X2O ရေကစားမဏ္ဍပ်တွင်ဗုံးပေါက်ကွဲမှု ကြောင့်ပြင်းထန်စွာဒဏ်ရာရခဲ့သောအမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသေဆုံးသွားပါပြီး
ရန်ကုန်မြို့  မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌  သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး  ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊  အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့်  ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ  အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည်  မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။
အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင်  (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ်  (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို  အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး  အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ  တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး  ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက်  ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။
မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက  ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု  ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး  ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့  အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။


No comments:
Post a Comment