Pages

Subscribe

Friday 28 December 2007

သံဃာ့ ဦးသျှောင် ဥက္ကဌ ပီနံဆရာတော်ကြီးက မြန်မာ့အရေးလှုပ်ရှားသူများ သွေးစည်း ညီညွတ်ရန် မိန့်ကြား

သံဃာ့ ဦးသျှောင် ဥက္ကဌ ပီနံဆရာတော်ကြီးက

မြန်မာ့အရေးလှုပ်ရှားသူများ သွေးစည်း ညီညွတ်ရန် မိန့်ကြား
ဧရာဝတီ | ဒီဇင်ဘာ ၂၇၊ ၂၀၀၇

သံဃာ့ ဦးသျှောင်အဖွဲ့ ဥက္ကဌ ပီနံဆရာတော်ကြီး ဦးပညာဝံသက မြန်မာပြည်လွတ်မြောက်ရေးနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စည်းလုံးညွတ်ညွတ်စွာ ပေါင်းစည်းလုပ်ဆောင်ကြရန် မြန်မာ့အရေးလှုပ်ရှားသူများကို ယနေ့ ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံ ပီနံမြို့ရှိ အဆိုပါ ဆရာတော်ကြီး၏ ကျောင်းတိုက်၌ ယနေ့နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ စသည့်အဖွဲ့အစည်း ၂၀ ခန့်မှ လူ ၁၀၀ ကျော်ခန့်တက်ရောက်သည့် တွေ့ဆုံစည်းဝေးပွဲတွင် ယခုကဲ့သို့ မိန့်ကြားလိုက်ခြင်း ဖြစ်သည်ဟု ယင်းအစည်း အဝေးတက်ရောက်သည့် သံဃာ့ ဦးသျှောင်အဖွဲ့ဝင် သံဃာတော်တပါးဖြစ်သော ဦးအဂ္ဂ၀ံသက ပြောသည်။

“ရည်ရွယ်ချက်ကတော့ တကွဲတပြားဖြစ်နေတဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက မြန်မာ့အရေးအတွက်ကြိုးပမ်းနေကြတာကို ဆရာတော်ကြီးက ကဏ္ဍသစ်အနေနဲ့ စည်းလုံး ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ဖို့ သြ၀ါဒပေးတာပါ”ဟု ဦးအဂ္ဂ၀ံသက ဧရာဝတီသို့ ပြောသည်။

ဦးအဂ္ဂ၀ံသသည် သီရိလင်္ကာနိုင်ငံ ရဟန်းပျိုများ သမဂ္ဂမှ ဒု ဥက္ကဌ ဖြစ်သည်။

NLD, ABSDF, လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့်အဖွဲ့အစည်းများနှင့် မလေးရှားရှိ ရခိုင်၊ မွန်စသည့် တိုင်းရင်းသား အဖွဲ့များက ခေါင်းဆောင်များက ပီနံဆရာတော်ကြီး၏ သြ၀ါဒ ချမှတ်ချက်များအတိုင်း ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ ကြသည်ဟုလည်း မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်နိုင်သူက ပြောသည်။

“မြန်မာ့အရေးအတွက် ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ တိုင်ပင်ဆွေးနွေးပြီးလုပ်ဆောင်ဖို့ သဘောတူကြတယ်၊ အဖွဲ့အားလုံး ပေါင်း ၁၈ ဖွဲ့ ၁၉ ဖွဲ့ လောက်ရှိမယ်၊ အဓိကက တော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ စစ်အစိုးရ ပြုတ်ကျရေးပဲ”ဟု
ဦးအဂ္ဂ၀ံသ ကပြောဆိုသည်။

ယမန်နေ့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက သာသနာတော်အား ညှဉ်းပန်း နှိပ်စက်ခံနေရ ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ပြည်တွင်း ပြည်ပရှိ ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံ၏ ဘာသာ ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဆိုင်သော ကိစ္စများကို ဆောင်ရွက် ရန် စသည့် အချက်လေးချက်
ပါဝင်ပြီး ဦးဆောင်သံဃာ့ကိုယ်စားလှယ်တော် ၁၀ ပါး နှင့် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးအား ပြန်လည် တိုးမြှင့် ဖွဲ့စည်းလိုက် သည့် ကြေညာချက်ကို ထုတ်ပြန်သည်။

ပြည်ပရှိ သံဃာ့ဦးသျှောင်အဖွဲ့မှ ဦးအဂ္ဂ၀ံသက“ဒီနေ့ ပီနံဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို လာပြီးတော့ ခံယူကြတယ် ဆိုတာ သာသနာတော် ညှဉ်းပန်း နှိပ်စက်ခံနေရခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ဆိုတာ အဓိကပါပါတယ်၊ စစ်အစိုးရ ဖြုတ်ချရေးလည်း တခါတည်း ပါသွားတာပေါ့၊ အဓိက က သွေးစည်း ညီညွတ်မှု ပါပဲ”ဟု မိန့်ကြားသည်။

စည်ပင်ဝန်ထမ်းတချို့ အသက်မပြည့်သော ကလေးများကို ဖမ်းဆီး၍ စစ်တပ်သို့ပို့နေ

စည်ပင်ဝန်ထမ်းတချို့ အသက်မပြည့်သော ကလေးများကို ဖမ်းဆီး၍ စစ်တပ်သို့ပို့နေ
လွင်ကျော် | ဒီဇင်ဘာ ၂၈၊ ၂၀၀၇

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နယ်နိမိတ်အတွင်း တောင်းရမ်းစားသောက်နေသော ကလေး ငယ်များအပါအ၀င် အခြေအနေမဲ့ကလေးငယ်များကို ဖမ်းဆီးထိန်းသိမ်းနေပြီး အုပ်ထိန်းသူများ လာရောက် ရွေးယူခြင်း မရှိသော ကလေးငယ်များအား တပ်သားသစ် အလိုရှိနေသော စစ်တပ်များသို့ ပို့ဆောင်နေကြောင်း သိရသည်။

စည်ပင်ဝန်ထမ်းတချို့က စစ်အစိုးရ စစ်တပ်မှ တပ်ကြပ်ကြီးများနှင့်ပူးပေါင်း၍ အသက် မပြည့်သေးသော ကလေးများအား ဖမ်းဆီးကာ တပ်သားသစ်များအဖြစ် စစ်တပ်သို့ ရောင်းစားမှုများပြုလုပ်နေသည်ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

“စည်ပင်က တောင်းစားနေတဲ့ကလေးတွေ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ အပါအ၀င် အခြေအနေမဲ့ ကလေးတွေကို ဖမ်းပြီးတော့ ဟံသာဝတီ အ၀ိုင်းမှတ်တိုင် အနီးက ယာယီလေလွင့်ကလေးထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီစခန်းမှာ ကလေးရာဂဏန်းလောက်ဆံ့ပါတယ်၊ မဆံ့ရင်တွံတေးမြို့မှာရှိတဲ့ဌက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်း(ကလေးထောင်) ကို ပို့ပါတယ်၊ အဲဒီမှာ အုပ်ထိန်းသူ လာမရွေးတဲ့ အသက် ၁၃ နှစ် က ၁၇ နှစ် အရွယ် ယောက်ျားလေးတွေကို တပ်သားသစ် လိုနေတဲ့ စစ်တပ်ကို ရောင်းတာပါ”ဟု ၎င်း က ပြောပြသည်။

စစ်တပ်မှ တပ်ကြပ်ကြီးများလက်သို့ အပ်လိုက်သော တပ်သားသစ်တဦးလျှင် စည်ပင်ဝန်ထမ်းက ကျပ်သုံးသောင်း ရကြောင်း၊ ယင်းတပ်သားသစ် ကလေးများကို တပ်ကြပ်ကြီးများက စစ်တပ်သို့ တာဝန်ယူခေါ်ဆောင်သွားကြောင်း စမ်းချောင်း မြို့နယ် စည်ပင် ၀န်ထမ်းက ရှင်းပြသည်။

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် ပန်းရောင်းနေသော မိခင်တဦးက အသက် ၁၇ နှစ်ရှိ ၎င်း၏သားမှာ စစ်တပ်ထဲသို့ လိမ်ညာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ပြောသည်။

“အခုနှစ် ဇူလိုင်လလောက်မှာ ကျမသား ပျောက်သွားပါတယ်။ သားပျောက်သွားတာကို သက်ဆိုင်ရာမှာတိုင်ပါတယ်။ ကျမ ကိုယ်တိုင်လည်းလက်လှမ်းမီသလောက် ရှာပါတယ်။ စားဝတ်နေရေးက တဘက်ဆိုတော့ တလလောက် ရှာပြီးတဲ့အချိန်မှာ ကျမလက်လျှော့လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ကျမသားဆီက အဆက်အသွယ်ပြန်ရတယ်။ သူ့ကို စည်ပင်ကလူတဦးက ဖမ်းသွားတာတဲ့၊ လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ထမင်းပုံမှန် စားရမယ်၊ အ၀တ်အစားတွေပေးမယ် ဆိုပြီး ခေါ်သွားတာတဲ့၊ နောက်မှ စစ်တပ်ဖြစ်နေတာသိရတယ်လို့ စာရေးပါတယ်”ဟု သူမက ရှင်းပြသည်။

ရေးသားထားသည့် လိပ်စာအရ မှော်ဘီမြို့နယ် ခြေမြန် တပ်ရင်း ၃၉၁ တွင် ၎င်း၏သား ရှိနေကြောင်း သိရသည်ဟု သူမက ဆက်လက်ရှင်းပြသည်။

ရန်ကုန် လှိုင်မြို့နယ်မှ မိခင်တဦးကလည်း“သားက ကိုးတန်းကျောင်းသားပါ။ မေလတုန်းက သားရယ် သူ့သူငယ်ချင်း နှစ်ယောက်ရယ် မြို့ထဲမှာ လျှောက်လည်မယ်ဆိုပြီး ထွက်သွားတာ ပြန်ရောက်မလာဘူး။ ပျောက်သွားတယ်။ ကျမတို့လည်း ချက်ချင်းစုံစမ်း မှုတွေလုပ် တိုင်သင့်တဲ့နေရာ တိုင်ပြီး လိုက်စုံစမ်းတာ ထောက်ကြန့် ခြေမြန် တပ်ရင်း ၁၀၆ မှာရောက်နေ မှန်းသိရတယ်။ ကျမရယ် သားသူငယ်ချင်း မိဘတွေရယ် ထောက်ကြန့်ကိုလိုက်သွားပြီး ကလေးတယောက်ကို ကျပ်နှစ်သိန်း နဲ့ရွေးလိုက်ရတယ်”ဟု ပြောပြသည်။

ယင်းသို့ ကလေးစစ်သား စုဆောင်းမှု သတင်းများကို သိရှိနေရသော်လည်း ပြည်တွင်း စာနယ်ဇင်းများတွင် ရေးသားဖော်ပြ ခွင့်မရ၍ လူအများ မသိရှိကြောင်း ပြည်တွင်း ဂျာနယ် သတင်းထောက်တဦးက ပြောသည်။

“သွားရင်လာရင်းသတင်းလိုက်ရင်းနဲ့ ကလေးပျောက်ပြီးတပ်ထဲရောက်သွားတဲ့ သတင်းတွေ၊ တပ်ထဲ ရောက် သွားတဲ့ကလေး တွေကို ငွေသိန်းချီပေးပြီး ပြန်ရွေးရတယ်ဆိုတဲ့သတင်းတွေ မကြာခဏ ဆိုသလို ကြုံတွေ့ ရပါတယ်၊ ဒါပေမယ့် ပြည်တွင်း မှာ အဲဒီလိုသတင်းမျိုးကို ရေးဖို့အခွင့်အရေးမရှိပါဘူး”ဟု ၎င်းပြောဆိုသည်။

မြန်မာစစ်တပ် ခြေလျင် တပ်ရင်း ၇၂၇ တပ်ရင်းတွင် ကလေး စစ်သား ၇၀၀၀၀ ခန့် ရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ သိရသည်။

ထွက်ပြေးလာသော ကလေးစစ်သားတဦးရဲ့ ရင်ဖွင့်ချက်၊ ဘ၀တူတွေ အများကြီးရှိနေဆဲ

ဦးသိန်းထိုက်ဦး audio clip
Listen to ဦးသိန်းထိုက်ဦး audio clip

မြန်မာကလေးစစ်သားများ
မြန်မာ စစ်အစိုးရတပ်ထဲမှာ ကလေးစစ်သားတွေ အများအပြား စစ်မှုထမ်းနေတဲ့အကြောင်း၊ အသက်၁၄နှစ်အရွယ်မှာ တပ်သားအဖြစ် စုဆောင်း ခံရပြီးတော့ မကြာသေးခင်ကမှ ဘင်္ဂလားဒေရှ့်နယ်စပ်ကို ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်မှုထမ်း တယောက်က ပြောပါတယ်။ လူအခွင့်အရေး ချိုးဖောက်မှုနဲ့ အထက်အရာရှိတွေရဲ့ ညှင်းပမ်း နှိပ်စက်မှုအောက်မှာ အောက်ခြေ စစ်သားတွေ အများအပြား တပ်ထဲမှာ အမှုထမ်းရတာကို မပျော်ရွှင်တော့ဘူးလို့ သူကဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးသိန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်ခြားကို ထွက်ပြေးလွတ်မြောက်လာတဲ့ ရခိုင်ပြည်နယ် ဗူးသီးတောင်မြို့နယ် ခမရ ၅၆၄မှာ အမှုထမ်းခဲ့တဲ့ စစ်သားရဲ့ နာမယ်က ကိုဇေယျာအောင်ပါ။ သူက အခုအချိန်မှာ အသက် ၁၈နှစ်ရှိပါပြီ။ သူက တပ်ထဲမှာ လေးနှစ်လောက် အမှုထမ်းအပြီးမှာ အခုလို ဘင်္ဂလားဒေရှ့် နယ်ခြား နတ်မြစ်ကို ဖြတ်ပြီးတော့ ဘာကြောင့် ထွက်ပြေးလာရတာလဲလို့ မေးကြည့်တော့ ကိုဇေယျာအောင်က

“လူတိုင်း လိုက်မမီအောင် ခိုင်းတယ်။ ခိုင်းပြီးရင် ထိုးကြိတ်တယ်။ ပြီးတော့ ဘုန်းကြီးကိစ္စတွေကို ကိုယ့် မျက်စိရှေ့က ကြည့်လို့မရဘူး။ သူတို့ပြောလို့ရှိရင်လည်း ကိုယ်ပဲ အထိုးအကြိတ်ခံနေရတယ်။ ပြီးရင် အပြစ်မရှိ အပြစ်ရှာ အချုပ်တွေထည့်၊ ထောင်တွေပို့ အဲဒါတွေ လုပ်နေတယ်။”

ကိုဇေယျာအောင်က လွန်ခဲ့တဲ့ လေးနှစ်လောက်က စစ်တွေ သင်္ကြန်မှာ တခြားလူငယ်တွေနဲ့အတူ ပျော်ပါးနေတုန်း တပ်ကနေ လာဖမ်းပြီးတော့ သူတို့ကို တပ်သားစုဆောင်းရေးကို အပို့ ခံခဲ့ရတာပါတဲ့။ စစ်တပ်ထဲကို ရောက်ခဲ့ရတဲ့အကြောင်းတွေကို အခုလို ပြန်ပြောပြပါတယ်။

“ကိုယ်ဝင်တုန်းကတော့ စစ်တွေမှာ သင်္ကြန်ကျတော့ အဲဒီမှာ ခေါ်သွားတာပဲ။ ဒီလို ခေါ်သွားလို့ ပါသွားတာ။ ပါတာတော့ လေး ငါး ခြောက်ယောက်ပါသွားတာ။ ကိုယ်နဲ့ အသက် လယ်ဗယ်လောက် တွေပဲရှိတယ်။ အဲဒီမှာ ဗမာလေးတွေလည်းပါတယ်။ ပြီးရင် ရခိုင်တွေလည်းပါတယ်။ ခေါ်သွား ပြီးတော့ စုဆောင်းရေးမှာ တရက်၊ နှစ်ရက်လောက်ထားတယ်။ ထားပြီးတော့ တခါတည်း သင်တန်း ကျောင်းကို ပို့တယ်။”

သင်္ကြန်မှာ ပျော်နေတဲ့ သူနဲ့ ဆယ့်သုံးလေးနှစ် အရွယ် တခြား လူငယ် လေး ငါး ခြောက်ယောက်ကို စစ်တပ်က ဖမ်းပြီး စစ်သားစုဆောင်းရေးမှာ တရက်နှစ်ရက်ထား နောက်တော့မှ သင်တန်း ကျောင်းကို ပို့လိုက်တာလို့ ကိုဇေယျာအောင်က ပြောပါတယ်။ ဒီလိုစစ်တပ် သင်တန်းကျောင်းကို ပို့လိုက်တဲ့အချိန်မှာ မိသားစုကို စစ်တပ်ထဲမှာ ရောက်နေတယ်ဆိုတာကို အကြောင်းကြားခွင့် ရခဲ့ပါ ရဲ့လားလို့ မေးကြည့်တော့

“မလုပ်ပေးဘူး။ ဘယ်ကိုမှ အဆက်အသွယ် မလုပ်ပေးဘူး။ သူတို့က စုဆောင်းရေးကနေပြီးတော့ သင်တန်းကျောင်းမှာ နှစ်လလောက်ရောက်တဲ့ အထိကို အဆက်အသွယ်မရတာ။ မိဘတွေက ဗူးသီးတောင်မှာ။ အခုတော့ မရှိတော့ဘူး။ အခု အမေ၊ အဖေကလည်း ဆုံးသွားပြီ။ ဆုံးသွား တာတောင် အသိမကြားဘူး။ အသိလည်း မပေးဘူး။”

ဒီလိုတပ်ထဲမှာ အမှုထမ်းခဲ့တဲ့ ကာလတွေအတွင်း ဘယ်လိုအလုပ်အကိုင်တွေ လုပ်ကိုင်ခဲ့ရသလဲ။ အထက်အရာရှိတွေရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲလို့ မေးကြည့်တော့

“အလုပ်တွေကတော့ အများကြီးပဲ။ အဲဒီမှာ အထက်အရာရှိက သူတို့ ပစ္စည်းတွေက အစ ထမ်းရတာ။ ကျွန်တော်တို့တွေက ဆယ့်နှစ်ရာသီ အလုပ်က မပျက်ဘူး။ စစ်တိုက်ရတယ်။ ကရင်ပြည်နယ် ဆင်းရတယ်။ ရှမ်းပြည်ဆင်းရတယ်။ မွန်ပြည်တက်ရတယ်။ ရိုက်တာ ဘာညာတော့ရှိတာပေါ့။ ထိုးတာတို့၊ ရိုက်တာတို့။ မသွားနိုင်ရင် ထိုးကြိတ်တာတို့ ရှိတာပေါ့။ အချို့ကတော့ အပြစ်မရှိဘဲနဲ့ ကုလားတို့၊ ရခိုင်တို့ဆီကနေ ပိုက်ဆံတွေကောက်။ ကျွန်တော်တို့က၀င် ပြောတော့ ကျွန်တော်တို့က အထိုးအကြိတ်ခံ။ ပြီးတော့ ကျွန်တော်တို့က အချုပ်ထဲကို ရောက်တယ်။”

မြန်မာစစ်တပ်ထဲမှာ အမှုထမ်းနေတဲ့ စစ်သားတွေက တခြားဝန်ထမ်းတွေနဲ့ နှိုင်းစာရင် လခရော၊ အခွင့်အရေးတွေ ပိုရတဲ့အတွက် စစ်သားတွေအနေနဲ့က ပိုပြီးတော့ အဆင်မပြေဘူးလားလို့ မေးကြည့်တော့ ကိုဇေယျာအောင်က တပ်ထဲမှာ အောက်ခြေရဲဘော်တွေအကြား ပေးတာတွေနဲ့ မလောက်လို့ ထွက်ပြေးချင်တဲ့ သူတွေ အများအပြားရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်နဲ့ လာတဲ့ နောက်တယောက်ရယ်၊ ကျွန်တော်တို့ထက်အရင် ပြေးသွားတဲ့ နောက် တယောက်၊ သူကတော့ ဘယ်ကို ပြေးသွားလဲတော့ မသိဘူး။ အခုလက်ရှိကတော့ ကျွန်တော်တို့ နှစ်ယောက်ပြေးလာတယ်။ ကျန်တဲ့ ရဲဘော်တွေက ပြေးမယ့် သူတွေချည်းပဲ။ မိန်းမရှိတဲ့ သူတောင် ပြေးမယ့် သူတွေ ချည်းပဲ။ နတ်မြစ်ကို လက်ပစ်ကူးပြီးပြေးလာတယ်။”

မြန်မာစစ်အစိုးရကတော့ မြန်မာနိုင်ငံ စစ်တပ်အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားလုံးဝမရှိတဲ့ အကြောင်း မကြာခဏ ငြင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာစစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ တပ်သားသစ်အဖြစ် အများအပြား ထောင်နဲ့ချီ စုဆောင်းထားတဲ့အကြောင်း မကြာခဏပြောဆိုလေ့ရှိပါတယ်။ အခု ခမရ ၅၆၄ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုဇေယျာအောင်ကတော စစ်တပ်ထဲမှာ အမှုထမ်းအကြား ကလေးစစ်သားတွေ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့

“ဆယ့်သုံး ဆယ့်လေးလောက်ထိတောင် ရှိတယ်။ တပ်ထဲမှာ သင်တန်းဆင်းလာတဲ့ ကောင်လေး တွေရယ်၊ အရင်ရယ်၊ လက်ရှိရယ် ဆိုလို့ရှိရင် အယောက် လေးဆယ်ကျော်လောက်တော့ ရှိတယ်။ တပ်ထဲမှာ တစ်ရာနဲ့ ငါးယောက်လောက်ရှိတယ်။ ဒီမှာနေရင် တော်တော်လေးကို အန္တရယ် ရှိနေတယ်။”

သီးလေးသီးအငြိမ့်အဖွဲ့ ပြည်ပ (၃) နိုင်ငံ၌ လှည့်လည်ဖျော်ဖြေမည်

တန်ဆောင်တိုင်ပျက်လုံးများဖြင့် လူထုအကြား နာမည်ကြီးနေသည့် သီးလေးသီးအငြိမ့်အဖွဲ့သည် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌ လှည့်လည်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သီးလေးသီး အငြိမ့်အဖွဲ့က ပြောသည်။

ဒီဇင်ဘာ (၃၀) ရက်၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဇန်န၀ါရီ (၆) ရက်၌ ပီနန်မြို့၊ (၁၂) ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် (၁၉) ရက်၌ စင်ကာပူမြို့တို့တွင်ကပြရန် စီစဉ်ထားကြောင်း စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာက ပြောသည်။

၎င်းက “ဘယ်အထိမ်းအမှတ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ကျနော်တို့ ဆေးရောင်စုံအဖွဲ့က ပြည်ပ ထွက်ပြီးတော့ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူတွေကို ဖျော်ဖြေတဲ့ပွဲပဲပေါ့။ကျနော်တို့ ရှေ့မှာသီချင်းလေးတွေဆိုမယ် သံချပ်ထိုးမယ် ပြီးရင်အငြိမ့်ကမယ်” ဟု ပြောသည်။

စင်ကာပူပွဲအပြီးတွင် ပြည်ဝင်ခွင့်ဗီဇာအဆင်ပြေပါက ဇန်န၀ါရီ (၂၅ နှင့် ၂၆) တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌့ သွားရောက် ဖျော်ဖြေရန်ဆန္ဒရှိပြီး အမေရိကန်နိုင်ငံရှိ မြန်မာပရိသတ်များကလည်း လာရောက်ဖျော်ဖြေရန် ကမ်းလှမ်းထားသည်ဟု ဂေါ်ဇီလာက ပြောသည်။

ဒီဇင်ဘာ (၃၀) ရက် မလေးရှားတွင် ဖျော်ဖြေမည့်အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားကြောင်း ပွဲစီစဉ်သူတို့ကပြောသည်။

ဇန်န၀ါရီ (၁၉) ရက် စင်ကာပူအငြိမ့်ပွဲကို လဗန်းဒါးဘူတာရုံအနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားကြောင်း သိရသည်။

သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေမည်ဖြစ်သည်။

စက်တင်ဘာအရေးအခင်းအပြီး ကပြခဲ့သည့် သီးလေးသီးအငြိမ့်၏ တန်ဆောင်တိုင်ပျက်လုံးများ အနက် “ရန်သူမျိုးငါးပါးဆိုတာက ရေ၊ မီး၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သူ ငါးပါးနော်။ ခု ပြောင်းသွားပြီ မင်းရယ်၊ သူခိုးရယ်၊ မချစ်မနှစ်သက်သူရယ်က တယောက်တည်းဖြစ်သွားလို့” ဆိုသည့်ပျက်လုံးနှင့် “မသိုးသင်္ကန်းများ မကပ်လိုက်ရဘဲ သိမ်းထားလိုက်ရသည့်အတွက် သိုးကုန်ပြီ” ဆိုသည့် ပျက်လုံးတို့မှာ ရေပန်းစားသည်။

ချုံဖော်တွင် ရခိုင်လူမျိုး (၂) ဦး သတ်ဖြတ်ခံရ

လွန်ခဲ့သည့် တနင်္လာနေ့၊ ညပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော်မြို့နယ်၊ လန်ဇန်းကျေးရွာရှိ ဆီအုံးစိုက်ပျိုးရေးခြံတွင် လုပ်ကိုင်နေကြသော ရခိုင်လူမျိုး (၃) ဦးကို ထိုင်းလူငယ်များက သတ်ဖြတ်သွားရာ (၂) ဦးမှာ ပွဲချင်းသေဆုံးသွားပြီး ကျန်တဦးမှာ ဒဏ်ရာပြင်းထန်စွာဖြင့် ချုံဖော်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည်။

သေဆုံးသူများမှာ ကျောက်တော်မြို့နယ်၊ နေပူခံကျေးရွာမှ ဖြူဖြူ၊ တင်းမသစ်ကျေးရွာမှ မောင်လုံးတို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူ ဦးသန်းလှိုင်မှာလည်း တင်းမသစ်ကျေးရွာမှဖြစ်ကြောင်း သိရသည်။

သေဆုံးဒဏ်ရာရသူများနှင့် တနယ်တည်းသားဖြစ်သည့် ကိုမောင်ဇော်က “ဘာမှလည်း ရန်ငြိုး မရှိပါဘူး၊ ကျနော်တို့သိသလောက်ကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ထိုင်းလူငယ်တွေက ဓားပြ တိုက်တာဖြစ်နိုင်ပါတယ်။ အခုသူတို့ကိုသတ်ပြီးတော့ ဖုန်းသုံးလုံးနဲ့ ငွေ (၁၀၀) ယူသွားတယ်လို့ ဖမ်းဆီးခံထားရသူတွေက ရဲစခန်းမှာ စစ်ဆေးခံထားတယ်လို့ ကျနော်တို့ကြားရပါတယ်” ဟု ပြောသည်။

သတ်ဖြတ်သွားသူ လူငယ် (၆) ဦးထဲမှ (၄) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမှာလည်း ဒဏ်ရာရ ထားသူကို ၎င်းတို့က သေပြီဟုထင်ထား၍ဖြစ်ကြောင်း ကိုမောင်ဇော်က ပြောသည်။

၎င်းက “သူတို့က သူဌေးအိမ်နားမှာ အလုပ်ဆင်းရတာလေ။ မနက်ပိုင်း အလုပ်ဆင်းချိန်ကျတော့ ရောက်မလာလို့ သူဌေးက အလုပ်သမားခေါင်းဆောင်ကို လွှတ်ပြီးခေါ်ခိုင်းတယ်လေ။ အဲဒီခါကျမှ သေနေတာတွေ့တယ်။ မသေသေးတဲ့သူက မျက်စိဖွင့်ကြည့်တော့ တက်လာတဲ့သူက ကိုယ့်ရဲ့ အလုပ်သမားခေါင်းဖြစ်နေလို့ သူက ပြောပြတာလေ။ အဲဒီလူကလည်း သူဌေးကိုသွားတိုင်တဲ့အခါမှ ပုလိပ်တွေရောက်လာတာ” ဟု ပြောသည်။

ချုံဖော်တွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ မကြာခဏဆိုသလို သတ်ဖြတ်ခံရမှုများ ရှိကြောင်း ယင်းဒေသတွင်နေထိုင်သည့် ရခိုင့်တံခွန်ဂျာနယ်သတင်းထောက် ကိုရွှေမောင်းက ပြောသည်။

၎င်းက “လတိုင်းလိုလိုပါပဲ အသတ်ခံနေရတာ။ ပင်လယ်ပြင်မှာသတ်လိုသတ်၊ တော်ကြာနေ ဘာအကြောင်းပြချက်မှမရှိဘဲ အသတ်ခံရနဲ့ လပဲခြားမယ်၊ နှစ်ခြားတယ်ဆိုတာမရှိဘူး။ တခြား ဟာထားဦး သူဌေးတွေက အလုပ်တွေခိုင်း၊ စာရင်းမရှင်းချင်တော့ဘူး။ ပြီးခဲ့တဲ့လကဆို ကျနော်တို့ဒေသက ကောင်လေးတယောက်ကို စာရင်းရှင်းရမှာစိုးလို့ ပစ္စည်းခိုးတယ်ဆိုပြီး ပုလိပ်ခေါ်တာ၊ ပုလိပ်ကရိုက်တာမှ ကျနော်ညှိပြီးထုတ်ထားလိုက်ရတယ်” ဟု ပြောသည်။

တောင်ငူခရိုင်တွင် နအဖ တပ်အင်အားတိုးချဲ့၍ ဒေသခံများပိုမိုဒုက္ခရောက်

karen
ဗိုလ်မှူးချုပ် မဲအေစိန်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၂) တောင်ငူ ခရိုင်အတွင်း လွန်ခဲ့သည့် လလယ်မှ စတင်ကာ နအဖ စစ်တပ်မှ တပ်အင်အားများ ထပ်မံတိုးချဲ့ကာ ဒေသတွင်း ရှိရွာသားများအား တပ်စခန်းဆောက်လုပ်ရေးနှင့် ရိက္ခာ ပို့ဆောင်ရေးအတွက် အဓမ္မလုပ်အားစေခိုင်းမှုများ
ယခင်ထက် ပိုလုပ်လာသဖြင့် ဒေသခံများ ဒုက္ခရောက် နေကြောင်း တပ်မဟာ (၂) မှူး ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။

၎င်းက “ကျနော်တို့ဒေသကို မြေလှန်စနစ်နဲ့ အပြတ်ရှင်းဖို့ လုပ်နေတယ်။ ရွာသားတွေကို တောင်ယာ လယ်နဲ့ စိုက်ပျိုး ရေးတွေ လုပ်ခွင့်မပေးဘူး။ ရွာတွေကို ပိတ်ဆို့ထားတယ်။ စားနပ်ရိက္ခာတွေလည်း ရောင်းဝယ်
ခွင့်မပြုဘူး။ သူတို့တပ်အတွက် အဓမ္မလုပ်အားပေးစေခိုင်းမှုတွေ လုပ်ရပြီး ရွာသားတွေကို လူသားမိုင်းရှင်းကိရိယာအဖြစ်သုံးတယ်။ ဆတ်သားအဖြစ် သုံးတယ်။ တပ်စခန်း ဆောက်လုပ် ရေးတွေကို ကိုယ့်ရိက္ခာကိုယ်စားပြီး သွားလုပ်ပေးရတယ်။ ကိုယ့်ရဲ့ ခြံအလုပ်တွေနဲ့ သီးနှံတွေကို လုပ်ကိုင်ရောင်းဝယ်ခွင့်မပြုဘူး။ အခု တောင်ငူခရိုင် ထန်းတပင်နယ်မှာ အိုးအိမ် ပစ်ပြေးနေရတဲ့
IDP ရွာသား (၁၀,၀၀၀) လောက်ရှိတယ်” ဟု ပြောသည်

ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစပြီး နအဖတပ်များမှ စကခ (၄) ၊ (၁၀)၊ (၂၁) တို့၏လက်အောက်ခံ တပ်ရင်းစုစုပေါင်း (၂၁) ခုထပ်မံအင်အားတိုးချဲ့လာကြောင်း ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။

ယခုလ (၂၇) ရက်က စကခ (၁၀) မှူးက ဘောဂလိကြီးကျေးရွာအုပ်စုရှိ ရွာ (၁၂) ရွာအား တအိမ် တယောက်နှုန်းဖြင့် ဆတ်လူးချောင်း တပ်စခန်းဆောက်လုပ်ရေးအတွက် မိမိရိက္ခာနှင့် မိမိလုပ်အား ပေးစေခိုင်းခဲ့သည်ဟု သိရသည်။

“ရွာသားတွေဟာ ဆန်ဝယ်စားမယ်ဆိုရင် နအဖစစ်တပ်မှာ ခွင့်ပြုချက်တောင်းရတယ်။ ကိုယ့်
သဘောနဲ့ကိုယ် သွားဝယ်စားမယ်ဆိုရင် ပစ်သတ်တဲ့အထိ အရေးယူတာတွေရှိတယ်။ ဒီလ (၁၀) ရက်နေ့ကလည်း စကခ (၄) လက်အောက်ခံ ခမရ (၇၁၀) (၇၀၃) (၇၀၇) တပ်တွေဟာ ထန်း တပင်မြို့နယ် သေ့အီးခီးရွာကိုဝင်စီးပြီး စပါးကျီနဲ့ တွေ့သမျှပစ္စည်းတွေကို သိမ်းယူသွားတာ ကာလတန်ဖိုး (၁၉၅) သိန်းခန့်ရှိတယ်” ဗိုလ်မှူးချုပ် မဲအေစိန်က ပြောပြသည်။

နအဖသည် KNU အုပ်ချုပ်ရေးဒေသတွင် နေထိုင်သူများကိုသာမက ၎င်းတို့ အုပ်ချုပ်ရေးဒေသ အောက်တွင် နေထိုင်သူများအားလည်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ ပြုလုပ်နေကြောင်း၊
ယခုလ (၂၂) တွင် တပ်စခန်း အသစ်များတည်ဆောက်ရန်အတွက် ဘောဂလိတွင်ရှိသည့် အရပ်သား ကား (၆) စီးအား ကားတစီးလျှင် အုတ်ခဲ အချပ်ရေ (၁၀,၀၀၀)၊ ထုံးနှင့် ဘိလပ်မြေ
အိတ် (၃၀) အပါအ၀င် သဲနှင့်ကျောက်များကို စကခ (၁၀) မှူးက အခမဲ့ပို့ဆောင်ခိုင်းခဲ့သည်ဟု
၎င်းက ပြောသည်။

တောင်ငူခရိုင်သည် ပျဉ်းမနားနှင့် ဆက်စပ်နေပြီး ကြပ်ပြေးနေပြည်တော်တည်ဆောက်ရေးနှင့် နီးကပ်နေသောကြောင့်လည်းကောင်း၊ မန္တလေး-ရန်ကုန် ရထားလမ်း ကားလမ်းပိုင်း ဗဟိုဖြစ် သည့်အတွက် မိမိတို့အား အပြုတ်တိုက်မည်ဖြစ်ကြောင်း၊ တောင်ငူဒေသတခုလုံးအား တပ်နယ် တပ်မြို့အဖြစ်တည်ဆောက်ရန် အစီအစဉ်ရှိသည်ဟုသိရကြောင်း၊ နအဖ၏ ထိုးစစ်အား ပြောက် ကျားနည်းဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။

Tuesday 25 December 2007

သန်းရွေ ယုတ်မာပက်စက် နေပြန်ပြီ။


ရွေ တိဂုံဘရားမှာ သန်းရွေ ကျောက်စိမ်းဘုရား တဆူ ကို လျူထားတယ်လို့ သိရတယ်။ ဘုရားပုံတော်ကိုသူမျက်နာနဲ့ တူအောင်ထုထားတယ်လို့ ဆိုတယ်။ ဘုရားကိုလူတွေကတော့သလို မျိုး သူကိုလူတွေက ကတော့အောင် မပုန်ကန်ရဲ အောင်လို့ ဆိုတယ်။ ဘုရားက ရုပ်ပွားတော်က ညဏ်တော် ၁ဒသမ ၅ မီတာမြင့်တယ်လို့ သိရတယ်။ ရွေတဂုံဘုရား တောင်ဖက် မုဒ် အခြမ်းမှာရှိတယ်။ သတင်းအပြည့် အစုံ ကို အောက်မှာ အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရူ နိင်ပါတယ်။ ဒီသတင်းကို အင်တာနက်မှတဆင့်ရရှိလို့ အများ

ပြည်သူများသိရှိရန် တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

Than Shwe first insulted the Buddha before he murdered the monks

Found at the Burma’s holiest shrine, Shwedagon Pagoda, Than Shwe-like Jade Buddha Image is clearly lacking in serenity and calmness of Buddha.

Like many of my fellow Burmese people still reeling from the brutal September crackdown, I recently paid a visit to the Shwedagon pagoda for much-needed spiritual comfort but only discovered another painful truth. Burmese Senior General, Than Shwe, has insulted the Buddha long before he killed the sons of Buddha.

After arriving at a rest-hall named Ponnya-Kusala-Bahukara, located between the southern corner and western corner of the pagoda, I was aware of a 1.5 m-high jade Buddha image whose face strikingly resembles that of Than Shwe. In great amazement, I repeatedly surveyed the face of the image and could ascertain that its facial proportion and appearance are nearly the same as Burmese junta-chief’s. The forehead of the Buddha image is set with precious gems. According to the brass plates that describe the history of this “Jade Buddha Image”, it weighs a total of 324 kg and is adorned with 91 rubies, 9 diamonds and 2500.28 gram of gold. Sculpted in 1999 when the Shwedagon Pagoda was renovated on a large scale under the supervision of former General Khin Nyunt, the image was housed in a glass-walled room— probably to make its abnormality easily unnoticeable to the pilgrims.

Observing the image more and more closely, I was overcome by feelings of discomfort and abhorrence one usually feels when seeing at Than Shwe’s face, burdened with mountains of grisly crimes he committed against his own people and thus as gloomy and dirty as Burmese currency notes. Obviously, this Buddha image can be one of many crazy things Than Shwe did for his continued rule on the advice of astrologers (probably including the move of ministry buildings from Yangon to a jungle redoubt in central Myanmar and naming the new capital Naypyidaw—meaning royal palace), wasting an enormous amount of country’s wealth while many of Burmese people are living in abject poverty. In fact, the peaceful atmosphere of Shwedagon Pagoda where the sacred relics of past three Buddhas were enshrined in is contaminated by this kind of bizarre astrological act aimed at self-exaltation.

Of Three Gems for all Buddhists--Buddha, Dhamma and Sangha Order, Than Shwe has already assaulted the first and the third to desperately maintain his grip on power and to build a personality cult around him. “And would he even continue to make amendments to the Buddha’s teachings, the Second Gem that categorically denounces the unjust rule?” I thought to myself because the most well-known Buddhist monk, Sayadaw Ashin Nyanissara and other Buddhist monk-preachers began launching thinly-veiled attacks against the recent crackdown in their latest discourses, using direct quotes from the Buddhist scriptures.

Of course, given his lack of qualms about even insulting the Buddha, it should be no wonder that Than Shwe decided to butcher the peacefully-protesting monks who have preserved the teachings of Buddha for 2550 years ago. And I wonder if the strongman who dares to insult the Buddha and kill the monks has a genuine will to help transform Burma to a democracy. I doubt it, but one sure thing is that Than Shwe’s faith in astrology could have become more passionate these days because he found himself killing the monks just two months after “ewhsnahtrellik-killerthanshwe” joke came out.

စက်လှေမှောက်သေဆုံးသူ မြန်မာ (၂၂) ဦး အလောင်းကို ထိုင်းအာဏာပိုင်များသင်္ဂြိုဟ်

ယခုလ (၂၀) ရက်တွင် ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းစက်လှေတစီးနှင့်တိုက်မိကာ နစ်မြုပ်သွား သော စက်လှေပေါ်တွင်ပါရှိသည့် သေဆုံးသူမြန်မာနိုင်ငံသားအလောင်းများကို ပြီးခဲ့သည့် စနေ နေ့ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ရနောင်းမြို့၊ ၀ပ်ပါချမ်းဘုန်းကြီးကျောင်းတွင် မီးသင်္ဂြိုဟ် လိုက်သည်။

ကလေး (၄) ဦး၊ အမျိုးသမီး (၇) ဦးအပါအ၀င် မြန်မာနိုင်ငံသားအလောင်း (၂၂)လောင်းကို ပြီးခဲ့ သည့် စနေနေ့၊ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့အနီးရှိ ကော့စင်ဟိုင်းကျွန်းနှင့် ကော့ချမ်းကျွန်းအနီးတွင် ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မီးသင်္ဂြိုဟ်သည့်နေရာသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက ရနောင်းခရိုင်ဝန် အပါ
အ၀င် ရဲနှင့်စစ်တပ်မှတာဝန်ရရှိသူများ၊ ပြည်သူ့စစ်များနှင့် လူမှုအဖွဲ့အစည်းများက အလှူငွေ
ဝိုင်းဝန်းထည့်ပြီး ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ မီးသင်္ဂြိုဟ်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံတင်တယ်၊ တင်ပြီးတာနဲ့ သူတို့ကို အမိန့် စာပြန်တယ်၊ အခုသေဆုံးခဲ့ပေမယ့် ထိုင်းနိုင်ငံအနေနဲ့ ဥပဒေကြောင်းအရ အရေးမယူဘူး၊ မင်းတို့ထိုင်းနိုင်ငံထဲရောက်ပေမယ့် ဥပဒေနဲ့မသက်ဆိုင်ဘူး၊ ဒို့နိုင်ငံနဲ့လည်းမဆိုင်ဘူး၊ အဲဒီ
တော့ မင်းတို့ကိုကောင်းရာသုဂတိလားဖို့၊ နောက်ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလိုမျိုးအဖြစ်တွေ မကြုံပါစေနဲ့ ဒီလိုပေါ့နော် ဆုတောင်းမေတ္တာပို့ပြီးတော့ ထိုင်းလို၊ ဗမာလိုပေါ့နော်” ဟု ပြောသည်။

တိမ်းမှောက်သွားသောစက်လှေပေါ်မှ ခရီးသည် (၅၀) နီးပါးသေဆုံးမည်ဟု ခန့်မှန်းကြပြီး သေဆုံး သူအရေအတွက် အတိကျသိရှိရန်မလွယ်ကူဟုလည်း ရနောင်းအခြေစိုက် လူမှုရေးအဖွဲ့အစည်း တခုဖြစ်သည့် World Vision အဖွဲ့၏လူကုန်ကူးမှုဆိုင်ရာဌာနခွဲမှ ကိုအောင်ချမ်းမင်းက ပြောသည်။

“အကုန်လုံးသေတာက (၄၇) ယောက်လို့ ကျနော်တို့ကြားတယ်။ အယောက် (၂၀) ကျော်လောက်
ပဲ အလောင်းရတယ်။ ပြဿနာက အလောင်းတချို့တ၀က်ဟာ ကျနော်တို့မြန်မာရေဘက်ထဲကို မြောသွားတဲ့အခါကျတော့ ပြန်လိုက်ဆယ်ဖို့ အရမ်းခက်ခဲတယ်” ဟု ပြောသည်။

အလောင်းအချို့ မြန်မာရေပိုင်နက်အတွင်းမြောနေသေးကြောင်း ကော့သောင်း-ရနောင်း ကူးတို့ ပြေးဆွဲနေသော စက်လှေသမားတဦးက ပြောသည်။

ပါဝင်ပတ်သက်သည်ဟု ယူဆရသော လူပွဲစားများသည် တိမ်းရှောင်နေပြီး စက်လှေနစ်မြုပ်ရာမှ လွတ်မြောက်လာသော်လည်း အာဏာပိုင်များစစ်ဆေးမည်ကို စိုးရိမ်သဖြင့် ရေငုံနှုတ်ပိတ်နေသူ များလည်း ရှိနိုင်သည်ဟု ကိုအောင်ချမ်းမင်းက ပြောသည်။

ချင်းလူမျိုးအများစုပါဝင်သည်ဟု ယုံကြည်ရသော စက်လှေစီးခရီးသည်များသည် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ကမ်းခြေဘက်မှတဆင့် မလေးရှားနိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်မည့် သူများဖြစ်ကြောင်း သိရသည်။

“ဒီပွဲစားတွေက ဘယ်အထိ ပို့ပေးလဲဆိုတော့ ဒီတောင်ပိုင်းဒေသဘက်ဆိုရင် ယလာ၊ ပတ္တာနီ အဲဒီဘက်က၀င်တယ်၊ အဲဒီဘက်ကနေတဆင့် မလေးဝင်တာရှိတယ်၊ အဲဒီပုံစံတွေပေါ့။ အပေါ်ပိုင်းကျတော့ ဘန်ကောက်၊ မဟာချိုင်တို့ကတဆင့်ပေါ့” ဟု ကိုအောင်ချမ်းမင်းက ဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရမှ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

မြန်မာစစ်တပ်က ကေအန်ယူဒေသအတွင်း တပ်အင်အား သုံးဆတိုးမြှင့်ချထား

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) ဘားအံခရိုင်အတွင်း ယခင်လဆန်းမှစတင်ကာ မြန်မာစစ်တပ်မှ ယခင်ထက်တပ်အင်အားသုံးဆခန့် တိုးမြှင့်ချထားလိုက်ပြီး ဒေသတွင်းကျေးရွာ သားများအား အဓမ္မလုပ်အားစေခိုင်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအားတိုးက ပြောသည်။

၎င်းက “ကျနော်တို့ဒေသမှာ အရင်က စကခ (၁၂) လက်အောက်ခံ တပ်ရင်း (၅) ရင်းရှိတယ်။ အခုလက်ရှိ စကခ (၁၅) လက်အောက်ခံ တပ်ရင်း (၅) ရင်းနဲ့ ရတခ တပ်ရင်း (၅) ရင်း ထပ်တိုး တယ်။ အားလုံး (၁၅) ရင်း၊ ဒီကေဘီအေ မပါသေးဘူး။ အဓိက နယ်မြေစိုးမိုးရေးပဲ။ အခြားလှုပ် ရှားက (၄) ရင်းရှိတယ်။ ကျနော်တို့ ကေအန်ယူမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး စွဲကိုင်
ထားတဲ့ အခြေခံမူတွေရှိတယ်။ အဲဒါကြောင့် အရင်တော့မတိုက်ဘူး။ ကိုယ့်ကိုလာတိုက်လို့က
တော့ ခုခံစစ်နဲ့ ကာကွယ်သွားဖို့ ကျနော်တို့မှာ အရန်သင့်ရှိတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များအတွက် ဘားအံခရိုင်အတွင်းတွင် ဒေသခံရွာသားများမှာ လုပ်အားအဓမ္မစေခိုင်းခံနေရကြောင်း၊ အထူးသဖြင့် ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်မှ ရွာသားများသည် နအဖထံ လက်နက်ချသွားသည့် ကေအန်ယူမှ ဗိုလ်ဌေးမောင် တို့အဖွဲ့အတွက် လမ်းပြင်ခြင်း၊ ရော်ဘာနှင့် ကြက်ဆူစိုက်ခြင်းတို့ကို ကိုယ့်ထမင်းကိုယ်စား၍ လုပ်အားပေးနေရကြောင်း ၎င်းကပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ ကေအန်ယူသည် ပြည်ပထောက်ပံငွေများဖြင့်
လက်နက်ခဲယမ်းများဝယ်ယူပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း စွပ်စွဲ
ထားသည်။

ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ ကေအန်ယူသည် ကရင်အမျိုးသားများအတွက် တော်လှန်တိုက်ပွဲ
ဝင်လာခဲ့သည်မှာ (၅၉) နှစ်ရှိပြီး ကရင့်တော်လှန်ရေးအား ကရင်လူထု၏ထောက်ခံမှုဖြင့် ဆက် လက်တိုက်ပွဲဝင်နေကြောင်း၊ နိုင်ငံတကာအထောက်အပံ့နှင့် တိုက်ပွဲဝင်နေခြင်း မဟုတ်သည်မှာ တကမ္ဘာလုံးအသိပင်ဖြစ်ကြောင်း ဘားအံခရိုင်ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မဟာ (၇) ဒေသအခြေအနေနှင့်ပတ်သက်၍ တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီအား ဆက်သွယ် ခဲ့သော်လည်း ခရီးလွန်နေသဖြင့် ဆက်သွယ်၍မရရှိပေ။

မြန်မာနိုင်ငံကို ဖိအားဆက်ပေးသွားမည်ဟု ကွန်ဒိုလီဇာရိုက်စ်ပြော


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာရိုက်စ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်
က မြန်မာစစ်အစိုးရအနေဖြင့် ဒီမိုကရေစီအတိုက် အခံများနှင့် တွေ့ဆုံဆွေးနွေးလာစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်နိုင်ငံတို့နှင့် အမေရိကန်
က ဆက်လက် ကြိုးစားအားထုတ်သွားမည်ဟု ပြောသည်။

သံဃာတော်များဦးဆောင်သည့် စက်တင်ဘာ ဆန္ဒပြမှုကို နှိမ်နင်းသည့် နအဖစစ်အစိုးရအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု လျော့နည်းလာသည်ကို စိုးရိမ်ပူပန်ကြောင်း မစ္စရိုက်စ်က ပြီးခဲ့သည့် သောကြာနေ့၌ ထုတ်ဖော်ပြောကြားခဲ့သည်။



အမေရိကန်နိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်၏ အမြင်နှင့်ဆွေးနွေး
ချက်များကို နားထောင်စေလိုကြောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီအား ပမာမခန့်လုပ်နေမှုကိုလည်း အဆုံးသတ်စေလိုကြောင်း မစ္စရိုက်စ်ကပြောသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင်မက်ကောမက်ကလည်း နအဖစ်အစိုးရ၏ မကြာသေးမီက ဒီမိုကရေစီလှုပ်ရှားသူများအား ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်လိုက်သည်။

နအဖစစ်အစိုးရသည် စစ်မှန်ပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီကူးပြောင်းရေးကို ကြိုစားလုပ်ဆောင် နေသည်ဟု ပြောနေသော်လည်း ဆန္ဒပြလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးနေကြောင်း၊ ယင်း
သို့လုပ်ဆောင်နေခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မျှော်မှန်းချက်ကို ဖြည့်စွမ်းခြင်း မရှိ ကြောင်း ၎င်းကပြောသည်။

စက်တင်ဘာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် နအဖစစ်အစိုးရအား အပြစ်ပေး အရေး
ယူသည့်အနေဖြင့် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့် သစ်တင်ပို့မှု တားဆီးပိတ်ပင်အရေးယူ သည့်ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထောက်ခံ အတည်ပြုခဲ့သည်။

ထို့ပြင် သမ္မတဘုရှ်ကလည်း မြန်မာစစ်အစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်း ဆိုမှုများကို ဆက်လက်လျစ်လျူရှုနေမည်ဆိုပါက မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများပြုလုပ်
မည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတရပ်ကို အမေရိကန်နိုင်ငံက ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

စက်တင်ဘာဆန္ဒပြမှုတွင် နအဖစစ်အစိုးရ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် လူ (၃၁) ဦး သေဆုံး
ခဲ့ပြီး (၇၄) ဦးပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

သံတွဲထောင်မှ ကိုမင်းအောင် မိသားစုနှင့် တွေ့ခွင့်ရတော့မည်

မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အန်အယ်ဒီ တွဲဘက်အတွင်းရေးမှုး ကိုမင်းအောင်ကို လာမည့် ဒီဇင်ဘာလ ၃၀ ရက်တွင် မိသားစုနှင့် တွေ့ခွင့် ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာက အကြောင်း ကြားထားကြောင်း သတင်းရရှိသည်။

ကိုမင်းအောင်ကို မြို့နယ်အာဏာပိုင်များမှ လွန်ခဲ့သည် အောင်တိုဘာ ၁၃ ရက်နေ့က ရဟန်း သံဃာတော်များအား ဆူပူအောင် လှုံဆော်သည့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မိသားများစုများနှင့် တွေ့ဆုံခွင့်ရခြင်း ဖြစ်သည်။

ကိုမင်းအောင်ကို ဖမ်းဆီးပြီးချက်ချင်း သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး အောက်တို ဘာ ၁၇ ရက်နေ့က ပုဒ်မ ၂၉၄ (က)၊ သင်းခွဲပုဒ်မ(၆)တို့ဖြင့် အကျဉ်းချုပ် တရားစွဲဆိုပြီး ထောင်ဒဏ် ၉-နှစ် နှင့်ခြောက်လ ချမှတ် လိုက်သည်။


နောက်ပိုင်းတွင် အယူခံဝင်ခြင်းကြောင်း ထောင်ဒဏ် ၂-နှစ်ခန့် လျော့ပေးလိုက်ကြောင်း သိရှိရသည်။

ကိုမင်းအောင်ကို ဖမ်းဆီးသွားပြီးနောက် ယခုကဲ့သို့မိသားစုနှင့်တွေ့ဆုံခွင့်ပေးမည်ဆိုသည်မှာ နှစ်လအတွင်း ခြောက်ကြိမ်မြှောက် ဖြစ်ကြောင်း သိရှိရသည်။

ကိုမင်းအောင်ကို ဖမ်းဆီးသွားကတည်းက မိသားစုနှင့် တွေ့ခွင့်ပေးမည်ဟု အာဏာပိုင်များမှ ငါးကြိမ်တိုင်တိုင်ပြောခဲ့သော်လည်း တကြိမ်တခါမှ တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် ယခု တကြိမ်တွင်လည်း ကိုမင်းအောင်နှင့်တွေ့ခွင့်ရ မရကို တတ်အပ်သေချာ မပြောနိုင် သေးကြောင်း ကိုမင်းအောင် မိသားစုဝင် တဦးမှ ပြောသည်။

တောင်ကုတ် အဖွဲ့ချုပ် အဖွဲ့ဝင်များကို တောင်ကုတ်မြို့တွင် ပေါ်ပေါက်ခဲ့သော လူထုဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲများအား နောက်ကွယ်က ကြိုးကိုင်ခဲ့သည်ဟု စစ်အာဏာပိုင်များက ယူဆထားပြီး ထိုယူဆချက်ဖြင့် အဖွဲ့ချုပ် အဖွဲ့ဝင်များအား အငြိုးထားပြီး ထောင်ထဲတွင် ပြင်းပြင်းထန်ထန် နှိပ်စက်မှုများပြုလုပ်နေကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်းများအရ သိရှိရသည်။

စစ်တွေမြို့တွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း ခေါင်းဆောင်ခဲ့သူများကို ဓါတ်ပုံဖြင့်လိုက်၍ ဖမ်းဆီးနေ

မောင်သစ်အောင် (နိရဉ္စရာ) စစ်တွေမြို့တွင် ရဲနှင့် စစ်ထောက်လှမ်းရေးများက ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ခဲ့သူ များအား လိုက်လံရှာဖွေ ဖမ်းဆီးနေသဖြင့် အရေးအခင်းအတွင်း ဦးဆောင်ခဲ့သူ ရဟန်းတော်များ၊ ကျောင်းသားများနှင့် ပြည်သူများမှာ စစ်တွေမြို့ကတဆင့် တောလက်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ဒီဇင်္ဘလာ ၁၉ ရက်နေ့က စစ်တွေမြို့မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသူ စစ်တွေ တက္ကသိုလ်မှ ကျောင်းသားတဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“စစ်တပ်ကတော့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့သူတွေကို အေးအေးဆေးဆေးနဲ့ လိုက်ဖမ်းဆီးနေပါတယ်။ ကျနော်အပါအ၀င် ဆန္ဒပြခဲ့ကြခဲ့တဲ့သူတွေဆိုလို့ ရှိရင် ဘယ်သူမှ အိမ်မှာမနေပဲ ရှောင်နေကြပါတယ်၊ ကျနော်လည်း အစတော့ ဆန္ဒပြတဲ့ အထဲမှာ မပါဝင်ခဲ့ပါ၊ ဒါပေမဲ့ နောက်ပိုင်း မဖြစ်ဘူးဆိုပြီး အလံကိုင်ပြီး ရှေ့တန်းက လိုက်တော့ ဆန္ဒပြတာကို စစ်တပ်နဲ့ နီးစပ်တဲ့ ဓါတ်ပုံဆိုင်တဆိုင်က ဓါတ်ပုံရိုက်တယ်။ အခုက အဲဒီဓါတ်ပုံဆိုင်က တဆင့် ကျနော် ဓါတ်ပုံကို ထောက်လှမ်းရေးနဲ့ ရဲကရသွားတော့ ကျနော်ကို ဖမ်းမယ်ဆိုတာကို သိတော့ ဘင်္ဂလာကို ထွက်ပြေးလာရတာ ဖြစ်ပါတယ်။”

၎င်းအပြင် “ခုပိုဆိုးလာတာက ဒီဇင်္ဘာလ နောက်ဆုံးအပတ်နဲ့ ဇန္န၀ါရီ ၄ ရက်နေ့မှာ ဆက်ဆန္ဒပြမယ်ဆိုပြီး ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေနဲ့ ကာတွန်းတွေကို ရေးဆွဲ ချိတ်ကပ်နေတော့ အာဏာပိုင်တွေက ပိုပြီးတော့ လုံခြုံရေးကို တင်းကျပ်လာသလို လူတွေကိုလည်းလိုက်လံမေးမြန်းမှုတွေ ရှာတာ ဖွေတာတွေ ပြုလုပ်လာတော့ ဘယ်သူမှ အိမ်မှာ မနေရဲဘဲ ဖြစ်လာပါတယ်။” ဟု သူက ဆက်လက် ပြောကြားသည်။

စစ်တွေမြို့တွင် အစိုးရ ဆန့်ကျင်ရေး စာများမှာ ဆက်လက်ပျံ့နှံ့ နေတုန်းဖြစ်သဖြင့် အာဏာပိုင်များက လုံခြုံရေးကို မရုတ်သိမ်းဝံ့ဘဲ ရှိနေပြီး အရေးကြီးသော နေရာများဖြစ်သည့် အတုလမာရဇိန်ဘုရားကြီး၊ ဦးရဲကျော်သူကျောင်း၊ လောကာနန္ဒာစေတီ၊ ထောင်ပတ်ပတ်လည်နဲ့ အာဂျိတ်တော် ကုန်းတော်များတွင် လုံထိန်း၊ ရဲနှင့် စစ်သားများကို ဆက်လက် ဖြန့်ကျက်ချထားကြောင်း သိရှိရသည်။

စစ်တွေမြို့ပေါ် အခြေအနေမှာ မျက်မြင်ဆိုလျှင် အေးဆေးတည်ငြိမ်နေသည်ဟု ထင်မြင်ရသော်လည်း သတင်းပေးများ ထောက်လှမ်းရေးများနှင့် ကြံ့ဖွတ်များမှ နေရာတိုင်းတွင် အရပ်သားပုံစံမျိုးဖြင့် အခြေအနေကို စောင့်ကြည့် နေကြကြောင်း၊၎င်းအပြင် ရွှေဝါရောင် တော်လှန်ရေးထဲတွင် ပါဝင်သူများအား ဓါတ်ပုံ အထောက်အထားများနှင့် လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း အဆိုပါ ကျောင်းသားက ပြောသည်။

နအဖ အာဏာပိုင်က အတင်းအဓမ္မ ပါဝင်ခိုင်းထားသော စွမ်းအားရှင်အဖွဲ့ထဲရှိ ကျောင်းသားလူငယ် တချို့ကိုလည်း စာရွက် စာတန်းဖြန့်ဝေမှုကြောင့် စစ်တပ်က စစ်ဆေးမေးမြန်းမှုများ စတင်လုပ်ဆောင်နေသဖြင့် တချို့ကျောင်းသားများမှာ ဘေးကျပ်နံကျပ် အခြေအေနသို့ ရောက်ရှိနေကြာင်း သိရှိရသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က စစ်တွေတွင် ဆန္ဒပြပွဲ ပေါ်ပေါက် မည်ဆိုသော သတင်းကြောင့် ရဲနှင့်လုံထိန်း မြို့ထဲတွင် ဖြန့်ကျက်

12/24/2007

ရခိုင်ပြည်နယ် စစ်တွေတွင်လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲ ပေါ်ပေါက်မည်ဆိုသော သတင်းကြောင့် စစ်တွေမြို့၏ အရေးကြီးသော နေရာများတွင် ရဲနှင့် လုံထိန်းများအား တင်းတင်းကျပ်ကျပ် ချထားလိုက်ကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ တဦးက “နေရာတိုင်းမှာ ရဲနဲ့ လုံထိန်းက ပြည့်သွားတော့တာပါဘဲ။ ဆန္ဒပြပွဲတွေပေါ်ပေါက်မယ်ဆိုတော့ အာဏာပိုင်တွေလည်း အထူးစိုးရိမ်သွားပုံရပါတယ်။ ချက်ချင်းဘဲ အရေကြီးတဲ့နေရာတွေမှာ လုံခြုံရေးတွေကို တင်းကျပ်လိုက်ပါတယ်။ ” ဟု ပြောသည်။

စစ်တွေမြို့မှ အတုလမာရဇိန်ဘုရားကြီး၊ ဧစေတီကျောင်း၊ သံကျောင်း စသော ဘုန်းတော်ကြီး ကျောင်းများ အနီးတ၀ိုက်တွင် လုံခြုံရေးအား အဆိုပါနေ့က ပိုမို ထူထပ်စွာ ချလိုက်ပြီး တချို့နေရာများတွင် လုံခြုံရေးကို ခုချိန်ထိ မရုတ်သိမ်းသေးဘဲ အများအပြားဆက်လက်ချထားဆဲ ဖြစ်သည်။

ဒီဇင်္ဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့က ဆန္ဒပြရန်အတွက် လူထုကို ဆော်သြသော စာများ စစ်တွေတွင် ပြန့်နှံ့နေပြီးနောက်ပိုင်း အာဏာပိုင်များက အဆိုပါနေ့တွင် လုံခြုံရေးကို အထူးတင်းကျပ်လိုက်ခြင်း ဖြစ်ကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။

“အဓိကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိန်းခွန်းပြောနေတဲ့ပုံတွေကို ကာတွန်းရုပ်တွေ ဆွဲပြီး သရော်ထားတဲ့ ပုံတွေနဲ့ နိုင်ငံရေးအန်တုမှုစာတွေကို ရေးပြီး ဒီဇင်္ဘာ ၁၉ ရက်နေ့မှာ ဆန္ဒပြမယ်ဆိုတာကို စစ်တွေမြို့ ကုန်တန်းရပ်ကွက်နှင့် ရွှေစေတီကျောင်းရှေ့ ညောင်ပင်ကြီးနဲ့ အနီးအနား ပတ်ဝန်းကျင် လမ်းတဖက် တချက်မှာ ကပ်ထားတာကို တွေ့သွားတော့ အဟုတ်ထင်ပြီး လုံခြုံရေး တင်းကျပ်လိုက်တာပါ၊ ”

၎င်းပြင် သူက စာပါအကြောင်းအရာတွေကတော့ “ကမ္ဘာမှာ ဆာဒန်ဟူစိန်နဲ့ ဟစ်တလာ တွေထက် ရက်စက်ယုတ်မာတဲ့ နအဖ စစ်အစိုးရကို တော်လှန်ကြ၊ သာသနာကို စော်ကားပြီး ဘုန်းတော်ကြီး တွေကို သတ်ဖြတ်နေတဲ့ စစ်အစိုးရကို တော်လှန်ကြ၊ မြန်မာပြည်သူများက လက်ပိုက်ကြည့်မနေကြဘဲ ၀ိုင်းဝန်း ပြီးဆန့်ကျင် ဆန္ဒပြရန် စီစဉ်ထားတဲ့ ဒီဇင်္ဘာ ၁၉ နေ့မှာ ပူးပေါင်းပါဝင်ကြဆိုပြီး တိုက်တွန်းနှိုးဆော်ထားပါတယ်။ ” ဟု ပြောသည်။

ယခုကဲ့သို့ ရဲနှင့် လုံထိန်းများကို အဆိုပါနေ့က အရေးကြီးသောနေရာများတွင် အဖွဲ့လိုက် အဖွဲ့လိုက် တပ်ဖြန့်ချထားလိုက်ခြင်းကြောင့် အဆိုပါနေ့တွင် စစ်တွေတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း အမည်မဖေါ်လိုသူ ဆရာတော်တပါးကလည်းနိရဉ္စရာသို့ အတည်ပြု ပြောကြားသွားသည်။

Mizzima News

၂၀၀၇ ထိုင်းရွေးကောက်ပွဲ ပီပီပီ ပါတီမှ မဲအများဆုံးရရှိ
Tuesday, 25 December 2007 12:16 - မြန်မာစံတော်ချိန်

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်ကို ထောက်ခံသည့် “ဖလန်းပရချားချွန်း (People Power Party - လူထုအင်အား)” ပါတီသည် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ၂၃၂ မဲဖြင့် မဲအများဆုံး ရရှိ ...

မဲအရေအတွက်၏ လေးပုံးသုံးပုံကို ရေတွက်ပြီးစီး၊ မစ္စတာသက်ဆင်၏ မဟာမိတ်များ အနိုင်ရ
Monday, 24 December 2007 11:52 - မြန်မာစံတော်ချိန်

ယမန်နေ့က ကျင်းပပြီးစီးသွားသော ထိုင်းရွေးကောက်ပွဲတွင် ရာထူးမှ ဖြုတ်ချခံလိုက်ရသော မစ္စတာသက်ဆင်၏ မဟာမိတ်များ အနိုင်ရသည်။ မဲအားလုံးကို လေးပုံသုံးပုံကို ရေတွက်ပြီးစီးခဲ့ရာ အောက်လွှတ်တော် အမတ်နေရာ (၄၈ဝ) အနက် ပီပီပီ (People's Power Party) ပါတီက ...

မြန်မာအလောင်း (၂၂) လောင်းကို ထိုင်းရေပိုင်နက်တွင် တွေ့ရှိ
Sunday, 23 December 2007 14:39 - မြန်မာစံတော်ချိန်

ကလေးငယ်အလောင်း (၄) လောင်း၊ အမျိုးသမီး အလောင်း (၈) လောင်းနှင့် အမျိုးသား အလောင်း (၄) လောင်း အပါအ၀င် အနည်းဆုံး မြန်မာအလောင်း (၂၂) လောင်းကို ဘန်ကောက်တောင်ဘက် ကီလိုမီတာ (၅၇၀) အကွာ၊ ရနောင်းကမ်းခြေ အနီးရှိ အာဒမန် ပင်လယ်ပြင်တွင် စနေနေ့က တွေ့ ...

Saturday 22 December 2007

ဒီမိုကရေစီရေးလှုပ်ရှားသူများကို မြန်မာစစ်အစိုးရ ဆက်လက်ဖမ်းဆီးနေမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြစ်တင်ဝေဖန်

ဦးသားညွန်ဦး (MP3) - Download 891 K audio clip
Listen to ဦးသားညွန်ဦး (MP3) audio clip

မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဆက်ပြီး အဖမ်းအဆီး ရှိနေတဲ့အပေါ် မနေ့က အမေရိကန်နိုင်ငံခြားရေးဌာနကနေ ပြစ်တင်ဝေဖန် လိုက်ပြီး ဒါဟာ လုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့အချက်တွေကို မြန်မာအစိုးရက မလိုက်လျောဘူးဆိုတာ ပြနေတာပဲလို့ ပြောလိုက်ပါတယ်။ အကြောင်းစုံကို ဦးသားညွန်ဦးက တင်ပြထားပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရွှန် မက်ကောမက် ကနေ ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက် ထုတ်ပြန်သွားတာပါ။ နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးကနေ ဒီထုတ်ပြန်ချက်ကို အခုလို ဖတ်ပြပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေါင်းဆောင်တဲ့ စစ်အစိုးရဟာ မိမိတို့ နိုင်ငံရေး ယုံကြည်ချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဆက်လက်ဖိနှိပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီအပတ်ထဲမှာ ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ မခင်မိုးအေး၊ ကျော်စိုး၊ ဇော်မင်း၊ ထွန်းထွန်းဝင်း၊ မင်းမင်းစိုး၊ မျိုးရန်နောင်သိန်း စသူ အနည်းဆုံး ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။” - လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက ကြေညာချက်ကို ဖတ်ပြတာပါ။

အခုလို ဖမ်းဆီးမှုတွေရှိတာကြောင့် မြန်မာအစိုးရဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုမှုကို မျက်ကွယ်ပြုထားတာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထောက်ပြထားပါတယ်။

“မြန်မာစစ်အစိုးရအနေနဲ့ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်နေတယ်ဆိုတာဟာ အခု ဆက်လက် ဖမ်းဆီးနေမှုတွေနဲ့ဆိုရင် မတူကွဲလွဲနေပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဌ ကြေညာချက်မှာ ဖော်ပြထားတဲ့အတိုင်း လုံခြုံရေးကောင်စီက မျှော်လင့်ထားတဲ့ အချက်တွေကို မြန်မာစစ်အစိုးရက မလိုက်လျောဘူးဆိုတာ ပြနေတာပါ။” - လို့ နိုင်ငံခြားရေးဌာနက ကြေညာခဲ့တာပါ။

အခုလို ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့တော့ ဒါဟာ မြန်မာအစိုးရအနေနဲ့ အပြောနဲ့ ကွာဟနေတယ်လို့ တိမ်းရှောင်လှုပ်ရှားနေသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက ဗွီအိုအေကို အခုလို ပြောထားပါတယ်။

“တစ်ဖက်ကလည်း သူတို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါပြီ၊ မစ္စတာ ဂမ်ဘာရီကိုလည်း သူတို့ ကတိပေးခဲ့တယ်။ သူတို့ နောက်ထပ် အဖမ်းအဆီးတွေ မလုပ်တော့ပါဘူး ဆိုပြီးတော့ ပြောပြီးတဲ့နောက်ပိုင်းမှာလည်း တောက်လျှောက် အဖမ်းအဆီးတွေက ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ လုံးဝ နားမလည်နိုင်ဘူး။ ကျနော်တို့ လုပ်ခဲ့တဲ့သူတွေ မှန်သမျှက ငြိမ်းချမ်းစွာနဲ့ မိမိတို့ရဲ့ ယုံကြည်ချက်တွေကို တင်ပြကြတာဖြစ်တယ်။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားများဟာလည်း ထောင်ထဲကနေ လွတ်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ဟာ ငြိမ်းချမ်းစွာနဲ့ တိုင်းပြည်နဲ့လူမျိုးမှာ ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဘေးဒုက္ခမျိုးစုံတွေ အကျပ်အတည်း မျိုးစုံတွေကို ၀ိုင်းဝန်းအဖြေရှာဖို့အတွက် အငြိမ်းချမ်းဆုံးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းပါ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ဖို့ လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ဟာ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ပေးပါမယ်၊ ကျနော်တို့ကို ကြိုက်တဲ့နေရာကနေ ခိုင်းပါ၊ ကျနော်တို့ တာဝန်ယူပြီးတော့ တတ်စွမ်းနိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပါ့မယ်ဆိုပြီးတော့ ကျနော်တို့ဟာ တောက်လျှောက် ကြိုးပမ်းခဲ့ကြတာဖြစ်တယ်။ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီလို ဖမ်းဆီး နှိပ်ကွက်မှုတွေကို ရပ်တန့်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ပါ၊ ပြီးတော့ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ၊ တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပါလို့ အကြိမ်ကြိမ် တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။”

ဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အခုလို မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို အတော်လေးကို ဝေဖန်ခဲ့ပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ အလွန်ဆိုးဝါးလွန်းပါတယ်။ ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆို လိုက်ပါတယ်၊ - ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံမှာ အရပ်သား ဒီမိုကရေစီအစိုးရတစ်ရပ် အသွင်ပြောင်းဖြစ်ပေါ်လာဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်တွေနဲ့ အဓိပ္ပါယ်ရှိပြီး အချိန်အတိအကျ ဇယားပါရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ဖြစ်ပါတယ်၊” - လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရွှန် မက်ကောမက်ရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးရေးဌာန အရာရှိတစ်ဦးက ဖတ်ပြသွားတာ ဖြစ်ပါတယ်။

Appeal Letter from Sasana Moli to the International Community

ႎိုင္ငံတကာရႀိ လူမဵႂိး၊ ဘာသာေပၝင္းစုံ အဖၾဲႛအစည္းမဵား၊ မိသားစုမဵား ႎႀင့္ လူသားအာလုံး သိုႛ မေတ္ဇာရပ်ခံခဵက်
နေႛစြဲ - ဒီဇင်ဘာ ၁၇၊ ၂၀၀၇

အောက်တိုဘာလ ၂၇ ရက် မြ စတင်ူပီး ဖြဲႛစည်းလိုက်သည့်ူပည်ပရောက်ူမန်မာ သာသနာူပြ ဆရာတော်မဵား ကိုယ်စာူးပသြည့် သာသနာႛဥသ္တွောင် အဖြဲႛခဵပြ်ုကီးမြူမန်မာူပည်ူငိမ်းခဵမ်းရေး၊ ဗုဒ္ဌူမတ်စြာ သာသနာ ထနြ်းကားရေိးံငြ့်တကြိုံင်ငံတကာရြိ လူမဵြိး၊ ဘာသာပေၝင်းစုံတိုႛ ခဵမ်းသာစြာ အတူတကြ ယဉ်ြတြဲနေထိုင်ရေးတိုႛကို ရြေးရြူပီး အောက်ပၝ အခဵက္မဵားကို ႎိုင္ငံတကာရႀိ ခေၝင်းဆောင်ုကီးမဵား၊ ဘာသာရေး၊ လူမရြေး အဖြဲႛအစည်းမဵာိးံငြ့် စာပေအိုံပညာရင်ြမဵာိးံငြ့်တကြ အသိပညာရငြ်၊ အတတ်ပညာရငြ်ုကီးမဵာိးံငြ့် မိသားစုမဵား အားလုံးသိုႛ မေတ္ဇာရပ်ခံအပ်ပၝသည်။

(1)ူမန်မာူပည်ရြိ ရဟန်းရင်ြလူပည်သူအပေၝင်းတိုႛသည် လက်ရြိစစ်အစိုးရလက်အောက်တငြ် မတရား ဖမ်းဆီးခံရူခင်း၊ဖြိံပ်ခံရူခင်း၊ ထောင်ခဵခံရူခင်း၊ နေရပ်ဒေသမဵားမြိံင်ြထုတ်ခံရူခင်း၊ လတ်ြလပ်စြာ ကိုးကယ်ြခငြ့်၊ ထုတ်ဖော်ေူပာဆိုခငြ့်မဵား ပိတ္ဆိုႛခံရ၍ သာယာ၀ေဴပာမႁမဵား ဆိတ်သုဉ်းနေူခငိးံငြ့်တကြ အထေထြေ ဆင်းရဲဒုက္ခ ကပ်ုကီး ၃ ပၝး ဆိုက်ရောက်နေပၝသူဖင့်၊ိုံင်ငံတကာ မိသားစုမဵားက ကရုဏာတရား၊ မေတ္ဇာတရားမဵား ရြေႛထားလဵက် ၀ိုင်းဝန်း ကာကယြ် စောင့်ရြောက်ပေုးကပၝရန် တောင်းပန်အပ်ပၝသည်။

(2) ကမ္တာကုလသမဂ္ဂ အဖြဲႛခဵပြ်ုကီး၊ အမေရိကန်ူပည်ထောင်စု သမ္ထတမိသားစု၊ အစိုးရိံငြ့် လတ်ြတော်အမတ်မင်းမဵား အားလုံး၊ူဗိတိနိုံင်ငံ ၀န်ုကီးခဵပြိံငြ့် အစိုးရအဖၾဲႛ၀င္မဵား၊ ဥေရာပသမဂၢအဖၾဲႛ၀င္ ႎိုင္ငံေခၝင္းေဆာင္မဵား၊ ကေနဒၝ ႎႀင့္ ဳသစေဳတးလဵ မႀ အစိုးရမင္းမဵားက ဴမန္မာစစ္အစိုးရကို ၀ိုင်းဝန်း ဴပစ္တင္မႁမဵား၊ အေရးယူမႁမဵား ဆောင်ရက်ြပေုးကသည်ကို ကေဵးဇူး အထူးတင်ရြိပၝသည်။ ဆက်လက်၍လည်ူးမန်မာူပည်ူငိမ်းခဵမ်းသာယာရေးသိုႛ အူမန်ဆုံးရောက်ရြိလာရန် အရေးယူမမြဵား အရြိန်ူမငြ့်ပေးစေ လိုပၝသည်။

(3) ခရစ်ယာန် ပုပ်ရဟန်းမင်ုးကီး၊ ဒလိုင်းလားမား၊ ဒက်စမနြ် တူးတူး အစရြိသည့ိုံင်ငံတကာ ဘာသာရေး ခေၝင်းဆောင်အသီးသီးကူမန်မာူပည်ူငိမ်းခဵမ်းရေးအတကြ် အာရုံစိုက်ူပီး ထုတ်ဖော်ေူပာဆိုလာုကူခင်းကို ကေဵးဇူးတင်ရြိပၝသည်။ အမေရိကန် ဆန်ဖရန်စင်္စကို တက္ကသိုလ်ုကီးမလြည်း ဂုဏ်ထူးဆောင်ဆု ခဵီူးမငြ့်ူပီူးပည်တငြ်းရြိ သံဃာအာဇာနည်ူမန်မာရဟန်းတော်မဵားကို ဂုဏ်ူပသြည့်အတက်ြလည်း အားတက် ၀မ်းေူမာက်မိပၝသည်။ ဆက်လက်၍လညိးိုံင်ငံတကာရြိ ဘာသာရေး၊ လူမရြေး အဖြဲႛအစည်းအသီးသီးကူမန်မာူပည်ူငိမ်းခဵမ်းရေးအတကြ် ၀ိုင်းဝန်း ထုတ်ဖော်ေူပာဆိုပေုးကစေလိုပၝသည်။ သိုႛမသြာ ကမ္တာသူ ကမ္တာသား အားလုံး၏ ကူညီ စောင့်ရြောက် ကာကၾယ္မႁမဵား ဴမန္မာဴပည္သူ ဴပည္သားတိုႛ ရရြိမည်ူဖစ်ပၝသည်။

(4)ိုံင်ငံတကာ လတြ်ူငိမ်းခဵမ်းသာရေး အဖၾဲႛဳကီး၊ ကမၲာလူႛအခၾင့္အေရးအဖၾဲႛဳကီး၊ နယ္ဴခားမဲ့ စာနယ္ဇင္းဆရာမဵား အဖၾဲႛ ႎႀင့္ ႎိုင္ငံတကာ အလုပ္သမား အခၾင့္အေရးအဖၾဲႛခဵႂပ္ အစရြိသည့် လူႛအခငြ့်အရေးကာကယြ် စောင့်ရြောက်ရေးအဖြဲႛ အသီးသီးမနြေ၍ စစ်အစိုးရ၏ လူႛအခၾင့္အေရး ခဵႂိးေဖာက္မႁမဵား၊ ရာဇ၀တ္မႁမဵားကို စာရင်ူးပစြု ထုတ်ဖော် တင်ူပနေသည့်အတက်ြလည်း ကေဵးဇူးအထူးတင်ရြိပၝသည်။ ရြေႛဆက်၍လည်း စစ်အစိုးရ၏ လူႛအခၾင့္အေရး ခဵိႂးေဖာက္မႁမဵား၊ မတရားေဆာင္ရၾက္ေနမႁမဵားကို ႎိုင္ငံတကာ မိသားစုမဵားက ၀ိုင်းဝန်း ဖော်ထုတ်ူပီး၊ အရေးယူပေုးကပၝရန် တောင်းပန်အပ်ပၝသည်။

(5)ူပည်တငြ်ူးပည်ပရြိုမန်မာရဟန်းရင်ြလူ အပေၝင်းမြာူမန်မာူပည်ူငိမ်းခဵမ်းရေိးံငြ့် သာသနာရေး အတကြ် အသက်၊အိုးအိမ်၊ စည်းစိမ်မဵား စနြ်ႛလတြ် စနြ်ႛစာူးပီး ဆောင်ရက်ြနေုကရပၝသည်။ုကားသိုမင်တြေႛ နေရသည့ိုံင်ငံတကာက အစိုးရမဵား၊ ဘာသာရေး၊ လူမရြေး၊ ပညာရေိးံငြ့်တကြ အသိအတတ်ပညာ ၀န်းကဵင်မြ မိသားစုမဵား အားလုးံက မေတ္ဇာ၊ ကရုဏိာံငြ့် ကိုယ်ခဵင်းစာတရား လက်ကိုင်ထာူးပီတယောက်တလက်ူဖင့် ၀ိုင်းဝန်း ကာကယြ် စောင့်ရြောက်ပေုးကပၝရန် တောင်းပန်အပ်ပၝသည်။

(6) မိမိတိုႛ ရဟန်းတော်မဵားကလည်း ဗုဒ္ဌတရားတော် အဆုံးအမမဵားႎႀင့္အညီ ဴမန္မာဴပည္သားမဵားႎႀင့္တကၾ ကမာၲမိသားစုမဵားအားလုံး သြေးစည်းညီညတ်ြရေး၊ သြေးမကြဲုကဘဲူငိမ်းခဵမ်းရေးကို လက်တြဲဆောင်ရက်ြသြားပၝမည်။

ယခု ထုတ်ူပန်ခဵက်ကို သာသနာႛဥသ္တွောင် အဖြဲႛခဵပြ်၏ ရဟန်းသံဃာအသီးသီးက မိမိတိုႛ သီတင်းသုံးရာ ဒေသ၊ ဌာနမဵားရႀိ မိသားစုမဵား၊ အဖၾဲႛအစည္း အသီးသီးသိုႛ တညီတညတ်ြတည်း ရငြ်းလင်းတင်ူပုကူပီး ညီညတ်ြသောူငိမ်းခဵမ်းရေး အင်အားမဵား တည်ဆောက်ုကမည်ူဖစ်ပၝသည်။




ပဓာနာစေရ မစိုးရိမ်ဆရာတော်ုကီး ဦးကောဝိဒၝဘိဝံသ

You can download the full English / Burmese PDF file from here -

ဘူးသီးတောင်ထောင်ထဲရှိ ဦးဣဿရိယ ကျန်းမာရေး အခြေအနေအထူး ဆိုးဝါးနေ


စက်တင်္ဘာလအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပေါ်ပေါက်ခဲ့သော ရဟန်းတော်များ ဆန္ဒပြပွဲများကို ဦးဆာင်ခဲ့သူ ဦးဣဿရိယ၏ ကျန်းမာရေး အခြေအနေမှာ ဘူးသီးတောင် ထောင်ထဲတွင် အထူးဆိုးရွားနေကြောင်းသတင်းရရှိသည်။


အမည်မဖေါ်လိုသူ ဆွေမျိုး တဦးက “မိသားစုတွေနဲ့လည်းတွေ့ခွင့်မရတဲ့အတွက် ဦးဇင်းရဲ့ ကျန်းမာရေး အခြေအနေ ဘယ်အတိုင်းအတာထိ ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် သူ့ကျန်းမာရေး အခြေအနေဟာ အထူး ဆိုးရွားနေတယ်လို့ ထောင်အတွင်းကလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။ ဦးဇင်းကို မတရားနှိပ်စက်ထားတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာလည်း တော်တော် ထိခိုက်နေတယ်လို့ သိရှိရပါတယ်။” ဟု ပြော သည်။

ဦးဣဿရိယအား နအဖ စစ်အာဏာပိုင်များက စစ်တွေမြို့မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာစဉ် မောင်တောမြို့ မြို့မကျောင်းတိုက်တွင် အောက်တိုဘာလ ပထမပတ်က နအဖ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။


၎င်းနောက်ပိုင်းတွင် ဦးဣဿရိယအား မောင်တောမြို့၌ လူဝတ်လဲပြီး စစ်တွေသို့ ပို့ဆောင်ကာ စစ်တွေအကျဉ်းထောင်တွင်း၌ပင် အာဏာပိုင်များက တဘက်သတ် တရားစီရင်ကာ အောက်တိုဘာလ ၁၀ ရက်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲချမှတ်ခဲ့သည်။


စစ်တွေထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ဦးဣဿရိယအား စစ်ထောက်လှမ်း ရေးများက ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်ခဲ့သဖြင့် စိတ်ပိုင်းဆိုင်ရာအရ အထူးထိခိုက်ခဲ့ ကြောင်း ထောင်မှလွတ်လာသူ ကျောင်းသားခေါင်းဆောင် တဦးက နိရဉ္စရာသို့ ပြောကြား ခဲ့သည်။


တရားစီရင်ပြီးနောက်ပိုင်း ဦးဣဿရိယအား အာဏာပိုင်များက ဘူးသီးတောင် အကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့သည်။ ၎င်းပြင်အာဏာပိုင်များက ဦးဇင်းအားသူ့ဆွေမျိုး မိသားစုများ နှင့် တွေ့ဆုံခွင့်ကိုလည်း ပိတ်ပင်ထားခဲ့သည်။


ဦးဇင်း ဣဿရိယမှာ သက်တော် ၂၈ နှစ်ရှိပြီး စိတ္တသုခကျောင်းတွင် ရဟန်းဘ၀ဖြင့် ပညာသင်ကြားနေစဉ် ရွှေဝါရောင်တော်လှန်ရေးအား စစ်တွေတွင် ဦးဆောင်ခဲ့သူ ဖြစ်သဖြင့် စစ်အစိုးရမှ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အရပါ နှိပ်စက်မှုများ ပြုလုပ်နေသဖြင့် ကျန်းမာရေးသာ ထိခိုက်နေသည်သာမက စိတ်ပိုင်းဆိုင်ရာလည်း အထူးထိခိုက် ခံစားနေရကြောင်း သတင်းရရှိသည်။


(မှတ်ချက်။ ။ နိရဉ္စရာမှ သတင်းများနှင့် ဓါတ်ပုံများအား မည်သူမဆို လွတ်လပ်စွာအသုံးပြုနိုင်သည်။ နိရဉ္စရာ သတင်းရင်းမြစ်ကို ဖေါ်ပြပေးရန် မေတ္တာရပ်ခံပါသည်။)

MMED Watch ထုတ်ပြန်ကြေငြာချက်

ဒီဇင်ဘာဒုတိယပတ်မှ စတင်ပြီး MMED Watch ၏ လိပ်စာကို အလွဲသုံးစားပြု၍ မသမာသော အင်တာနက်သုံးစွဲသူအချို့က အောက်ပါစာများကို ဘလော့ဂ်များ၏ စီဘောက်များ၌ လိုက်လံဖြန့်လျက်ရှိပါသည်။

MMedwatch: (http://mmedwatch.isgreat.org) လူကြီးမင်းတို့၏ cbox အတွင်းသို့ ကျွန်တော်များ mmed watch သူတောင်းစားဂိုဏ်းမှ တာဝန်ယူ လိုက်လံဆဲဆိုနေမည် ဖြစ်ကြောင်း အသိပေးသည်။

(၁) MMED Watch သည် မိမိ၏အမည် အစလေးလုံး (MMED) အပြင် Watch မှ W ကိုလည်း Capital Letter ဖြင့်သာရေးပါသည်။ အသေးဖြင့် မရေးပါ။

(၂) MMED Watch သည် ငွေရေးကြေးရေးနှင့် မပတ်သက်သော သဘောတူရာ၊ ၀ါသနာတူရာ လူငယ်များ စုစည်းထားသည့် Blogger Team တစ်ခုသာဖြစ်ပါသည်။

(၂) စက်တင်ဘာတော်လှန်မတိုင်ခင်ကလေးတွင် စတင်ခဲ့သော MMED Watch သည် စက်တင်ဘာရွှေရောင်တော်လှန်ရေးကာလအတွင်း ရဲဘော်ရဲဘက် ဘလော့ဂ်များသို့ အကြောင်းကိစ္စဖြင့် အကြိမ်အနည်းငယ် သွားရောက်သည်မှအပ စီဘောက်များ၌ လျှောက်ပြောခြင်း၊ ရေးခြင်း (လုံးဝ၊ လုံးဝ) မလုပ်ပါ။

(၃) ဘလော့လိပ်စာကို Blogspot မှ Wordpress (isgreat.org) သို့ပြောင်းပြီးကာလနောက်ပိုင်း မည်သည့် စီဘောက်တွင်မှ သွားမရေးပါ။

(၄) ဤသို အမည်အလွဲသုံးစားလုပ်၊ အထင်လွဲမှားစေရန် ပြုမူခြင်းသည် MMED Watch တွင် ကြံ့ဖွတ်/စွမ်းရှင် ဘလော့ဂ်များကို စာရင်းတင်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ရာ မည်သူမည်ဝါဟု ခန့်မှန်းနိုင်ပါသည်။ မြန်မာ့အရေးလှုပ်ရှားသူ ဘလော်ဂါများကို နှောက်ယှက်နေသော Pro-Junta ဘလော်ဂါများ ယခုရက်အတွင်းငြိမ်နေခြင်းသည်လည်း ဆက်စပ်နေသည်ကို MMED Watch က စောင့်ကြည့် သတိပြုမိပါသည်။

(၅) ဤသို့ အကျိုးအကြောင်းမဲ့၊ အဓိပ္ပာယ်မရှိစကားများကို ဘလော့ဂ်တကာလည်၍ MMED Watch ကပြောမည်မဟုတ်ကြောင်း လည်ပတ်သူ၊ ဖတ်ရှုသူများသိပြီးဖြစ် အထွေအထူးပြောရန်မရှိပါ။

(၆) ကိုနစ်နေမန်း၊ ကိုထိုက်၊ ဆုံဆည်းရာ၊ မျိုးချစ်မြန်မာ၊ ဆရာမမေငြိမ်း၊ ဒေါက်တာလွဏ်းဆွေ၊ ကိုလျှာရှည်၊ BBWOB, PoFP စသည့် စီနီယာ၊ ဂျူနီယာ ဘလော်ဂါအားလုံးနှင့် MMED Watch တို့ မေးလ်ဖြင့် အချိတ်အဆက်ရှိပြီးဖြစ်၍ စီဘောက်၌ သွားအော်ရန် အကြောင်းမရှိပါ။ MMED Watch ကလည်း အကြောင်းရှိလျှင် အီး မေးလ်ဖြင့်သာ ဆက်သွယ် အကြောင်းပါသည်/မည်။ ထို့ကြောင့် ရဲဘော်ရဲဘက် မိတ်ဆွေဘလော့ဂ်များ MMED Watch ဖြင့် မဖွယ်မရာရေးပါက ဘန်းပစ်နိုင်ပါသည်။ ဘန်းထားနိုင်ပါသည်။

(၇) ကြံ့ဖွတ်/စွမ်းရှင် ဘလော်ဂါအမှိုက်များကြောင့် မိတ်ဆွေ ဘလော်ဂါများ အနှောက်အယှက်ဖြစ်ရပါက တောင်းပန်ပါသည်။

ရခိုင်ပြည်နယ် တ၀န်းလုံးမှ ပျောက်ဆုံး၊ ထွက်ပြေးနေရသော ရဟန်းတော်များ စာရင်းကို ထုတ်ပြန်

ရခိုင်ပြည်နယ် တ၀န်းလုံးမှ ရွှေဝါရောင်တော်လှန်ရေးအပြီး ပျောက်ဆုံး(သို့မဟုတ်) ထွက်ပြေး တိမ်းရှောင်နေရသော စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း ပြည်တွင်းမှ ရဟန်းတော် တပါး၏ ပြုစုရေးသား ပေးပို့သော စာရင်းအရ သိရှိရသည်။

စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှ ပျောက်ဆုံး(သို့) ထွက်ပြေးနေရသော ရဟန်းတော်များမှာ အရှင် ဓမ္မရက္ခိတ၊ အရှင် ကောဝိဒ၊ အရှင်နာယက၊ အရှင် ဣပါလနှင့် အရှင် ပညာတက္ကတို့ ဖြစ်သည်။

စစ်တွေ မဏိရတနာ ကျောင်းတိုက်မှ အရှင်ကောသိတ၊ အရှင်ဥာဏိကနှင့် အရှင် သောဘာသတို့ ဖြစ်သည်။

စစ်တွေ၊ မြို့မစာသင်တိုက်မှ ရဟန်းတော်များမှာ အရှင်ဝါရ၊ အရှင်သောဘိတ၊ အရှင် မဏ္ဍလ နှင့် အရှင် ခေမာဝံသတို့ ဖြစ်သည်။

စစ်တွေ လရောင်ဝင်းကျောင်းမှ အရှင်ဥာဏနှင့် အရှင် သုမဏတို့ ဖြစ်ကြသည်။ စစ်တွေ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အရှင်ဝိမလ ဖြစ်သည်။

စစ်တွေ ဒက္ခိဏ ရာမကျောင်းမှ ပျောက်ဆုံးနေသော ရဟန်းတော်များမှာ အရှင် ပညာဇောတ၊ အရှင် ညာဏုသရနှင့် အရှင် သုဂန္ဓတို့ဖြစ်သည်။ စစ်တွေ စိတ္တသုခကျောင်းမှ ပျောက်ဆုံး နေသော ရဟန်းတော်များမှာ အရှင်ပဏ္ဍိစနှင့် အရှင်သောဘိ တို့ဖြစ်သည်။

ကျောက်တောမြို့နယ်မှ ထွက်ပြေး (သို့) ပျောက်ဆုံးနေသော ရဟန်းတော်များမှာ မြို့မ ရွှေကျောင်းတိုက်မှ အရှင် ဣန္ဒာက၊ အရှင် ကောဝိဒနှင့် အရှင်မန္တလ တို့ဖြစ်ပြီး သိမ်ကျောင်းမှ အရှင် သုန္ဒရ၊ အရှင် တေစိန္တ တို့ဖြစ်ပြီး မြို့သစ်ကျောင်းမှ အရှင် ဓမ္မရက္ခိ၊ အရှင် သုမဏနှင့် အရှင် ပညာသာမိ တို့ဖြစ်သည်။

မင်းပြားမြို့နယ်မှ ရဟန်းတော်များမှာ ဓမ္မဗိမာန်ကျောင်းတိုက်မှ အရှင် ဥာဏိသရ၊ အရှင် ဥာဏ၀ံသနှင့် အရှင်ဝိမလတို့ ဖြစ်ပြီး တောင်ကျောင်းမှ ဂန္ဓသာရနှင့် အရှင် ခေမာစာရ ဖြစ်သည်။ မင်းပြား ရတနာ့ဗိမာန်ကျောင်းတိုက်မှ ရဟန်းတော်များမှာ အရှင် သုန္ဓရ၊ အရှင်ဣန္ဒာစာရနှင့် အရှင် အာစရတို့ ဖြစ်ပြီး အောင်မင်္ဂလာကျောင်းမှ ရဌသာရတို့ဖြစ်သည်။

မြောက်ဦးမြို့နယ် ရှစ်သောင်းကျောင်းတိုက်မှ အရှင် ၀ိစာရ၊ အရှင် ပညာနှင့် အရှင် သီရိန္ဒတို့ ဖြစ်ပြီး ဇီနမာန်အောင်ကျောင်းတိုက်မှ အရှင်ဣန္ဒာဘာလ၊ အရှင် ပဏ္ဍိတနှင့် အရှင် ဥာဏိသရတို့ ဖြစ်သည်။ လက်ကောက်ဈီးကျောင်းမှ အရှင် ပညာသာမိနှင့် အရှင်ဥာဏ၀ံသ တို့ဖြစ်ပြီး ရတနာ့ကျောင်းမှ အရှင် ၀ိနယနှင့် အရှင် သောဘိတ။ လောကမာန်အောင် ကျောင်းတိုက်က အရှင် နာယကနှင့် အရှင် သီလ၀ံသနှင့် စင်္ကြာမာန်အောင် ကျောင်းတိုက်က အရှင် သုန္ဓရတို့ဖြစ်ကြသည်။

ပုဏ္ဍားကျွန်းမြို့ မြို့မ စာသင်တိုက်မှ အရှင် သုမင်္ဂလ၊ အရှင် ကောဝိဒတို့ ဖြစ်ပြီး အောင်မင်္ဂလာကျောင်းမှ ၀ိနယ၊ စိတ္တသုခကျောင်းမှအရှင် စက္ကိန္ဒ၊ အရှင်သောမနှင့် အရှင်ဣန္ဒောဘာသတို့ ဖြစ်ကြကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ နုတ်ထွက်စာတင်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဦးဆောင်ဆရာတော် ၄၇ ပါးအနက် ၁၀ ပါးခန့်သည် နိုဝင်ဘာလလယ် ခန့်တွင် နုတ်ထွက်စာ တင်ကြကြောင်း သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူများက ပြောဆိုကြသည်။

နုတ်ထွက်စာတင်ထားသည့် ဆရာတော်များတွင် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဖြစ်သည့် မကွေးဆရာတော် ဘဒ္ဒန္တကုမာရ အကျိုးတော်ဆောင်ဆရာတော် ဦးသြသဓါဘိဝံသ၊ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ ရေနံချောင်း ဆရာတော် ဦးတေဇနိယတို့ပါဝင်သည်ဟု သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူက ပြောသည်။


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဦးဆောင်ဆရာတော် ၄၇ ပါးဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တဖွဲ့လျှင် ဆရာတော် ၁၅ ပါးခန့် ပါဝင်သည်။ ဦးကုမာရ သည် အဖွဲ့ ၁ ၏ ဥက္ကဌဖြစ်ပြီး သံဃမဟာနာယကအဖွဲ့၏ တာဝန် အရှိဆုံး ဆရာတော်လည်းဖြစ်သည်။ ဆရာတော်သည် နုတ်ထွက်စာတင်ပြီးနောက် မကွေးသို့ပြန်ကြွသွားကြောင်း သိရသည်။

ဆရာတော်များနုတ်ထွက်စာတင်ရခြင်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံ ပရိယတ္ထိစာသင်တိုက်ကို စစ်အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်စီးနင်းသောကြောင့် ဖြစ်နိုင်သည်ဟု သံဃမဟာနာယကအဖွဲ့နှင့် နီးစပ်သူတချို့က သုံးသပ်ကြသည်။

ကိုသက်၊

BBC Burmese News Saturday Dawn

Monk in september
Dr Rice concerned that world attention to Burma had dissipated since September's crackdown

Rice vows U.S. will keep world pressure on Burma's military junta

US Secretary of State Condoleezza Rice on Friday promised renewed efforts at the United Nations and with China to press Myanmar's ruling junta to negotiate with its democratic opposition.

Rice said she was concerned that world attention to Burma had dissipated since September's crackdown on protests led by Buddhist monks.

"It's our responsibility, along with others, to try to keep a focus on that effort," Rice told a year-end news conference.

The top U.S. diplomat said Washington wanted to end "unacceptable" treatment of the special U.N. envoy.

"The special envoy Mr Ibrahim Gambari faced many difficullties when he made schedules and meetings during his trip in Burma" an official from State department of US told BBC.

Thursday 20 December 2007

မြန်မာကလေးငယ်များရဲ့ ကျောင်းကား သေနတ်ဖြင့် အပစ်ခံရ

ထိုင်းလူမျိုးနှစ်ဦး စကားများရန်ဖြစ်မှုကြောင့် မြန် မာ ကလေးငယ်များတင်ဆောင်လာသည့် ကျောင်း ကားကို သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အမှု ယခုလ (၈)ရက်နေ့ ညနေပိုင်းက ဖန်ခရိုင်အတွင်းရှိ ဘန်နီ ယန် ဈေးအနီးတွင် ဖြစ်ပွားခဲ့သည်။

“သေနတ်နဲ့ ပစ်တာက ကျောင်းကားမောင်းတဲ့ ထိုင်း ဒရိုင်ဘာကို ပစ်တာပါ။ သူတို့အချင်းချင်း စကားများပြီးပစ်တာ။ လေးချက်ပစ်တယ်။ နှစ် ချက်က ကားဘေးနံရံကို ထိပြီး ပေါက်ထွက်သွား တယ်။ တချက်က ကားဘီးကိုလှမ်းပစ်တာ ရွှံ့ကာ ကို ထိသွားပြီး၊ နောက်တချက်က ချော်သွားတယ်” ဟု ကျောင်းကားနှင့် လိုက်ပါလာသူ ဆရာ မင်းသိမ်းကျော်မှ ပြောပြသည်။

ကျောင်းကားပေါ်တွင် ကျောင်သား/သူ ( ၂၀ )ခန့်လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ပေ။

ဖြစ်ပွားပုံကို ကျောင်းကားမောင်းသမား ထိုင်းဒရိုင်ဘာ ဖီးလွတ်က အခုလိုပြောပြသည်။

“ဆိုင်းကယ်က လမ်းသွယ်ထဲ ကွေ့မယ်ဆိုပြီး အချက်ပြမီးပြထားလို့ ကျနော့်ကားကို လမ်းသွယ်ထဲကနေ လမ်းမကြီးပေါ် မီးပြပြီးမောင်းထွက်တာ ဆိုင်ကယ်က အရှိန်ပြင်းတော့ တိုက်မိမလိုဖြစ်သွားတယ်။ အဲဒါ သူက နောက်ကနေလိုက်လာပြီး ကားရပ်ခိုင်းပြီးတော့ လိုင်စင်ရှိလားမေးတယ်။ ကျနော်က မှားရင် တောင်းပန်ပါတယ်လို့ ပြောတာမရဘူး။ အရက်လည်း မူးနေတယ်။ ပြီတော့ တယောက်တခွန်း စကား များကြပြီး သူက သေနတ်ကို ဆွဲထုတ်တယ်။ ဒါကြောင့် ကျနော်က ကားကို မောင်းထွက်ခဲ့တာ နောက်ကနေ လှမ်းပစ်လို့ ကားဘေးနံရံကို ထိသွားတယ်”

သေနတ်နဲ့ ပစ်တဲ့သူဟာ တကွန်ပါ မြို့နယ်ရှိ ထပ်လမု ရေတပ်စခန်းမှ စစ်သားဖြစ်ပြီး ၎င်းကိုရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲဖို့ စီစဉ်နေတယ် ဟုလည်း ဖီးလွတ်မှဆက်ပြီး ပြောပြသည်။

ကျောင်းကားပေါ်တွင်ပါလာသည့် အသက်(၁၃)နှစ်အရွယ် ခြောက်တန်းကျောင်းသားမောင်ထွန်းသစ်စိုး ကလည်း မိုးတွေအရမ်းရွာနေ တဲ့အချိန်မှာ သေနတ်သံတွေ ထွက်လာပြီး မီးခိုးတွေထွက်လာလို့ ကြောက်ပြီး အော်သံတောင် မထွက်တော့ဘူးဟု ပြောပြသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်ငခရိုင်ထဲတွင် ဒေသခံထိုင်းလူထုအချင်းချင်း အခုလို့ ရန်ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုများရှိသလို၊ ရွှေ့ပြောင်း အလုပ်သမားများကိုလည်း အနိုင်ကျင့် ပစ်ခတ်သတ်ဖြတ်မှုများရှိ သည်။

Wednesday 19 December 2007

နအဖ ပစ်ခတ်၍ ဒီကေဘီအေ စစ်သား(၅)ဦး ကျဆုံး

မြန်မာပြည် အရေးသည် နိုင်ငံတကာပြဿနာဖြစ်လာနေဟု အမျိုးသမီးအဖွဲ့ဆို

ယနေ့ကျရောက်သည့် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ထိုင်းနှင့် တရုတ်နိုင်ငံ တွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာအမျိုးသမီးများ၏ လုံခြုံမှုမရှိသော ဘ၀အခြေအနေကို ငရဲနှစ်ထပ်အကြားတွင် ပိတ်မိနေခြင်း (Catch between two hells) ဆိုသော အမည်နှင့် မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံစာ တ စောင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာ ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မြန်မာအမျိုးသမီးသမဂ္ဂ၏ ဥက္ကဌက ယခုလို ပြောပြ သည်။

“အဓိက ဒီ ရီပို့ဒ်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောချင်တာက ရွှေ့ပြောင်း အလုပ်သမား ပြဿနာက လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပြဿနာတွေကို နအဖက နိုင်ငံရေး အရ မဖြေရှင်းသရွေ့ ဆက်ပြီးတော့ ကြီးထွားလာမယ့် ပြဿနာပေါင်းများစွာအနက်က ပြဿနာတခုပဲရှိတယ်။ ဒါပေမယ့် ဒီ ပြဿနာလေးကတောင်မှ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ ရိုက်ခတ်မှုတွေဖြစ်လာတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြဿနာဖြစ်လာတယ်။ နိုင်ငံတကာရဲ့ ပြဿနာဖြစ်လာ တယ်။ ဒါက ပြဿနာတခုအပေါ်မှာ အခြေခံပြီး ကျမတို့ ထောက်ပြထားတာဖြစ်တယ်။ ဆိုတော့ မြန်မာပြည်မှာ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒီအနေအထားမှာ နိုင်ငံတကာကနေပြီးတော့ စေ တနာပါပါနဲ့ သူတို့ရဲ့ ပြဿနာဖြစ်ပါတယ်လို့ ခံယူပြီးတော့ ၀င်ပါဝင်ဖြေရှင်းဖို့ ဆိုတာကို ကျမတို့ ပြောချင်တာဖြစ်ပါတယ်။ ”

ယင်းအစီရင်ခံစာကို ထိုင်းနှင့် တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁၄၉ ဦးကို တွေ့ဆုံမေးမြန်း၍ ရေးသားပြုစုခြင်းဖြစ်သည်။

အစီရင်ခံစာတွင် ပြည်တွင်းမှ စီးပွားရေးအစဉ်မပြေ၍ ထွက်လာကြသော မြန်မာအမျိုးသမီးများ ၏ အလုပ်ခွင်တွင် မလုံခြုံသောဘ၀နှင့် စိတ်ကျဉ်းကျပ်စွာနေထိုင်ကြရသောအခြေအနေများကို ဖော်ပြထားသည်။

အစီရင်ခံစာတွင် ပါဝင်ဖြေကြားခဲ့သူ အမျိုးသမီးတဦးက ၄င်းတို့အနေဖြင့် အလုပ်ရှင်၏ ထိကပါး ရိကပါးနှင့် လက် ကိုင်သည်ကိုပင် မကြိုက်နှစ်သက်သော်လည်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိ၍ ရဲတိုင်မည်စိုး သောကြောင့် သည်းခံနေရကြောင်းနှင့် သူမ၏ အသိ အမျိုးသမီးအချို့မှာ အလုပ်ရှင်၏ အဓမ္မပြုကျင့်မှု ကို ခံရ ကြောင်း ပြောပြသည်။

ယင်းအခြေအနေများသည် မြန်မာပြည်တွင်းနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေရသော အမျိုးသမီးများနှင့် မိန်းက လေးများ၏ ခံစားနေရသော အတွေ့အကြုံနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျှဝေထားခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၈၉ ၂၈၂ဦး မှတ်ပုံ တင်ထားသည့် အနက်တွင် အမျိုးသမီး ၂၂၅ ၇၁၀ဦးရှိသည်ဟု Migrant Assistance Program (MAP) အဖွဲ့က ထုတ်ပြန်ထားသည်။

မံစီမြို့နယ်အတွင်း တရုတ်ဆိုင်ကယ်များ ဖမ်းဆီး အာဏာပိုင်များက ဖမ်းဆီးရမိ ဆိုင်ကယ်အချို့ကို ကိုယ်ပိုင်သိမ်းယူ

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း ဒီဇင်ဘာ(၁၇)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ တင်သွင်းလာသော တရုတ် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ပြီး အချို့ကို ဖမ်းဆီးရမိစာရင်းတွင် မတင်တော့ဘဲ ကိုယ်ပိုင်အဖြစ် သိမ်းယူခဲ့သည်။

မံစီမြို့မှ မန္တလေးဘက်အထွက် လေးမိုင်အကွာရှိ မန်မကောက်ကျေးရွာအနီးရှိ ကြက်ဆူခြံ အနီးတွင်း မံစီမြို့နယ် မယကနှင့် စရဖအဖွဲ့တို့ ပူးပေါင်းအဖွဲ့က တရုတ်ပြည်ဘက်မှ လာသည့်ဆိုင်ကယ်အစီးနှစ်ဆယ် ဖမ်းဆီးခဲ့ သည်ဟု မံစီဒေသခံမျက်မြင်သက်သေတဦးက ပြောသည်။

“ကျနော်တို့ မံစီမြို့နယ် မယကနဲ့ စရဖတို့ကပေါင်းပြီး မန်မကောက်၊ ကြက်ဆူခြံမှာ မနေ့ညက လိုင် စင်မဲ့ဆိုင်ကယ် အစီးနှစ်ဆယ်ဖမ်းတယ်။ လိုင်စင်မဲ့ဆိုင်ကယ်အစီးနှစ်ဆယ်မှာ ခုနှစ်စီးဟာ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေရဲ့ ဆိုင်ကယ် ဖြစ်နေလို့ လွှတ်ပေးလိုက်တယ်။ အဲဒီမှာ ဆယ့်သုံးစင်းကျန်တယ်။ အဲဒီ ဆယ့်သုံးစင်းကို ဖမ်းလာတဲ့ခါမှာ ခြောက်စင်းကိုဘဲ စာရင်းအဖြစ်တင်တယ်။ ခုနှစ်စင်းကို ဖျောက်ပစ် လိုက်တယ်။ အသစ်တွေ၊ တရုတ်ပြည်က ၀င်လာတာ။ ဂျာလင်းတို့၊ ၀မ်းတူးဖိုက်အမျိုးအစားဖြစ်တဲ့ ကင်ဘိုတို့၊ လော်ဂျာတို့၊ အမျိုးအစား အမျိုးအမျိုးပေါ့၊ ဆိုင်ကယ်ကယ်ရီဝင်လာတာ၊ အသစ်တွေပေါ့။ ” ဟု မံစီဒေသခံက ပြောသည်။

ဆိုင်ကယ်သယ်လာသူများမှ ရွှေဘို၊ မုံရွာ၊ မတ္တရာစသည့် မြန်မာပြည် အလယ်ပိုင်းမှဖြစ်ပြီး ဆိုင်ကယ်တစီးလျင် အမြတ်အစွန်းတစ်သောင်းဝန်ကျင်ရကြပြီး စွန့်စားလုပ်ကိုင်ရင်း အခုလို ဖမ်းဆီးခံရပါက ဆိုင်ကယ်ကယ်ရီသမား များမှာ အတော်လေး ဒုက္ခရောက်ကြရသည်ဟု အဆိုပါ ဒေသခံ မျက်မြင်သက်သေက ပြောသည်။

“အဲဒီမှာ ဆိုင်ကယ်တစီးတန်ဘိုးဆိုရင် ဂျာလင်း(တံဆိပ်)ဆိုရင် လေးသိန်းကျော်လောက်မှာ ရှိတယ်။ တရုတ်ငွေ နှစ်ထောင့်လေးရာပေါ့။ အောက်ပိုင်းကဆိုတဲ့နေရာမှာ တစင်းတစင်းမှာ တစ်သောင်း၊ နှစ် သောင်း ကျန်ဆိုပြီးမှ ငွေလေးချေးပြီး လုပ်ကိုင်ကြတဲ့လူက များတယ်။ မနေ့က ဖမ်းတဲ့ခါမှာ တချို့ဆို ငိုပြီး ပြန်သွားကျတယ်။ အခြေအနေ ပျက်ပြီးတော့။ ယောကျားတန်မဲ့ ငိုပြီး ပြန်သွားကြတာ။”

တရုတ်ပြည်လုပ်ဆိုင်ကယ်များသည် ဂျပန်နိုင်ငံလုပ် ဆိုင်ကယ်များထက် ဈေးနူန်းသက်သာ သဖြင့် မြန်မာနိုင်ငံမှ လယ်သမားများပင် အသုံးပြုနေကြသကဲ့သို့ အိန္ဒိယဘက်မှလည်း အ၀ယ်လိုက်နေသဖြင့် တရုတ်နယ်စပ် ကျယ် ဂေါင်မြို့မှ နေ့စဉ် ဆိုင်ကယ်အစီး ရာနှင့်ချီ မှောင်ခိုတင်သွင်းလျက်ရှိနေသည်။

DVB Latest News


more | audio


more | audio


more | audio


more | audio


more


more


more


more


more


more


more

Mizzima News

စခန်းတာဝန်ခံ နှုတ်ထွက်ခွင့် တောင်းဆိုမှု ခရိုင်ဝန်ပယ်ချ
Wednesday, 19 December 2007 20:57 - မြန်မာစံတော်ချိန်

ထိုင်း၊ မြန်မာနယ်စပ် ကရင်နီ ဒုက္ခသည်စခန်းအတွင်း လူတဦးသေဆုံးခဲ့သည့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပြီးနောက် အုပ်ချူပ်ရေးဆိုင်ရာ ထိုင်းတာဝန်ရှိသူက နုတ်ထွက်ခွင့် တောင်းဆိုခြင်းကို ခရိုင်အရာရှိက ပယ်ချ ...

အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများအတွက် ကျောင်းကား မလုံလောက်
Wednesday, 19 December 2007 19:37 - မြန်မာစံတော်ချိန်

အာဏာပိုင်များမှ ကျောင်းကား အလုံအလောက် ချမပေးသည့်အတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ အခက်အခဲ တွေ့ကြုံ နေရကြောင်း အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားများ အပြောအရ သိရသည်။ ရန်ကုန်တိုင်း သန်လျင်မြို့ပြင် တာဝ အရပ်ရှိ အရှေ့ပိုင်းတက္ကသိုလ်တွင် အဝေးသင်၊ ဝိဇ္ဇာ ဘာသာတွဲများ ...

ဒေါ်စု လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း လှူတန်းမှုများ ပြုလုပ်
Wednesday, 19 December 2007 17:49 - မြန်မာစံတော်ချိန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ရွှေဝါရောင် တော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားလူငယ်များကို မေတ္တာပို့ အမျှဝေသည့် ဆွမ်းလောင်းလှူပွဲ ...

Tuesday 18 December 2007

နအဖ၏ ကရင်လူထုတရပ်လုံးအပေါ် ထိုးစစ်ဆင်နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံကျောင်းသား

Mizzima News

ဆရာတော်ကို ပြန်လွှတ်သော်လည်း ငွေကြာယံကို လုံခြုံရေး တင်းကျပ်ထား
Tuesday, 18 December 2007 22:01 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ငွေကြာယံကျောင်းတိုက် ဆရာတော် ဦးရေဝတအား စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ရာမှ ယခုလ ၁၄ ရက်နေ့တွင် သံဃာ ၉၆ ပါးနှင့်အတူ အာဏာပိုင်များက ပြန်လွှတ်ပေးသော်လည်း ကျောင်းတိုက်ကိုမူ ...

တိုက်လေယာဉ် ပျက်ခြင်းသည် မြန်မာပြည်တွင် ဖြစ်ရိုးဖြစ်စဉ်ဟု လေ့လာသူက ပြောဆို
Tuesday, 18 December 2007 21:57 - မြန်မာစံတော်ချိန်

စစ်တပ်ကို စစ်လက်နက်ပစ္စည်းများ ဝယ်ယူအားဖြည့်နေသော်လည်း တနင်္လာနေ့က တိုက်လေယာဉ်တစင်း ပျက်ကျခြင်းသည် စစ်အစိုးရ၏ စစ်ပစ္စည်း အရည်အသွေးကို ပြသနေသည်ဟု စစ်ရေး လေ့လာသူတဦးက ပြောဆို ...

အသက်သွေးစွန့်လှူသူ သံဃာပြည်သူကို ကျောင်းသားလူငယ်များ ဂုဏ်ပြုသွေးလှူ
Tuesday, 18 December 2007 21:51 - မြန်မာစံတော်ချိန်

စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုအတွင်း အသက်သွေး စွန့်လှူခဲ့သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့နေ ကျောင်းသားလူငယ်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များနှင့် အခြားပြည်သူ ၄၉ ဦးက ...

BBC Burmese News Tuesday Evening

Tuesday Evening
It has been one month since Daw Aung San Su Kyi last met with the Minister of Relation.
It has been one month since Daw Aung San Su Kyi last met with the Minister of Relation.

NLD: "no sign of dialogue"

The Burmese opposition, the National League for Democracy, says that for one month there's been no sign of any dialogue with the military government.

The spokesman for the League, Nyan Win, said he'd not been allowed to speak to the detained opposition leader, Aung San Suu Kyi, since before her last meeting with a government minister on the nineteenth of November.

The United Nations said there had been progress towards a dialogue after a mission to Burma by a senior envoy.

BBC coverage includes

EU envoy to Burma, Pierro Fasino, has started his three day mission in China to discuss Burma issue with the Chinese government.

He wants China to help the dialogue process between Daw Aung San Su Kyi and the military regime mediated by the UN special envoy Mr Gambari.


Congressional medal for Daw Aung San Suu Kyi

Daw Aung San Su Kyi has spent most of the past eighteen years under house arrest.
Daw Aung San Su Kyi has spent most of the past eighteen years under house arrest.

The United States House of Representatives has voted unanimously to award the Burmese pro-democracy leader, Aung San Suu Kyi, its highest civilian honour -- the Congressional Gold Medal.

Members of the House made clear the award was intended to send a message to the Burmese military leadership that the US would continue to press for Aung San Suu Kyi's release.

She has spent most of the past eighteen years under house arrest.

Many western countries repeated their calls for her release following the pro-democracy marches in Burma in September.


Also in the news

-KNU attacked a DKBA convoy near Kawkayeik in Karen State, killing five.

-Ko Htin Kyaw has appeared before the special court inside Insein Prison.

On International Immigrant Workers' Day , the Burmese Women Union has pointed out the migrant women's problems including discrimination and sexual abuse.

DVB Latest News


more


more


more


more


more