Pages

Subscribe

Friday 30 April 2010

စစ်အစိုးရ၀န်ကြီးချုပ် ပါတီ မှတ်ပုံတင်

စစ်အစိုးရ၀န်ကြီးချုပ် ပါတီ မှတ်ပုံတင်

ဝန်ကြီးချုပ် ဦးသိန်းစိန်က ၎င်းတို့ ဖွဲ့စည်း ထားသည့် နိုင်ငံရေး ပါတီကို ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့က မှတ်ပုံ တင်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။
နအဖကို NLDတရားစွဲ၊ တရားရုံးချုပ် လက်ခံ

နအဖကို NLDတရားစွဲ၊ တရားရုံးချုပ် လက်ခံ

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်း အပေါ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော် အေးချမ်း

ကျိုက်မရောမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် ကလိုင်ကနိုင်ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ရုံးမှ ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်။

“ဗုံးဖေါက်တဲ့လူက ဆိုင်ကယ်နဲ့လာတယ်လို့ပြောတာပဲ၊ ဖြစ်တာက မြို့ပေါ်မှာပါ ည ၁၁ နာရီလောက် ပေါက်ကွဲမှုက ဖြစ်တယ်” ဟု ကျိုက်မရောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုသည် မြို့ပေါ်တွင်ဖြစ်ပွားခြင်းကြောင့် ဒေသခံများ ထိန့်လန့်ကြောက်ရွံ့နေကြကြောင်းကိုလည်း ၄င်းက ပြောသည်။

ယခုလပိုင်းအတွင်းမှာ ပေါက်ကွဲမှုဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး၊ မြန်မာစစ်အစိုးရတို့က ပေါက်ကွဲမှုဖြစ်ပွားတိုင်း အတိုက်ခံအဖွဲ့အစည်းတို့၏ လက်ချက်ဟု စွပ်စွဲပြောဆိုတက်သော်လည်း ပေါက်ကွဲမှုဖြစ်ပွားတိုင်း တရာခံကိုဖမ်းဆီးရရှိခြင်းမရှိသေးပါ။

“ကျနော်တို့ မကြားသေးပါဘူး၊ ကျနော်တို့ပါတီအနေနဲ့ အဲဒီလိုလုပ်ရပ်မျိုး လုပ်မှာမဟုတ်ပါဘူး၊ ကျနော်တို့ဟာ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖြေရှင်းချင်တယ်” ဟု ဒုတိယဥက္ကဌ နိုင်ရဿက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကမ္ဘာ့အလုပ်သမားနေ့  (May Day - မေလ ၁ ရက်နေ့ ) ကြေညာစာတမ်း။

(စာပုံများပေါ် mouse click နှိပ်၍ အကျယ်ချဲ့  ဖတ်ရှူနိုင်ပါသည်)။



































































ကရင်ဒုက္ခသည် ၁သောင်းခန့် ထိုင်းနိုင်ငံသို့ ဦးတည် ထွက်ပြေးလာနိုင်

ဧပြီလ ၂၉ရက်။ ကေအိုင်စီ

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်သည့် အချို့ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော် (DKBA)နှင့် စစ်အစိုးရအကြား တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ကရင်ရွာသား ၁သောင်းခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာနိုင်သည်ဟု လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။

ဧပြီလ ၂၇ရက်နေ့ညမှ ၂၈ရက်နေ့အထိ ကရင်ပြည်နယ်ဘက်ခြမ်းမှ ရွာသား ၃၀၀ကျော်သည် ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့ တောင်ပိုင်းရှိ ဝေါ်လေကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက် အဆိုပါ လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေးအဖွဲ့များက ပြောသည်။

ယနေ့သည် စစ်အစိုးရက ၎င်းတို့နှင့် အပစ်ရပ်ထားသည့် DKBA ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး သတ်မှတ်ရက် နောက်ဆုံးဖြစ်သည့်အတွက် DKBA ခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများရှိနေပြီး အသွင်ကူးပြောင်းရေးကို လက် ခံသည့် ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခ တိုးပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

စစ်တပ်၏ကြိုးကိုင်မှုအောက်တွင် ပြန်လည်ဖွဲ့စည်းမည့် DKBA တပ်ကို နယ်ခြားစောင့်တပ်အသွင်ဖွဲ့စည်းရန် လက်ခံသဘော တူမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ထိုသဘောတူညီမှု၏ နောက်ဆက်တွဲအဖြစ် ဒေသခံရွာသားများကို အဓမ္မ စစ်သားစု ဆောင်းမှုများ ပြုလုပ်လာမည်ကိုလည်း ရွာသားများက စိုးရိမ်နေကြသည်ဟု သိရသည်။

ယခုလို အငြင်းပွားဖွယ်ရာ နယ်ခြားစောင့်တပ်(BGF)ကို လက်ခံမည့် DKBA ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်အပေါ် ၎င်းတို့ အဖွဲ့မှ ကျန်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်သားများကလည်း ကျေနပ်မှုမရှိဟု သိရသည်။

စစ်တပ်က ၎င်းတို့လိုလားသည့် BGF အသွင်ပြောင်းရေးကို သေချာမှုရှိစေရန် DKBA နယ်မြေတွင် စစ်တပ်က အင်အားပြသည့် အနေဖြင့် တပ်ရင်း ၁၀ခုကို ဧပြီ ၂၇ရက်နေ့ညနေက ထပ်မံ ပို့ဆောင်ထားကြောင်း နယ်စပ်သတင်းများအရ သိရသည်။

ယခုလို BGF အသွင်ပြောင်းရေး ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်သည့်အပြင် DKBA အဖွဲ့အတွင်း ၂ ဖွဲ့ဖြစ်နေသည့် အနေအထား ရှိနေပြီး ၎င်းတို့အတွင်း ပဋိပက္ခဖြစ်ရန် သေချာနေကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“DKBA အဖွဲ့ထဲမှာ အော်တိုမက်တစ် ၂ခြမ်းကွဲလာနိုင်တယ်။ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့အဖွဲ့တွေက ကျနော်တို့ BGF ကို လက်မခံရင် သူတို့နဲ့ တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ လက်ခံသူတွေက ကရင်လူထုတွေ ပိုပြီးဒုက္ခပိုမိုခံစားမယ်လို့ အငြင်းပွား ပြော နေကြတယ်။ ဒါပေမယ့် ကျနော်တို့ ကရင်လူထုတွေက ဒုက္ခခံစားနေကြပြီးသားပါ”ဟု ပြောသည်။

ယခုသတင်းကို ရေးသားနေချိန်တွင်ပင် လူသားချင်း စာနာကူညီပေးရေးအဖွဲ့၊ ဆေးဝန်ထမ်းများနှင့် ကရင်ခေါင်းဆောင်များ သည် ထိုင်းနယ်စပ်ကို လတ်တလော ရောက်ရှိလာနိုင်သည့် ဒုက္ခသည် ၁သောင်းခန့်ကို ၀န်ဆောင်ပေးကြရမည်ဟု ပြောဆိုခဲ့ ကြသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ဘိလပ်မြေစက်ရုံသစ် ဖွင့်လှစ်


မျိုးချစ်သူ/ ၃၀ ဧပြီ ၂၀၁၀

“ဦးသိန်းစိန်အပါအ၀င် အရပ်ဘက်ပြောင်းတဲ့ ၀န်ကြီးတွေပါတယ်။ စုစုပေါင်း သူနဲ့ (၇) ယောက်ပေါ့။ သူတို့က ရွေးကောက်ပွဲဝင်ကြမှာ သေချာတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ကြမလဲ ဆိုတာကိုတော့ ကျနော်တို့လည်း အသေအချာ မသိသေးဘူး။ ဒါပေမယ့်
ကြံ့ဖွံ့အနေနဲ့ပဲ .... ” အပြည့်အစုံသို့
------------------------------------------------------------------------------------------------------------------------------
ကြံ့ဖွံ့ပါတီ တရားဝင် မဲဆွယ်ပြီ

စိုးမိုး/ ၃၀ ဧပြီ ၂၀၁၀
“ယမန်နေ့က ဖွင့်လှစ်လိုက်သည့် ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်သည့် ဘိလပ်မြေဖြင့် ရန်ကုန်မြို့ရှိလမ်းများအား ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ...” အပြည့်အစုံသို့
အန်အယ်လ်ဒီက စစ်အစိုးရကို တရားစွဲ

NEJ/ ၃၀ ဧပြီ ၂၀၁၀
“တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးကနေပြီးတော့ သူတို့ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်နေတယ်၊ အခြေအနေကို ကျနော်တို့ဆီကို အကြောင်းကြား ...” အပြည့်အစုံသို့

အင်တာနက်ဆိုင်များတွင် စစ်အစိုးရလူများ ထည့်သွင်းခိုင်း

မျိုးချစ်သူ/ ၃၀ ဧပြီ ၂ဝ၁ဝ
“ကျမတို့ဆိုင်ကို ၀န်ထမ်း (၂) ယောက် လာပေးထားမယ်လို့ ပြောပါတယ်။ လာပြောသူကတော့ မြို့နယ်က အထူး စုံစမ်းစစ်ဆေးရေး ရဲအရာရှိတဦးဖြစ်ပြီး ...” အပြည့်အစုံသို့
တရုတ်လူမျိုးများ မဲထည့်နိုင်ရေး
ဧည့်နိုင်ငံသားကတ် ထုတ်ပေးမည်

ခိုင်လင်း/ ၃၀ ဧပြီ ၂၀၁၀
“ပြီးခဲ့တဲ့ ၁၉၉ဝ မဲပေးတုန်းကနဲ့ ဒိအရင်ကဆို တရုတ်တွေက မဲမထည့်ရဘူး။ အခု မဲပေးနိုင်ဖို့ ထုတ်ပေးတာလို့ သိရတယ်။ ပြည်ထဲရေး ဒု-ဝန်ကြီး လာပြီးကတည်းက ...” အပြည့်အစုံသို့

KNU နယ်မြေအတွင်း လှုပ်ရှားနေသော နအဖတပ်များ

E-mail Print

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နယ်မြေအတွင်း၌ လက်ရှိအချိန်တွင် မြန်မာစစ်တပ်မှ တိုက်ခိုက် ရေး တပ်ရင်း တစ်ရာကျော်ခန့် နေရာယူလှုပ်ရှားနေကြောင်း မကြာသေးမီကရရှိသည့် စစ်ရေးအစီရင်ခံစာတစ်စောင်အရ သိရသည်။
ကရင်လက်နက်ကိုင်တပ်များရှိရာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ ကရင်နှင့် မွန်ပြည်နယ် ၊ ပဲခူးနှင့် သနင်္သာရီတိုင်း အတွင်းရှိ နယ်မြေများတွင် မြန်မာစစ်တပ်၏ ပင်မ မြေပြင် တိုက်ခိုက်ရေး တပ်မ၂ ခု နှင့် စကခ (ခေါ်) စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် (၈)ခုတို့ ပုံမှန်လှုပ်ရှားကြောင်း သိရသည်။

အဆိုပါ တပ်များတွင် တပ်မ ၂၂ ၊ ၄၄ နှင့် စကခ ၂ ၊ ၄ ၊ ၅ ၊ ၇ ၊ ၈ ၊ ၁၀ ၊၁၉ ၊ ၂၁ စသည့် ကွပ်ကဲမှုတပ်များပါဝင်ပြီး တပ်ရင်းပေါင်း တစ်ရာကျော်ခန့်ရှိကြောင်း သိရသည်။

ကရင်လက်နက်ကိုင်များနှင့်ရင်ဆိုင်နေသည့် လက်ရှိ မြန်မာစစ်တပ်၏ အင်အားသည် ယခင်ထက်စာလျှင် တပ်မ ၂ ခုခန့် လျှော့နည်း နေကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“ကရင်နယ်မြေဘက်မှာ အဓိကကတော့ စကခတွေပဲများတယ် တပ်မ ၂၂ နဲ့ ၄၄ က ပုံမှန်ရှိတယ် တစ်ခုက ခါတိုင်းရှိတဲ့ တပ်မ ၆၆ နဲ့ ၇၇ ကတော့မပါဘူး ထုတ်ထားတဲ့သဘောရှိတာပေါ့ ခါတိုင်းထက် တပ်မ ၂ခုလောက်လျှော့နေတဲ့ သဘောပေါ့ ”


“တရုတ်နယ်စပ်ဘက် လိုရင်လည်းသုံးရအောင်ပေါ့ အရင်ဘင်္ဂလားနယ်စပ်ပြဿနာပေါ်ကတည်းက ထုတ်ထားတာလေ အဲဒီကတည်းက ပြန်မသွင်းတာ တစ်ခုလုံးလိုအပ်ချက်အရ ထုတ်ထားတာဖြစ်နိုင်တယ် ”
လို့ သူက ပြောသည်။

လွန်ခဲ့သည့်နှစ်အတွင်းက သျှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်ချိန်မှစ၍ အဆိုပါ ဒေသလုံခြုံရေးအတွက် မြန်မာစစ်တပ်က တပ်မ ၃၃ နှင့် ၉၉ ကို ကိုးကန့်ဒေသတစ်ဝိုက်တွင် အမြဲတမ်းတပ်စွဲထား ရသည်။

မြန်မာစစ်တပ်၌ ပင်မမြေပြင်တိုက်ခိုက်ရေး တပ်မ ၁၀ ခုခန့် ရှိသည့်အနက် နောက်ထပ်ပြောင်းရွှေ့လှုပ်ရှားနိုင်သည့် တပ်မ အနေဖြင့် ၅ ခုခန့်သာရှိကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင် တပ်ဖြစ်ပြီး ကရင်အမျိုးသားရပိုင်ခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

အပစ်ရပ် SSA နယ်မြေအတွင်း တိုက်ပွဲဖြစ်

E-mail Print

သျှမ်းပြည်မြောက်ပိုင်း အပစ်ရပ် SSA နယ်မြေအတွင်း အမည်မသိလက်နက်ကိုင်တစုနှင့် နအဖ စစ်ယာဉ်တန်း တို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ တိုက်ပွဲဖြစ်တာက မနေ့က မနက်ပိုင်း၊ မိုင်းရယ်ကနေ တန့်ယန်း အသွားလမ်းမှာ၊ အဲဒီဒေသက လမ်းမြောက် ဘက်ခြမ်း ဆိုရင် မန့်ပန်ဌာနေပြည်သူ့စစ်နယ်မြေ၊ တောင်ဘက်ခြမ်းက ကျနော်တို့တပ်ဖွဲ့” - ဟု အပစ်ရပ် SSA တပ်မှူး တဦးက ပြောပါသည်။

ဧပြီ ၂၉ ရက် လားရှိုးအခြေစိုက် ခလရ ၆၈ စစ်ယာဉ်တန်းတို့ မိုင်းရယ်မှ တန့်ယန်းဘက် ခရီးထွက်စဉ် ဟိုယ ကျေးရွာ အုပ်စုတွင် အမည်မသိ လက်နက်ကိုင်တစုက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ တိုက်ခိုက်မှုကြောင့် ဗမာ့ တပ်မတော်သားတဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း - ဆိုပါသည်။

“အပစ်ရပ် သျှမ်းပြည်တပ်မတော်မှာ တပ်မဟာသုံးခုရှိတယ်။ ၂ ခုက အင်အားတချို့စာရင်းပြပြီး အသွင်ပြောင်း ဖို့ လက်ခံထားတယ်။ ကျနော်တို့ တပ်မဟာ ၁ က မဟာမိတ်တပ်ဖွဲ့ သဘောတူညီချက်အရ လက်မခံဘူး။ အဲဒါ့ ကြောင့် ကျနော်တို့လက်ခံလာအောင်ဖိအားတခုအနေနဲ့သော်လည်းကောင်း၊ ခေါင်းမာနေတဲ့ ကျနော်တို့တပ်ဖွဲ့ ကိုအပစ်ရှာ တိုက်ခိုက်နိုင်အောင် ဗမာ့တပ်မတော် နဲ့ ဗိုလ်မွန်းဦးဆောင်တဲ့ မန့်ပန်ဌာနေပြည်သူ့စစ်ပေါင်းပြီး အကွက်ဆင်တာလဲ ဖြစ်နိုင်တယ်။ အမှန်တကယ်ဘယ်သူ့ လက်ချက်လဲဆိုတာ ကျနော်တို့ စုံစမ်းနေဆဲ” - အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ပြော၏။

အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ က နအဖ စစ်ယာဉ်တန်းကို ခြုံ ခိုတိုက်ခိုက်သည့် သတင်းကြောင့် အင်အားတောင့်တင်းသည့် မဟာမိတ်တပ်ဖွဲ့ ၀ပြည်သွေးစည်းရေးတပ်မတော် တပ်မှူးတဦး ကလည်း အပစ်ရပ် SSA တပ်ဖွဲ့အား ‘တဘက်က နအဖနဲ့ ပူးပေါင်းပြီး တဘက်ကလည်း နအဖကို ပြန်တိုက်နေတာ နားမလည်ဖြစ် မိကြောင်း’ သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထို့အထူ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်းအခြေစိုက် တပ်မှူးတဦးကလည်း ကြားတွင်ပိတ်ညှပ်နေသည့် အပစ်ရပ် SSA နယ်မြေ၏ လက်ရှိအခြေအနေအပေါ်သုံးသပ်ကြည့်ပါက -
၁။ အသွင်ပြောင်းဖို့ အမည်စာရင်းပေးထား သည့် အဖွဲ့နှင့် လုံးဝလက်မခံသည့်အဖွဲ့တို့မှာ မိခင် SSA တပ်မတော်တခုတည်းဖြစ်သည့်အတွက်ကြောင့် သံယောဇဉ်ဖြတ် ရန် မလွယ်ကူမှု ဖြစ်နေကြသည်ကိုတွေ့ရကြောင်း၊
၂။ ကိုးကန့်အရေးအခင်းကြောင့် မဟာမိတ် တပ်ဖွဲ့များနှင့်လည်း ရာနှုန်းပြည့်မယုံရဲကြောင်း၊
၃။ လွယ်တိုင်းလျဲန်းအခြေစိုက် SSA နှင့် ပူးပေါင်းမည်ဆိုပါက လည်း စစ်ပွဲဖြစ်ပွားရန် တွန်းပို့ သလိုဖြစ်မည်ကို စိုးရိမ်နေပုံရကြောင်း - ပြော၏။

မည်သို့ပင်ဆိုစေ အပစ်ရပ်တပ်ဖွဲ့များအပေါ် ဧပြီ ၂၈ ရက်နောက်ဆုံး အသွင်ပြောင်းရန် နအဖ ဖိအားပေးသည့်နောက်ဆုံး သတ်မှတ်ရက်က ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။ ပေးထားသည့် ရာဇဒဏ်အတိုင်း နအဖ ဆက်လုပ်မည် ဆိုပါကပြည်တွင်း စစ်မီးဖြစ်ပွားမည်မှာမလွဲကြောင်း သျှမ်းခေါင်းဆောင်တချို့က သုံးသပ်ပါသည်။

Thursday 29 April 2010

ပါတီမဖျက်ရေး တားဝရန်းထုတ်ရန် အန်အယ်ဒီ တရားရုံးသို့ လျောက်ထား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည် ...

ပါတီအမည်မခံဘဲ တရားဝင် လူမှုရေးလုပ်မည်ဟု NLD ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါတီနာမည်မခံဘဲ မှတ်ပုံတင်ကာ တရားဝင် လုပ်ကိုင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ...

မြစ်ဆုံဗုံးလက်သည် ရွာသားများကို စစ်ဆေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အနီးရှိ ကျေးရွာ ၃ ရွာထက်မနည်းမှ ဒေသခံများအား ဒေသခံစစ်တပ်က ခေါ်ယူစစ်ဆေးနေကြောင်း ...

ဗုံးထိတ်လန့်မှု ကုန်စည်ပြပွဲ လူဝင်နည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
လူမှုဘဝနှင့် နည်းပညာပြပွဲ ၂ဝ၁ဝ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယမန်နေ့ကတည်းက စတင်ကျင်းပနေသော်လည်း ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် လာရောက်ကြည့်ရှုသူ ...

စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံ မြန်မာဆက်လက်ပါဝင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကမ္ဘာတဝှမ်း စာနယ်ဇင်းလွတ်လပ်မှု အဆိုးရွားဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဆက်လက်ပါဝင်နေပြီး စစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွင်း သတင်းစာလွတ်လပ်ခွင့်ကို ...

ပြင်းအားကောင်း ငလျင် ရခိုင်တွင် လှုပ်ခတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြင်းအားပမာဏ ၅ ဒဿမ ၅ ရှိ ငလျင်တခု ယမန်နေ့ ညသန်းခေါင်က လှုပ်ခတ်ခဲ့ကြောင်း ...

ဒီဗီဘီသတင်းထောက် အယူခံ ပလပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည့် ဒီဗီဘီသတင်းထောက် မလှလှဝင်း အမှုအယူခံ လျှောက်လဲချက်ကို ယမန်နေ့က မကွေးတိုင်းတရားရုံးက ...


DKBA နှင့် အစိုးရ ဆက်ဆံရေး တင်းမာ

DKBA နှင့် အစိုးရ ဆက်ဆံရေး တင်းမာ

စစ်အစိုးရနှင့် သူ၏ မဟာမိတ် အဖွဲ့ဖြစ်သော DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည် ယခုချိန်အထိ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်အတွက်
ဗုံးပေါက်ကွဲမှု ထပ်ဖြစ်နိုင်ဟု စစ်အစိုးရ သတိပေး

ဗုံးပေါက်ကွဲမှု ထပ်ဖြစ်နိုင်ဟု စစ်အစိုးရ သတိပေး

ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည်ဟု ယူဆ၍ အာဏာပိုင်များမှ သတိပေး ကြေညာချက်များ ထုတ်ပြန်ခြင်း၊ လုံခြုံရေး တိုးမြှင့်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာ့ရေတပ် အဓမ္မ စီးပွားရှာ

မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်မြို့ရှိ ငါးဖမ်းစက်လှေ များထံမှ မြိတ်အခြေစိုက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် အရာရှိများနှင့် တပ်သားများက စက်သုံးဆီ ဒီဇယ်များကို အဓမ္မ တောင်းယူ

နေဘုန်းလတ် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ဆုရ

ကရင်ပြည်နယ်၊ ဘားအံ ထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်အား ရွှေကလောင်ဆု ချီးမြှင့်သည့် အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ

အမျိုးသားချင်း လက်ထပ်သူ လူမှုရေးအဖွဲ့မှ အထုတ်ခံရ

အမျိုးသား အချင်းချင်း လက်ထပ် ထားသည့် ကရင် တိုင်းရင်းသား အဆိုတော် တဦးကို ရန်ကုန် အခြေစိုက် Klo and Kweh ဖောင်ဒေးရှင်းက အဖွဲ့ဝင်အဖြစ်မှ မကြာသေးမီက ထုတ်ပယ်ပြီး
အပစ်ရပ်အဖွဲ့နယ်မြေများ အခြေအနေ ငြိမ်သက်


ပေါက်ပေါက်/ ၂၉ ဧပြီ ၂၀၁၀

“စစ်ရေးအရ တိုက်ခိုက်မယ့် အရိပ်အယောင်တော့ မတွေ့ရသေးဘူး။ တာကော်အက် တံတားဘက်က ဝင်နေတဲ့ ကုန်တွေကိုတော့ ပိတ်လိုက်ပြီ။ ဒါပေမယ့် မိုင်းဖြန်၊ မိုင်းပေါက်တို့ဘက်က ဝင်လို့ရနေသေးတယ်။ ဝကတော့ ဘာမှလည်း ထပ်ပြီးတောင်းဆိုမနေတော့ဘူး။ အရင်တောင်းထားတဲ့ဟာက လျှော့ပေါ့ပြီး တောင်းထားတာ။ ဒါကိုလက်မခံတော့ နအဖဘက်က ဘာလုပ်လာမလဲဆိုတာဘဲ .... ” အပြည့်အစုံသို့
------------------------------------------------------------------------------------------------------------------------------
နာဂစ်သင့်ဒေသတွင် အာဏာ အလွဲသုံးစားလုပ်
ကိုယ်ကျိုးရှာ


စိုးမိုး/ ၂၉ ဧပြီ ၂၀၁၀
“ကျနော် အခု အိမ်ဆောက်ပြီးကာစမှာ ဖျက်ပေးရမယ်ဆိုတဲ့ စာရတော့ ဘာလုပ်ရမှန်း မသိဘူးခင်ဗျ။ ဖျက်တော့မဖျက်ဘူး ဆိုပြီး အခု အသိတွေကို ...” အပြည့်အစုံသို့
ကျန်းမာရေး ဆေးကုစရိတ် ပိုများလာ


မျိုးဝင်းဇော်/ ၂၉ ဧပြီ ၂၀၁၀
“ခုနောက်ပိုင်း ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာသွားပြရင် ခေါင်းစဉ် (၄) မျိုး ...” အပြည့်အစုံသို့

အမျိုးသမီးရေးရာအဖွဲ့ချုပ် နိုင်ငံရေးပါတီ ပြောင်းရန်
ဖွဲ့စည်းပုံပြင်

စိုးမိုး/ ၂၉ ဧပြီ ၂ဝ၁ဝ
“၀န်ထမ်းတွေကို အမှုဆောင်အဖွဲ့ဝင် မလုပ်ရတော့ဘူး။ အခုကတော့ အမှုဆောင်အဖွဲ့ဝင် ဖြစ်နေတဲ့ ၀န်ထမ်းတွေကို သာမန်အဖွဲ့ဝင်အဖြစ် ပြောင်းလိုက်တယ် ...” အပြည့်အစုံသို့
ရိုးမ ၃ သတင်းဌာန အယ်ဒီတာချုပ် ကွယ်လွန်


ရဲရင့်/ ၂၉ ဧပြီ ၂၀၁၀
“သူက တော်တော်လေးကို ချွန်ချွန်မြမြ ရေးနိုင်သားနိုင်တဲ့ နိုင်ငံရေး ...” အပြည့်အစုံသို့

စစ်တကောင်း တောင်တန်းနယ်မှ ဗုဒ္ဓဘာသာ မာရမာ လူငယ်များ ခရစ်ယာန် ဘာသာသို့ စတင် ကူးပြောင်း

၎၊၂၉၊၂၀၁၀

မောင်အေး(နိရဉ္စရာ)
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာ မာရမာလူငယ် ၈ ဦးသည် ယခုလ ၂၁ ရက်နေ့က ခရစ်ယာန် ဘာသာသို့ ကူးပြောင်း သွားခဲ့သည်။
အပြည့်အစုံသို့

မောင်တောမြို့တွင်း နစကများ သေနတ်ပစ်ခတ် သဖြင့် မြို့နေလူထု စိုးရိမ်မူပိုခဲ့ရ

၎၊၂၉၊၂၀၁၀

တာကလူး (မောင်တော)
ရခိုင်ပြည်နယ် မောင်တောမြို့တွင်းတွင် နစက တပ်ဖွဲ့ တဖွဲ့မှ ညအချိန်မတော် သေနတ် ပစ်ခတ်မူကြောင့် မြို့တခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ မြို့နေလူထုအတွင်း စိုးရိမ်မူပိုခဲ့ရသည်ဟု သတင်း ရရှိသည်။
အပြည့်အစုံသို့

Wednesday 28 April 2010

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....


အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။



ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။



ပြည်တွင်းက အင်တာနက် အသုံးပြုတဲ့ ညီအကို မောင်နှမများ ဆောင်ရန် ရှောင်ရန်...

အောက်မှာ ဆက်လက်ဖတ်ရှုပါရန်

ရေးသားသူ ရွှေသွေး..

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keylogger ခေါ်တဲ့ ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက်သုံးစွဲသူတွေထဲကနေ နိုင်ငံရေးနဲ့ ပတ် သက်ပြီး ပြည်တွင်းပြည်ပဆက်သွယ်သူများကို ခြေရာခံကာ ပြန်ပေးဆွဲ ဖမ်းဆီးနှိပ်စက် ထောင်ချ သတ်ဖြတ်မှုများရှိနေကြောင်း သိရလို့ အင်တာနက် သုံးစွဲသူများ အန္တရာယ်ကင်းစေရန် တေဇာတေ-ရဲ့ “သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့ အချက်တစ်ချို့” ဆိုတဲ့ ဆောင်းပါးကို အနည်းငယ် ပြင်ဆင်ဖော်ပြခြင်း ဖြစ်ပါတယ်။



အနည်းငယ် ရှင်းပြပါမယ်။ Keylogger ဆိုသည်မှာ Windows စတက်ကထဲက အလုပ်လုပ်တဲ့ Software တမျိုးပါ။ ကွန်ပျူတာပိတ်ထားပေမဲ့လဲ အဲဒီ Software က အလုပ်လုပ်နေဆဲပါ။ အဲဒီ Software ရဲ့ထူးခြားချက်က Tray icon မပေါ်ပါ။ ဒါ့ကြောင့် ၄င်းအလုပ်လုပ်နေမှန်း မသိနိုင်ပါ။ သို့သော် ၄င်း Keylogger ကနေ မိမိ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့နှိပ်လိုက်သမျှအားလုံးကို အချိန်နဲ့တကွ မှတ်ထားပေးပါတယ်။ ထိုအခါ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်သမျှ အားလုံးကို ၄င်း Keylogger က မှတ်တမ်းတင်ထားပြီးဖြစ်လို့ လုံခြုံမှု လုံးဝမရှိတော့ပါ။ All in 1 key-logger ဆိုရင် ဓါတ်ပုံများ၊ အသံနဲ့ ဗီဒီယိုစသည်များကိုပါ အတိအကျ မှတ်သားထားပေးနိုင်တဲ့ အဆင့်မြင့်ဆော့ဖ်ဝဲဖြစ်လို့ ပိုမို အန္တရာယ်ကြီးပါတယ်။



ကွန်ပျူတာမှာ အဲဒီ Software သွင်းထားပြီး သုံးစွဲသူရဲ့ လုပ်ဆောင်ချက်များကို အတိအကျ မှတ်တမ်း တင်နိုင်တဲ့အတွက် မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး (သို့မဟုတ်) သူများရဲ့ ကွန်ပျူတာကို သုံးစွဲမယ် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာမှာ ၄င်းဆော့ဖ်ဝဲ ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးဖြစ်သလို ပိုမို လုံခြုံမှုရှိပါလိမ့်မယ်။ မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွန်ပျူတာက မှတ်မထားနိုင်အောင်လုပ်ရမဲ့ နည်းလမ်း ကတော့



၁) Ctrl+Shift+Esc(or)Ctrl+Alt+Del နှိပ်ပါ။

၂) Task manager ပေါ်လာပါမယ်။

၃) Task manager မှ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။

၎) msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။

၅) အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ End process လုပ်ပါ။ ထိုသို့ end process လုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးရပ်သွားပြီး မိမိလုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ (ကွန်ပျူတာကို စိတ်ချစွာ အသုံးချနိုင်ပါပြီ။)



Task Manager ကို အထက်ပါအတိုင်း ကီးသုံးခု (Ctrl+Alt+Delete) နှိပ်ပြီးခေါ်တာအပြင် နောက် တနည်းကတော့ window logo+R နှိပ်ပြီးတက်လာတဲ့ Run box မှာ taskmgr လို့ စာရိုက်ပြီး task managerကို ဖော်ပါ။ ဒါမှမဟုတ် Start ကနေသွားပြီး Run ကိုသွားပါ။ ဆက်လုပ်ရမှာကတော့ အထက်ပါ အတိုင်းပါပဲ။

အကောင်းဆုံးနည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ ပရိုဂရမ်တွေ ထဲက မိမိသုံးမဲ့ ပရိုဂရမ်လောက်ပဲ Ok ထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းပါပဲ။ အကြောင်းမှာ သာမန်ကွန်ပျူတာအသုံးပြုသူအနေဖြင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို မှတ်ထားတယ်ဆိုတာကို မသိနိုင်တဲ့အတွက် အန္တရာယ်ကြီးပါတယ်။ မိမိသုံးမဲ့ ပရိုဂရမ်ကိုသာ သီးသန့်ထားပြီး ၄င်း process tab ထဲမှာရှိသမျှ ဖိုင်အားလုံးကို end process လုပ်ပြီး သုံးတာက အလုံခြုံဆုံးဖြစ်တဲ့အတွက်ကြောင့်ပါပဲ။



အထူးသတိပြုရမှာကတော့ တကယ်လို့ task manager ကိုခေါ်မရပဲ admin နဲ့ဆက်ရမယ် ဆိုရင် တော့ အဲဒီလို အင်တာနက်ကဖီးမျိုးကို ရှောင်သင့်သလို လက်လှမ်းမီရာ သူငယ်ချင်းများကိုပါ အသိ ပေးထားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မိမိအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် keylogger တွေထဲမှာပင် Online webpage မှာတင်လို့ရတဲ့ keylogger နဲ့ hardware keylogger ဆိုပြီး အဆင့်မြင့် နည်းပညာများလဲ ရှိပါသေးတယ်။ ၄င်း နည်းပညာများထည့်သွင်း တပ်ဆင်ထားတဲ့ ကွန်ပျုတာဆိုရင် Taskmanager ခေါ်ပြီး End process လုပ်ကာ သုံးစွဲပေမဲ့ မလုံခြုံနိုင်ပါ။ ဒါ့ကြောင့် သတိကြီးကြီးထားနိုင်မှ တော်ကာကျပါမယ်။



ဒီစာလေးကိုရေးပြီး အသိပေးရတဲ့အကြောင်းရင်းကတော့ တာမွေ-ကျောက်မြောင်းရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့အဆက်အသွယ်လုပ်တယ်-ဆိုကာ ကွန်ပျူတာ အချက်အလက် အထောက်အထားနှင့်တကွ အဖမ်းခံရကြောင်းကြားသိရလို့ အခြားသော ပြည်တွင်းမှ အင်တာနက်သုံသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လွှဲလို့ရနိုင်တဲ့ နည်းလမ်းကောင်းလေးတခုကို တဖက်တလမ်းကနေ ဆင့်ပွားမျှဝေပေးခြင်း ဖြစ်ပါတယ်။ ဒါလေးကိုဖတ်ပြီး ပြည်တွင်းက အင်တာနက်သုံးသူ မိတ်ဆွေများဆီကို လက်လှမ်းမီသမျှ မျှဝေပေး ခြင်းဖြင့် “နှမ်းတစေ့ဖြင့် ဆီမဖြစ်နိုင်..” ဆိုသော်လဲ “အုဌ်တချပ် သဲတပွင့်..” အနေဖြင့် မြန်မာ့အရေးကို တဖက်တလမ်းမှ ကူညီပေးနိုင်မယ်-လို့ ယုံကြည်ပါကြောင်း…



နောက်တစ်ခုကတော့

ဂူးဂဲလ်တော့ခ် (google talk) ခေါ် ဂျီတော့ခ် (gtalk) သုံးစွဲသူတွေ မြန်မာပြည်မှာ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့အပတ်က မိုးမခ နဲ့တခြားဘလော့တွေမှာ ဖတ်ရတော့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ အင်တာနက် စောင့်ကြည့်ရေး အောက်မှာ အရဲစွန့် သုံးစွဲနေသူများကို အထူးစိုးရိမ်နေခဲ့တာ အမှန်ပါ။ ညီငယ်တဦး ဖြစ်သူလည်း မကြာသေးခင်ကတက်ကြွလူငယ်တစုနဲ့ အတူ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက် အသရေဖျက်မှုနဲ့ ထောင်ဒဏ် ကျခံနေရကာ နောက်ဆက်အမှုတွဲအဖြစ် သူရဲ့ အင်တာနက်ဆိုင် ဝင်ထွက် သွားခဲ့တဲ့ မှတ်တမ်း အချက် အလက်ကြောင့် အင်တာနက်က တဆင့် သတင်းဖြန့်ဝေမှု ဘာ ညာ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် ပြစ်ဒဏ် ပိုမိုချနိုင်ဖို့ တရားစွဲဆိုမှု ခံနေကြောင်း မိဘများက ပြောပြတယ်။



အများသိတဲ့အတိုင်း ယနေ့ မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး တက်ကြွသူတွေကိုလည်း စစ်အစိုးရက အင်တာနက်ဆိုင်သွား၊ အင်တာနက်သုံးတာ ရှိရင် ဒီ အင်တာနက်ဆိုင်ရာ မတရားဥပဒေနဲ့ ထောင်ချဖို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ အခုရက်အတွင်း

ဂျီတော့ခ် သုံးစွဲတာကို အစိုးရက ကြားဖြတ် ဝင်ရောက်ပြီး အချက်အလက်တွေ ရယူနိုင်တာကြောင့်လို့ သတင်းတွေမှာ မတင်မကျ ရေးထားတာကြောင့် အင်တာနက်သုံးစွဲသူတွေမှာ ဂျီမေးလ် (gmail) ဂျီတော့ခ် သုံးစွဲတာ လုံခြုံမှုမရှိ သူတို့ ပြောဆိုရေးတာတွေကို အစိုးရက အချိန်မရွေး ကြားဖြတ် ဝင်ရောက်နိုင်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်ကြကုန်ပါတယ်။ ဒီလိုအစိုးရသတင်း အချက်အလက် ရယူနိုင်တာ ဂျီမေးလ် လုံခြုံမှု မရှိလို့ မဟုတ်ဘဲသုံးစွဲသူများ အခြေခံ ရှောင်သင့် ဆောင်သင့်တာ မလုပ်နိုင်တာက တကြောင်း နဲ့စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုများကြောင့် ဖြစ်ပါတယ်။ ဒီအတွက် အနည်းဆုံး အင်တာနက် သုံးစွဲနေသူများ အနေနဲ့ သိသင့် ရှောင်သင့် ဆောင်ရန် အချက်များကို မျှဝေလိုက်ပါတယ်။



အင်တာနက်လောကကို ဦးဆောင်နေတဲ့ ဂူးဂဲလ် (google) အုပ်စုထုတ် ဂျီတော့ခ်၊ ဂျီမေးလ် တို့ကို အလွယ် ဝင်ရောက်ကာ သုံးစွဲသူရဲ့ သတင်း အချက် အလက် ယူလို့မရနိုင်ပါ။ အများအားဖြင့် ဒီလို မိမိတို့ သတင်း အချက်အလက်တွေကို တပါးသူ ရယူနိုင်တာ၊ ဖျက်ဆီး နှောက်ယှက်ခံရတာ အင်တာနက် သုံးစွဲသူများ ကိုယ်တိုင် အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ ရှောင်ရန် ဆောင်ရန်များကို အလေးမထား မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ယနေ့ မြန်မာပြည် အင်တာနက် သုံးစွဲနေမှုကို အကြမ်း လေ့လာကြည့်ရင်



အင်တာနက်သုံးစွဲသူ အရေအတွက် အလွန်နည်းပါးလျက်ရှိပြီး သုံးစွဲသူများ စာရင်း အရေအတွက်ကိုလည်း စစ်အစိုးရက အလွယ် ရရှိနိုင်ပါတယ်။ အများစုမှာ အင်တာနက်ဆိုင်များမှာ သုံးစွဲနေရပြီး အများစုမှာ အင်တာနက် နည်းပညာကို စလုံးရေးစ မသိသေးသူများသာ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာ တချက်က အခမဲ့

ရယူနိုင်တဲ့ ဟော့မေးလ် (hotmail) နဲ့ ယာဟူး (yahoo) တို့ကို ယနေ့အထိ ပိတ်ပင်ထားပြီး ဂျီမေးလ် ကိုသာ ရယူနိုင်ပါတယ်။ ထူးခြား ထူးဆန်းတာက အီးမေးလ် အသစ် ဖွင့်လိုသူများမှာ အင်တာနက်ဆိုင်ကိုသွားပြီး ဂျီမေးလ် ဖွင့်ပေးဖို့ ငွေပေး လုပ်ကိုင်ရကြောင်း၊ ဖွင့်ပေးတဲ့ အီးမေးလ်ရဲ့ သုံးစွဲသူ အမည် (username) နဲ့ စကားဝှက် (password) တို့ကို အင်တာနက်ဆိုင်က မှတ်ယူ သိမ်းထားပြီး အီးမေးလ် လာသုံးတဲ့အခါ ဆိုင်က

ဖွင့်ပေးကြောင်း ညီငယ်တဦးက ပြောပြပါတယ်။



စစ်အစိုးရအနေနဲ့ တဖက်မှာလည်း ဘယ်သူတွေ ဘယ်အချိန်ကာလမှာ အင်တာနက် သုံးစွဲတယ် ဆိုတာကို အင်တာနက် ဆိုင်များရဲ့သုံးစွဲသူမှတ်တမ်း (အဝင်-အထွက်၊ သုံးစွဲတဲ့ အချိန်ကာလ) ကို ယူကြည့်ခြင်းဖြင့် အလွယ်ရယူနိုင်တယ်။ အခုနောက်ပိုင်း တချို့ အင်တာနက်ဆိုင်များမှာလည်း ကွန်ပြူတာ (အင်တာနက်) သုံး ဝါရင့်လာသူများ ရှောင်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ အာဏာပိုင်များက keylogger ခေါ် ကွန်ပြူတာသုံးစွဲသူ အသုံးပြုပုံ စာရိုက်ချက်တွေကို မှတ်ယူနိုင်တဲ့ စနစ်ကို ကွန်ပြူတာများမှာ ထည့်သွင်းပြီး သုံးစွဲသူများရဲ့အကြောင်းအရာများကို ထောက်လှမ်း ရယူနေတယ်လို့ သိရှိရတယ်။



ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဒေသမှာ နေနေ အများသုံး ကွန်ပြူတာကို သုံးပြီးအင်တာနက် ကြည့်သူ သုံးသူများအတွက် လုံခြုံမှုမှာ ကိုယ်ပိုင် ကွန်ပြူတာနဲ့ ကိုယ့်အိမ်မှာ သုံးတာထက် အထူး နည်းပါးပြီး မိမိရဲ့သုံးစွဲမှု

အချက်အလက်များကို တခြားလူများက အလွယ်တကူ ဖော်ထုတ် ရယူနိုင်ပါတယ်။ (စကားချပ် - ဒီဖက် အမေရိကန်နိုင်ငံ နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာလည်းနိုင်ငံတော် လုံခြုံရေး အကြမ်းဖက် လှုပ်ရှားမှုများ နဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်များရဲ့ ကာမဆိုင်ရာ ပုံများ ဖလှယ်မှု၊ အသက် မပြည့်သူများနဲ့ ကာမဆိုင်ရာ ဆက်သွယ် လုပ်ကိုင်မှုများကို စောင့်ကြည့် ကြားဖြတ် လုပ်ကိုင်နေပါတယ်)။



အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ရေးသား ပြောဆိုတာတွေကို အထူး တင်းကြပ် စောင့်ကြည့်နေတဲ့ မြန်မာပြည်မှာ အင်တာနက် သုံးစွဲနေသူများ အနေနဲ့ တက်နိုင်သမျှ အင်တာနက်ဆိုင်များ လူမြင်ကွင်းမှာ လျှိုဝှက်သင့်တဲ့ အကြောင်းအရာ အချက်အလက်များကို ဂျီတော့ခ်၊ အီးမေးလ် တို့မှတဆင့် ရေးသားပို့ဆောင်၊ ဖလှယ်ခြင်းများကို အထူးဂရုစိုက် လုပ်ကိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း အင်တာနက်သုံးစွဲသူအနေနဲ့ အခြေခံမဖြစ်မနေ လုပ်သင့်တာများကို ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကိုဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။ အတတ်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို

ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။



(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများ အနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ်နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။



မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကိုနှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။



(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့်

ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက

ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။Do and Don_t Internet Users


အပစ်ရပ်တွေ အဖြေပေးရမယ့် နောက်ဆုံးအချိန်

28 April 2010

ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စစ်အစိုးရတပ် လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ နောက်ဆုံး အကြောင်းပြန်ရမယ့်နေ့ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘူးဆိုရင် စစ်အစိုးရရဲ့ တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုအချိန်ထိတော့ အဓိက အပစ်ရပ်အဖွဲ့တွေက ငြင်းဆိုထားကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်၊ မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြန်စလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိတ်တ် ၀ုဒ်စမ် (Kate Woodsome) ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ် ဆိုပေမဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ တိုင်းရင်းသား ဒေသတွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ စိုးမိုးမှုအောက်မှာ လုံးလုံး ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးထားတာကို အခုအချိန်ထိ အဓိက အပစ်အခတ်ရပ် အဖွဲ့အစည်းတွေကတော့ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ အဲဒီထဲက အကြီးဆုံးကတော့ အင်အား ၂၀,၀၀၀ ရှိတဲ့ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့လည်း အပါအ၀င် ဖြစ်ပါတယ်။

အခုလို အခြေအနေမှာ စစ်အစိုးရဘက်က စစ်အင်အားသုံးပြီး နှိမ်နင်းလာနိုင်ခြေ ရှိတာကြောင့် ၀တပ်တွေဟာ တိုက်ပွဲရှည်ကြီးကို ဆင်နွှဲဖို့အတွက် အသင့်ပြင်နေကြပြီလို့ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်ပြည်ထဲမှာ အခြေစိုက်နေတဲ့ သူပုန်ဟောင်း တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။ ၀တပ်တွေအနေနဲ့ စစ်မတိုက်ချင်ကြပေမဲ့ စစ်အစိုးရဘက်က ညှိနှိုင်းတဲ့သဘော မဟုတ်ဘဲ တဖက်သတ် ဖိအားပေးနေတဲ့ လုပ်ရပ်တွေက ၀တွေအတွက် ရွေးစရာလမ်း မရှိအောင် ဖြစ်စေတယ်လို့လည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“ကျနော်တို့ သိသလောက် ၀ခေါင်းဆောင် အများစုကတော့ မဖြစ်ချင်ပါဘူး။ ပြည်သူတွေလည်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင်သမျှ ဆွေးနွေးခဲ့တယ်။ အဓိကအားဖြင့် Border Guard ပေါ်လစီကို ချပြပြီး ၁၃ ကြိမ်တိတိ ကျနော်တို့ ဆွေးနွေးခဲ့တယ်။ နောက်ဆုံးအကြိမ်မှာ တခါမှ မလိုက်လျောဘူးတဲ့ အချက်တွေ ပေးပြီးတော့ ဆွေးနွေးပါတယ်၊ အလျှော့ပေးပြီးတော့ပေါ့။ အထူးသဖြင့် တရုတ်ပြည်ရဲ့ ၀င်ရောက် ဖျောင်းဖျမှုတွေလည်း ပါတာပေါ့။ ဒါပေမဲ့ ဗမာအစိုးရဘက်က Compromise သဘော မဟုတ်ဘဲနဲ့၊ ဆွေးနွေးတဲ့ သဘော မဟုတ်ဘဲနဲ့ အမိန့်ပေးတဲ့ သဘော ဖြစ်ပါတယ်။”

၁၉၉၀ ခုနှစ်လွန် နှောင်းပိုင်းအတွင်း ၀၊ ကချင်၊ ကိုးကန့်နဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး ယူခဲ့ပြီးနောက် အထူးသဖြင့် ၀ဒေသမှာဆိုရင် နိုင်ငံရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ပိုပြီး ရရှိခဲ့သလို စစ်အစိုးရက ၀တွေကို သစ်ပါမစ်တွေ၊ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့်တွေ၊ နယ်စပ်ကုန်သွယ်ခွင့်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီကရတဲ့ ငွေတွေနဲ့ လျှပ်စစ်မီးတွေ ၀ယ်ယူနိုင်တာကြောင့် ၀ဒေသမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပါတယ်။

အခုလို အခြေအနေမျိုးကနေ စစ်အစိုးရ တပ်မတော် လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ရင် သူတို့မှာရှိနေတဲ့ လက်ရှိ အခွင့်အရေးတွေ တစတစ ဆုံးရှုံးသွားမှာကို ၀တွေက စိုးရိမ်နေကြတာပါ။ ၀တပ်က စစ်အစိုးရရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ငြင်းဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ်အတွင်း ၀ဒေသတွေမှာ စစ်အစိုးရဘက်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကို တွေ့ရတယ်လို့လည်း ဦးအောင်ကျော်ဇောက ပြောပြပါတယ်။

“ကျနော်တို့ သိသလောက် စစ်ရေး ပြင်ဆင်မှုကတော့ သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေမှာတော့ တလျှောက်လုံး ပြင်ဆင်နေတာ တွေ့ရပါတယ်။ မြန်မာအစိုးရ အနေနဲ့ ရှေ့တန်းကို တပ်တိုးချဲ့ ပို့တာတွေတော့ အတော်နည်းပါသေးတယ်။ တကယ်တမ်း တိုက်ခိုက်ဖို့ လိုအပ်တဲ့ အင်အား ဖြည့်တင်းမှုတို့၊ ရိက္ခာ ခဲယမ်း ဖြည့်တင်းမှုတို့ မလုပ်သေးပါဘူး။ အဲဒါကို ကျနော် မတွေ့ရသေးဘူး။

“ဒါပေမဲ့ ခြိမ်းခြောက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ လှုပ်ရှားမှုတွေတော့ တွေ့ရတယ်။ အမြောက်တွေကို ဟိုကနေ ဟိုဆွဲတာ၊ ဒီကနေ ဒီကိုဆွဲတာ၊ တင့်ကားတွေကို လူမြင်အောင် ရှေ့တန်းကိုပို့တာ၊ ရှေ့တန်းကနေ ပြန်မောင်းသွားတာတို့၊ ပြီးခဲ့တဲ့ လထဲမှာဆို MIG-29 တွေကို လားရှိုး လေယာဉ်ပျံကွင်းတို့၊ ကျိုက်ထို လေယာဉ်ပျံကွင်းတို့၊ အပစ်ရပ်တွေနဲ့ နီးစပ်တဲ့၊ အပစ်ရပ် ရဲဘော်တွေ နေနိုင်တဲ့ နေရာမျိုးတွေမှာ MIG-29 တွေကို မောင်းပြတာတို့၊ ရပ်ထားတာတို့ ဒါမျိုးတွေ လုပ်ပါတယ်။”

အခုလို မရေရာတဲ့ အခြေအနေတွေ စစ်အစိုးရဘက်က တပ်တွေ တိုးချဲ့ နေရာယူလာတာကြောင့် ဒေသခံ ပြည်သူအများကလည်း စိုးရိမ် ထိတ်လန့်နေကြပါတယ်။ တချို့ဆိုရင် သူတို့ပိုင်တဲ့ ကားတွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကို တရုတ်နယ်စပ်ထဲ သယ်ဆောင်သွားပြီ ဖြစ်သလို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို တချို့လည်း တရုတ်ပြည်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြပြီ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ၀ါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma အဖွဲ့က မြန်မာ့အရေး အသိပညာပေး နှိုးဆော်ရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ကွစ်လီကလည်း တကယ်လို့ စစ်ဖြစ်လာမယ်ဆိုရင် အရပ်သား ပြည်သူတွေ အပေါ်မှာ တကယ်ပဲ အန္တရာယ် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“စစ်အစိုးရဟာ အစဉ်အလာ အားဖြင့်တော့ လက်နက်ကိုင် တပ်တွေကိုချည်း မဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်လေ့ ရှိပါတယ်။ ဒါဟာ တကယ်လို့ စစ်တွေဖြစ်လာရင် သူတို့က မြေတွေကို သိမ်း၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ လုပ်၊ ကလေးတွေကို ဖမ်းဖို့ အလားအလာက အများကြီး ရှိနေပါတယ်။ တရုတ်နိုင်ငံကို ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ထွက်ပြေးနိုင်မယ့် အနေအထားကို တွေ့နိုင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် တရုတ်ပြည် ယူနန်နယ်မှာ တရုတ်စစ်သားတွေ ထောင်နဲ့ချီ တပ်ချထားပါတယ်။ အဲဒီနယ်စပ် တလျှောက်ကနေပဲ တရုတ်က မြန်မာနိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့ ရောင်းချနေတာ ၂၀၀၈ ခုနှစ် တနှစ်အတွင်းမှာတင် အမေရိကန် ဒေါ်လာ သန်း ၂,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ ပြေလျော့လာစေရေးအတွက် တရုတ်အစိုးရ ခေါင်းဆောင်တွေက နေပြည်တော်ကို ပုံမှန်သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလာနေတာ ဖြစ်ပါတယ်။

မကြာခင်တုန်းက စစ်အစိုးရနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ၀ခေါင်းဆောင်တချို့ရဲ့ လုံခြုံရေးအတွက် တရုတ်က ၀ိုင်းရံ လိုက်ပါပေးခဲ့ပါတယ်။ ၀တပ်ဖွဲ့အပြင် ကချင်လွတ်မြောက်ရေးတပ် (KIO) ကလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုထားသလို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီကလည်း မြန်မာစစ်အစိုးရ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ ငြင်းဆိုခဲ့ပါတယ်။

လုံခြုံရေး တိုးမြှင့်ရန် လုံထိန်းတပ်သား ၁၀၀ ကျော် စစ်တွေပို့

4/27/2010

မင်းအောင် (နိရဉ္စရာ)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် ဘူးသီးတောင် အမှတ် ၁၃ လုံထိန်း တပ်ရင်းမှ တပ်သား ၁၀၀ ကျော်ကို ယမန်နေ့က စစ်တွေသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

လုံထိန်း တပ်ရင်းနှင့် နီးစပ်သူ တဦးက “ဘူးသီးတောင်ကနေ သူတို့ကို သင်္ဘောနဲ့ ယူဆောင် သွားပါတယ်။ ဦးဆောင်ပါသွားတာက တပ်ခွဲမှူး ခင်မောင်ထွေး ဖြစ်ပါတယ်။ လုံထိန်းတပ်ရင်းက လာတဲ့ သတင်းအရ စစ်တွေက အရေးကြီးတဲ့ နေရာတွေမှာ သူတို့ကို လုံခြုံရေး ချထားမှာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဘူးသီးတောင် လုံထိန်းတပ်ရင်းမှ တပ်သားများကို စစ်တွေသို့ ယူဆောင်သွားခြင်းမှာ ဧပြီလ ၂၁ ရက်နေ့က စစ်တွေ ကုန်တန်း ရပ်ကွက်တွင် အမျိုးသမီးများ ဆန္ဒပြမူနှင့် ဆက်စပ် မူရှိကြောင်း စစ်တွေမြို့ခံများက ပြောသည်။

စစ်တွေ ကုန်တန်းရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း “ကျွန်တော် တို့ ကုန်တန်းရပ်ကွက်မှာ လုံခြုံရေးတွေကို လမ်းဆုံ လမ်းခွတိုင်းမှာ ရဲသားတွေ လုံထိန်းတွေနဲ့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ ပုသိမ်ကျောင်း အပါအ၀င် ဘုန်းတော်ကြီးကျောင်းတွေ အနီးတ၀ိုက်မှာလည်း ယူနီဖေါင်း ၀တ်တွေကို ချထားတာကိုတွေ့ရပါတယ်။ ခုလို ချတာက အမျိုးသမီးတွေ ဆန္ဒပြတဲ့ နောက်တရက်နေ့က စပီး ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေကုန်တန်းတွင် အမျိုးသမီးများက လျှပ်စစ်မီး မရရှိသည့် အပြင် မီတာအိုးစောင့်ရှောက်ခ၊ မီတာခ စသဖြင့် ငွေကောက်ခံရာမှ မကျေနပ် သဖြင့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် တခြား ရပ်ကွက်များတွင်လည်း အလားတူ မကျေနပ်ချက်များကို ဖွင့်လှစ်ပြသသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေသဖြင့် ဘူးသီးတောင်မှ လုံထိန်းတပ်သားများဖြင့် အားဖြည့်ကာ စစ်တွေ လုံခြုံရေးကို တိုးမြှင့် ချထားခြင်း ဖြစ်သည်။

တခြား စစ်တွေမြို့ခံ မျက်မြင် တဦးကလည်း စစ်တွေ ဝေသာလီကွင်းတွင် လုံထိန်း တပ်သား အများအပြားဖြင့် သက်ဆိုင်ရာမှ အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်းကို ပို့ချနေကြောင်း ပြောသည်။

“ကျွန်တော်တွေ့တာက လုံထိန်းကားအစီး ၁၂ စီးကို ရပ်ထားတာ တွေ့ရတယ်။ ဒါနဲ့ မေးမြန်း ကြည့်တော့ အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်း လုပ်နေတယ်လို့ သိရပါတယ်။ ဒိုင်းကာတွေနဲ့ လုံထိန်းတပ်သား ၃၀၀ ခန့် လေ့ကျင့်နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စစ်တွေတွင် လုံထိန်း အမှတ် (၁၂) တပ်ရင်းရှိသော်လည်း အဆိုပါ တပ်ရင်း တရင်းတည်းဖြင့် လုံခြုံရေးကို မထိန်းသိမ်းနိုင်သဖြင့် ယခုကဲ့သို့ ဘူးသီးတောင် အခြေစိုက် အမှတ် (၁၃) မှ တပ်သားများကို ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ်ပြော

ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ်ပြော

လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး အသွင်ပြောင်းရမည်ဆိုသည့် နအဖ၏ တဘက်သတ် အစီအစဉ်ကြောင့် ပြည်တွင်းစစ် တကျော့ပြန်ဖြစ်လာနိုင်သည်ဟု လွယ်တိုင်းလျဲန်းအခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်က ပြောကြား လိုက်ပါသည်။

ပေါ်တာဆွဲရန် အာဏာပိုင်များ ကြိုတင်စီစဉ်

နယ်ခြားစောင့်တပ် သတ်မှတ်ရက် နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အထမ်းသမားခေါ်ရန်ကိစ္စကို သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အာဏာပိုင်များအတွင်း ဆွေးနွေးထားကြောင်း သတင်းရရှိသည်။

တောင်ပိုင်း ၀ နယ်မြေ ကျေးလက်လူထုထောင်ချီ ဆက်လက်ထွက်ပြေး

ဧပြီ ၂၈ ရက်နေ့ ၀ တပ်ဖွဲ့အား နအဖ ထိုးစစ်ဆင်တိုက်ခိုက်မည် ဆိုသည့်သတင်းကြောင့် တောင်ပိုင်း ၀ လှုပ်ရှားနယ်မြေ အတွင်းရှိ ကျေးလက်လူထုထောင်ချီ ထိုင်းနယ်စပ်သို့ ဆက်လက်ထွက်ပြေးနေသည်ဟု စုံစမ်းသိရှိရပါသည်။

အေးရှားဝေါလ် ဆည်စီမံကိန်း လုပ်သား ၄ ဦး ဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကရင်အမျိုးသား အစည်းအရုံးတပ်များက ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိမှန်မှုကြောင့် အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်လျက်ရှိသော ရေအားလျပ်စစ်စီမံကိန်း ...

ကွတ်ခိုင်တပ်သို့ ဗုံးခြိမ်းခြောက်စာရောက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၄၅ သို့ ဗုံးခွဲတိုက်ခိုက်မှုဆိုသော ခြိမ်းခြောက်စာတစောင် ပို့ခံရသည်ဟု တပ်နှင့်နီးစပ်သူ ...

NLD အလံ သုံးလျှင် ဦးခင်မောင်ဆွေ ကန့်ကွက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မေလ ၆ ရက်နေ့နောက်ပိုင်း NLD လူမှုရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ ပါတီအမည်နှင့် အလံအား ဆက်လက်သုံးစွဲပါက ကန့်ကွက်သွားမည်ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ...

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ စစ်ဘက်ရာထူး စွန့်လွှတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ ဝန်ကြီး ၂၂ ဦးသည် စစ်ဘက်ရာထူးများကို ယခုလ ၂၆ ရက်နေ့မှ စတင်၍ ...

စစ်ပွဲအတွက် မွန်ပြည်သစ် ပြင်ဆင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ညွှန်ကြားခဲ့သည်ကို ငြင်းဆန်လိုက်ပြီးနောက် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ မွန်ပြည်သစ်ပါတီက ...

စစ်အစိုးရ ရာဇသံကို ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အပစ်ရပ် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီက စစ်အစိုးရ၏ ရာဇသံဖြစ်သော နယ်ခြားစောင့်တပ်အဖြစ် ...