Pages

Subscribe

Friday 23 April 2010

ကေအိုင်အို ဆက်ဆံရေးရုံး ရှောင်တခင် စစ်ဆေးခံရ

နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည် နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်) ရွာရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံးအား နအဖ စစ်တပ်က ရှောင်တခင် ရှာဖွေ စစ်ဆေးခဲ့သည်။

နအဖ နှင့် ၀ တင်းမာမှုကြောင့် လားဟူ BGF တပ်ရင်းသစ်မှ တပ်သားများထွက်ပြေး

အပစ်ရပ်အပေါ်နအဖသတိပေးထားသည့် ဒက်လိုင်းကြောင့် ၀ တပ်နှင့် တိုက်ပွဲဖြစ်လျှင် လားဟူ BGF တပ်ရင်း သစ်အား ရှေ့ပြေးတပ် အဖြစ်အသုံးပြုရန်အတွက် ပြင်ဆင်မှုပြုလုပ်ခိုင်းသဖြင့်ထွက်ပြေးကြခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရပါသည်။

တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်

တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်ရှိ တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီအမျိုးမျိုး တင်ပို့ရောင်း ချမှုအား တာချီလိတ် နအဖ အာဏာပိုင်များ ပိတ်ပင်ထားသည်ဟု စုံစမ်းသိရှိရပါသည်။

No comments:

Post a Comment