Pages

Subscribe

Thursday 13 December 2007

ငိုလေဦးတော့ ချစ်သောဗမာပြည်

သံဃာတော်များအနေနဲ့ မိမိတို့ခံယူတည်ဆောက်ထားတဲ့ ၀ိနည်းတရားတော် အရာမှာ ဒုက္ခဆင်းရဲ ကြုံတွေ့နေရတာကို တွေ့မြင်ရတိုင်း ကယ်မ စောင့်ရှောင့် ရမယ့် တာဝန်ရှိပါတယ်။ အများပြည်သူတွေ ဒုက္ခရောက်နေတာကို မြင်တွေ့ရရင် ဘုန်းကြီးတို့က ဥပေက္ခာပြု မနေနိုင်ပါဘူး။ မိမိတို့နိုင်ငံမှာ ခုလို သံဃာတော်တွေ က ပြည်သူတွေ့ရဲ့ဒုက္ခကို ဖေးမကူညီကြဖို့ ညီညာစုရုံးကြတဲ့အခါ ဘုန်းကြီးတို့ လည်း သံဃာ့အဖွဲ့အစည်းတစ်ခု ထူထောင်လိုက်ရပေတယ်။ ဗမာပြည်မှာ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ပြည်မျက်နှာ နိုင်ငံမျက်နှာဖုံးအဖြစ် ရည်တည်ခဲ့ကြပါတယ်။


ရဟန်းတစ်ပါးက နိုင်ငံရေး ရာထူးယူတာ၊ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်တာမျိုးဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀ိနည်းတော်များအရဆိုရင်တော့ မဖြစ်သင့်ပေဘူး။ ဒါပေမယ့် ဒီနေ့ဗမာပြည်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ မေတ္တာဝါဒနဲ့ အဟိသ၀ါဒ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ဒဿနအရ မျှော်လင့်ထား တဲ့ တုံ့ပြန်ဖီဆန်အာခံမှုမျိုးကို ဖြစ်ပေါ်စေပြီး မတရား ဖိနှိက်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို မလွှဲမရှောင်သာ အန်တုဖီဆန်တာမျိုးကို ပြုလုပ်ခဲ့ကြရပါပြီ။

ဘုန်းကြီးတို့ နှစ်ပါးလုံးဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများဖြစ်ကြပါတယ်။ တစ်ပါးက လက်တလော ဆန္ဒပြပွဲကြီးမှာ ဦးဆောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဦးဆောင်သံဃာတော်ဖြစ်ပြီး နောက်တစ်ပါးကတော့ အမေရိကန်ပြည်ထောင်စု မှာ စာပေသင်ကြား ပို့ချပေးနေသူ ပညာရှင်ဖြစ်ပါတယ်။ ဒီနှစ်ပါးမှာ တစ်ပါးက ထွက်ပြေးပုန်းရှောင်နေရတယ်။ အကြောင်းကတော့ စစ်အစိုးရက ဗမာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ဗုဒ္ဓဘာသာနွယ်ဝင် ညီအကိုမောင်နှမ တွေကို ရက်ရက်စက်စက် လိုက်လံဖမ်းဆီး သတ်ဖြတ်နေလို့ ဖြစ်ပါတယ်။


ဗမာပြည်မှာ မြောက်များလှစွာသော သံဃာများနဲ့ သီလရှင်များဟာ စစ်သားများ ရဲ့ နှိပ်စက်စော်ကားတာတွေကို ခံခဲ့ကြရပါတယ်။ ထောင်နဲ့ချီပြီး အဖမ်းခံကြရပါ တယ်ီ။ ရက်ရက်စက်စက်နှိပ်စက် ညှဉ်းပမ်းတာတွေကိုလည်း ဆက်လက် ခံစားနေ ကြရပါတယ်။ သံဃာတစ်ထောင်ကျော် ပျောက်ဆုံးနေပြီး အများအပြားဟာ သေဆုံးကုန်ကြပြီလို့ ယူဆကြရပါတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းက စတင်ပြီးတော့ သံဃာတော်များဟာ ဗမာပြည်သူတွေရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်ပါစေဖို့ ရည်ရွယ်ပြီး မေတ္တာပို့ရင်း စုပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဗမာပြည်ဟာ သယံဇာတ ပေါကြွယ်ဝလျက် ဗမာပြည်သူတွေမှာတော့ ဆင်းရဲမွဲ တေနေကြပါတယ်။ ဒီကြားထဲမှာ စစ်အစိုးရက ဓာတ်ဆီလောင်စာ ဈေးနှုန်းတွေ ကို ရုတ်တရက် နေ့ချင်းညချင်းဆိုသလို ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တဲ့ အခါ အများပြည်သူ လူတိုင်းမှာ ထိခိုက်နစ်နာကြရပြီး မျက်ကလဲဆန်ပြာနဲ့ ဗျားများကုန်ကြရရှာပါတယ်။

သံဃာတော်များ အနေနဲ့ကတော့ ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံတွေ့ကြရတာကို မြင်တွေ့ကြရတိုင်း ကယ်မစောင့်ရှောက်ကြရမယ်လို့ ခံယူထားတဲ့ အချက်ဟာ မိမိတို့ ကျင့်သုံးဆောက်တည်ထားတဲ့ ၀ိနည်းတရားတော်ရဲ့ အစိတ်အပိုင်းတခု အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ခုလိုပြည်သူတွေ ဒုက္ခရောက်နေကြရရှာတာကို သံဃာတော်တွေ တညီတညွတ်တည်း စည်းရုံးဆောင်ရွက်ကြတဲ့အခါ ပြည်ပမှာ လည်း သံဃာတော်များရဲ့ အဖွဲ့အစည်းတရပ်ကို စုဝေးဖွဲ့စည်းလိုက်ကြရပါ တယ်။
ပြည်ပမှာ စာသင်ကြားပို့ချခြင်း၊ စာသင်ယူခြင်း အလုပ်တို့ကို လုပ်နေကြတဲ့ သံဃာတော်တွေဟာ စည်းရုံးလှုပ်ရှားမှုကြီးမှာ ပါဝင်ပေါင်းစည်းကြပြီး လုထုဆန္ဒ ပြပွဲကြီးများ ပြုလုပ်ကြခြင်းဖြင့် ဗမာပြည်တွင်းက လူထုလှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒီလို စုဝေးလှုပ်ရှားမှုတွေဟာ သံဃာတော်တွေ အနေနဲ့သာ မကပါဘူး။ သံဃာတော်များက နိုင်ငံပြောင်းလဲမှုတရပ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြပြီဆိုရင်ပဲ ကျောင်းသားတွေ၊ လူငယ်တွေ၊ ပညာ ရှင်တွေနဲ့တကွ သာမန်ပြည်သူတွေပါ လမ်းမပေါ်ကို တက်ပြီး မိုးထဲလေထဲ မရှောင် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

သံဃာတော်များအနေနဲ့ ဗိုလ်ချုပ်အားလုံးကို မဟုတ်တောင်မှ ဗိုလ်ချုပ်တချို့ကိုတော့ ဖြင့် ဆွဲဆောင်နိုင်ခဲ့ကြပါတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်နေကြတဲ့ ဗိုလ်ချုပ်တွေကိုယ်တိုင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေ ကြတဲ့အတွက် ဗမာပြည်အပေါ်မှာ ကျရောက်နေတဲ့ ဘေးဆိုးဒုက္ခတွေကို ဖယ်ရှားဖို့ရာ သံဃာတော်တွေရဲ့ အားထုတ်မှုကို သူတို့လည်း ပူးတွဲပါဝင်ချင်တဲ့ သဘောထားဆန္ဒတွေ ဖြစ်ပေါ်လာကြမှာပဲ ဖြစ်ပါတယ်။ သံဃာတော်များဟာ ပထမပိုင်းမှာ မိမိတို့ရဲ့ မလိုလားမနှစ်မြို့မှုကို စစ်ဗိုလ်တွေ လှူဒါန်းတဲ့ဆွမ်းများ လက်မခံခြင်းဖြင့် ပြသခဲ့ကြပါတယ်။ သပိတ်တွေကိုမှောက်ပြီး ကိုင်ဆောင် လမ်းလျှောက်လာခြင်းဖြင့် မိမိတို့ရဲ့ဆန္ဒကို အမူအရာနဲ့ပြပြီး သိရှိစေခဲ့တာပါ။

သံဃာတော်တွေဟာ သာမန်စစ်သားတွေကိုရော၊ အဲဒီစစ်သားတွေကို အမိန့်ပေး ပြီး ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းဖို့ ခိုင်းစေခဲ့ကြတဲ့ စစ်ခေါင်းဆောင် တွေကိုရော မေတ္တာမပျက်ကြပါဘူး။ ဒါပေမယ့် အချိန်ရှိခိုက် ပြောင်းလဲလိုက်ကြ ပါတော့လို့တော့ စစ်ဗိုလ်တွေကို တိုက်တွန်းလိုပါတယ်။ စစ်တပ်ထဲက လူတချို့နဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အုပ်စုအသင်းဝင်တွေထဲက တချို့ကဆိုရင် သံဃာတော်တွေ ကို အကြမ်းဖက်နှိမ်နင်းမှုကို စိတ်မပါခဲ့ကြဘူးဆိုတာ သံဃာတော်တွေက သိထားကြပါတယ်။ ကိုယ့်နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေကို အကြမ်းဖက် နှိပ်စက်ခဲ့ကြသူတွေကိုတော့ ကျွန်ုပ်တို့က ခုလိုတိုက်တွန်းပြောဆိုချင်ပါတယ်။

“သင်တို့ရဲ့ လုပ်ရပ်တွေကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ဒီအပြုအမူ ဒီလုပ်ရပ်တွေ ဟာ တရားတော်နဲ့ ညီရဲ့လား၊ ကိုယ်ပြည်သူတွေရဲ့ ကောင်းကျိုးဆောင်ရွက်နေ တာကောဟုတ်ရဲ့လား” ဆိုတာတွေကို ဆင်ခြင်ကြည့်ကြ စေလိုပါတယ်။ တချို့ စစ်သားတွေကဆိုရင် သံဃာတော်တွေကို ရိုက်နှက်ခိုင်းတာကိုရော၊ သံဃာတော်တွေ ချီတက်လာကြတာကို တားဆီးဖို့ကိုရော အထက်က အမိန့်ပေး စေခိုင်းတာကို ငြင်းဆန်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုငြင်းဆန်တဲ့ စစ်သားတွေဟာ သံဃာတော်တွေ ဘာလုပ်နေကြတယ်ဆိုတဲ့ အမှန်တရားကို သိရှိနားလည်ကြလို့ပါပဲ။

သံဃာတော်များအနေနဲ့ မျှော်လင့်ထားတာကတော့ စစ်ခေါင်းဆောင်တွေဟာ ထွက်ပေါက်ဖန်တီးတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးကို ရည်မှန်းချက်ထားပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ပါ အမြန်တွေ့ ဆုံးဆွေးနွေးကြဖို့ပါပဲ။ စစ်သားတွေဟာ ဘုန်းကြီးကျောင်းတွေကို ၀င်ရောက် တိုက်ခိုက်ပြီး သံဃာတော်တွေနဲ့ သီလရှင်တွေကို အင်အားသုံး ဖမ်းဆီးခဲ့ကြပါ တယ်။ ရပ်ကွက်တွေထဲမှာရော၊ ဘုရားကျောင်းကန် ၀န်းကျင်တွေနဲ့ လမ်းမတွေ ထဲမှာရော စစ်တပ်အစောင့်ချထားခဲ့ကြပါတယ်။
ဒဏ်ရာရထားတဲ့ ဆန္ဒပြသူတွေကိုလည်း အစုလိုက်အဝေးလိုက် အရှင်လတ် လတ် မြေမြှပ်သဂြိုဟ် ဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်။ ရန်ကုန်အနီးက ချောင်း မြောင်းတွေထဲမှာလည်း အလောင်းတွေပေါ်လာတယ်ဆိုတာကို အခိုင်အမာ အတည်ပြုပြောဆိုထားတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။ စစ်အစိုးရဟာ ခုလို ဗမာ ပြည်သူတွေကို မတရားဖိနှိပ်သတ်ဖြတ်ပြီး ကမ္ဘာကို သတင်းလိမ်တွေ ဖြန့်ချိခဲ့ ပါတယ်။
ဗိုလ်ချုပ်ကျော်ဆန်းက စစ်အစိုးရရဲ့ ကိုယ်စားအနေနဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို မကြာခင်ကပဲ ခုလို ပြောပြလိုက်ပါ တယ်။ အခုလမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတွေဟာ “သံဃာအတု” တွေပါတဲ့။ ကျွန်ုပ်တို့ဟာ သံဃာအစစ်တွေပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ ထောင်ချီများပြားတဲ့ သံဃာတွေဟာ ငြိမ်းချမ်းရေး လိုချင်လို့ ဆန္ဒပြကြတာပါ။ တချို့က ဗမာပြည်မှာ အုံကြွမှုကြီး ပြီးဆုံး သွားပြီလို့ ပြောကြပါတယ်။ ဒါက စစ်အစိုးရအနေနဲ့ ကမ္ဘာကို ဒီအတိုင်း သိစေချင် တာပါ၊ ဒါပေမယ့် ဘုန်းကြီးတို့ ယုံကြည်တာက ဒီအုံကြွမှုကြီးဟာ စစ်အုပ်ချုပ်ရေး အဆုံးရဲ့ အစပဲဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ဖြိုခွင်းလိုက်တာဟာ ဗမာပြည်သူတွေသာ မကပဲ သူတို့ရဲ့ နှလုံးသားဝိညာဉ်နဲ့ ယုံကြည်မှုတွေကိုပါ ဖြိုခွင်းမိခဲ့ပါပြီ။ သံဃာတော်တွေဟာ တရားတော် စောင့်ရှောက်ပြီး သူတို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ ဗုဒ္ဓသာသနာတော်ကြီး တခုလုံးကိုပါ တိုက်ခိုက်လာခဲ့ပါပြီ။ ဘုန်းကြီတို့ အနေနဲ့ဘုန်းကြီးတို့ကို နိုင်ငံတကာက ကူညီနေကြတာကို သိရှိပါတယ်။ ဒါပေမယ့် ကူညီမှုတွေဟာ ပိုပြီ ထိရောက်ဖို့လိုပါတယ်။ ဘုန်းကြီးတို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ငြင်းပယ်ခံခဲ့ကြရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိအောင် ကူညီအားပေးလာကြတဲ့ လူပုဂ္ဂိလ်တွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ ဒီလိုကူညီတာ တွေကို လက်တွေ့ကျကျနဲ့အကျိုးသက်ရောက်အောင် လုပ်ကြစေချင်ပါတယ်။ စစ်အစိုးရကတော့ သူတို့အားဏာတည်မြဲရေးအတွက် ဘာမဆို လုပ်တော့မှာပဲ။
ဒီအခါမှာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖွင့်ချ ကြရပါလိမ့်မယ်။ စစ်အစိုးရဟာ လမ်းတွေနဲ့ ဘုန်းတော်ကြီးကျောင်တွေကိုတော့ ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သံဃာတော်တွေ ရဲ့နှလုံးသားထဲက သန္နိဋ္ဌာန်ကိုတော့ဖြင့် ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။
ဦဂမ္ဘီရ နှင့် ဦးနာယက
မောင်စွမ်းရည် မြန်မာပြန်သည်

( မှတ်ချက်။ ။ ဦးဂမ္ဘီရဟာ “ ဗမာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီ ”ရဲ့ ဦးဆောင် သံဃာတပါးဖြစ်ပြီး အရှင်နာယက ကတော့ ဗုဒ္ဓသာသနာပြုအဖွဲ့ကို တည်ထောင်သူနဲ့ ကိုလံဘီယာတက္ကသိုလ်ရဲ့ ဧည့်သည် ကထိကတစ်ဦး ဖြစ်ပါတယ်။)

Democracy activist receives human rights award

Friday, December 14, 2007
By Dimitri Bruyas, The China Post



TAIPEI, Taiwan -- President Chen Shui-bian awarded yesterday Dr. Cynthia Maung of the Mae Sot Clinic in Thailand with the 2007 Asia Democracy and Human Rights Award for her outstanding achievements in advancing the cause of democracy in Myanmar. Chen also cited Maung for providing free medical services to tens of thousands of refugees escaping the authoritarian regime to Thailand over the past two decades.

Dr. Maung left Myanmar for Thailand together with 14 colleagues of the North Okkalapa General Hospital, following violence between demonstrators and the military police in 1988. The following year, she opened a makeshift clinic, and launched educational and counsel programs for refugees so that they could embrace democratic values and respect human rights.

"On behalf of democratic and free Taiwan, I would like to pay our highest regard to Dr. Maung," said Chen.

He explained that Myanmar's military government not only rejected the population's appeal for democracy during the recent "saffron revolution," but also acted harshly in arresting and condemning the protest leaders, mostly monks.

"The path to democracy is often stained with the blood of political activists," he added, recalling his personal experience as a democracy activist in Taiwan.

He explained that in order to proactively repay the international community for supporting Taiwan's pursuit of democracy, the government established last year the democracy and human rights award to help promote democracy worldwide.

"Myanmar military junta is the source of the problem," said Dr. Cynthia Maung, who explained that "force labor" and "the systematic rape of women" have become common in several areas of the country.

"The government of Myanmar has been expanding its forces at an alarming rate ... by recruiting students as soldiers," she added.

She noted that the demonstrations last September showed the population has not given up hope for "democracy and a stable country." Compared to a similar event in 1988, it was good to see more people involved this time, she went on. However, "there is no opportunity for improvement or change under the military regime," she said, stressing that any attempt for democratic change or political dialogue would be met with a crackdown by the military.

"Groups, organizations and individuals have committed themselves to learning about dialogue and justice, in order to bring about peaceful change in the country, she said.

Accordingly, Maung said that international agencies should collaborate and work directly with local communities and democratic organizations, rather than continuing to collaborate with the government.

ရောဂါ ကုစားခြင်း(သို့) Think Tank


ကျွန်တော် အတွင်းသတင်း တချို့အရ သိထားရတာတွေ ရှိပါသည်။ လူထုကို အကြောက်တရားတွေ ကြီးဆိုးအောင် လုပ်ပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ရှာကြံနေကြတဲ့ စစ်ဗိုလ်(အထူး သဖြင့် နအဖ အဖွဲ့ဝင်) တွေမှာ အကြောက်တရားတွေ ပြန်ပြီးကြီးဆိုးနေကြတယ် ဆိုတာပါပဲ။

လက်ရှိနအဖ အဖွဲ့ခေါင်းဆောင် သန်းရွှေရဲ့ သတင်းနဲ့ သူ့မိသားစုကတော့ ဘယ်လို ခံစားနေရသလဲဆိုတာ ကျွန်တော် သေခြာ မသိ၊ မကြားရပေမယ့် သူ့လက်အောက်က အတော်ကြီးမားတဲ့ ရာထူးကို ရယူ လုပ်ကိုင်နေကြသော အချို့ စစ်ခေါင်းဆောင်တွေမှာ လိပ်ပြာ မလုံတဲ့ ရောဂါ တမျိုးခံစားနေကြရပါတယ်။ အထူးသဖြင့် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုကို အကြမ်းဖက်မှု အပြီးမှာ ပိုဆိုးရွားလာကြပါတယ်။

အခုမှ ဒုက္ခရယ်လို့ ကိုယ့်ဘ၀ကို ကိုယ်ပြန်သနားနေကြရတာပါ။ သိန်းထောင်ချီတဲ့ အိမ်တွေ၊ ကားတွေ ဇိမ်ခံ ပစ္စည်းတွေ၊ စည်းစိမ် ဥစ္စာတွေ ခံစားနေကြရပေမယ့် ညဘက် အိပ်မရတာ ကိုယ့် အရိပ်ကိုယ် ရန်သူထင်နေရတဲ့ ဘ၀တွေကို ခံစားနေကြရပါတယ်။ အဆိုပါ အရာရှိကြီးတွေရဲ့ ကတော်တွေလည်း စိတ်ခြာက်ခြားတဲ့ ဘ၀တွေရဲ့သားကောင်တွေ ဖြစ်နေကြရပါပြီ။ ငိုကြွေးနေကြရတဲ့ ညတွေကို ဖြတ်သန်းခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

အထက်ပါ အရာရှိကြီးတွေ ခံစားနေကြရတဲ့ စိတ်ဖိစီးမှု ဝေဒနာတွေကို ၃ ပိုင်းတွေ့မြင်နိုင်ပါတယ်။
  1. ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ အခါ
  2. ကိုယ်လက်အောက် ငယ်သားများနှင့် ဆက်ဆံသည့်အခါ
  3. အထက်အရာရှိနှင့် ဆက်ဆံရသည့်အခါ(အထူးသဖြင့် သန်းရွှေနှင့် တိုက်ရိုက်ဆက်ဆံခြင်း(သို့)သန်းရွှေ၏ တိုက်ရိုက် အမိန့်ကို နာခံ ဆက်ဆံရခြင်း)တွေမှာ စိတ်ဖိစီးမှုတွေကို ခံစားကြရပါတယ်။
သို့သော် ထို အချက် ၃ ခုမှ ခွဲ၍ မနေဘဲ တခုနှင့် တခု ဆက်တိုက် ဖြစ်ပေါ်၍နေပါသည်။

ပြည်သူလူထုကို ဆက်ဆံရသည့်အခါမျိုးတွင် မိမိကို ကြောက်နေကြရသော်လည်း(အမှန်က သူ့နောက်တွင် တစောက်ကန်း လုပ်တတ်သော စစ်တပ်နှင့် စစ်သားများကို ကြောက်သောကြောင့် ဖြစ်ပါသည်။) ရင်ထဲတွင် မိမိကို အမုန်းပွားနေသည်ကို သိသောကြောင့် စိတ်ပညာအရ မသိစိတ်တွင် စိတ်ကျဉ်းကြပ်နေကြရပါသည်။ ထို့အပြင် သူကိုယ်တိုင်တွင်လည်း ထို တစောက်ကန်းလုပ်တတ်သော စစ်သားများက မိမိအတွက် အန္တရာယ် ပြန်ဖြစ်နေသည်ကိုလည်း စိတ်၏ မသိစိတ်တွင် ကိုယ့်ဘာသာ ပြန်ကြောက်နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော မိမိ အမှား အယွင်း တစ်ခုခုကို လုပ်မိလျှင်(တကယ်က တပ်ချုပ်ကြီး စိတ်ဆိုးအောင် လုပ်မိလျှင်) အဆိုပါ စစ်သားများက မိမိကို ဒုက္ခ ကောင်းကောင်း ပေးနိုင်မည် ဆိုတာ သိနေသောကြောင့် ဖြစ်ပါသည်။


မိမိက ပေးလိုက်သော တာဝန်ကို အောက်လက်ငယ်သားများက မည်သို့ အကောင်အထည် ဖေါ်ကြသနည်း၊ ထို အောက်လက်ငယ်သားများက မိမိပေးလိုက်သော တာဝန်များကို မိမိ နာမည်ခံ၍ လုပ်ချင်ရာ လုပ်ကြသောအခါ မိမိ အလုပ်ကို ထိခိုက်လာနိုင်သောကြောင့် ပူပန်ရပါသည်။
ဥပမာ .. အဆိုပါ အမိန့်ကို တာဝန်ယူ လုပ်ကိုင်သော သူက အမှားအယွင်း လုပ်မိလိုက်သောအခါ၊ အဆိုပါ အမှား အယွင်းသည် ပြင်ဆင်၍ မရနိုင်ဘဲ တပ်ချုပ်ကြီးမှ စိတ်ဆိုးသည်အထိ ထိခိုင်လာနိုင်သောအခါ .. ။

အထက်လူကြီးနှင့် ဆက်ဆံရသည့်အခါတွင်လည်း မိမိကို ပေးအပ်လာသည့် တာဝန်မှာ မဖြစ်နိုင်မှန်း၊ လူမုန်းပိုများလာနိုင်မှန်း၊ အန္တရာယ် ကြီးမှန်း(စစ်သား ဖြစ်သောကြောင့် စစ်တိုက်ရသော အန္တရာယ်ကို မမှုပေမယ့် ဘ၀နှင့် နာမည်နှင့် ရင်းရသော အန္တရာယ်မျိုးကိုတော့ နောက်တွန့်တတ်ကြပါသည်။) သိပေမယ့် ပြန်မပြောနိုင်သော၊ မပြောရဲသော စိတ်ဒုက္ခမျိုး ရင်ဆိုင်နေကြရပါသည်။ အကယ်၍ မနာခံပြန်လျှင်လည်း တစောက်ကန်းလုပ်တတ်သော စစ်သားများကို အထက်အရာရှိက အမိန့်ပေးပြီး မိမိကို လာဘ်စားမှုဖြင့် အရေးယူလာနိုင်ဖွယ်ရာ ရှိနေပါသည်။(ဥပမာ .. ဗိုလ်ချုပ် ခင်ညွန့်)

ထိုကဲ့သို့ စိတ်ဒုက္ခ ကြီးမားလှစွာ ခံစားနေကြရသော နအဖ စစ်ဗိုလ်ချုပ်တွေ အတွက်၊ ညဘက် ကောင်းကောင်း မအိပ်နိုင်တာ၊ ကိုယ့်အရိပ် ကိုယ်ပြန်လန့်နေတတ်တာ၊ ဗိုလ်ကတော်တွေ လူကွယ်ရာမှာ အကြိမ်ကြိမ် ငိုနေကြရတာဟာ ယနေ့ မြန်မာ့ တပ်မတော်ထဲက အရာရှိ ကြီးကြီးတွေရဲ့ မထူးဆန်းတဲ့ အဖြစ်တွေလို့ ပြောရရင် မမှားပါဘူး။

ကဲ .. ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ ....
အဖြေကို ရှာရင် မြတ်စွာ ဘုရားဟောခဲ့သလို လောကမှာ ဖြစ်သမျှ အရာ အားလုံးရဲ့ အဓိက ပြဿနာတွေဟာ မိမိကိုယ်တွင်းမှာရှိနေပြီး၊ မိမိကိုယ် ကိုယ် ဖြေရှင်း အောင်နိုင်ရင် ပြဿနာတွေကို အောင်နိုင်သူ ဖြစ်ပါတယ်။ (မြတ်စွာဘုရားကတော့ အတွင်း အောင်ခြင်းလို့ ဆိုပါတယ်)

ဗိုလ်ချုပ်ကြီးတွေရဲ့ ပြဿနာတွေကို ၀ိုင်းကူပေးဖို့ ကျွန်တော် ဒီနေရာကနေ Think Tank လေး လုပ်ပြီး ဆွေးနွေးကြည့်တာပါ။ အဲဒီ ပြဿနာတွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးရဲ့ အဖြေလို့ ဆိုရင်လည်း မမှားပါဘူး။

ကျွန်တော်တို့ နိုင်ငံနဲ့ ပြဿနာ အားလုံးရဲ့ အခြေခံဟာ စိတ်ဓါတ်ရေးရာနဲ့ တော်သက်ဆိုင်နေတာ တွေ့ရပါတယ်။ နောက်ပြီး နိုင်ငံရဲ့ လည်ပတ်နေတဲ့ လှုပ်ရှားမှု စက်ဝန်း(Life Circle) ဟာ အမှားဘက်ကို (တနည်း) အကျ (Negative) ဘက်ကို သွားနေပါတယ်။ ဒီနေရာမှာတော့ တိုင်းပြည်က Down Circle ထဲရောက်နေတာကို မဆွေးနွေးလိုပါဘူး။ ဗိုလ်ချုပ်ကြီးတွေ ပိတ်မိနေတဲ့ Down Circle ကိုသာ ဆွေးနွေးလိုပါတယ်။

ပထမဦးဆုံး သတိထားမိတဲ့ အရာတစ်ခုကတော့ တပ်မတော်သား တစ်ယောက်ဟာ မိမိနဲ့ စကားပြောနေတဲ့ သာမန်မြန်မာနိုင်ငံသား တစ်ယောက်နဲ့ ယှဉ်လိုက်လျှင် မိမိကသာ အဆိုပါ တပ်မတော်သား မဟုတ်သော မြန်မာနိုင်ငံသားထက် တိုင်းပြည်ကို ပိုပြီး ချစ်တယ်လို့ စိတ်ကြီးဝင်နေမှု တခုကို တွေ့ရပါတယ်။ ရာထူး ပိုကြီးတဲ့ တပ်မတော် အရာရှိပိုင်းဆို ပိုပြီး စိတ်ကြီးဝင်မှုတွေ များလာနေတတ်ပါတယ်။

တပြိုင်နက်ထဲမှာပဲ တခါတလေ ငယ်ငယ်က သိလာခဲ့တဲ့ အမှန်၊ အမှား အကောင်းအဆိုး ခွဲခြား ဝေဖန်တတ်တဲ့ အသိစိတ်၊ မိဘ ဘိုးဘွား မျိုးရိုး စဉ်ဆက်က သိရှိလာတဲ့ စိတ်ဓါတ်တွေက မိမိ လုပ်ရပ်အမှားတွေကို မသိစိတ်ရဲ့ ကွယ်ရာကနေ ပြန်လည် ခြောက်လှန့်နေတတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် တပ်က ပေးလာတဲ့ အမိန့်က ပြည်သူလူထု ဘက်က ကြည့်ရင် မှားနေတတ်ပါတယ်။ စက်တင်ဘာ အကြမ်းဖက်မှုက သက်သေပါ။ တပ်မတော်သား ဖြစ်လို့ တိုင်းပြည်ချစ်စိတ်က တပ်အမိန့် အတိုင်း လုပ်ရတယ်။ ပြည်သူ တွေအားလုံးက မိမိကို မှားတယ်လို့ ဝေဖန်တယ်။ ဒီသဘောနှစ်ခုဟာ ဆန့်ကျင်ဘက် လားရာကို သွားနေတဲ့ မြှားနှစ်စင်း ဖြစ်လို့ နေပါတယ်။

ဒီတော့ စည်းမျဉ်း ဥပဒေသ ( ၁ ) (Rule No. 1) အခြားသူများလည်း မိမိလို တိုင်းပြည် ချစ်တယ်ဆိုတာကို ခံစား နားလည်ပါ။ အထက်က အမိန့်ကို သေချာစွာ စေ့စပ် သုံးသပ်ပြီးမှာ နာခံပါ။ မှားတယ်လို့ ထင်မိလျှင် အထက် အရာရှိကို ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ကြည့်ပါ။ နည်းနည်းပါးပါး အမှား၊အမှန် ဝေဖန်ရုံနဲ့ ဘ၀ ပျက်မသွားနိုင်ပါဘူး။ အခုလို မျက်ကန်း အမိန့်နာခံနေရတာသာ ဘ၀ ပျက်ဖို့ လမ်းစ အမှန် ဖြစ်ပါတယ်။

ကိုယ်တိုင်က မိမိ အရည် အချင်းကို မိမိသိပါတယ်။ ငါ ဘာတတ်မြောက်တယ်၊ ဘာကျွမ်းကျင်တယ် ဆိုတာမျိုးပါ။ လူတိုင်းက အရာအားလုံးကို တတ်မြောက် မကျွမ်းကျင်နိုင်ပါဘူး။ ဒါက သဘာဝ တရားပါ။ အဲဒီ သဘာဝကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ စစ်သားလဲ သဘာဝထဲက လူပါပဲ။ သဘာဝ တရားကို လက်ခံပါ။ ဒီတော့ မိမိနဲ့ မသက်ဆိုင်တဲ့ရာထူး၊ မထိုက်တန်တဲ့ ရာထူးမှာ အခြေအနေအရ ရယူထားမိရင် သေချာ ပြန်လည် သုံးသပ်ရန် လိုအပ်လာပါတယ်။

စည်းမျဉ်း ဥပဒေသ ( ၂ ) (Rule No.2) မိမိနဲ့ မထိုက်တန်သော ရာထူးကို ရယူထားလျှင်သော်လည်းကောင်း၊ မိမိ မကျွမ်းကျင်သော နေရာကို ရယူထားလျှင်သော်လည်းကောင်း ထိုက်ထန်အောင်၊ ကျွမ်းကျင်အောင် လေ့လာပါ။ ပြောချင်ရာ ပြောနေခြင်းကို စွန့်လွှတ်ပြီး ကိုယ့်ကိုကိုယ် အမြဲဝေဖန် သုံးသပ် သင်ယူပါ။ ထိုသို့ လေ့လာ သင်ယူရခြင်းသည် ရှက်စရာ မဟုတ်ပါ။ သဘာဝ တရားသာ ဖြစ်ပါသည်။ ဤသို့ မလုပ်ပဲ ပြောချင်ရာ ပြောနေတာသာလျှင် ရှက်စရာ ဖြစ်နေသည်ကို သတိပြုပါ။

လာဘ်စားခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာတော့ ယခုအခါ တနိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရ ၀န်ထမ်းတိုင်း လာဘ်စားနေကြတာ ဖြစ်ပါသည်။ ရာထူးကြီးလေ လာဘ်ပိုစားလေ ဆိုတဲ့ သဘောတရားတစ်ခုကို မြန်မာနိုင်ငံထဲမှာ တည်ဆောက်နေသလို ဖြစ်နေပါသည်။ ရာထူးကြီးသော နအဖ ခေါင်းဆောင်များ အဖို့ ယခု အခါ မိမိရယူထားသော လာဘ်ငွေပမာဏနှင့် တော်တော်လေး ချမ်းသာနေကြသည်မှာ လူတိုင်း အသိပင်၊ မိမိကိုယ်ကို အသိပင် ဖြစ်ပါသည်။ လာဘ်စားခြင်းတွေကို ယခု အချိန်မှာ ရပ်တန့်လိုက်ပါက မိမိပိုင်ဆိုင်မှုများ ဆုတ်ယုတ် မွဲတေ သွားမည် မဟုတ်ပါ။ ထိုသို့ မရပ်တန့်ပဲ ဆက်လက် လုပ်ကိုင်နေပါက အမှန်တကယ် မွဲမည့်လမ်းကို မိမိက ဦးတည်နေပါသည်။ ဥပမာ .. ဗိုလ်ချုပ် ခင်ညွန့်

စည်းမျဉ်း ဥပဒေသ ၃ (Rule No.3) လာဘ်ပေး လက်ယူ၊ လာဘ်စားရသော အခြေအနေကို လက်ရှိ အတိုင်းအတာတွင် ရပ်ပစ်နိုင်ရန် ကြိုးစားပါ။ မဟုတ်ပါက ယခု လက်ရှိ ရရှိထားသော စည်းစိမ် ဥစ္စာများပင် အလုံးစုံ ကုန်ဆုံးခြင်းသို့ ရောက်ဆုံးမည်ဖြစ်ပါသည်။ လာဘ်စားခြင်းကို ရပ်တန့်ခြင်းမှာ မိမိစည်းစိမ်ကို မွဲအောင် လုပ်နေသည်မဟုတ်။ ရေရှည်တည်တန့်အောင် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း သတိပြုမိပါရန်။

ယနေ့ မိမိသည် တိုင်းပြည်ကောင်းကျိုး အတွက် ဘာတွေ လုပ်ခဲ့သလဲ၊ ဒီနေရာမှာ နည်းနည်း ခွဲခြားမြင်တတ်ရန် အရေးကြီးပါသည်။ အထက်အမိန့် နာခံတာသည် တိုင်းပြည်ကောင်းကျိုး လုပ်တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အခု အချိန်တွင် အထက်အမိန့် နာခံခြင်းသည် တိုင်းပြည်ကောင်းကျိုး လုပ်ရပ် မဟုတ်နိုင်ခြေ ပိုများနေပါသည်။ တိုင်းပြည်အတွက် အမှန်တကယ် ကောင်းကျိုးကို ဘာလုပ်ခဲ့သနည်းဆိုတာ မိမိ အတွင်းစိတ်က သေချာ ပြန်လည် သုံးသပ်စေလိုပါသည်။ တိုင်းပြည်ကောင်းကျိုး တစ်ခု လုပ်တာသည်၊ တပ်အမိန့်ကို အာခံနေတာ မဟုတ်၊ တပ်မတော်၏ အခြေခံမှာစည်းကမ်း ဖြစ်ပါသည်။

စည်းမျဉ်း ဥပဒေသ ၄ (Rule No.4) တိုင်းပြည်အတွက် ကောင်းကျိုး တစ်ခုခုကို မိမိက လက်ခံသလို အများက လက်ခံလာအောင် ကြိုးစား လုပ်ကိုင်ပါ။ အဆိုပါ လုပ်ရပ်သည် တပ်ကို အာခံသည်မဟုတ်၊ တပ်မတော်၏ အခြေခံ စည်းမျဉ်းတွင် တပ်မတော်သည် တိုင်းပြည်ကို ဘယ်တော့မှ သစ္စာ မဖောက်၊ တိုင်းပြည်ကောင်းကျိုးအတွက် အမြဲဆောင်ရွက်မည် ဆိုသော တပ်မတော်၏ အခြေခံမှု ဖြစ်သောကြောင့် တပ်၏ အမိန့်ကို နာခံရာသာရောက်ပါသည်။ ထိုသို့ လုပ်ခြင်းဖြင့် မိမိအတွက် ထိခိုက်နိုင်မည် မဟုတ်ပါ။ ထိုသို့ မလုပ်ဘဲ တိုင်းပြည်ဆိုးကျိုး ဖြစ်စေမည့် အထက် အမိန့်ကို နာခံ လုပ်ဆောင်နေရခြင်းသာလျှင် တပ်မတော်ကို အာခံခြင်း မိမိ အလုပ်ကို ထိခိုက်အောင် လုပ်နေခြင်း ဖြစ်နေသည်ကို သတိပြုပါ။

နောက်ဆုံး အနေဖြင့် ကျွန်တော် ယခု Think Tank လုပ်ခဲ့သော အချက်များကို ဆရာ လုပ်သည်ဟု မထင်မြင်စေလိုပဲ သေချာစွာ စဉ်းစား သုံးသပ်ကြည့်ပြီး ယခုပင် စတင် လုပ်ဆောင်ပါက ဗိုလ်ချုပ်ကြီးများတွင် ကျရောက်နေသော စိတ်လန့်ရောဂါ၊ ဗိုလ်ကတော်များ ညည ငိုရသော ရောဂါများ ပျောက်ကင်းမည် ဖြစ်ပြီး မိမိတို့ ကျရောက်နေသော တပ်မတော်၏ အဆိုးသံသရာ လည်မှု(Down Circle) ကို ချေဖျက်နိုင်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။ ဗိုလ်ချုပ်ကြီးများ ဒီစာကို ဖတ်မိ နားလည် ခံစားနိုင်ပါစေ။

လေးစားစွာဖြင့်
ကိုထိုက်

P.S .. ကျွန်တော် ရေးခဲ့သော အထက်ပါ အချက်များကို ပြင်ဆင်လိုလျှင်၊ ဖြည့်စွက်လိုလျှင်၊ ဖျက်ပေးစေလိုလျှင် အချက်ကျကျ ဆွေးနွေးဝေဖန် အကြံပြုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ comment တွင် ရေးထားနိုင်ပါသည်။

နောက်တခု အနေနဲ့လည်း ဤဆောင်းပါးကို အခြားဘာသာသို့ ပြန်ဆိုလိုပါက လွတ်လပ်စွာ ပြန်ဆိုနိုင်ပါသည်။ သို့သော် ကျွန်တော့်ကို publish မလုပ်ခင် အရင် ပြစေလိုပါသည်။ အဓိပ္ပါယ် အကောက်လွဲသွားပါက အန္တရာယ် ဖြစ်နိုင်သော ဆောင်းပါး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

Myanmar Latest News In English

Earlier Today

Riedl quits as Vietnam coach The Star Online 00:05


1 to 2 hours old

Myanmar activist charged Daily Times 23:11 13-Dec-07


2 to 4 hours old

Human Rights Council discusses situation of human rights in Myanmar ReliefWeb 22:23 13-Dec-07

Pinheiro pleads Burma for human rights dialogue ReliefWeb 22:12 13-Dec-07

Myanmar: Activist calls for UNHRC investigation into crackdown violence ReliefWeb 21:59 13-Dec-07

Rosemary Righter The Times 21:24 13-Dec-07


4 to 6 hours old

Home team aim to make it eighth straight Bangkok Post 18:57 13-Dec-07


6 to 8 hours old

A Burmese Hanukkah Ha'aretz 17:31 13-Dec-07

Thailand confident of beating Myanmar The Asian Age 17:20 13-Dec-07

Burma: Crackdown Bloodier Than Government Admits Global Policy Forum 17:16 13-Dec-07

US Should Stick with Musharraf: Daniel Markey Pakistan Link 16:40 13-Dec-07


Yesterday

UK slams Russia for British Council ban The Times 15:27 13-Dec-07

SEA Games: Thailand confident of defeating Myanmar in football final Channel NewsAsia 15:22 13-Dec-07

Britain vows to ignore latest salvo from Russia The Sydney Morning Herald 13:19 13-Dec-07

Feature: Filmmakers believe they have solved riddle of China's Sanxingdui ruins Xinhua Online 12:33 13-Dec-07

Vietnam coach resigns after loss to Burma Radio Australia 11:31 13-Dec-07

Burma: atrocities continue in ethnic areas, claims report Inspire Magazine 11:13 13-Dec-07

U 23 coach resigns after loss to Myanmar Mathaba.Net 11:05 13-Dec-07

burma: Monks prepared for another bloodbath Monday Morning 10:38 13-Dec-07

Bergenfield man sees federal charges NorthJersey.com 10:34 13-Dec-07

Leading Thai politician proposes multiparty talks on Myanmar International Herald Tribune 10:15 13-Dec-07

Myanmar Activist Charged With Inciting Unrest: Lawyer -AFP Nasdaq 10:07 13-Dec-07

Refugee voices: Burmese in Tham Hin camp ReliefWeb 07:52 13-Dec-07

Myanmar charges activist with 'public mischief' The Straits Times 07:27 13-Dec-07

Burma moves to quell rumours about ageing leader Radio Australia 07:25 13-Dec-07

Vietnam football coach resigns after loss to Myanmar The Earth Times 07:01 13-Dec-07

Envoy pleads for Myanmar dialogue CNN 06:33 13-Dec-07

Myanmar charges activist with "public mischief" Reuters.co.uk 06:24 13-Dec-07

More sanctions on Myanmar: Bush Borneo Bulletin 06:15 13-Dec-07

Myanmar's neighbours cautious about condemning rights abuse The Earth Times 06:13 13-Dec-07

India, Myanmar discuss bilateral, Regional and Int'l issues Mathaba.Net 06:03 13-Dec-07

US threatens more Myanmar sanctions Aljazeera.Net, Qatar 05:26 13-Dec-07

U.N. report on Myanmar CNN Asia 05:00 13-Dec-07

Thailand confident for SEA Games Myanmar showdown12/13/2007 1:06:22 PM ABS-CBNNEWS.COM 04:58 13-Dec-07

Link between Myanmar’s past and Malaysia’s present NewIndPress.com 04:25 13-Dec-07

Rieldl quits as Vietnam coach after SEA Games loss 7 Sport 04:03 13-Dec-07

U-23 coach resigns after loss to Myanmar Viet Nam News Agency 03:57 13-Dec-07

Mekong countries coordinate to tackle scourge of human trafficking Mathaba.Net 01:17 13-Dec-07

EU envoy to Myanmar to visit China and tour Asian nations Monsters and Critics 01:09 13-Dec-07

West opposes Russian push for more Kosovo talks Boston.com 00:58 13-Dec-07

ဘွဲ့နှင်းသဘင် နဲ့ လက်ကမ်းစာစောင်

ယနေ့ BMICH ခန်းမဆောင်မှာ Univesity of Kelaniya ကကျင်းပတဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို အရှင်မေတ္တာစာရလည်း တက်ရောက်ခဲ့ပါတယ်။ ၄င်းအခမ်းအနားမကျင်းပမီ နအဖရဲ့ သံဃာတော်တွေအပေါ် ရက်စက်ယုတ်မှာမှုတွှေကို သီရိလင်္ကာဗုဒ္ဓဘာသာတွေပိုပြီးသိအောင် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါတယ်။ ရွက်ရေ သုံးရာလေးရာနီးပါးလောက် ဖြန့်ဝေခဲ့ပါတယ်။