဈေးလုပ်ဖို့ပြောပြီး အစိုးရမှ ပြောင်းရွှေ့ခိုင်းလိုက်တယ်။ “မရွှေ့ပဲပေကပ်ပြီးနေတဲ့ အိမ်တွေကို ဗျူဟာမှူးကိုယ်တိုင် လာပြီးမီးရှို့ပေးလိုက်တာပဲ”ဟု အိမ်မီးရှို့ခံလိုက်ရသည့် ဖားကန့် မော်ဝမ်းဒေသမှရွာခံတစ်ဦးကပြောပြသည်။

အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင်လည်း တောင်ပေါ်ဒေသဖြစ်သည့် အလျောက် ထင်းမီးများဖြင့်သာ သူတို့တွေပြင်ဆင်ချက်ပြုတ်ခဲ့ကြသည်။ သို့ရာတွင် ယခုအခါတောတောင်၊ သစ်ပင်များအစား မြေစာပုံကျောက်တုံးကြီးများသာ နေရာယူလာကြသောကြောင့် ထင်းစိုက်ရန်ဝါးကိုပင် သူတို့တွေရှာဖွေရန်ခက်နေကြချေပြီ။ “ဒီနေရာတွေဟာ အရင်ကကျမတို့ ထင်းခွေခဲ့တဲ့နေရာတွေပေါ့” မြေစာပုံတွေကို လက်ညိုးထိုးပြရင်း ဒေသခံအိမ်ရှင်မတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင်တောင်တမျှဖြစ်ပေါ်ကာ တစ်နေ့တစ်ခြားများပြားလာသော မြေစာပုံများက ချောင်းရေများကို ပါပိတ်ဆို့လာကြသည်။ ရေကြောင်းပြောင်းပြီး မြေစာပုံပြိုကျလျက် နှစ်တိုင်းရေးဘေး အန္တာရာယ်နှင့် ယှဉ်ဆိုင်နေကြရကာ မိုးတွင်းရောက်မှာကိုပင် သူတို့စိုးရိမ်နေကြသည်။

“ဒီနှစ်တော့ မြေစာပုံတွေနဲ့ ငှက်ပျောတောတစ်ရပ်ကွက်လုံး နှစ်မြုပ်သွားမယ်ထင်တယ်ဗျာ” မိုးမကျမှီ ရေကြောင်းတင့်လာနိုင်သည့် အနေအထားကိုကြည့်ကာ ဒေသခံလူများ တွေးပူနေကြခြင်းဖြစ်သည်။

သို့ရာတွင်မည်သို့သော ဘေးအန္တရာယ်မျိုးနှင့် ကြုံတွေ့ရသော်လည်း သူတို့အားမလျော့၊ မျှော်လင့်ချက်ကိုယ်စီဖြင့် သူတို့တွေရှင်သန်နေထိုင်ကြသည်။

သူတို့၏မျှော်မှန်းရာ “တစ်နေ့” ဆိုသည့် မျှော်လင့်ချက်အတွက် မလျှော့သောဇွဲဖြင့် ရုန်းကန်လှုပ်ရှား နေကြသည်။

ဆံဖြူကျိုးတို့ကျဲတဲနှင့် အသက်(၅၀)ခန့် ရှိသည့် မြေစာပုံပေါ်၌ ရေမဆေးကျောက် ကောက်နေသည့် လူကြီးတစ်ယောက်။ “ကျောက်ဆိုတာ တစ်လုံးကောင်းပဲ၊ တစ်လုံးအောင်တာနဲ့တော့ရပြီ” မျော်လင့်ချက်ဖြင့် အရောင်လဲ့နေသည့် မျက်ဝန်းအစုံနှင့် စိန်တူ(ကျောက်ရှာရာ၌ သုံးသည့်တူ)ကို လက်ဖြင့် တဆဆကိုင် မြှောက်ရင်း အားပါးတရပြောပြနေသည်။ ဩော်… မောပန်းရမှန်းပင် သူမသိတော့ပေ။

ရေကာတာစီမံကိန်းမှ ကချင်ရပ်ရွာများ အဓမ္မပြောင်းရွှေ့နေခြင်းအား ရပ်ပေးရန် လန်ဒန်တွင်ဆန္ဒပြ

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားပိုင်းရှိ မြစ်ဆုံရေကာတာကြောင့် ကျေးရွာများအတင်းအဓမ္မပြောင်းရွှေ့ရေးကို ရပ်တန့်ပေးရန် ကချင်အမျိုးသားများဦးဆောင်ပြီး လန်ဒန်ရှိ မြန်မာသံရုံးရှေ့၌ ဇွန်လ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့သည်။

06910-dam-demostra

KNO-UK မှ ဦးဆောင်ပြီး လန်ဒန် မြန်မာသံရုံး ရှေ့တွင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာရှိ ရပ်ရွာများ အတင်းရွှေ့ပြောင်းခြင်းအား ရပ်တန့်ပေးရန် ဆန္ဒပြနေစဉ်။ ဓါတ်ပုံ - KNO။

၎င်း ဆန္ဒပြပွဲကို လန်ဒန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) မှဦးဆောင်ကာ အခြား မြန်မာပြည်သားများအပါအဝင် လူအင်အား ၁၀၀ကျော် ဆန္ဒပြခဲ့ကြသည်ဟု KNOမှ တာဝန်ခံ ဦးဂွန်းတောင်မှပြောသည်။

တရုတ်ရေအားလျှပ်စစ်ရရှိရန်အတွက် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို မြန်မာတပ်မတော်မှ အဆုံးစီရင်နေခြင်းဖြင့် ၎င်းဧရိယာအတွင်းရှိ ကျေးရွာ ၄၇ ရွာမှ တစ်ရွာပြီး တစ်ရွာပြောင်းရွှေ့ခိုင်းနေသော ကြောင့် KNOမှ ဆန္ဒပြနေခြင်းဖြစ်သည်။

“စစ်အစိုးရက မတရားတဲ့နည်းလမ်းဖြင့် လုပ်ဆောင်နေတာဖြစ်တယ်၊ ဒေသခံရွာသားများ မပြောင်းရွှေ့ချင်ကြ သည်ကို အစိုးရမှ ဆက်လက်လုပ်ဆောင်နေတာကြောင့်ဆန့်ကျင် ဆန္ဒပြတာဖြစ်တယ်၊ ပြည်တွင်းရှိ ပြည်သူများ နှင့် ပြည်ပရောက်မြန်မာပြည်သားများဟာ အတူတကွ တစ်စုတစ်စည်းတည်း ဖြစ်တယ်ကို ပြသခြင်းလည်းဖြစ် တယ်” ဟု ဦးဂွန်းတောင်မှ ဆိုသည်။

KNO သည် ပြည်ပရောက် ကချင်လူမျိုးများဖွဲ့စည်းထားသည့် အဓိကကချင်အဖွဲ့စည်းတခုဖြစ်ပြီး မြန်မာစစ် အစိုးရဆန်ကျင်သည့် ဆန္ဒပြပွဲများကို နိုင်ငံတကာ နှင့် မြန်မာ့အိမ်နီးချင်း နိုင်ငံများ တွင် မကြာခဏ ဦးဆောင်ပြုလုပ်ပါသည်။

ဒီနှစ် စောစောပိုင်ကလည်း KNO မှ စည်းရုံးကာ မြစ်ဆုံရေကာတာစီမံကိန်း ဆန့်ကျင်ဆန္ဒပြပွဲများကို လန်ဒန်မြန်မာသံရုံးသာမက အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်၊ မလေးရှား နှင့် အိန္ဒိယ နိုင်ငံများတွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည် မေလ၂၈ရက်နေ့က အိမ်ခြေပေါင်း ၆၃ အိမ်ရှိသည့် မဇွပ်ရွာကို စစ်အစိုးရမှ ပထမဦးဆုံး အတင်းအဓမ္မပြောင်းရွှေ့လိုက်ပြီး အခြား ဒေါင်ပန်၊ ခမ်းပူ နှင့် လဖဲ့ရွာများကိုလည်း ထပ်မံပြောင်းရွှေ့ လိုက်ကြောင်း ဒေခံများပြောပါသည်။

ယင်းသို့ရွာပြောင်းရွှေ့ရာတွင် စစ်တပ်များ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့များမှ အဓ္ဓမလုပ်အားပေးရန် ဆင့်ခေါ် ထားသည့် ပြည်သူများလည်း ပါဝင်ကြသည်။

ပြီးခဲ့သည့် ဇွန် ၁ရက်နေ့တွင်လည်း ကျိန်ခရန်ရွာ နှင့် အင်ဂျန်ယန်မြို့နယ်ရှိ အင်ပွမ်ခက်ရွာ (Npawn Hkyet) တို့ကို ထပ်မံပြောင်းရွှေ့လိုက်သည်။

ဧပြီလ ၁၇ ရက်နေ့က မြစ်ဆုံတွင် ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် ယခုတိုင် လက်သည်မပေါ်ရှိသေးသဖြင့် နအဖမှ ကချင်လူငယ်များနှင့် ခေါင်းဆောင်များကို ဖမ်းဆီးမှုများပြုလုပ်ကာ မြစ်ဆုံရပ်ရွာများပြောင်းရွှေ့ရေးကို လည်း အတင်းအကျပ်လုပ်ဆောင်လာသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပညာသင် စရိတ် ပေးဦးမည်

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ကြေး ထပ်မံပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“သံဃာတွေကို ဆွမ်းကပ်မယ်၊ နောက်ပြီး မွေးနေ့ရှင်ရဲ့ဆန္ဒအရ NLD အဖွဲ့ဝင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့သားသမီး တွေကို ပညာသင်ထောက်ပံ့ကြေး ထပ်ပေးမယ်"ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအုံးကြိုင်က ပြောသည်။

ပြီးခဲ့သည့်မေလ ၅ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို နိုင်ငံရေး အကျဉ်းသားမိသားစုများကို ထောက်ပံ့ကြေး ပေးအပ်ရာ NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကလေးငယ် တဦးအား ပညာသင်စရိတ် ပေးနေစဉ် (ဓာတ်ပုံ - AP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများ ပညာသင် ထောက်ပံ့ ကြေးကို ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တိုင်း ပေးအပ်လေ့ ရှိသည်။

ယခုနှစ်တွင်မူ ပါတီရုံးချုပ်ကို မစွန့်ခွာမီ မေလ ၅ ရက်က ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး ၁၂၇ ဦးအတွက် တဦးလျှင် ပညာသင်စရိတ် ၂၃၀၀၀ ကျပ်စီ ပေးအပ်ခဲ့ပြီး ယခု ထပ်မံ ထောက်ပံ့ ပေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မိုးကုတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် ၏ ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်၌ ကျင်းပမည်ဖြစ်ပြီး ပညာသင်စရိတ် ထောက်ပံ့ကြေးအစီအစဉ်ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

NLD လူငယ်များကမူ မြန်မာနိုင်ငံတ၀န်းလုံးတွင် သစ်ပင် နှစ် သောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း NLD ဗဟိုဦးစီးကော်မတီ ၀င် မဖြူဖြူသင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်ပြီး၍ ၆၆ နှစ်အတွင်း ၀င်လာသည့်အထိမ်းအမှတ်အဖြစ် မြို့နယ်တခုလျှင် ၆၆ ပင်နှုန်း ဖြင့် မြို့နယ်ပေါင်း ၃၁၈ မြို့နယ်တွင် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျမတို့ ကရင်ပြည်နယ်အတွင်းမှာလည်း စိုက်ပျိုးသွားဖို့ ပြင်ဆင်ထားပါတယ် ၊ မွေးနေ့မတိုင်မီနဲ့ မွေးနေ့အပြီး နောက်ရက်တွေ အထိစိုက်ပျိုးသွားမှာပါ"ဟု ကရင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း"မိတ္ထီလာ ၊ သဲတော ၊ ၀မ်းတွင်း ၊ မလှိုင်မြို့နယ်တွေမှာ ၁၈ ရက်နေ့မှာ သစ်ပင် ၆၆ ပင်စိုက်မယ် ၊ ၁၉ ရက်နေ့မှာတော့ မန္တလေးမှာ သံဃာ ၆၆ ပါးပင့်ပြီး ဆွမ်းကပ်မယ် ၊ ကလေးတွေအတွက် ပညာသင်ထောက်ပံ့ကြေးလည်း ပေးမယ်"ဟု ပြောသည်။

မိတ္တီလာ NLD အဖွဲ့မှ မိတ္ထီလာထောင်နှင့်တောင်ကြီးထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါးထံသို့လည်း ငွေကျပ် ၅၀၀၀ စီနှင့် စားသောက်ဖွယ်ရာများ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောက ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ၎င်း၏နေအိမ် အတွင်း တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့ရာ နေအိမ်အကျုပ်ချုပ်ဖောက်ဖျက်သည်ဟု စွပ်စွဲခံခဲ့ရပြီး နအဖစစ်အစိုးရက ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ် ၁ နှစ် ခွဲ လျှော့ချ၍ ကျန်ပြစ်ဒဏ် တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကောင်းမွန်စွာ နေထိုင်လျှင် ကျန်ရှိသော ပြစ်ဒဏ် ၁၈ လကို လျှော့ပေါ့ပေးမည်ဟု ထုတ်ပြန် ထားရာ လာမည့် နိုဝင်ဘာလအတွင်း လွတ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် မတ်လ ၂၉ ရက်နေ့က ပါတီထပ်မံမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားခဲ့ပြီး ပါတီ၏ ဆုံးဖြတ်ချက်ကို လက်ခံကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

Miss World Cup 2010 ပြိုင်ပွဲ အာဂျင်တီးနား အလှမယ် ဆုရ

၂၀၁၀ ခုနှစ် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအထိမ်းအမှတ် Miss World Cup 2010 အလှမယ် ပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့က ဂျာမနီနိုင်ငံ၌ ကျင်းပရာ အာဂျင်တီးနားနိုင်ငံမှ Jennifer Schermanက အလှမယ်ဘွဲ့ကို ဆွတ်ခူး ရရှိသွားသည်။

ယင်းပြိုင်ပွဲကို ဂျာမနီနိုင်ငံတောင်ပိုင်း Rust မြို့ရှိ Europa Park တွင် ကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ၃၂ နိုင်ငံ ကိုယ်စားပြု အလှမယ်များက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကဲ့သို့ အုပ်စုတခုလျှင် ၄ ဦးစီဖြင့် အုပ်စု ၈ စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြသည်။

Miss World Cup 2010 ပထမ ဆုရ အာဂျင်တီးနား အလှမယ် Jennifer Scherman (အလယ်) (ဓာတ်ပုံ - chinanews.com)

ပထမ ဆုကို ဆွတ်ခူး ရရှိသွားသော အသက် ၁၇ နှစ် အရွယ်ရှိ အာဂျင်တီးနား အလှမယ် Jinnifer က ယူရိုငွေ ၅၀၀၀ နှင့် အီဂျစ် နိုင်ငံသို့ အလည် အပတ်ခရီး သွားရောက်ရမည် ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း တရပ်တွင် ဖော်ပြထားသည်။

အာဂျင်တီးနား အလှမယ်က Miss World Cup ဆုကို ဆွတ်ခူး ရရှိသွား ခြင်းသည် နည်းပြ မာရာဒိုနာ၏ လမ်းညွန်မှုဖြင့် ကမ္ဘာ့ဖလားတွင် ပါဝင် ယှဉ်ပြိုင်မည့် အာဂျင်တီးနား ဘောလုံးအသင်း ကမ္ဘာဖလား ရရှိနိုင်မည့် အတိတ်နိမိတ် ကောင်းတခု ဖြစ်ကြောင်း အာဂျင်တီးနား ပရိတ်သတ်များက ပြောသည် ဟုလည်း ဆိုသည်။

ကိုယ်စားပြု ဘောလုံးအသင်း ၀တ်စုံများ ၀တ်ဆင်၍ အလှပြနေသည့် နိုင်ငံစုံမှ အလှမယ်များ (ဓာတ်ပုံ - chinanews.com)

အသက် ၂၈ နှစ်ရှိ ဂရိ အလှမယ် Katerina Giannoglou နှင့် အသက် ၂၀ အရွယ်ရှိ နယ်သာလန် အလှမယ် Avalon-Chanel Weijzig တို့က တတိယ အသီးသီး ရရှိသွားသည်။

ပါဝင် ယှဉ်ပြိုင်ကြသော အလှမယ် များသည် မိမိကိုယ်စားပြု ဘောလုံး အသင်း ၀တ်စုံများနှင့် ရေကူး ၀တ်စုံများကို ၀တ်ဆင်၍ စီတန်း အလှပြခဲ့ ကြကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။

ယင်း Miss World Cup 2010 အလှမယ် ပြိုင်ပွဲကို Miss Germany Corporationက စီစဉ် ကျင်းပခြင်း ဖြစ်ပြီး လွန်ခဲ့သော ၂၀၀၆ နှစ်က ကျင်းပ ခဲ့သော ပြိုင်ပွဲတွင် တိုဂို၊ စပိန်နှင့် အီကွေဒေါ နိုင်ငံများမှ အလှမယ်များက ရရှိခဲ့ကြောင်း သိရသည်။


ကမ္ဘာ့ဖလား ဖွင့်ပွဲ မင်ဒဲလား မတက်နိုင်

တောင်အာဖရိက နိုင်ငံတွင် ယနေ့စတင် ကျင်းပသည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံ၏ အကြီးအကဲဖြစ်သူ နယ်လ်ဆင် မင်ဒဲလားသည် ၎င်း၏ မြေးမလေး သေဆုံးသွားသောကြောင့် တက်ရောက်နိုင်မည် မဟုတ် ကြောင်း သိရှိရသည်။

ဇီနာနီ မင်ဒဲလား အသက် ၁၃ နှစ်သည် ယမန်နေ့ညက ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဆူဝီတို အရပ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလား ကဇာတ်ပွဲမှ အပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ ယင်း ကဇာတ်ပွဲတွင် နာမည်ကြီးအဆိုတော် Shakira နှင့် Black Eyed Peas တို့မှ အသီးသီး ဖျော်ဖြေခဲ့သည်။

ဂျိုဟန်နက်စ်ဘတ်မြို့ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အဒ်နာ မာမွန်ယိန်း က ယာဉ်တိုက်မှု ဖြစ်ချိန်တွင် ဇီနာနီ တို့၏ ကားကို မောင်းနှင်သော ယာဉ်မောင်းသည် အရက်မူးနေကြောင်း၊ အရက်သေစာ သောက်သုံးထား၍ မော်တော်ကားကို မထိန်းနိုင်ဘဲ အတားအဆီး တခုခုဖြင့် တိုက်မိခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း ပြောကြား သွား သည်ဟု အေပီ သတင်းဌာနက ရေးသားသည်။

ယာဉ်တိုက်မှုတွင် ဇီနာနီ တဦးတည်းသာ သေဆုံးခဲ့ရပြီး အခြားသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

နယ်လ်ဆင် မင်ဒဲလား၏ ဇနီးဟောင်းဖြစ်သူ ဝင်နီ မာဒီကီဇဲလား မင်ဒဲလားသည် အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိတ်လန့်မှု ဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူရသည်ဟု မီဒီယာ အများစုက ဖော်ပြကြသော်လည်း နယ်လ်ဆင် မင်ဒဲလား ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆယ်လို ဟာတန် က“အဲဒီအချိန်မှာ သူမဟာ ကားထဲမှာ ရှိမနေပါဘူး”ဟု ငြင်းဆို လိုက်သည်။

သေဆုံးသွားသော ဇီနာနီ မင်ဒဲလားသည် အသက် ၁၃ ပြည့်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

စစ်အစိုးရ နျူကလီးယား စီမံကိန်း အမေရိကန် စုံစမ်း

အမေရိကန် နိုင်ငံ၏ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က နျူကလီးယား အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ဆက်လက်၍ လေ့လာ စုံစမ်းနေကြောင်း ပြောကြားလိုက်သည်။

“အဓိကထားပြီး စောင့်ကြည့်ရမယ့် အချက်နှစ်ချက် ရှိပါတယ်၊ ပထမ တချက်က အများ ပြောနေတဲ့ အတိုင်း ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်တဲ့ နျူကလီးယား စီမံကိန်း တကယ် ရှိ၊ မရှိ ဆိုတာနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ပိုင်ဆိုင်နေမှု ရှိ၊ မရှိ ဆိုတာပါပဲ”ဟု မစ္စတာ စကော့ မာရှယ်က ယမန်နေ့တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ထိုသို့ သံသယ ဖြစ်နိုင်သည် ဆိုသည့် အချက်နှစ်ချက်ကို အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
ဒုံးပျံ အင်ဂျင် အထူးပြုဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း က စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို ဖော်ထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာမှ ယခုကဲ့သို့ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာသည်။

စစ်အစိုးရက လျှို့ဝှက် နျူကလီးယား စီမံကိန်း၊ ဒုံးကျည်နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆိုနေကြသည်။

မြန်မာဒုက္ခသည် အရေး အမေရိကန် ၀န်ကြီး အထူး စိုးရိမ်

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ် (ဇ်) က မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ ချိန်၌ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တသိန်း လေးသောင်း ကျော်၏ အရေးကို အထူး စိုးရိမ်မိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ၀န်ကြီး အဲရစ် ရှဝပ်(ဇ်) က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်။ ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေးလာကြသူများ ရှိနေကြောင်း သိရသည်။

အဲရစ် ရှဝပ်(ဇ်)က လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်အစိုးရက ဆက်လုပ်နေသည့် ဖိနှိပ်မှုနှင့် တင်းကျပ်မှု များသည် ပြည်တွင်း အခြေအနေကို ပြောင်းလဲစေနိုင်ရန် အခွင့်အရေး မဆို စလောက်သာ ရှိစေမည်ဟု ပြောသည်။

“တကယ်လို့သာ ဖြစ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ဖိနှိပ်ခံရမှုကို ကြောက်နေရတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ အကာအကွယ်မဲ့ နေတဲ့ နိုင်ငံပြင်ပမှာရောက်နေသူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် အဲရစ် ရှဝပ်(ဇ်) အပါအ၀င် ဘန်ကောက်သံရုံးမှ တာဝန်ရှိသူ ၇ ဦးခန့်သည် မယ်လ ဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူများက လိုအပ်သော အကူအညီများကို တင်ပြခဲ့ကြသည်ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်စခန်းတွင် ယခုလတ်တလော သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော အခြေအနေများကို တင်ပြ ကြောင်း စောထွန်းထွန်းက ဆိုသည်။

အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိ သူများကို စနေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

ရေခဲစက် ဓာတ်ငွေ့ပိုက် ပေါက်ကွဲ၊ ၄ ဦး သေဆုံး

ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ရန်ကုန် အင်းစိန် လမ်းမပေါ်ရှိ နှင်းတောင် ရေခဲစက် လုပ်ငန်းတွင် ယမန်နေ့ ညနေပိုင်းက ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲသည့် အတွက် အလုပ်သမား ၄ ဦး သေဆုံးပြီး ဓာတ်ငွေ့ ပျံ့နှံ့မှုကြောင့် လူ ၄၀ ကျော် လဲကျ သတိမေ့မျော ခဲ့ကြောင်း စက်ရုံအနီး နေထိုင်သူ မျက်မြင် သက်သေများက ပြောသည်။

“အုံးဆိုတဲ့ အသံက တော်တော် ကျယ်တယ်၊ အဲဒီ အသံနဲ့ အတူတူ မီးခိုးလုံးကြီးက မြင့်တက်သွားတယ်၊ မကြာဘူး လူတွေ လမ်းမ ပေါ်မှာ ပစ်လဲ ကုန်ကြတာ”ဟု အဆိုပါ ဓာတ်ငွေ့ပိုက်ပေါက်ကွဲမှုကို ကြုံတွေ့ခဲ့သူ တဦးကပြောသည်။


ယင်း ပေါက်ကွဲသည့် ဓာတ်ငွေ့ပိုက်မှာ အချင်း ၄ လက်မခန့်ရှိ အမိုးနီးယား ဓာတ်ငွေ့ပိုက်ဖြစ်ပြီး ပေါက်ကွဲချိန်မှာ လျှပ်စစ်မီး လာ ချိန် ညနေ ၆ နာရီ ၀န်းကျင်ခန့်က ဖြစ်သည်ဟုလည်း ပေါက်ကွဲမှုဖြစ်စဉ် မေ့လဲကျသွားသော လူနာများကို လိုက်လံ ကူညီပေး သည့် အင်းစိန်မြို့နယ်နေ အမျိုးသားတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ည ၈ နာရီဝန်းကျင်အထိ ဓာတ်ငွေ့များ ပျံ့နှံ့နေ၍ စက်ရုံအနီးနေထိုင်သူများ အဝေးသို့ သွားရောက် နေထိုင် ရကြောင်းလည်း သိရသည်။

အမိုးနီးယားဓာတ်ငွေ့ပေါက်ကွဲသော ရေခဲစက်ရုံသည် ငါးပုစွန်စက်ရုံ နှင့် တွဲလျက်ရှိပြီး စက်ရုံပိုင်ရှင်များမှာ ဦးမြင့်သိန်း၊ ဦးမြင့်စိုး ဆိုသူများဖြစ်ကြောင်း၊ ၎င်းတို့သည် အစိုးရနှင့် နီးစပ်ပြီး လုပ်ပိုင်ခွင့်ရရှိထားသူများဖြစ်ကြောင်း ယင်းစက်ရုံရှေ့တွင် နေထိုင်သူ တဦးက ဆိုသည်။

အဆိုပါ စက်ရုံသည် လွန်ခဲ့သောလေးလခန့်ကလည်း အမိုးနီးယား ဓာတ်ငွေ့ပိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ပြင်းထန်မှု မရှိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်များ ဇွန်လကုန် အထိ တရားဝင် မှတ်ပုံ တင်ခွင့် ပြုမည် ဖြစ်ကြောင်း ကြေညာ

စစ်အစိုးရမှ တရားမ၀င် တင်သွင်း လာသည့် ဆိုင်ကယ် များကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် အထိ အခွန် အခများ ပေးချေ၍ တရားဝင် မှတ်ပုံတင်များ ထုတ်ပေး ခဲ့ပြီး ဖြစ်သည်။ ယခုအခါ တရားဝင် မှတ်ပုံတင် ပြုလုပ် ရေးကို အချိန်ကာလ တိုးမြှင့်ပြီး ၂၀၁၀ ခုနှစ် ဇွန် ၃၀ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရ ပါသည်။ ထို့ပြင် ၂၀၁၀ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး မှတ်ပုံ တင်မဲ့ ဆိုင်ကယ် များကို တရား ဥပဒေ နှင့် အညီ နိုင်ငံပိုင် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း သိရသည်။ အကယ်၍ နိုင်ငံပိုင် သိမ်းဆည်း ထားသော ဆိုင်ကယ် များကို ပိုင်ရှင် ဖြစ်သူက ပြန်ရယူ လိုကြောင်း လျှောက်ထား လာလျှင် ဆိုင်ကယ်၏ တန်ဖိုး နှင့် ကျသင့်သည့် အခွန် ငွေများကို ပေးဆောင် ရမည် ဖြစ်ပြီး နိုင်ငံတော်က တရားဝင် အဖြစ် သတ်မှတ် မှတ်ပုံ တင်ပေး မည်ဟု ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန် ထားကြောင်း သတင်း ရရှိပါသည်။

ရန်ကုန်မြို့တွင် မီးသတ် နည်းပညာ ကောလိပ် ဖွင့်လှစ်မည်

မီးသတ် ပညာရပ်များကို သင်ကြား ပို့ချမည့် မီးသတ် နည်းပညာ ကောလိပ် ကို ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်တွင် မကြာမီ ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာန ရုံးချုပ်က စီစဉ်လျက် ရှိသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ပြောသည်။ “မီးသတ် နည်းပညာ တွေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိ လာအောင် ဆောင်ရွက်တဲ့ အနေနဲ့ မီးသတ် နည်းပညာ ကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေ ပါတယ်။ ၁၀ တန်းအောင် ကျောင်းသား တွေကို လက်ခံ မှာပါ ”ဟု ၄င်းက ပြောသည်။ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းရှိ မစိုးရိမ် ကျောင်းတိုက် အနီးတွင် ကောလိပ် အဆောက် အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့် ရက်ကို မသတ်မှတ် ရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည်။ “လာမယ့် ၁၀ တန်းအောင်တွေ ကနေ စပြီး လက်ခံ နိုင်မယ်လို့ ခန့်မှန်း ပါတယ်။ ဒီပလိုမာ ပေးမှာပါ။ ပညာရေး ဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တွေနဲ့ ညှိနှိုင်းဆဲ ဖြစ်တဲ့ အတွက် ဖွင့်လှစ်မယ့် အချိန် အတိ အကျကို မပြောနိုင် သေးပါဘူး ”ဟု ဦးသင်းဌေးရွှေ က ပြောသည်။

ကျောင်းသား လက်ခံမည့် ပုံစံ၊ သင်ရိုးညွှန်းတမ်း စသည့် ကိစ္စ ရပ်များကို စီစဉ် နေဆဲ ဖြစ်ကြောင်း ၄င်းက ပြောသည်။ “မီးသတ် ပညာတွေကို လူတွေက အထင် သေးတယ်။ မီးသတ် ပညာဟာ အင်ဂျင်နီယာ ပညာရပ်တွေ ကိုလည်း သိရတယ်။ လက်သမား ပညာရပ်တွေကိုလည်း သိရတယ်။ ဓာတု ပစ္စည်းတွေ အကြောင်း၊ စက် ယန္တရားတွေ အကြောင်း၊ မီးငြှိမ်းသတ်နည်း မှာလည်း လျှပ်စစ်ကြောင့် လောင်တဲ့မီး၊ သစ်သား၊ ဝါး စတဲ့ ကာဗွန်ဒြပ်ပေါင်း တွေကို လောင်တဲ့ မီး၊ သတ္တုကို လောင်တဲ့မီး စတဲ့ လောင်စာ အလိုက ငြှိမ်းသတ် နည်းလမ်းတွေ ရှိပြီး ဖြစ်တယ် ”ဟု ၄င်းကေ ပြာသည်။ မီးသတ် နည်းပညာ ကောလိပ်မှ ဒီပလိုမာ ရရှိသူများ သည် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန အောက်ရှိ မီးသတ် စခန်းများတွင် ရာထူး အဆင့်ဆင့် မီးသတ် သမားများ အဖြစ် လည်းကောင်း၊ မီးသတ် ပညာ ဖြန့်ဖြူးရေး ဝန်ထမ်းများ အဖြစ် လည်းကောင်း၊ ဟိုတယ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်း များတွင် မီးသတ် အကြံပေးများ အဖြစ် လည်းကောင်း အလုပ် အကိုင် ရရှိနိုင်မည် ဖြစ်ကြောင်း ဦးသင်းဌေးရွှေက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

မုတ္တမကမ်းလွန်မှ ဓါတ်ငွေ့များ ရန်ကုန်သို့ ၂၄ လက်မ ပိုက်ဖြင့် ပို့

မြန်မာနိုင်ငံ မုတ္တမ ကမ်းလွန်ရှိ ရတနာ ဓါတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းမှ ဓါတ်ငွေ့များကို ရန်ကုန်မြို့သို့ ၂၄ လက်မ ပိုက်သစ်ကြီး အသုံးပြုလျက် ပို့ဆောင်နေပြီဟု သိရှိရပါသည်။ ယင်းသို့ ပို့ဆောင်ခြင်းဖြင့် လျှပ်စစ် ဓါတ်အား ပြတ်တောက်မှု လျော့ကျသွားမည် ဖြစ်ပါသည်။ ယင်း ပိတ်လိုင်းမှ တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်း ၁၅၀ ပို့လွှတ်မည် ဖြစ်ပြီး ရတနာ ဓါတ်ငွေ့ ထုတ်လုပ်ရေးမှ ဖိအား ၁၄၀၀ ပီအက်စ်အိုင်ဖြင့် ပို့လွှတ် လိုက်ခြင်းကို ထိန်းချုပ်ရေး စခန်းဖြစ်သော ဖျာပုံခရိုင် ဒေါ်ငြိမ်း ကျေးရွာရှိ ပိုက်လိုင်း စင်တာမှ ဖိအား ၈၀၀ ပီအက်စ်အိုင်ဖြင့် အင်းစိန်ရွာမ ဓါတ်ငွေ့ ဖြန့်ဖြူးရေး စခန်းသို့ ထိန်းချုပ် ပို့လွှတ်မည် ဖြစ်ပါသည်။ ယင်း ပိုက်လိုင်းမှာ ကုန်းတွင်းပိုင်းတွင် ၁၃၆ ကီလိုမီတာ ရှည်လျားပြီး ပင်လယ်ကြမ်းပြင် ရေအောက်တွင် ၁၅၁ ကီလိုမီတာ ရှည်လျားမည် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ရတနာ ဓါတ်ငွေ့ ထုတ်လုပ်ရေးမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စက်ရုံများသို့ ပို့လွှတ်နေသော ဓါတ်ငွေ့ ပိုက်အဟောင်းမှာ ယိုစိမ့် ခဲ့သည့်အတွက် ဓါတ်အားများ လျော့ကျ ပြတ်တောက် ခဲ့ရပါသည်။

မေလ အလယ်လောက်တွင် လူနေအိမ်များကို ဓါတ်အား ပေးနိုင်ရေး အတွက် အိမ်တွင်း စက်မှု လုပ်ငန်းများကို ယာယီ လျှပ်စစ် ဖြတ်တောက်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ယင်းယာယီ ဖြတ်တောက် ထားမှုများကို လွန်ခဲ့သော အပတ်က စက်မှုဇုံ များမှလွဲလျှင် ပြန်လည် တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဓါတ်ငွေ့နှင့် ရေအားလျှပ်စစ်မှ လျှပ်စစ် ထုတ်လုပ်မှု မာဂါဝပ် ၆၆၀ ရှိပြီး ယင်း၏ ထက်ဝက် ဖြစ်သော ၃၃၀ မီဂါဝပ်ကို ရန်ကုန်မြို့တွင် ဖြန့်ဖြူး ပေးလျက် ရှိပါသည်။ သို့သော် ရန်ကုန်မြို့၏ လျှပ်စစ် လိုအပ်ချက်မှာ ၆၆၀ မီဂါဝပ် ဖြစ်သဖြင့် လျှပ်စစ် ဓါတ်အား ပြတ်တောက် လျော့ကျမှုများ ရှိနေခြင်း ဖြစ်ကြောင်း သတင်း ဖော်ပြချက် များအရ သိရှိရပါသည်။

မှတ်ပုံတင်ခွင့်ရသည်ပါတီများ ပါတီဆိုင်းဘုတ် ထောင်နိုင်ရန် ပြင်ဆင်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပါတီ မှတ်ပုံ တင်ခွင့် ပြုပြီး ဖြစ်သော ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ ပါတီ ငါးခု အပါအဝင် စုစုပေါင်း ပါတီ ၂၉ ပါတီ ရှိပြီ ဖြစ်ရာ ယင်း ပါတီများ သည် ပါတီဆိုင်းဘုတ် ထူထောင်ရန် စတင် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း တိုင်း ဒေသကြီးများ အခြေစိုက် ပါတီများ ထံမှ စုံစမ်း သိရှိ ရသည်။ ''ကျွန်တော်တို့ ပါတီက အခု ကျိုက္ကဆံလမ်းကို ပြောင်းသွား ပြီ။ အဲဒါ ဒီနေ့ (ဇွန်လ ၁ ရက်နေ့) ပါတီ ဆိုင်းဘုတ် တင်ဖို့စီစဉ် ထားတာ သတင်းစာ မှာတော့ ပါတီ မှတ်ပုံ တင်ခွင့် ပြုကြောင်း တရားဝင်ကြေညာ ထားပြီး ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဆီ တရားဝင် အကြောင်းကြားစာ မရောက် သေးတော့ မြို့နယ် ကော်မရှင် မှာ ဆိုင်းဘုတ် တင်လို့ ရမလား စုံစမ်းတော့ သူတို့ဆီ ညွှန်ကြားချက် မရောက် သေးလို့ မတင်ပါနဲ့ဦး ဆိုလို့ ဒီနေ့တော့ မတင်ဖြစ် ဘူး။ ခွင့်ပြုချက် ရတာနဲ့ တင်မှာပါ'' ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။
မှတ်ပုံ တင်ခွင့် ပြုသော ပါတီ များကို ဧပြီလ ၂၈ ရက်နေ့မှ စ၍ နိုင်ငံပိုင် မီဒီယာ များမှ တစ်ဆင့် တရားဝင် ထုတ်ပြန် ကြေညာ ထားပြီး ဖြစ်သည်။ ယင်းသို့ ထုတ်ပြန် ထားသည့်မှတ်ပုံ တင်ခွင့်ရ ပါတီများ စာရင်းတွင် ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ ပါတီ ငါးခု ပါဝင်ပြီး ပါတီသစ် ၁၉ ပါတီ တွင် ကိုးပါတီ မှာ တိုင်းရင်းသား ပါတီများ ဖြစ်ကြောင်း တွေ့ရသည်။

''ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စုံစမ်း ကြည့်တော့ အကြောင်း ကြားစာ ပို့လိုက်ပြီ။ မြို့နယ် ကော်မရှင်ဆီမှာ စုံစမ်းဖို့ ပြောတယ်။ အကြောင်း ကြားစာ ရောက်မှ ဆိုင်းဘုတ် ထောင်ခွင့် ရမယ်လို့ ပြောတယ်။ အခု ထိတော့ မြို့နယ် ကော်မရှင်ဆီကို စာ မရောက်သေးဘူး'' ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင် က ပါတီ ဆိုင်းဘုတ် ထူထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ဆက်သွယ် မေးမြန်း ထားသည်ကို ပြန်လည် ပြောကြား သည်။

ပြည်ထောင်စု ကော်မရှင် က မြို့နယ် ကော်မရှင် ခွဲများ စာရင်းကို ၂ဝ၁ဝ ပြည့်နှစ် မေလ ၆ရက်နေ့က နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာထား ပြီးဖြစ်သည်။ ''ကျွန်မတို့ ပါတီက ဆိုင်းဘုတ်ထောင်ဖို့ လုပ်နေ ပါပြီ။ အခု စာပေ စိစစ် နဲ့မှတ်ပုံတင် ဌာနမှာ မှတ်ပုံတင် လျှောက်ဖို့လုပ်နေတယ်'' ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူးချုပ်ဒေါ်သန်းသန်းနုက ဆိုသည်။၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၂ရက်နေ့ အထိ နိုင်ငံရေး ပါတီပေါင်း ၄၂ ပါတီ တည်ထောင် မှတ်ပုံ တင်ခွင့် လျှောက်ထား ခဲ့ပြီး တည်ထောင်ခွင့် လျှောက်ထားသော ပါတီ သစ် ၃၇ ပါတီ တွင် ၁၉၉ဝ ရွေးကောက် ပွဲဝင် တည်ဆဲ ပါတီ ငါးပါတီ နှင့် ပါတီ သစ်၂၇ ပါတီမှာ ပါတီ မှတ်ပုံ တင်ခွင့် လျှောက်ထား ခဲ့ပြီး ယင်း တို့မှ ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ ပါတီ ငါးခု အပါ အဝင် ၂၉ ပါတီ ကို မှတ်ပုံ တင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ဇွန်လ ၁ ရက်နေ့ အထိ ထုတ်ပြန်ထား ချက်များ အရ သိရသည်။

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ အတွက် စည်းရုံး ရာ၌ လမ်းပန်း ဆက်သွယ် ရေးသည် စိန်ခေါ်မှု တစ်ရပ် ဖြစ်နိုင်

ရန်ကုန်မြို့ အခြေစိုက် ချင်းအမျိုးသား ပါတီ သည် စည်းရုံးခွင့် ရရှိပါက အဆိုပါ ပြည်နယ် အတွင်းရှိ မြို့နယ် ကိုးခု၌ စည်းရုံး ဆောင်ရွက် သွားမည် ဖြစ်ရာ ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေး နှင့် ဒေသ၏ ပထ၀ီ အနေ အထား များကြောင့် အခက် အခဲ ရှိနိုင်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။ ချင်းပြည်နယ်သည် တောင်တန်း ဒေသ ဖြစ်သည့် အားလျော်စွာ မိုးတွင်း အခါများတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ မှုများ ရှိပြီး ခြေကျင် လျှောက်ကာ ပါတီ လှုပ်ရှားမှု များကို ဆောင်ရွက်မည် ဆိုပါက ခရီး ပေါက်နိုင်ရန် ခဲယဉ်းသည့် အတွက် ယင်း အခက် အခဲသည် ၎င်းတို့ အတွက် အကြီး မားဆုံး စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
"နောင်လာမယ့် မျိုးဆက်တွေ အတွက် မှန်းပြီးတော့ ဖွဲ့ထားတာ ဖြစ်တယ်။ ဦးဆောင်မယ့် သူတွေ ကတော့ လူငယ်တွေ ဖြစ်လာမှာ ဖြစ်တဲ့ အတွက် နိုင်ငံရေးမှာ တက်ကြွပြီး ရင်ခုန်သံချင်း တူတဲ့ နိုင်ငံရေး သမားတွေ စုပြီး လုပ်တာ ဖြစ်ပါတယ်"ဟု ဦးဇိုဇမ်က ပြောသည်။ ဦးဇိုဇမ် သည် ယခင် အစောပိုင်း ကာလများ တွင် ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု များ၌ ပါဝင်ခဲ့ပြီး ယခု အချိန်တွင် ၎င်း၏ အသက်အရွယ် အရ ဆက်လက် လှုပ်ရှားရန် မသင့်တော်သည့် အတွက် ပါတီ နိုင်ငံရေးကို စနစ် တကျ ဖွဲ့စည်းပြီး ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော် သုံးရပ် စလုံး၌ ၀င်ရောက် ရန်မှန်း ထားကြောင်း၊ ပြည်နယ် မြို့နယ် အားလုံးတွင် သာမက မြေပြန့် ချင်းလူမျိုး များရှိသည့် မင်းဘူး နှင့် စကု စသည့် မြို့နယ်များ သို့လည်း စည်းရုံး သွားရန် ဆန္ဒ ရှိကြောင်း ဦးဇိုဇမ်က ဆိုသည်။ ဦးဇိုဇမ် သည် ၁၉၈၂ မှ ၁၉၈၃ ခုနှစ် တွင် အနောက် ဂျာမနီမှ ဘွဲ့ရရှိ ခဲ့ကာ စက်မှု သင်တန်းကျောင်းတွင် နည်းပြ ဆရာ အနေဖြင့် ဆောင်ရွက် ခဲ့သည်။ ၁၉၈၆ ခုနှစ်မှ စတင်ခါ ကာတွန်းဆရာ အဖြစ် စာပေလောကသို့ ၀င်ရောက် ခဲ့ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။


နေ၊ လနှင့် နဂါးငွေ့တန်း တိုက်ရိုက် ကျရောက်မှု ဖြစ်စဉ် ဖြစ်ပေါ်မည်

ယခုလ ၂၁ ရက်နေ့တွင် နေ ၊ ကမ္ဘာနှင့် နဂါးငွေ့တန်း ဗဟိုချက်တို့ တိုက်ရိုက် ကျရောက်မှု ဖြစ်စဉ် ဖြစ်ပေါ်မည် ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို စွမ်းအားပြည့် နက္ခတ်တာရာ ကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုပါက တွေ့မြင်နိုင်မည်ဖြစ်ကြောင်း နက္ခတ်ဗေဒင် ပညာရှင်များ အဖွဲ့မှ ဥက္ကဌ ဦးဇေယျာကိုက ပြောပါသည်။ ၂၀၁၀ ဇွန်လ ၂၁ ရက်နေ့မှာ နေရယ်၊ ကမ္ဘာရယ်၊ နဂါးငွေ့တန်း ဗဟိုချက်ရယ် တစ်တန်းတည်း ကျ ရောက်တဲ့ ဖြစ်စဉ် ဖြစ်ပေါ်မယ်။ အဲဒီ ဖြစ်စဉ် ဖြစ်တဲ့ အချိန်မှာ ကမ္ဘာနဲ့ နေရဲ့ အကွာ အဝေးဟာ မိုင် သန်း ပေါင်း ၉၅ သန်း ခန့် အကွာ အဝေးမှာ ရှိနေ လိမ့်မယ်ဟု ၄င်းက ပြောသည်။ နေ၊ ကမ္ဘာ နှင့် နဂါးငွေ့တန်း တိုက်ရိုက် ကျရောက်မှု ဖြစ်စဉ်မှာ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ ၂၇ မိနစ်တွင် ဖြစ်ပေါ်မည် ဖြစ်ပြီး၊ အဆိုပါ ဖြစ်စဉ် ဖြစ်ပေါ် နေသည့် ကာလ အတွင်း နေ့တာ ရှည်သည်ကို ကြုံတွေ့ ခံစား ရနိုင်သည်။
နေ၊ ကမ္ဘာနှင့် နဂါးငွေ့တန်း တိုက်ရိုက် ကျရောက် မှုသည် တစ်နှစ်လျှင် ၂ ကြိမ် ဖြစ်ပေါ်လေ့ ရှိပြီး၊ ယခု ဖြစ်ပေါ်မည့် ဖြစ်စဉ်ကို တွက်ချက်ခြင်းပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ တွင် ကမ္ဘာ ပျက်မည် ဆိုသည်မှာ ဟုတ်မှန်ခြင်း မရှိကြောင်း ၄င်းက တွက်ချက် ပြောဆိုသည်။ နေ၊ ကမ္ဘာနဲ့ နဂါးငွေ့တန်းလို့ ခေါ်တဲ့ ဂလက် ဆီဟာ တစ်နှစ်ကို ၂ ကြိမ် တစ်တန်းတည်း ကျတဲ့ ဖြစ်စဉ် ဖြစ်ပေါ် လေ့ရှိတယ်။ ဒီဖြစ်စဉ်ကို တွက်ချက် ခြင်းအားဖြင့် ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ်ဆို တာတွေက မဖြစ်နိုင်ဘူး ဆိုတာ တွေ့ရတယ်ဟု ဦးဇေယျာ ကို က ပြောသည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် နှစ်တစ်နှစ် အတွင်း နေ ၊ ကမ္ဘာနှင့် နဂါးငွေ့ တန်း တိုက်ရိုက် ကျရောက်မှု ဖြစ်စဉ် ပထမ ဦးဆုံးအကြိမ် ဖြစ်ပေါ်မည် ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် အဆိုပါ ဖြစ်စဉ် ထပ်မံ ဖြစ်ပေါ်မည် ဖြစ်ကြောင်း True News Journal တွင် ဖော်ပြ ထားသည်။

တရားမ၀င် ဘင်္ဂလားဒေခ်ျ့ လက်ကိုင်ဖုံး ဌားရမ်းသူ နစက ဗိုလ်ကြီးအား ဘူးသီးတောင် ဗျူဟာမှ ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ရှိ သုံးမိုင် နစက ဂိတ်တွင် တာဝန်ကျနေသော နစက ဗိုလ်ကြီး တဦးအား တရားမ၀င် ဘင်္ဂလားဒေခ်ျ့ လက်ကိုင်ဖုန်း တလုံးအား စီးပွားရေး သမား တဦးသို့ ဌားရမ်း မှုဖြင့် ဇွန်လ ၈ ရက်နေ့ က ဘူးသီးတောင် ဗျူဟာမှ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဖုံးဌားရမ်းသူ ဟာဆင်းသည် အဆိုပါ စစ်ဗိုလ်ထံမှ ဌားရမ်းသော လက်ကိုင် မိုဘိုင်း တယ်လီဖုံးကို ကိုင်ဆောင်ပြီး မောင်တောမှ ဘူးသီးတောင်သို့  သွားစဉ် ကားလမ်းပေါ်တွင် တည်ရှိသော ဗျူဟာစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။
ရဲအရာရှိ တဦးက “ ဟာဆင်းကို ဖမ်းဆီးရမိတာ အင်္ဂါနေ့ နေ့ လည် ၁၂နာရီ ခွဲခန့် မှာ ဖြစ်ပါတယ်။ သူ့ကိုယ်ပေါ်ကို ရှာဖွေစစ်ဆေးတဲ့ အခါ ဖုံးကို တွေ့ ရှိတာ ဖြစ်ပါတယ်။ အဲဒီဖုံးကို ဘယ်က ရသလဲ မေးတော့ သူက သုံးမိုင် နစကဂိတ်က ဗိုလ်ကြီးဝင်းဦးဆီက တလ တသိန်းနဲ့ ဌားထားတဲ့ ဖုံးဆိုပီး ပြောတယ်။ ဒါကြောင့် ဘူးသီးတောင် ဗျူဟာက ဗိုလ်ကြီး ၀င်းဦးကို ခေါ်ပီး စစ်ဆေးတယ်။ ညနေပိုင်း မှာတော့ သူ့ကို ပြန်လွှတ်လိုက်တယ်။ ဘာဆက်ဖြစ်မယ်ဆိုတာတော့ မပြောတတ်ဘူး” ဟု ပြောသည်။

သို့သော်လည်း ဖုံးနှင့် အတူ ဖမ်းမိသူ ဟာဆန်းကို ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ မြန်မာ နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့မှ တင်သွင်းလာသော လက်ကိုင်ဖုံးများကို အရပ်သားများ အသုံးပြုခွင့် မရှိဘဲ တွေ့ရှိပါက ဖမ်းဆီး အရေးယူလေ့ရှိသည်။ သို့သော်လည်း လက်ကိုင်ဖုံးများ ဈေးချိုပြီး SIN ဆိင့်ကဒ်မှာလည်း တာကာငွေ ၁၅၀ သာရှိသဖြင့် ပြည်သူများ အနေဖြင့် ဒေသအတွင်း လျို့ဝှက်စွာ အသုံးပြုနေကြသည်။

သို့သော် မောင်တောမြို့ နယ်ရှိ နစက အပါအ၀င် အစိုးရ အရာရှိများမှာ ဘင်္ဂလားဒေခ်ျ့  လက်ကိုင်ဖုံးများကို တရားဝင် ပုံစံဖြင့် ကိုင်တွယ် အသုံးပြုနေပြီး တချို့ နစက အရာရှိများမှာ ဖုံးတလုံးကို တလအတွက် ကျပ်ငွေ တသိန်းစီဖြင့် စီးပွားရေး သမားများကို ဌားရမ်းနေကြောင်း သိရသည်။

မောင်တောမြို့ခံ တဦးကို ဘင်္ဂလာက လာသော လက်ကိုင် မိုဘိုင်းဖုံး အခြေအနေကို မေးကြည့်ရာ သူက “ အရပ်သားတွေ ကိုင်ခွင့်မရှိပါ။ ကိုင်ရင်ဖမ်းပါတယ်။ ဒဏ်တပ် ပါတယ်။ ထောင်ချပါတယ်။ ဒါပေမယ့်လည်း နစက နယ်မြေမှုးတွေဆီက ဌားရမ်းပီး ကိုင်တဲ့သူ ဆိုရင်တော့ ဖမ်းတာ ဆီးတာတွေ မရှိသလို လူမြင်ကွင်းမှာ ပေါ်ပေါ် ထင်ထင် ကိုင်လို့ ရပါတယ်။သူ့ တို့ က နစက နယ်မြေမှူးတွေကို ငွေပေးပြီး ဌားရမ်း ကိုင်ဆောင်တဲ့ အတွက် သူ့ တို့ ကို ဘယ်သူမှ ဖမ်းလို့ မရပါဘူး။ သာမန် အရပ်သားတွေ ကိုင်ရင်တော့ ဖုံးကို ချက်ချင်း သိမ်းပြီး ဒဏ်တပ် ပါတယ်။ ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ချပါတယ်” ဟု ပြောသည်။

အဆိုပါ ဖုံးတလုံး ဌားခမှာ တလ တသိန်းထိ ဈေးရှိပြီး တချို့ စီးပွားရေးသမားများက အဆိုပါ ဘင်္ဂလာဒေခ်ျ့ဖုံးများဖြင့် ဖုံးဆိုင်များဖွင့်ကာ စီးပွားရေး လုပ်စားနေကြသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ ဗိုလ်ကြီးဝင်းဦး ဌားရမ်းသော မိုဘိုင်းဖုံးမှာလည်း ပြည်သူများထံမှ သိမ်းဆည်းထားသော မိုဘိုင်းဖုံး ဖြစ်ပြီး ရဲလက်သို့  ဖုံးကို မအပ်ဘဲ အရပ်သား စီးပွားရေး သမားများကို ဌားရမ်းပြီး ကိုယ်ကျိုး အတွက် အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့  ဘင်္ဂလားဒေခ်ျ့ မိုဘိုင်းဖုံးကို ဒေသအတွင်းက စီးပွားရေးသမားများကို ဌားရမ်းပြီး ကိုယ်ကျိုးစီးပွားရှာနေသူများမှာ ဗိုလ်ကြီးဝင်းဦး တဦးတည်းမဟုတ်ဘဲ မောင်တောမြို့ နယ်ရှိ နစက နယ်မြေတိုင်းတွင် ဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီး ၀င်းဦးမှာ ဗျူဟာမှ ခေါ်စစ်ပြီးနောက် အလုပ်ပြုတ်မည်ကို အထူး စိုးရိမ်နေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်က အဆိုပါ ရုံးတည်ရှိရာ စစ်တွေမြို့ လမ်းမတော် (တောင်)ရပ်ကွက် ခေါင်းလောင်း ကျောင်းလမ်းတွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို တက်ရောက်ခဲ့သူ တဦးက “ ဒီကနေ့ နံနက် စောစော ၈ နာရီမှာ ရုံးဖွင့်ပွဲနဲ့ ဆိုင်းဘုတ် တင်ပွဲကို ပြုလုပ်ပါတယ်။ စစ်တွေက ရပ်မိ ရပ်ဖတွေနဲ့ လူငယ်တွေ စုစုပေါင်း ၇၀ ခန့် တက်ရောက် ခဲ့ပါတယ်။ စီးပွားရေး သမား အတော်များများလည်း ကားတွေနဲ့ လာရောက်ကြပါတယ်” ဟု ပြောသည်။
ရုံးဖွင့်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် ပါတီခေါင်းဆောင်များအား ဖုံးဖြင့် ဆက်သွယ်ရာ အဆိုပါ ခေါင်းဆောင်များ အလုပ်ရှုပ်နေသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( Rakhine Nationalities Development Party) မှာ ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့် အညီ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီ ဖြစ်သည်။

ပါတီ ဥက္ကဌမှာ ဒေါက်တာအေးမောင် (တိမွေးကု ငြိမ်း) ဖြစ်ပြီး ဒုဥက္ကဌများမှာ ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူနှင့် ဦးအောင်ဘန်းသာတို့ ဖြစ်ကြသည်။

ပါတီ အထွေထွေအတွင်းရေးမှူးမှာ ဦးဦးလှစောဖြစ်ပြီး တွဲဘက် အတွင်းရေးမှူးများမှာ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဥင်္ီးသာထွန်းလှနှင့် ဦးခိုင်ပြည်စိုးတို့ ဖြစ်ကြသည်။ ပါတီ ကို ဗဟို အလုပ်အမူဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ဘူးသီးတောင်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သော စစ်ရေယာဉ် တစီးကို ရေကြောင်းရှင်းလင်းရေး အဖွဲ့မှ ဖေါ်ယူနေ

ရခိုင်ပြည်နယ် ဘူးသီးတောင် အထက် မေယု မြစ်ထဲတွင် ဒုတိယ ကမ္ဘာ့စစ်အတွင်းက နစ်မြုပ်ခဲ့သော ဗြိတိသျှ စစ်ရေယာဉ် တစီးကို ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေကြောင်း သတင်း ရရှိသည်။

မျက်မြင် ကျေးရွာသား တဦးက “ အခု ဖေါ်ယူနေတာက ဗြိတိသျှ စစ်သင်္ဘောလို့ သိရပါတယ်။ မင်းကြီးတောင်နားမှာ ဖြစ်ပါတယ်။ သူတို့က ဒီရေကျတဲ့ အခါ ဆီပေပါ တိုင်ကီဗုံး အလွတ်ခွံ ၁၀၀ ခန့်ကို သင်္ဘော ကိုယ်ပေါ်မှာ ကြိုးနဲ့ ချည်နှောင်ထားပြီးတော့ ဖေါ်ယူတဲ့ နည်းနဲ့ တူးဖေါ်နေတာ ဖြစ်ပါတယ်။ ရေတက်လာတဲ့ အခါ တဖြည်းဖြည်းနဲ့ သင်္ဘောက ကြွတက်လာတယ်လို့ သိရပါတယ်။ ဒီလ ကုန်လောက်မှာ ပေါ်မယ်လို့ သိရပါတယ်” ဟု ပြောသည်။

မင်းကြီးတောင်မှာ ဘူးသီးတောင်မြို့ အထက်ပိုင်းတွင် တည်ရှိပြီး စက်လှေဖြင့်သွားရသည်ဟု သိရသည်။

၎င်းပြင် တခြား ဘူးသီးတောင်မြို့ခံ တဦးကလည်း “ ဘူးသီးတောင် မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောနှစ်စီး ရှိပါတယ်။ အခု ဖေါ်ယူနေတဲ့ သင်္ဘောကတော့ ဗြိတိသျှ စစ်ရေယာဉ်ဆိုပီးတော့ လူတွေက ပြောပါတယ်။ ဂျပန်က ဗုံးကြဲတဲ့ အချိန်မှာ နစ်မြုပ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ အခုတော့ အစိုးရလက်အောက်ခံ ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေပါတယ်။ နောက်တစီး ကတော့ အင်္ဂလိပ်အထွက် ဂျပန်အ၀င်မှာ ရခိုင်-ကုလား အဓိဂရုဏ်းမှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်။ သိမ်တောင်အနီး ရေအောက်မှာ ရောက်နေတယ်လို့ သိရပါတယ်။ များမကြာမှီ ဒီ သင်္ဘောကိုလည်း ဖေါ်မယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

အဆိုပါ ရခိုင်-ကုလား အဓိဂရုဏ်းဖြစ်စဉ် ဘူးသီးတောင်မြို့သူ မြို့သား အများအပြား အဓိဂရုဏ်းကို ကြောက်၍ သင်္ဘောပေါ်သို့ ပြေးတက်စဉ် ရခိုင်အမျိုးသား အမျိုးသမီး ၃၀၀ ကျော်ခန့်ဖြင့် ဘူးသီးတောင် ဆိပ်ကမ်းတွင် နစ်မြုပ်သွားခဲ့သော သင်္ဘော ဖြစ်သည်။

နောက်မှီ ရှေ့မှီ လူကြီးများ အပြောအရ အဆိုပါ သင်္ဘော နစ်မြုပ်ရာတွင် ရွှေပိသာချိန် ရာချီ၍ ပါဝင်သွားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ခရိုင်၊ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များကို အစိုးရ အရာရှိများဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်တွင် ခရိုင်နှင့် မြို့နယ် အဆင့် ရွှေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းနေရာတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော အစိုးရ အရာရှိ များကို အခြေခံကာ ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။

အစိုးရ ၀န်ထမ်း တဦးက “ အခု ရခိုင်ပြည်နယ်မှာ ဖွဲ့စည်ထားတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ရွှေးကောက်ပွဲ ကော်မရှင်မှာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ အစိုးရ ၀န်ထမ်းတွေ တော်တော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ကော်မရှင် အတွင်း ရေးမှူး နေရာတွေကို လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးတွေက နေရာယုထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။
ခရိုင်နှင့် မြို့နယ်တွင် ကော်မရှင် ဥက္ကဌများကို အစိုးရ ၀န်ထမ်းဟောင်းများဖြင့် ခန့်အပ်ထားသော်လည်း အများစုမှာ နအဖ စစ်အစိုးရနှင့် နီးစပ်သူ (သို့မဟုတ်) လိုလားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင်နှင့် မြို့နယ်အဆင့် ရွှေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမူနှင့် ပတ်သက်ပြီး မောင်တောမြို့မှ အစိုးရ အရာရှိ တဦးကို မေးကြည့်ရာ သူက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်ကို များမကြာမှီက ဖွဲ့စည်းတဲ့ နေရာမှာ ရှေ့နေ ဦးအောင်ကျော်ညွန့်ကို ကော်မရှင် ဥက္ကဌဆိုပီး ခန့်အပ် ပါတယ်။ အတွင်းရေးမှူးနေရာကိုကျတော့ လက်ရှိ အစိုးရ ၀န်ထမ်း တဦးဖြစ်တဲ့ ဒု ဦးစီးအရာရှိ ဦးလှရွှေကို ခန့်အပ်ပါတယ်။ နောက်ပီး လက်ရှိ အစိုးရ ၀န်ထမ်းတဦး ဖြစ်တဲ့ မြို့နယ် လ၀က ဦးစီးမှူး စန်းဝင်းကို ခန့်အပ် ပါတယ်။ ကျန်တဲ့ လူတွေလည်း အစိုးရ ၀န်ထမ်းတွေ များပါတယ်။”

မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်တွင် နောက်ထပ် ခန့်အပ်ခံရသူများမှာ ဦးမောင်ကျော်စိန်၊ ဦးမောင်သန်းအေး၊ ဦးမောင်ဦးကျော်၊ သွားဆရာဝန် တဦးနှင့် တခြား ပုဂ္ဂိုလ် တချို့တို့ ပါဝင်ပြီး အများစုမှာ အစိုးရ အငြိမ်းစားများ ဖြစ်ကြသည်။

၎င်းပြင်သူက “ ခရိုင်မှာ ဆိုရင်လည်း စစ်အစိုးရနဲ့ နီးစပ်တဲ့ ဘဏ်မန်နေဂျာ အငြိမ်းစား ဦးသာသာမောင်ကို ခန့်အပ်ပါတယ်။ အတွင်းရေးမှူးကတော့ ခရိုင်ထွေအုပ်လို့ ခေါ်တဲ့ အထွေထွေ ဦးစီးမှူး ဖြစ်ပါတယ်။ ခရိုင်လ၀က ဦးစီးမှူးနဲ့ တခြား အစိုးရ ဆရာဝန်ကြီး တဦးတို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

ကျေးရွာ ကော်မရှင် အဆင့်တွင် ကျေးရွာ ရယက ဥက္ကဌအား ကော်မရှင် ဥက္ကဌ နေရာအား ပေးမထားသော်လည်း ရပ်ရွာထဲမှ အစိုးရ လိုလာသူ တဦးကို ဥက္ကဌ အဖြစ် ခန့်အပ်ပြီး ရယက စာရေးကို အတွင်းရေးမှူး နေရာကို ပေးကာ ကျန်ရယက အဖွဲ့ဝင် တဦးကို ကော်မရှင် အဖွဲ့ဝင် အဖြစ် ထားသည်ဟု သိရသည်။

ယခုကော်မရှင် ဖွဲ့စည်းမူကို ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင် ဖွဲ့စည်းနေပြီး သက်ဆိုင်ရာ မြို့နယ် အဆင့်နှင့် ကျေးရွာ အဆင့် ကော်မရှင်များကို အစိုးရ အရာရှိများက တိုက်ရိုက်ကိုင်တွယ် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။