
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့။
ထုတ်ပြန်ကြေငြာချက်။
လူထုတရပ်လုံးအတွက်  စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူလူထုအား လက်ရှိဖြစ်ပေါ်နေသော  နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို  အရှိအတိုင်း ချပြစည်းရုံးခြင်း၊မတရား ပြုလုပ်လျှက်ရှိသည့် နအဖ စစ်အာဏာရှင်  တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏  အခွင့်အရေးအတိုင်း ချပြစည်းရုံးခြင်းများနှင့်မတရား  အုပ်ချုပ်မင်းလုပ်နေပြီးပြည်သူတရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ်  ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည်အထိ အကြောက်တရားများ  ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့အတွက်  ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
ယခု အခါ စစ်အာဏာရှင်  တစုနှင့်နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း  အပါအဝင် ( ၇ )ယောက်အား မတရား ဖမ်းဆီးခြင်း၊ကိုယ်ပိုင်  ဟန်းဖုန်းများသိမ်းယူခြင်းများကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က  ဖြစ်ပွါးခဲ့သော ဗုံးကွဲမှုများကို မိမိ တို့ မလုပ်ကိုင်ရပါပဲ မတရား စစ်ဆေး  မေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။
၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့)ညနေ  ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး  ခုနှစ်လွှာပေါက်ဆီဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး  ဗုံးကွဲမှုများနှင့်ပတ်သတ်သရောင်ရောင် စစ်ဆေးမေးမြန်းခြင်းများကို  ပြုလုပ်နေပါသည်။
ထို့ကြောင့် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး  မြေသြဇာ အဖွဲ့အနေဖြင့်  မူဝါဒလမ်းစဉ်များ၊လှုပ်ရှားဆောင်ရွက်ခဲ့မှုများအားလုံးတွင်  အကြမ်းဖက်မှုများ လုံးဝမပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ  လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် မတရား အမှုဆင်ဖမ်းဆီးစစ်ဆေးနေမှုများအား  အမြန်ဆုံး ရပ်တန့်ပေးရန်နှင့်ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများရှိနေပါစေ  ခေါင်းငုံ့မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ  ပြည်သူလူထုတရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့်သွားမှာ မဟုတ်ပဲ  အရှိန်မြှင့်လှုပ်ရှားဆောင်ရွက်ပြီး ပြည်သူလူထုတရပ်လုံး၏ ဒါဏ်ခတ်မှုကို  မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေးလိုက်သည်။
ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့်ပြည်သူလူထုတရပ်လုံးမှ နအဖ  စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည်မပြုသလို၊၂၀၁၀  ရွေးကောက်ပွဲကိုလည်း ငြိမ်းချမ်းသော နည်းနာများသုံးကာ  ဖယ်ရှားတော်လှန်သွားမှာ ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်သည်။
မည်သည့်  စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ  အကောင်းဆုံး မြေသြဇာ အဖွဲ့။
ကိုနစ်ထံမှ ကူးယူဖော်ပြသည်