ဘားမားပါပါရာဇီသတင်း
၂၀၁၀ သင်္ကြန်အကြတ်နေ့   ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင်   ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း  ရှာဖွေရေးစီမံချက်ကို  အပူတပြင်း လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ  ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅  ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး  လူပေါင်း ၁၇၀ ကျော်  ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်းဖော်ပြခဲ့သည်။  
ဗုံးပေါက်ကွဲမှုကြောင့်   အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅  ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး  (ဦးနှောက်နှင့်အာရုံကြော ဌာန)တွင်  အတွင်းလူနာအဖြစ် ၈ ဦး၊  ဒဏ်ရာရသူဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန်  ဆေးရုံကြီး (၅/၆) တွင်  တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတဦးမှ ပြောကြားခဲ့ပါသည်။   
        နအဖအစိုးရ၏ အမှတ် (၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုံးချိုအား  စင်္ကာပူနိုင်ငံရှိ  ဆေးရုံ သို့ သွားရောက်  ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက   သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏   မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော   ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ်   ပြောဆိုနေကြသည်။ 
နအဖ စစ်အစိုးရက  ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း  မီဒီယာဂျာနယ်များတွင်  အကျယ်တ၀င့်ဖော်ပြရန်  ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင်  ကြီးမားစွာ ဖော်ပြခိုင်း  နေကြောင်း၊ ဤပေါက်ကွဲမှုသည်  မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ  ၊ မိမိတို့၏လုပ်ကြံခြင်း  မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏  ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း  ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း   ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန်  လုပ်ဆောင်နေပြီး၊ဗုံးဖေါက်ခွဲသူအား  ဖမ်းဆီးမိပါက ဆုငွေ ၁၀  သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း  လမ်းဆုံလမ်းခွများတွင် ရယကများ  ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း   မျက်မြင်သက်သေများကပြောကြားခဲ့ပါသည်။
         ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ  ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့  လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း  မုခ်ဦးအပေါက်ဝများမှနေ၍  နအဖလက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ  ထောက်လှမ်းရေးများမှ  အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက်  ရှိပါသည်။ 






သျှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်းမြို့သို့ ဆေးရုံအုပ်အဖြစ်ပြောင်းလာသူ နေပြည်တော်မှ ဆရာဝန်မကြီး   ခွဲစိတ်ပေး သည့် မွေးလူနာမှာ မိခင် နှင့် ကလေး နှစ်ယောက်စလုံးသေဆုံးသွားသည်  ဟု စုံစမ်းသိရှိရပါသည်။
