Pages

Subscribe

Monday 26 May 2008

ကြားဖြတ်သတင်း

ကြားဖြတ်သတင်း

ကိုမျိုးချစ်

ကျနော့်အဖွဲ့တချို့ သမီးလှကျွန်း နဲ့ ဟိုင်းကြီးကျွန်းဘက်ကို သွားဖို့ ကြိုးစားကြပါတယ်၊ အဓိက ကတော့ သမီးလှကျွန်းမှာ မိကျောင်းမွေမြူရေးစခန်းနဲ့ ဒီရေတောထိန်းသိန်းရေးစိုက်ခင်းတွေထဲက အပျက်အစီးတွေရှိနေတယ်ဆိုတာကိုသွားကြည့်ရင်းသတင်းယူဘို့ပါ။
သမီးလှကျွန်းပေါ်က မိကျောင်းမွေးမြူရေးစခန်း မိကျောင်းကန်က မိကျောင်းတွေအကုန်လွတ်သွားတယ်၊ အခုမှ အထက်(ဘိုကလေးဘက်က)မျောပါလာတဲ့လူသေအလောင်းတွေဟာ သမီးလှကျွန်းသောင်စပ်တွေမှာ လာတင်နေတယ်လို့ ပြောပါတယ်၊ တချို့တွေဆို ဆံပင်တောင်မရှိတော့ပါဘူး ဗိုက်ကြီးသည် အမျိုးသမီးအလောင်းတစ်လောင်းလဲ ပါတာတွေ့ရပါတယ်၊ သမီးလှကျွန်းပတ်ဝန်းကျင်ကို ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေ ကျနော့်ဆီကိုရောက်နေပါပြီ၊ ကျနော် အခြေအနေကြည့်ပြီးဆက်ပို့ပေးပါမယ်။
ဘာတွေတွေ့ခဲ့ကြားခဲ့ရသလဲဆိုတော့ ဟိုင်းကြီးကျွန်းဘက်ကို မဟာနိတ်တပ်ဖွဲ့တွေကမ်းတက်တိုက်ခိုက်လာနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆထားတာရှိလို့အဲဒီမှာရှိတဲ့ လေဘေးကယ်ဆယ်ရေးစခန်းတွေနေရာရွှေ့ပြောင်းပစ်ပြီး အရင် တပ်မ ၆၆ အပြင် တပ်မ ၅၅ ကိုပါ ကမ်းတက်ဝင်ရောက်လာတာရှိရင်ချေမှုန်းဘို့ ခံစစ်ကြောင်းပြင်ခိုင်းထားတာ လို့ သိရပါတယ်။
အခုလောလောဆယ် မော်တင်စွန်းဘုရားဟာလဲ နာဂစ်နဲ့ အတူ ပျောက်ကွယ်သွားတယ် (ပျက်စီးသွားတာလဲ ဖြစ်နိုင်ပါတယ်) လို့သိရပြီး ဟိုင်းကြီးကျွန်းတောင်ဘက်နဲ့ အရှေ့ဘက် လေဘေးသင့်ရွာတွေမှာ တပ်တွေ နေရာချဘို့ ပြင်ဆင်နေပါတယ်။ လေဘေးသင့်ဒေသတွေမှာ ကတ္တရာလမ်းမတွေပျက်စီးကုန်တာကိုလဲ အမြန်ဆုံးပြီးအောင်ပြန်ပြင်နေကြပြီလို့ သိရပါတယ်။

မျိုးချစ်မိတ်ဆွေတစ်ဦး

ကိုမျိုးချစ် မှကူးယူတင်ပြသည်။

No comments:

Post a Comment