Pages

Subscribe

Monday 10 May 2010

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြမ်းဖက် လူသတ် အုပ်စု တစု ပေါ်ပေါက်နေ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အစိုးရနှင့် ဆက်စပ်သူ သတင်းပေးများကို သတ်ဖြတ်သည့် လူသတ် အဖွဲ့အစည်း တခု ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ အုပ်စုကို ယခင် ထောက်လှမ်းရေး တပည့် အဖြစ် လုပ်ကိုင်ခဲ့သူ အဒူလာကိန်းဆိုသူက ဦးဆောင်နေကြောင်း ဒေသ အတွင်းက လာသော သတင်များအရ သိရသည်။
အဆိုပါ အုပ်စုသည် လွန်ခဲ့သော အပတ်က မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာမှာ စရဖ ထောက်လှမ်းရေး သတင်းပေး တဦးကို ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်။

အသတ်ခံရသူမှာ မောင်တောဆေးရုံတွင် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အဆိုပါ စရဖ သတင်းပေး အသတ်ခံရပြီးနောက်ပိုင်း အဆိုပါ လူသတ် အကြမ်းဖက်အဖွဲ့ကို စစ်တပ် တပ်ရင်း ၃ ခုမှ စစ်ဆင်ရေး တရပ် ပြုလုပ်ပြီး အပြင်းအထန် တောနှင်းရှာဖွေခဲ့သည်။

ဒေသခံ တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ တပ်ရင်း သုံးရင်းပေါ့နော်။ ဘူးသီးတောင် အခြေစိုက် ၂၃၄ တပ်ရင်းနဲ့ ရသေ့တောင် အခြေစိုက် ၅၃၆ တပ်ရင်းရယ်။ နောက်တပ်ရင်း တရင်း နံပတ်ကတော့ မသိပါဘူး။ အဲဒီ တပ်ရင်းတွေက စစ်သား အများအပြားနဲ့ အဒူလာကိန်း အဖွဲ့ကို အပြင်း အထန် စစ်ဆင်ရေး တရပ်ပြုလုပ်ပြီး တောနှင်းရှာဖွေ ခဲ့ပါတယ်။ နယ်စပ် ၀င်ပေါက် ထွက်ပေါက်တွေကို အကုန်လုံးပိတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။ မမိပါဘူး။ စစ်ဆင်ရေး လုပ်တုန်းက ဆိုရင် မောင်တော တောင်ပိုင်းက တောင်ကျော်လမ်းတွေ အကုန်လုံးကို ပိတ်ထားပါတယ်။ ခုတော့ စစ်ဆင်ရေးက ရုပ်သွားပါပြီ။ ဒါပေမယ့် တောထဲမှာ စစ်သားတွေ ဆက်လက် ရှိနေတုန်းဘဲလို့ သိရပါတယ်။”

အဆိုပါ အဖွဲ့မှာ အင်အား ၂၀ ခန့်ရှိပြီး ဘင်္ဂလာဒေခ်ျ့်ဘက်မှ နတ်မြစ်ကို လှေဖြင့် ဖြတ်ပြီး မြန်မာ နယ်စပ်ကို ၀င်ရောက်ကာ နအဖနှင့် နီးစပ်သူများကို သတ်ဖြတ်နေခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ မောင်တော မြို့ခံ တဦးကလည်း “ ဒီ အဒူလာကိန်း အဖွဲ့ကို လူတိုင်းသိနေပါတယ်။ သူတို့က လူသတ်တာတွေ တော်တော်များနေပြီ ဆိုတော့ ဒေသခံတွေ ကလည်း သူတို့ အဖွဲ့ဆိုရင် ကြောက်နေကြရပါတယ်။ နစကတွေက တခါမှ သူ့အဖွဲ့ကို မိအောင် မဖမ်းနိုင်သေးပါဘူး။” ဟု ပြောသည်။

အဒူလာကိန်း အဖွဲ့သည် လွန်ခဲသော နှစ်အနည်းငယ်ကလည်း သ၀င်ချောင်းကျေးရွာမှ ရယက အတွင်းရေးမှူး မူဆလင် အမျိုးသား မောင်မောင်တင်နှင့် ဦးရွှေကျ ကျေးရွာမှ ရယက အဖွဲ့ဝင် အဒူဖေါ်ဇာ တို့ကို သတ်ဖြတ်ပစ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် မောင်တောမြို့နယ်တွင် လူပေါင်း ၂၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။
ဒေါ်စုနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။     ။ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbell တို့ အစိုးရဧည့် ဂေဟာတွင် တွေ့ဆုံဆွေးနွေးနေကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာပြီးနောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် ယခုသတင်းပေးပို့ချိန်တွင် ရောက်ရှိနေပြီဖြစ်သည်။

“ ၃ နာရီ ၅ဝ လောက်မှာ စတွေ့နေပြီ၊ ”ဟု ပြည်တွင်း အယ်ဒီတာ တဦးကပြောသည်။

အမေရိကန် သံရုံးက သတင်းထောက်များကို ဖိတ်ခေါ်ထားသော်လည်း ပြည်တွင်းသတင်းထောက်များ ဝင်ခွင့်မရခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း စစ်အစိုးရနှင့် အတိုက်အခံကြား သဘောတူညီမှုတခုပြီး ဒီမိုကရေစီသို့ကူးပြောင်းရန် မျှော်မှန်းထားခဲ့သော မစ္စတာ ကမ့်ပ်ဘဲလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁ဝ ဦးတို့နှင့် ယနေ့ နံနက် ၁၁ နာရီချိန်တွင် တွေ့ဆုံခဲ့ရာတွင်  ပြောကြားသွားသည်။

” သူ့ရဲ့ သုံးသပ်ချက်ကတော့ ဘာမှ မထူးခြားသေးပါဘူးတဲ့၊ စိတ်ပျက်ပါတယ်တဲ့။ သူအဲဒီလိုပြောပါတယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် အလားအလာ မတွေ့သေးပါဘူးတဲ့။ ကျနော်တို့ကလည်း ကျနော်တို့လက်ရှိ ပါတီမှတ်ပုံမတင်ဘူး။ ကျနော်တို့ဘက်ကတော့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တဲ့ လူမှုရေးဆက်လုပ်မယ်လို့ ရှင်းပြပါတယ်” ဟု အန်အယ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်ဒီ  ဒုက္ကဌ ဦးတင်ဦးခေါင်းဆောင်၍ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးမြင့်ဝေ၊ သခင်စိုးမြင့်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးအုန်းကြိုင်တို့ ရန်ကုန် ၆ မိုင်ခွဲရှိ အမေရိကန်သံအရာရှိ နေအိမ်တွင်ပြုလုပ်သော ၁ နာရီကျော်ကြာ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်သည် ယမန်နေ့က ရောက်လာပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ NLD သည် မေလ ၆ ရက်နေ့သည် ပါတီ ပျက်ပယ်မည်ဖြစ်သည်။ သို့သော် စစ်အစိုးရအနေဖြင့် ပါတီပျက်ပယ်ကြောင်း တရားဝင် ကြေငြာခြင်း မရှိသေးပေ။