Pages

Subscribe

Friday 26 March 2010

လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင်ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ

ရခိုင်ပြည်နယ် မောင်တောမြို့ (၃) မိုင် ကျေးရွာတွင် ယမန်နေ့က စတင် ပြုလုပ်သော အပါး ၁၀၀ ရှင်ပြုပွဲတွင် လုံးထိန်း တပ်ဖွဲ့ တဖွဲ့မှ အရက်သေစာ သောက်စား မူးယစ်ပြီး လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်းရိုက်နှက်ကာ လုံထိန်း ၂ ဦးကို လူမိုက်တိုင်တွင် ချည်နှောင် ထားခဲ့သည်ဟု အမည်မဖေါ်လိုသူ မျက်မြင် တဦးက ပြောသည်။

“လုံထိန်းတွေက အရက်သေစာ မူးယစ်သောက်စားပြီး ဇာတ်ပွဲရှေ့မှာ လာသောင်းကျန်းတော့ ရဟန်းတော်တွေက ၀ိုင်းရိုက်ပီး အဲဒီထဲက လုံထိန်း နှစ်ဦးကို လူမိုက် လူရမ်းကားတွေကို ချည်နှောင်ဖို့ ပြုလုပ်ထားတဲ့ တိုင်မှာ ချည်နှောင်ထားခဲ့ပါတယ်။ ကျန်တဲ့ လုံထိန်းတွေကတော့ ဦးဇင်းတွေ ရိုက်တော့ ကြောက်ပီး စခန်းကို ပြန်ပြေး သွားကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ရှင်ပြုပွဲတွင် ရွှေရတနာ ဇာတ်အဖွဲ့မှ လာရောက် ဖြေဖျော်ရာ လုံထိန်းများက အရက်သေစာ မူးယစ်ကာ လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်း ရိုက်နှက်ပြီး ယခုကဲ့သို့ ချည်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။

“ရဟန်းတော်တွေက အပါး ၂၀၀ လောက်ရှိမယ် ထင်ပါတယ်။ တမြို့နယ်လုံးက ပင့်ထားတော့ ရဟန်းတော်တွေ ကွင်းမှာ အပြည့်ဘဲ။ လုံထိန်းတွေစော်ကားတာကို မြင်တော့ ရဟန်းတော်တွေက သည်းမခံနိုင်ဘဲ ရိုက်ပုတ်ပီး နှစ်ဦးကို ကြိုးနဲ့ ချည်နှောင်ပြီး ထားခဲ့ရပါတယ် ” ဟု သူက ပြောသည်။

ရှင်ပြုပွဲသို့ လာရောက်လာသူ အရှင် ဦးသောဘိတက “ ဦးဇင်းတွေမှာ အပြစ်မရှိဘူး။ အပြစ်ရှိတာက လုံထိန်းတွေပါ။ သူတို့က သိပ်ကို ရမ်းကားလွန်းတော့ ဦးဇင်းတွေက နည်းနည်းပါးပါး ဆိုဆုံးမလိုက်တာ ဖြစ်ပါတယ်။ နံနက် မလင်းမှီ ဆရာတော်ကြီးတွေက အဲဒီ လုံထိန်းနှစ်ဦးကို ရဲတာဝန်ရှိသူတွေ လက်ထဲ အပ်လိုက်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ ရဟန်းတော်များက လုံထိန်း တပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဇာတ်ပွဲ ကြည့်နေသူ လူအုပ်မှာ ဖရိုဖရဲ ဖြစ်သွားသော်လည်း ဆရာတော်များက ပွဲစောင့် ရဲအဖွဲ့၏ အကူအညီကို ယူကာ ပြန်လည် ငြိမ်ဝပ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ လုံထိန်းများကို ရိုက်နှက်ပြီး တိုင်တွင် ချည်နှောင်ကာ ရဟန်းတော်များက ဆိုဆုံးမခဲ့ခြင်း အပေါ် ပွဲကြည့်ရန် လာရောက်သည့် ပရိသတ်များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်ဟု သိရသည်။

ယနေ့ညဉ့်တွင်လည်း ရွှေရတနာ ဇာတ်အဖွဲ့မှ စဉ်လာမပျက် ပုံမှန် တင်ဆက်ကပြရန် အစီအစဉ် ရှိနေကြောင်း သတင်း ရရှိသည်။

သျှမ်းသံတော်ဆင့် သတင်းများ

ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင်ဟောပြော

ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင်ဟောပြော

ပန်ဆန်းနှင့် အခြား ၀ ပြည်နယ် မြို့များရှိ ၀န်ထမ်း နှင့် NGO, UN လုပ်သားများအား နအဖ အာဏာပိုင်များ ၂-၃ ရက်အတွင်း နေရပ်သို့ပြန်ရန် ညွှန်ကြားလိုက်သည့်ကိစ္စအပေါ် ကျီးလန့်စာစား တုံလှုပ်ခြောက်ခြားခြင်းမရှိကြရန် ၀ ဒေသခံအာဏာပိုင်များက ပန်ဆန်းလူထုအားရှင်းလင်းဟောပြောခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

မူစယ်မြို့ သမိုင်းဝင် ကျောင်းတိုက် ရာပြည့်ပွဲ ကျင်းပ

မူစယ်မြို့ သမိုင်းဝင် ကျောင်းတိုက် ရာပြည့်ပွဲ ကျင်းပ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဗြိတိသျှကိုလိုနီခေတ်က ဆောက်လုပ်ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဘာသာ မဟာဝန် ဘုန်းတော်ကြီးကျောင်းတိုက် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်အား ယမန်နေ့မှစ၍ မတ်လ ၂၉ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပနေကြောင်း သိရသည်။

မန္တလေးတိုင်း အထင်ကရသျှမ်းများအား နအဖ၀န်ကြီးများမဲဆွယ်စည်းရုံး

မန္တလေးတိုင်း အထင်ကရသျှမ်းများအား နအဖ၀န်ကြီးများမဲဆွယ်စည်းရုံး

မန္တလေးတိုင်းရှိ အထင်ကရသျှမ်းလူမျိုး ရပ်မိရပ်ဖများအား လာမည့်ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးခံကြဖို့ နအဖ ၀န်ကြီးများ သွားရောက်မဲဆွယ်စည်းရုံးခဲ့သည်ဟု စုံစမ်း သိရှိရသည်။

စစ်ဘေး စိုးရိမ်သည့် ၀ အရပ်သားရာချီ နေရပ်မှထွက်ခွာ

နအဖ စစ်တပ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) ရှိ ၀ ပြည်သွေးစည်းရေးပါတီတို့ကြား စစ်ရေးတင်းမာ နေချိန် တွင် ၀ ထိန်းချုပ် နယ်မြေအတွင်းရှိ ၀ ဒေသခံ ၃၀၀ ခန့်သည် ယခုအပတ်အတွင်း နေရပ်မှ ပြောင်းရွှေ့ထွက်ခွာ နေကြောင်း သိရသည်။

NGO များ ၀ နယ်မှ ထွက်ခွါပေးရန် နအဖဗျူဟာမှူးသတိပေး

ဝ နယ်မြေအတွင်းရှိ NGO အဖွဲ့များ ၂ ရက်အတွင်း ၀ နယ်မြေမှ ထွက်ခွာပေးရန် တန့်ယန်းဗျူဟာမှူးသတိပေးပြောကြား လိုက် သည်ဟု ပန်ဆန်းရှိ NGO ၀န်ထမ်းတဦးက ပြောပါသည်။

စစ်ကြောင်း၏ ပွိုင့်ထိုး မဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ်တောင်းဆို

ယခုလအတွင်း သျှမ်းပြည်တပ်မတော်နှင့် ဖြစ်သည့်တိုက်ပွဲတိုင်း နအဖ စစ်ကြောင်း၌ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ပွိုင့်ထိုးပေး နေရသောကြောင့် - ‘နောက်နောင် နအဖ စစ်ကြောင်း၏ ပွိုင့်ထိုးအဖြစ် မထွက်ခိုင်းဖို့’- လား ဟူပြည်သူ့စစ်တပ်ဖွဲ့က တြိဂံတိုင်းမှူးထံတောင်းဆိုလိုက်ပါသည်။

ဧရာဝတီ သတင်းများ

သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရ

သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရအဆိုတော် သားစိုး၏ လက်ညှိုး ပြတ်ရှ ဒဏ်ရာအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါကူ အထူးကု ဆေးခန်းသို့ သွားရောက် ကုသမှုခံခဲ့ရာ အထိအတွေ့ မသိရတော့သဖြင့် တခြား Read more Add comment (0) Hits: 2299

ပါတီ မှတ်ပုံတင်ရေး NLD လူငယ်များ လက်မခံ

ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ပွဲ အပေါ် ထားရှိသော သဘောထား အတိုင်း ရပ်တည်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ကိုင်စွဲသွားမည်ဟု နိုင်ငံတ၀န်းရှိ အမျိုးသား ဒီမိုကရေစီ Read more Add comment (0) Hits: 1086

Last Updated ( Friday, March 26, 2010 )

ဘန်ကီမွန်း မြန်မာရွေးကောက်ပွဲကို စိတ်ပျက်

ဘန်ကီမွန်း မြန်မာရွေးကောက်ပွဲကို စိတ်ပျက်ပြောပ လောက်အောင် တိုးတက်မှု မတွေ့ရသဖြင့် စစ်အစိုးရ၏ လာမည့် ရွေးကောက်ပွဲကို စိတ်ပျက်မိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောသည်။ Read more Add comment (0) Hits: 1111

ဈေးမြင့်သော်လည်း စိန်အရောင်းလိုက်

ကမ္ဘာ့စိန်ဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစိန် ဈေးကွက်တွင် ဈေးနှုန်း မြင့်တက်လျက် ရှိသော်လည်း ယခုနှစ် တန်ဖိုးကြီးစိန် အရောင်း အ၀ယ်သည် ၂၀၀၉ ခုနှစ်ထက် ပိုကောင်း လာကြောင်း Read more Add comment (0) Hits: 804

ကြိမ်ဒဏ်ပေးသည့် ဦးပိုင်အရာရှိအား အရေးယူ

ကြိမ်ဒဏ်ပေးသည့် ဦးပိုင်အရာရှိအား အရေးယူပါရမီယာဉ်လိုင်း ၀န်ထမ်းများအား ကြိမ်ဒဏ် အပြစ်ပေးသူ စီးပွားရေး ဦးပိုင် လီမိတက် ဒါရိုက်တာ တဦးအား ရန်ကုန်တိုင်း (စစ်ဌာနချုပ်) တိုင်းမှူးက ပြင်းထန်စွာ သတိပေး၍ အရေးယူ လိုက်ပြီ Read more Add comment (0) Hits: 3791

ပြည်ပသို့ ဆန်တင်ပို့ခွင့် ပြန်ရပြီ

ပြည်ပသို့ ဆန်တင်ပို့ခွင့် ပြန်ရပြီပြည်ပသို့ ဆန်တင်ပို့မှုကို ၂ လကြာ ရပ်ထားရာမှ မတ်လဆန်းမှ စတင်၍ အာဏာ ပိုင်များက ပြန်လည် ခွင့်ပြု လိုက်ကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။ပြည်ပဆန် တင်ပို့မှု ပြန်လည် Read more Add comment (0) Hits: 506

သင်္ကြန်သီချင်းများ ဗန်းစကား အသုံးများလာ

သင်္ကြန်သီချင်းများ ဗန်းစကား အသုံးများလာမကြာမီ ရောက်ရှိလာ တော့မည့် ၂၀၁၀ သင်္ကြန်အတွက် တေးစီးရီးများမှ သီချင်းစာသား အများစုတွင် လူအများ ပြောဆို တတ်ကြသည့် ဗန်းစကား (ခေါ်) ခေတ်ပေါ် အရပ်သုံးစကား အများစု ပါဝင် Read more Add comment (0) Hits: 1861

တိပိဋကဆရာတော် ဘန်ကောက်တွင် ရက်ရှည်တရားပွဲ ကျင်းပ

တိပိဋကဆရာတော် ဘန်ကောက်တွင် ရက်ရှည်တရားပွဲ ကျင်းပမြန်မာ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး ရန်ပုံငွေ အတွက် ဘန်ကောက်တွင် တိပိဋကဓရ ဆရာတော် တပါးက ပထမဆုံး အကြိမ် ရက်ရှည် တရားပွဲများ ဟောကြားမည် ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 665

Last Updated ( Friday, March 26, 2010 )

မွန်ပါတီဟောင်း ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်

မွန်ပြည်နယ် လူထု ထောက်ခံမှု အများအပြား ရခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မှု မပြုရန် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ် လိုက်သည် Read more Add comment (0) Hits: 390
အန်အယ်ဒီ လူငယ်များ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော ရပ်တည်ချက်ကို လွှမ်းမိုးစေနိုင်သော ဖြစ်ရပ်တခုမှာ ယနေ့ပြုလုပ်သော ပါတီလူငယ် အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ကြသည်။

အတိုက်အခံပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆၀ ဦးခန့် တက်ရောက်သော ဆွေးနွေးပွဲက ရွေးကောက်ပွဲ ကော်မရှင်ဥပဒေများကို လုံးဝ လက်မခံနိုင်ဟုဆိုကာ ပါတီအနေနှင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည်။

“တရားမျှတမှုမှ မရှိတာ။ နောက်တခုက ၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်က ဘယ်မှာသွားထားမှာလဲ။ ဘာလုပ်မှာတုန်း။ သူတို့ စစ်တန်းလျားပြန်မှာတို့ ဘာတို့ အဲဒါတွေလည်း သူတို့ပဲ ထုတ်ပြန်ထားတယ်လေ။ အဲဒါတွေ အကုန်လုံးကို မျက်ကွယ်ပြုပြီးတော့ အခု ဒါထပ်လုပ်တယ်ဆိုတော့ ဘယ်သူက လက်ခံနိုင်မှာတုန်း” ဟု လူငယ်လုပ်ငန်း ဖော်ဆောင်ရေး ဗဟို တာဝန်ခံ (၃) ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။

တက်ရောက်လာကြသည့် အဖွဲ့ဝင်လူငယ်များထဲတွင် အများအားဖြင့် အသက် ၂၀ နှစ် ဝန်းကျင် အရွယ်များဖြစ်ပြီး ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ တက်ရောက်ကြကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေများ စတင်ထုတ်ပြန်သော မတ်လ ၈ ရက်နေ့မှ ရေတွက်လျှင် မေလ ၆ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည် ဖြစ်သည်။ အန်အယ်ဒီ အပါအဝင် လက်ရှိ နိုင်ငံရေးပါတီ ၁၀ ခုသည်လည်း ပြန်လည်မှတ်ပုံတင်ရန် လိုအပ်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားသည်။

“ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး လူငယ့်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့် မူများအတိုင်း ဆောင်ရွက်သွားမည်” ဟု ဆုံးဖြတ်ကြောင်း လူငယ်တဦးက ပြောသည်။

အန်အယ်ဒီ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအတွက် မြို့နယ် လူငယ်အဖွဲ့အစည်းပေါင်း ၉၀ ဖွဲ့စည်းပြီးဖြစ်ကာ၊ တိုင်းအလိုက်တွင် ၅ ဦးမှ ၁၅ ဦးထိ ဖွဲ့ခွင့်ရမည်ဖြစ်ပြီး မြို့နယ်အလိုက် တမြို့နယ်လျှင် ၅ ဦးမှ ၁၄ ဦးထိ ဖွဲ့စည်းခွင့် ရှိသည်။

အန်အယ်ဒီ ဗဟိုဦးစီးအဖွဲ့တွင် လူငယ်အဖွဲ့ကိုယ်စား ၅ ဦး တာဝန်ပေးရန် ဆုံးဖြတ်ထားသည်။ နေအိမ်အကျယ်ချုပ် ကျမခံရမီအထိ ဒေါ်အောင်ဆန်းစုကြည်မှာ လူငယ့်ရေးရာ တာဝန်ခံဖြစ်ခဲ့ပြီး ဒုဥက္ကဋ္ဌက ယာယီ တာဝန်လွှဲပြောင်းယူထားသည်။

မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းခံရမည့် ဘေးနှင့် မှတ်ပုံတင်လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထောင်ကျနေသူ ပါတီဝင်ပေါင်း ၄၃၀ ကျော်ကို ထုတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသော အန်အယ်ဒီ အနေဖြင့် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

နေအိမ်တွင် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကမူ ပါတီမှတ်ပုံမတင်လိုဟု သူမ၏ ရှေ့နေများမှတဆင့် ပြောဆိုထားသည်။

“ဒီဆုံးဖြတ်ချက်ကို အခုလာမယ့် ၂၉ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးမှာ တင်မှာပါ။ ကျနော်တို့လည်း တက်မှာပါ။ ဒါဟာလည်း တဦးတယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီအစည်းအဝေးကို တက်တဲ့ တိုင်းနဲ့ ပြည်နယ်က အဖွဲ့ချုပ်လူငယ်တွေ အားလုံးရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် ထည့်မစဉ်းစားလို့ မရဘူး” ဟု ပါတီလူငယ်က ပြောသည်။

အန်အယ်ဒီလူငယ်များအပြင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူငယ်အဖွဲ့ ၁၀ ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ပြည်တွင်းအခြေစိုက် မြေအောက်လှုပ်ရှားမှု အဖွဲ့ငယ်များဖြစ်သော Generation Weave ၊ မြေသြဇာ၊ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) လူငယ်၊ ကချင်လူငယ်၊ ရခိုင်လူငယ်များအစည်းအရုံး၊ ရဟန်းပျိုများသမဂ္ဂ၊ New Generation ၊ Freedom Fighter ၊ People Union ၊ All Burma New Generation Front နှင့် အောင်ဆန်းမျိုးဆက် စသည်တို့ ဖြစ်ကြသည်။