Pages

Subscribe

Thursday 22 April 2010

ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ ၄၀ ကျော်ပြီ။ ရွှေတိဂုံ လုံခြုံရေး အထူး တင်းကြပ်လျက်ရှိ

ဘားမားပါပါရာဇီသတင်း
ဧပြီ ၂၂၊ ၂၀၁၀
၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်းဖော်ပြခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော ဌာန)တွင် အတွင်းလူနာအဖြစ် ၈ ဦး၊ ဒဏ်ရာရသူဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတဦးမှ ပြောကြားခဲ့ပါသည်။
        နအဖအစိုးရ၏ အမှတ် (၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံ သို့ သွားရောက် ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေကြသည်။
နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး၊ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါက ဆုငွေ ၁၀ သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့ပါသည်။
        ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖလက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက် ရှိပါသည်။

No comments:

Post a Comment