Pages

Subscribe

Sunday 2 December 2007

Pamphlet Campaign

သီရိလင်္ကာရောက်မြန်မာရဟန်းတော်များအဖွဲ့မှ နိုင်ငံကတာလေဆိပ်များ၌ ဝေငှမည့် (Pamphlet Campaign) လက်ကမ်းစာစောင်ပုံစံဖြစ်ပါသည်။ Pamphlet Campaign အစီအစဉ်ကို မနက်ဖန် (03/ 12/ 2007) နေ့မှ စတင်၍ သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်များ အတွင်း ခရီးသွားသံဃာတော်များက စတင်ဆောင်ရွက်သွားတော့မည်ဖြစ်သည်။

Myanmar Latest News In English

10 to 15 minutes old

Nagaland bowls Khaplang googly The Telegraph, Calcutta 21:26


1 to 2 hours old

Burma: Junta Charges Monks' Leader With Treason Scoop 20:25


2 to 4 hours old

Thailand begin with 3-2 victory over Burma Bangkok Post 18:56


6 to 8 hours old

Top UN official in Burma to leave this week Radio Australia 14:25

TAQ0212.001 Myanmar to host 1st ASEAN film festival Viet Nam News Agency 13:56


Earlier Today

Top UN official in Myanmar to leave this week The Straits Times 12:16

Source: Top UN Official In Myanmar To Leave This Week - AFP Nasdaq 12:15

Refugee health screens required Amarillo Globe-News, Texas 09:19

Retrieved from the memory hole Crooked Timber (Weblog) 08:30

First Asean film festival in Myanmar next week The Earth Times 06:12

Myanmar crackdown renews debate on doing business with repressive regimes San Bernardino County Sun, California 04:44

Two illegal immigrants from Myanmar face canings Gulf Times 04:32

1st ASEAN film festival to be held in Myanmar next week Xinhua Online 04:05

Official: Myanmar HIV infection rate declines Xinhua Online 03:41

သားသုံးသား ရှင်းလင်းရေး နောက်ဆက်တွဲ


အများ သိကြတဲ့ အတိုင်းပါပဲ။ နအဖက သူ့လမ်းစဉ်အတိုင်း သားသုံးသား ရှင်းလင်းရေးကို သေချာစွာ အကောင်အထည် ဖေါ်ဖို့လမ်းစဉ်ကို တစိုက် တမက်မက် လုပ်ဆောင်နေပါပြီ။

ကျောင်းသားတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်ပြီး ထောင်ထဲထည့်ရှင်းလင်း နည်းတွေကို သုံးခဲ့ကြပါတယ်။ နောက်တခါ ဘုရားသားတော်တွေကို သတ်ဖြတ်၊ ဖမ်းဆီး ထောင်ထဲထည့်ပြီးတဲ့ အပြင် ကျောင်းကို အဓမ္မ သိမ်းယူတဲ့ အထိပေါ်ပေါ်ထင်ထင်ထင် ရဲရဲတင်းတင်း သာသနာတော်ကို စော်ကား ရှင်းလင်းနေပါတယ်။

အခုနောက်ဆုံး အနေနဲ့ကတော့ ကျန်နေတဲ့ စစ်သား(သံဃာတော်တွေကို သတ်ဖြတ်တဲ့ အထဲမှာ ရှေ့တန်းက ပါဝင် ခဲ့တဲ့ စစ်သား)တွေကို ရှင်းဖို့သာ ကျန်ပါတော့တယ်။ ဒီတော့ .... ဘယ်လို ရှင်းမလဲ ....

ကျွန်တော်ကတော့ နအဖနေရာမှာ ခဏ ၀င်ပြီး Braistorming လုပ်ကြည့်ပါတယ်။ အောက်ပါ နည်းလမ်းတွေကို စဉ်းစားမိပါတယ်။

အကြီးအကဲ ရာထူးရှိတဲ့ လူတွေကို မတန်မရာ အခွင့်အရေးပေးပြီး ပါးစပ်တွေကို ပိတ်ပါမယ်။ အကျင့်ဖျက်ပါမယ်။ ဒီတော့ အဆိုပါ ရာထူးရတဲ့လူက ရထားတဲ့ အခွင့်အရေးတွေ လက်လွတ်မခံရလေအောင် နအဖကို သစ္စာစောင့်သိပါတော့တယ်။ သစ္စာ မစောင့်သိခဲ့ရင်လည်း သူတို့ပေးထားတဲ့ အခွင့်အရေးတွေကို သုံးထားပြီးတာကြောင့် အကျင့်ပျက်နေပါပြီ။ အဲဒီလို အကျင့်ဖျက်ခံထားရပြီး အကျင့်ပျက်တဲ့ အတွက် အဲဒီ အမှုတွေနဲ့ ဖမ်းဆီး ထောင်ချ၊ အလုပ်ဖြုတ် အရေးယူပါတယ်။ မိသားစု အထိပါ လိုက်လံ ဒုက္ခပေးပါတော့တယ်။ ဒါကတော့ ရာထူး အကြီးပိုင်းကိုပါ။

နောက်တစ်ခုက ရာထူး မရှိတဲ့ အခြေခံ စစ်သားတွေ၊ သေနတ်ကိုင်ပြီး သံဃာတော်တွေကို ဖြိုခွင်းခဲ့တဲ့ စစ်သားတွေကို ရှင်းလင်းဖို့ကတော့ အခြားနည်းကို ကြံစည်ရပါတော့တယ်။ ဒါကတော့ အသက် အန္တရာယ်ပေးတဲ့ နည်းသာ ရှိပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သာမန် စစ်သားတစ်ယောက်ကို အခွင့်အရေး မပေးနိုင်လို့ပါပဲ။ ပေးခဲ့ရင် တပ်ထဲမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ဒီတော့ ဘယ်လို လုပ်ကြံမလဲ ...နည်းလမ်းဟောင်းကို ပြန်သွားရပါတော့မယ်။ ၈၈ အပြီး မဲသဝေါ၊ မာနယ်ပလော တိုက်ပွဲတွေကို မှတ်မိကြဦးမှာပါ။ သေလိုက်တဲ့ စစ်သားတွေ တပ်တစ်ခုလုံးပါ ပြုတ်ခဲ့တာတွေ ... ။ အဲဒီတပ်တွေက ဘယ်က တပ်တွေပါလဲ .. ။ ၈၈မှာ ရှေ့တန်းက ပြည်သူတွေကို သတ်ခဲ့တဲ့ ၂၂ လို တပ်တွေပါပဲ။ အခု အခါ ၈၈ မှာ ပြည်သူတွေကို သတ်ခဲ့တဲ့ ၂၂ တပ်က လက်ကျန် စစ်သားဆိုတာ မရှိသလောက်ကို ဖြစ်သွားတာ အားလုံး အသိပါ။ သူတို့အတွက် အန္တရာယ် ပေးနိုင်တဲ့ စစ်သားတွေကို ဒီနည်းတွေနဲ့ ရှင်းပါတော့တယ်။

အခု အခါ ... နောက်ဆုံး သတင်းအရ KNU ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြန်ပါပြီ။ သံဃာတော် တပါး KNU လက်ချက်နဲ့ ပျံလွန်တော်မူသွားတယ်ဆိုတဲ့ သတင်းကို သတင်းစားတွေထဲ အရှက်မရှိ လိမ်လည်နေပြန်ပါတယ်။ သတင်း မှန်၊ မမှန်ကို ကျွန်တော် မသုံးသပ်လိုတော့ပါ။ အနည်းဆုံး စက်တင်ဘာမှ ပျံလွန်တော်မူသွားခဲ့တဲ့ သံဃာအရေ အတွက်နဲ့ သတင်းကို ဘာလို့ မထုတ်ပြန်ပဲ၊ အခုကျမှ ဘယ်သူမှ မသိတဲ့ နယ်စပ်က သံဃာတော် တပါး ပျံလွန်တော် မူတာကို(မှန်ချင်မှ မှန်နိုင်ပါမည်။ သူတို့ သတ်တာလဲ ဖြစ်နိုင်ပါသည်။) ရေးကြီးခွင်ကျယ် သတင်းလုပ်ရေးနေရပါသလဲ .... ။ အဖြေက ရှင်းပါသည်။ တပ်မ ၆၆ ကို KNU နှင့် စစ်သွားတိုက်ခိုင်းရန် ကြံစည်နေသောကြောင့်သာ ဖြစ်ပါတော့သည်။ သားသုံးသား ရှင်းလင်းရေးနောက်ဆက်တွဲ စစ်သား ရှင်းလင်းရေး အစီအစဉ်ဖြစ်ပါတယ်။

အခုလို လုပ်ခြင်းအားဖြင့် တချက်ခုတ် နှစ်ချက်ပြတ်ပဲ ခေါ်ခေါ်၊ ငှက်တကောင်ကို ခဲတလုံးနဲ့ ပစ်တယ်ပဲ ဆိုဆို၊ နအဖက တပြိုင်တည်း အလုပ် ၂ ခုကို လုပ်လိုက်တာပါပဲ။ စစ်သားတွေကို ရှင်းလင်းရေးအပြင် ပြည်တွင်းက ပြည်သူတွေအနေနဲ့ သူတို့ အဓမ္မလုပ်ကိုင်နေသော သာသနာ ဖျက်ဆီးရေး လုပ်ငန်းတွေကို သတိမမူမိအောင် အာရုဏ်လွှဲပြောင်းရန် တပြိုင်နက် လုပ်ဆောင်နေကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော နအဖစစ်သားတစ်ဦး။

မြန်မာအမျိုးသမီးကောင်းများအထူးသတိထားဖို့ ပါ။ ဒီလို နအဖ မုဒိန်းကြေးစား အမျိုးဖျက်တွေ ရှိနေပါတယ်။

မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော နအဖစစ်သားတစ်ဦးကတော့ ရုရှမှာပညာသင်နေတဲ့ထဲကတစ်ယောက်ဖြစ်တဲ့ ရဲမင်းဟိန်း (ခ) မင်းဟိန်းလတ် (ခ) ရဲရင့်မင်း ဆိုတာပါ။





သူတင်ထားတဲ့အမျိုးသမီးပုံတွေကတော့ ဒီမှာပါ -

http://www.slide.com/r/8IHhAENi0T84DACMQe-yEMZNfetNiq9K?view=large

သူရဲ့  ပုံနဲ့  ၀က်ဆိုဒ်ကတော့ ဒီမှာပါ -

http://www.zorpia.com/heinminlet

http://www.slide.com/r/q9JvuUem5j-XT8BEvVpy-5TCYCFtgyeN?view=large

မြန်မာမူဆလင်အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်။