Pages

Subscribe

Friday 11 June 2010

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်က အဆိုပါ ရုံးတည်ရှိရာ စစ်တွေမြို့ လမ်းမတော် (တောင်)ရပ်ကွက် ခေါင်းလောင်း ကျောင်းလမ်းတွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို တက်ရောက်ခဲ့သူ တဦးက “ ဒီကနေ့ နံနက် စောစော ၈ နာရီမှာ ရုံးဖွင့်ပွဲနဲ့ ဆိုင်းဘုတ် တင်ပွဲကို ပြုလုပ်ပါတယ်။ စစ်တွေက ရပ်မိ ရပ်ဖတွေနဲ့ လူငယ်တွေ စုစုပေါင်း ၇၀ ခန့် တက်ရောက် ခဲ့ပါတယ်။ စီးပွားရေး သမား အတော်များများလည်း ကားတွေနဲ့ လာရောက်ကြပါတယ်” ဟု ပြောသည်။
ရုံးဖွင့်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် ပါတီခေါင်းဆောင်များအား ဖုံးဖြင့် ဆက်သွယ်ရာ အဆိုပါ ခေါင်းဆောင်များ အလုပ်ရှုပ်နေသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( Rakhine Nationalities Development Party) မှာ ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့် အညီ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီ ဖြစ်သည်။

ပါတီ ဥက္ကဌမှာ ဒေါက်တာအေးမောင် (တိမွေးကု ငြိမ်း) ဖြစ်ပြီး ဒုဥက္ကဌများမှာ ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူနှင့် ဦးအောင်ဘန်းသာတို့ ဖြစ်ကြသည်။

ပါတီ အထွေထွေအတွင်းရေးမှူးမှာ ဦးဦးလှစောဖြစ်ပြီး တွဲဘက် အတွင်းရေးမှူးများမှာ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဥင်္ီးသာထွန်းလှနှင့် ဦးခိုင်ပြည်စိုးတို့ ဖြစ်ကြသည်။ ပါတီ ကို ဗဟို အလုပ်အမူဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

No comments:

Post a Comment