Pages

Subscribe

Wednesday 14 July 2010

ကိုဇာဂနာ ၏ ဖခင် စာရေးဆရာ နန်းညွှန့် ဆွေ ကွယ်လွန်

ယခင်သီတင်းပတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခေါင်းဆောင် များ လာရောက် တွေ့ ဆုံဂါရပြုခြင်း ခံရသည့် စာရေးဆရာ နန်းညွှန့် ဆွေPhoto : Freedom News Group

၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ် ခံရသည့် ဒေသများ မှာ အတိဒုက္ခ ရောက်နေ သူများ ကို သွားရောက်ကူညီမှု ဖြင့် ထောင်ဒဏ်ချမှတ်ထား ခြင်းခံရသည့် လူရွှင်တော် ဇာဂနာ ဇာဂနာ ခေါ် ကိုသူရ၏ ဖခင် စာရေးဆရာ နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်တိုင်း ရန်ကင်း မြို့ နယ် နေအိမ်တွင် ယနေ့ ကွယ်လွန်သွားပြီ ဟု သတင်းရရှိသည်။

စာရေးဆရာ နှင့် ယဉ်ကျေးမှု သုတေသီ တစ်ဦးဖြစ် သည့် ဦးအောင်သိန်း ခေါ် စာရေးဆရာ နန်းညွှန့် ဆွေ သည် ယနေ့ ညနေ ၅ နာရီခန့် တွင် နေအိမ်ဉ် ရုတ်တစ်ရက် ဆုံးပါးသွားခြင်း ဖြစ်သည် ဟု မိသားစု ၀င်တစ်
ဦးက Freedom News Group သို့ ပြောသည်။

စာရေးဆရာ နန်းညွှန့် ဆွေ ကို ပဲခူးတိုင်း ပြည်မြို့ တွင် ၁၉၂၃ ခုနှစ်ဉ် မွေးဖွားခဲ့သည်။ဇနီးဖြစ်သူ သခင်မကြီး သခင် ဒေါ်လှကြည် ( စာရေးဆရာမ ကြည်ဦး) မှာ လည်း ၂၀၀၉ ခုနှစ် မတ်လ က အသက် ၈၃ နှစ် အရွယ်
တွင် ကွယ်လွန် ခဲ့သည်။

ကိုသူရ ခေါ် လူရွှင်တော် ဇာဂနာ မှာ ကချင်ပြည်နယ် မြစ်ကြီး နားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။ ဖခင် ဆုံးသွား သည့် သတင်း အား သားဖြစ် သူ သိရှိ နိုင်ရန် မြစ်ကြီးနား ထောင်သို့ 
ဆက်သွယ် သော် လည်းယခု သတင်း ရေးနေ ချိန် ညနေ ခြောက်နာရီ ခွဲ ထိ သတင်းမရှိ သေးဟု သိရသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ၏ ရုပ်ကလာဘ် အား နံနက်၁၁း၀၀နာရီမှာရေဝေးသုဿန်ဉ် သဂြိုလ်ရန် စီစဉ်ထားရှိသည် ဟု သိရသည်။

စာရေး ဆရာ နန်းညွှန့် ဆွေအား ယခင် သီတင်းပတ်က အမျိုးသား ဒီမိုကရေ စီအဖွဲ့ ချုပ်မှ ခေါင်းဆောင်များ
ဖြစ်သည့် သူရ ဦးတင်ဦး နှင့် ဦးဝင်းတင် တို့ က လာရောက် တွေ့ ဆုံ ဂါရ၀ ပြုခဲ့ကြသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ကွယ်လွန် အနိစ္စ ရောက် ခြင်း နှင့် ပတ်သက် ၍ ရုပ်ရှင် သရုပ်ဆောင် နှင့် နာရေး
ကူညီမှု အသင်း တည် ထောင် သူ ကို ကျော်သူက သူ၏ ပြန်လည် အသုံးပြု၍ ရပြီ ဖြစ်သည့် လူမှု ကွန်ယက် အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Face Book တွင်

ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ
(၅း၀၀)နာရီမှာ.. ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ
့ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇
နှစ်)ကွယ်လွန်သွားရှာပြီဗျာ …….။

လေးစားဦးညွတ်လျက်….ကျော်သူ

ဟု ဂုဏ်ပြုရေးသား ထားသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ၏ ဘ၀မှတ်တမ်း (ခောတ်ပြိုင် အင်တာနက် စာမျက်နှာမှ)

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

No comments:

Post a Comment