
ဗိုလ်မှူးချုပ် မဲအေစိန်
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၂) တောင်ငူ ခရိုင်အတွင်း လွန်ခဲ့သည့် လလယ်မှ စတင်ကာ နအဖ စစ်တပ်မှ တပ်အင်အားများ ထပ်မံတိုးချဲ့ကာ ဒေသတွင်း ရှိရွာသားများအား တပ်စခန်းဆောက်လုပ်ရေးနှင့် ရိက္ခာ ပို့ဆောင်ရေးအတွက် အဓမ္မလုပ်အားစေခိုင်းမှုများ
                ယခင်ထက် ပိုလုပ်လာသဖြင့် ဒေသခံများ ဒုက္ခရောက် နေကြောင်း တပ်မဟာ (၂) မှူး ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။
၎င်းက  “ကျနော်တို့ဒေသကို  မြေလှန်စနစ်နဲ့ အပြတ်ရှင်းဖို့ လုပ်နေတယ်။ ရွာသားတွေကို တောင်ယာ လယ်နဲ့ စိုက်ပျိုး     ရေးတွေ လုပ်ခွင့်မပေးဘူး။ ရွာတွေကို ပိတ်ဆို့ထားတယ်။ စားနပ်ရိက္ခာတွေလည်း ရောင်းဝယ်
ခွင့်မပြုဘူး။ သူတို့တပ်အတွက် အဓမ္မလုပ်အားပေးစေခိုင်းမှုတွေ လုပ်ရပြီး ရွာသားတွေကို လူသားမိုင်းရှင်းကိရိယာအဖြစ်သုံးတယ်။ ဆတ်သားအဖြစ် သုံးတယ်။ တပ်စခန်း ဆောက်လုပ် ရေးတွေကို ကိုယ့်ရိက္ခာကိုယ်စားပြီး သွားလုပ်ပေးရတယ်။ ကိုယ့်ရဲ့ ခြံအလုပ်တွေနဲ့ သီးနှံတွေကို လုပ်ကိုင်ရောင်းဝယ်ခွင့်မပြုဘူး။ အခု တောင်ငူခရိုင် ထန်းတပင်နယ်မှာ အိုးအိမ် ပစ်ပြေးနေရတဲ့
IDP ရွာသား (၁၀,၀၀၀) လောက်ရှိတယ်” ဟု ပြောသည်
ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစပြီး နအဖတပ်များမှ  စကခ (၄) ၊ (၁၀)၊ (၂၁) တို့၏လက်အောက်ခံ တပ်ရင်းစုစုပေါင်း (၂၁) ခုထပ်မံအင်အားတိုးချဲ့လာကြောင်း ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။
ယခုလ (၂၇) ရက်က စကခ (၁၀) မှူးက ဘောဂလိကြီးကျေးရွာအုပ်စုရှိ ရွာ (၁၂) ရွာအား တအိမ် တယောက်နှုန်းဖြင့် ဆတ်လူးချောင်း တပ်စခန်းဆောက်လုပ်ရေးအတွက် မိမိရိက္ခာနှင့် မိမိလုပ်အား ပေးစေခိုင်းခဲ့သည်ဟု သိရသည်။
“ရွာသားတွေဟာ ဆန်ဝယ်စားမယ်ဆိုရင် နအဖစစ်တပ်မှာ ခွင့်ပြုချက်တောင်းရတယ်။ ကိုယ့်
သဘောနဲ့ကိုယ် သွားဝယ်စားမယ်ဆိုရင် ပစ်သတ်တဲ့အထိ အရေးယူတာတွေရှိတယ်။ ဒီလ (၁၀) ရက်နေ့ကလည်း စကခ (၄) လက်အောက်ခံ ခမရ (၇၁၀) (၇၀၃) (၇၀၇) တပ်တွေဟာ ထန်း တပင်မြို့နယ် သေ့အီးခီးရွာကိုဝင်စီးပြီး စပါးကျီနဲ့ တွေ့သမျှပစ္စည်းတွေကို သိမ်းယူသွားတာ ကာလတန်ဖိုး (၁၉၅) သိန်းခန့်ရှိတယ်”  ဗိုလ်မှူးချုပ် မဲအေစိန်က ပြောပြသည်။
နအဖသည် KNU အုပ်ချုပ်ရေးဒေသတွင် နေထိုင်သူများကိုသာမက  ၎င်းတို့ အုပ်ချုပ်ရေးဒေသ အောက်တွင် နေထိုင်သူများအားလည်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ ပြုလုပ်နေကြောင်း၊
ယခုလ (၂၂) တွင်  တပ်စခန်း အသစ်များတည်ဆောက်ရန်အတွက် ဘောဂလိတွင်ရှိသည့် အရပ်သား ကား (၆) စီးအား  ကားတစီးလျှင် အုတ်ခဲ အချပ်ရေ (၁၀,၀၀၀)၊  ထုံးနှင့် ဘိလပ်မြေ
အိတ် (၃၀) အပါအ၀င် သဲနှင့်ကျောက်များကို စကခ (၁၀) မှူးက အခမဲ့ပို့ဆောင်ခိုင်းခဲ့သည်ဟု
၎င်းက ပြောသည်။
တောင်ငူခရိုင်သည် ပျဉ်းမနားနှင့် ဆက်စပ်နေပြီး ကြပ်ပြေးနေပြည်တော်တည်ဆောက်ရေးနှင့် နီးကပ်နေသောကြောင့်လည်းကောင်း၊  မန္တလေး-ရန်ကုန် ရထားလမ်း ကားလမ်းပိုင်း ဗဟိုဖြစ် သည့်အတွက် မိမိတို့အား အပြုတ်တိုက်မည်ဖြစ်ကြောင်း၊ တောင်ငူဒေသတခုလုံးအား တပ်နယ် တပ်မြို့အဖြစ်တည်ဆောက်ရန် အစီအစဉ်ရှိသည်ဟုသိရကြောင်း၊  နအဖ၏ ထိုးစစ်အား ပြောက် ကျားနည်းဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။ 

No comments:
Post a Comment