Pages

Subscribe

Thursday 15 April 2010

ဂျပန်TBS သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုသတင်း...

ရုပ်သံပေါ်မလာလျှင် Watch on You Tube ကိုနှိပ်ပြီး သွားရာက် ကြည့်ရှုနိုင်ပါသည်။

People wait Thursday for word of relatives outside the emergency  department of Yangon Hospital in Myanmar.People wait Thursday for word of relatives outside the emergency department of Yangon Hospital in Myanmar

CNN သတင်းမှာတော့ အနည်းဆုံးသေဆုံးသူ ၂၀ နဲ့ ဒဏ်ရာရသူ ၇၀ကျော်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ဆေးရုံဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပြီး.. မြန်မာစစ်အစိုးရသတင်းမှာတော့ သေဆုံးသူ ၈ဦးနဲ့ ဒဏ်ရာရသူ ၉၀ကျော်ရှိကြောင်း စစ်အစိုးရပိုင်MRTV ကကြေငြာသွားပါတယ်။

Yangon, Myanmar (CNN) -- The government of Myanmar said three bombs caused the deadly blasts that ripped through Yangon on Thursday, an action it calls a terrorist attack.

At least 20 people have died and more than 70 others were wounded, a staff member at Yangon Hospital said. But the government says only eight have died and more than 90 others were wounded.

The blasts occurred at 3 p.m. local time during a water festival, part of the New Year's celebration taking place in Myanmar and other southeastern Asian countries. People toss water on each other as part of a cleansing ritual during the celebration.

Myanmar, formerly called Burma, is under strict military rule and such blasts are rare. Yangon, Myanmar's former capital and the country's commercial hub, is generally a crime-free and calm city.

http://edition.cnn.com/2010/WORLD/asiapcf/04/15/myanmar.blast/index.html?hpt=T2


ဒီမိုဝေယံ မှကူးယူဖော်ပြသည် ကျေးဇူးအထူးတင်ရှိပါသည်


စစ်အစိုးရပိုင် MRTV ကကြေငြာသွားတဲ့ ဗုံးပေါက်ကွဲမှုသတင်း..ရုပ်သံ

ရန်ကုန် ဆေးရုံကြီးက သတင်းပါ။ အထူးသတင်း

မင်္ဂလာတောင်ညွန့် စည်ပင် မြို့နယ်မှူး သေဆုံးသွားတယ်။ လောလောဆယ် တပ်ဘက်က အရာရှိတစ်ယောက် ခြေထောက်ကို တော်တော် ထိသွားတယ်လို့ ကြားပါတယ်။

ဒဏ်ရာရတဲ့သူတွေထဲမှာ တပ်ဘက် အရပ်ဘက် ဝန်ထမ်းက အများစုလို့ ပြောပါသည်။

လုံခြုံရေးယူထားတဲ့ ရယက တွေလည်း ထိတာ မနည်းပါလို့ ကြားပါသည်။

လောလောဆယ်မှာ ခွဲခန်းဝင်ဖို့ တန်းစီဇယားက မနည်းပါ။

နောက်ဆက်တွဲ့ဆက်လက်ဖော်ပြပါမည်....ပေးပို့သူအားကျေးဇူးတင်ပါသည်...စစ်အစိုးရလောက် အပြစ်မဲ့လူတွေကို သတ်တဲ့ အဖွဲ့အစည်း မြန်မာပြည်မှာ မရှိဘူး။ ရန်ကုန်မှာ ဗုံးခွဲသတ်တယ်၊ ကရင်ရွာတွေမှာ ဗုံးခွဲသတ်တယ်၊ ရှမ်းရွာတွေမှာ ဗုံးခွဲသတ်တယ်။ ဘုန်းကြီး၊ ကျောင်းသား၊ သီလရှင်၊ အလုပ်သမား၊ လယ်သမား၊ တောင်ယာစိုက်စားနေတဲ့ ကရင်၊ ရှမ်း အကုန်သတ်တယ်။ ဗုံးခွဲတိုင်း ဗုံးခွဲတိုင်း အစိုးရလုပ်တယ်ဆိုတာ ပြည်သူတွေသိတယ်။

ကားဖြတ်သတင်း : :ကန်တော်ကြီး ဗုံးပေါက်၊ အနည်းဆုံး ၉ ဦး သေဆုံး
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ ။ ။ သင်္ကြန်ပွဲတော်ရက်အတွင်း ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ ဗုံးများ ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၉ ဦး သေဆုံးကာ၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သတင်းဌာနများအရ သိရသည်။

သင်္ကြန်ပွဲ ဆင်နွှဲသူများဖြင့် လူစည်ကားလှသော မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၃ bomb-blast-ygn4sနာရီခန့်က အနည်းဆုံး ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာမှ ထိုသို့ သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

သတင်းဌာနများက ရဲဌာနကို ကိုးကား၍ ဖော်ပြရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး၊ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသော်လည်း အမှန်တကယ် သေဆုံးသူနှင့် ဒဏ်ရာရသူ ဦးရေမှာ ယခုဖော်ပြသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

ယခုလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဆင်နွှဲနေသည်။
အမျိုးသမီး ၅ ယောက်နှင့် အမျိုးသား ၄ ယောက် သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၁၇ ယောက် ဒဏ်ရာ ရကာ၊ အမျိုးသား ၄၅ ယောက် ဒဏ်ရာရသည်ဟု .. ရန်ကုန်ဆေးရုံမှ ပြောသည်ဟု သိရပါသည်။

..........................................................

ဒီနေ့ ဗုံးပေါက်ကွဲမှုမှာ ၃ ခု ဖြစ်ခဲ့သည်ဟု သိရပါသည်။ ဗုံးကြောင့် ဒဏ်ရာရသူ ၄၀ ခန့်ရှိသည်ဟု ခန့်မှန်း ပြောကြပါသည်။

latest news from ko htike blog
ရန်ကုန် ပေါက်ကွဲမှုသတင်းများ









































































ကန်တှောကြီး X2O မဏဿဍာပ်မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပောက်တယ်။ မဏဿဍာပ်ပှောမှာ ပောက်တာ မဟုတ်ဘဲ အောက်ကနေ ပောက်ကွဲတာ ဖြစ်ပာတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပာတယ်။ X2O မဏဿဍာပ်ဟာ လူစည်ကားတဲ့ မဏဿဍာပ်တစ်ခုလည်း ဖြစ်ပာတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းပာဘူး။ ပောက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရပာတယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပာတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပာတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပာတယ်)

အခင်းဖြစ်ပွားရာ နေရာက ကျွန်တှောတို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပာတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စမှောမာ ပောက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပာတယ်။ အဲဒီမဏဿဍာပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပာတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏဿဍာပ်တွေလည်း ပိတ်လိုက်ကြရပာတယ်။ သူနာပြုကားပှောမှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပာသွားတာကို မြင်လိုက်ရပာတယ်။ မဏဿဍာပ်ဘေးနားက ဈေးသည်များနဲ့ မဏဿဍာပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပာတယ်။


အခင်းဖြစ်တဲ့ X2O


အခင်းဖြစ်တဲ့ X2O


မဏဿဍာပ်မှာ လူတွေ ပြေးပြီ

ကိုနစ်နဲ့ညီလင်းစက် တို့မှကူးယူဖော်ပြသည်