Pages

Subscribe

Wednesday 14 July 2010

New Zero ပန်းချီပြခန်း၏ တတိယအကြိမ် ပန်းချီသင်တန်းဆင်းပွဲကျင်းပ

New Zero ပန်းချီပြခန်းမှ တတိယအကြိမ်မြောက် ပန်းချီ သင်တန်းဆင်းပွဲကို ယခုလ ၅ ရက်နေ့က ကျင်းပခဲ့ပြီး အပတ်စဉ် ၄ သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

new_zero

တတိယအကြိမ် New Zero သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏ ပန်းချီကားများကို မြင်ရစဉ်

၂၀၀၈ ခုနှစ်မှစတင်၍ အဆိုပါ ပန်းချီပြခန်းမှ ပန်းချီဆရာများ ဦးစီးကာ ၁၅ နှစ်အထက် ပန်းချီဝါသနာရှင် များအတွက် အခမဲ့ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ယခုအပတ်စဉ် ၃ သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၉ ဦး၏ လက်ရာ ပန်းချီကား ၈၀ ကျော်ကို ဇူလိုင် ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချထားသည်။

New Zero ပန်းချီသင်တန်း အပတ်စဉ် ၁ တွင် သင်တန်းသား ၁၈ဦး၊ ၂ တွင် ၂၂ ဦး သင်တန်း ဆင်းခဲ့ပြီး သင်တန်းသား အဟောင်းများအတွက် မွမ်းမံ သင်တန်းများလည်း ဖွင့်ထားကြောင်း၊ Installation၊ Performance အပါအဝင် ပြပွဲများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးကြောင်းနှင့် သင်တန်းတွင် လိုအပ်သည့် ဆေးနှင့် ကင်းဗတ်စများ အခမဲ့ ပေးကြောင်း New Zero ၏ ပန်းချီဆရာတဦး ဖြစ်သူ ပန်းချီအေးကိုက ပြောသည်။

“ဒီမှာ အဓိကသင်တာက ရေဆေးရယ်၊ Acrylic ရယ်ပေါ့။ အပတ်စဉ် တခုမှာ သင်တန်းသား ၅၀ အထိ သတ်မှတ်ထားပါတယ်” ဟု သူက ဆိုသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

No comments:

Post a Comment