အဆင့်မြင့် စစ်အရာရှိများ နေပြည်တော်၌ သွားလာခွင့် ကန့်သတ်
နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏ နေပြည်တော်သို့
    
    
    | ပြည်ထောင်စုဒီမိုကရေစီပါတီက  ရန်ပုံငွေ လမ်းညွှန်မူဝါဒ ထုတ်ပြန် |                  ||||||||||||||||||
  |         ||||||||||||||||||
| ------------------------------------------------------------------------------------------------------------------------------ | ||||||||||||||||||
  | ||||||||||||||||||
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့်  ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည် နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်)  ရွာရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံးအား နအဖ  စစ်တပ်က  ရှောင်တခင် ရှာဖွေ စစ်ဆေးခဲ့သည်။
အပစ်ရပ်အပေါ်နအဖသတိပေးထားသည့် ဒက်လိုင်းကြောင့် ၀ တပ်နှင့်   တိုက်ပွဲဖြစ်လျှင် လားဟူ BGF တပ်ရင်း သစ်အား ရှေ့ပြေးတပ်  အဖြစ်အသုံးပြုရန်အတွက် ပြင်ဆင်မှုပြုလုပ်ခိုင်းသဖြင့်ထွက်ပြေးကြခြင်း  ဖြစ်သည်ဟု စုံစမ်း သိရှိရပါသည်။
         ၄၊၂၃၊၂၀၁၀
စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ အမျိုးသမီး ၃၀၀ ကျော်ခန့်သည် ဧပြီလ ၂၁ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။ အပြည့်အစုံသို့
၎၊၂၃၊၂၀၁၀
စံလင်း (နိရဉ္စရာ)
ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့်  အဖွဲ့ ၁၆ ခုမှ အဖွဲ့နှစ်ဖွဲ့ကို ပါတီ တည်ထောင်ခွင့် ပြုလိုက် ဖြစ်ကြောင်း  သိရသည်။  အပြည့်အစုံသို့
၎၊၂၃၊၂၀၁၀
ထွန်းထွန်း ( နိရဉ္စရာ)
ဘင်္ဂလားဒေ့ခ်ျ  နယ်စပ်လုံခြုံရေး တပ်ဖွဲ့ (BDR) မှ နယ်စပ်မှ တရားမ၀င် ခိုးဝင်လာသူ  မြန်မာနိုင်ငံသား ၃၇  ယောက်ကို ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်လိုက်သည်ဟု  သတင်း ရရှိသည်။ အပြည့်အစုံသို့
၎၊၂၃၊၂၀၁၀
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကြာသပတေးနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မတော်တဆ ယာဉ်တိုက်မူ တခု ဖြစ်ပွားပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် တဦး သေဆုံးသွားသည်။ အပြည့်အစုံသို့
ရန်ကုန်မြို့  မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌  သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး  ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊  အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့်  ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ  အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည်  မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။
အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင်  (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ်  (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို  အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး  အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ  တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး  ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက်  ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။
မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက  ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု  ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး  ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့  အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။