Pages

Subscribe

Wednesday 12 May 2010


မော်လမြိုင်မြို့ လုံခြုံရေး တင်းကျပ်လွန်း၍ ကျီးလန့်စာစား အခြေအနေဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၂၊ ၂၀၁၀  ကျိုက်မရောသို့ သွားသည့် လမ်း (ဓာတ်ပုံ - မိုးမခ)

လက်နက်ကိုင် ငြိမ်း အဖွဲ့များ အားလုံး ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းကြရန် နအဖ အစိုးရက ရာဇသံ ပေးပြီးနောက် မော်လမြိုင်မြို့တွင် လုံခြုံရေး အခြေအနေ တင်းကြပ်နေသောကြောင့် မြို့နေလူထုမှာ ကျီးလန့်စာစား ဖြစ်နေသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရသိရသည်။

အပြည့်အစုံသို့ ...
Maung Swan Yi - Enforcing the Law
User Rating: / 3
ပင်တိုင်ကဏ္ဍ - Maung Swan Yi

တရားဥပဒေ စိုးမိုးရေး

မောင်စွမ်းရည်

မေ ၁၂၊ ၂၀၁၀
ကျနော်တို့ ဗမာပြည်မှာနေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မကြာခဏကြားရပါတယ်။ တရားဥပဒေဖောက်ဖျက်ပြီး အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာအောင် ဗမာပြည်ကို တရားဥပဒေမဲ့ အုပ်စိုးနေကြပါတယ်။ အဲသလို တရားမဲ့သူတွေက ပြောတဲ့စကားပါ။
“စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”လို့ တဖွဖွပြောနေကြတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက အငြိမ်းစား (ပင်စင်) ယူရမယ့် အချိန်မှာ မယူဘဲ စည်းကမ်းမဲ့ အုပ်ချုပ်နေကြပါတယ်။ ဒီကြားထဲက ဗိုလ်ရွှေမန်းက “ဥပဒေအထက်က ဘာမှမရှိဘူး”လို့ ကယောင်ကတန်း ထအော်ပြန်ပါသေးတယ်။ ဒါကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိမှ သူတို့စစ်ဗိုလ်ချုပ်တွေချည်း ကင်းကင်းရှင်းရှင်း တက်ထိုင်ဖို့ပြောဒါ နေမှာပါပဲလို့ ကောက်ချက်ချပြီး နေရပါတော့တယ်။
အပြည့်အစုံသို့ ...
Yan Win Taung Ta Gar - Trailer Jeep - Burmese Favourate Transports
User Rating: / 2
လူမှုရှုခင်း - ခရီးသွားဆောင်းပါး
ထောလားကျီး သို့မဟုတ် မြန်မာပြည်က လူထုယာဉ်
ရန်ဝင်း (တောင်တံခါး)
မေ ၁၂၊ ၂၀၁၀
‘ထောလားကျီး’ ဆိုတာ မြန်မာပြည်မှာ ‘ထော်လာဂျီ’ လို့ခေါ်တဲ့ ယာဉ်တမျိုးပါ။ နာမည် ခေါ်ရတာ ခပ်ဆန်းဆန်းဆိုတော့ ကြားဖူးခါစတုန်းက ဘာကိုခေါ်တာပါလိမ့်လို့ တွေးရခက်တယ်။ အခုအချိန်မှာတော့ မြန်မာပြည်မှာ ကလေးကအစသိတဲ့ စကားလုံးဖြစ်နေပြီပေါ့။
အပြည့်အစုံသို့ ...
Artist Than Myint Aung passed away suffering heat stroke
User Rating: / 0
ရွာဆော်ကြီးပြက္ခဒိန် - နာရေး
ပန်ချီ သန်းမြင့်အောင် ကွယ်လွန်
မိုးမခ ၀မ်းနည်းမှတ်တမ်း
မေ ၁၂၊ ၂၀၁၀
ရန်ကုန်မြို့၏ ပြင်းထန်သော အပူဒဏ်ကြောင့် ပန်းချီအနုပညာရှင် ကိုသန်းမြင့်အောင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ၊ အနုပညာရှင် ကိုကျော်သူ၏ အကြောင်းကြားချက်အရ ကြားသိရသဖြင့် မိုးမခက ၀မ်းနည်းမှတ်တမ်းပြုလိုက်ပါသည်။
မေလ ၁၁ ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ကြောင်း၊ မေလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ သယ်ဆောင် သဂြိုင်္ဟ်မည် ဖြစ်ကြောင်း သိရှိရသည်။
အနုပညာရှင် အသိုင်းအ၀ိုင်းတွင် စာနယ်ဇင်း ပန်းချီဆရာတဦး အဖြစ် လူသိများသော ပန်းချီဆရာ သန်းမြင့်အောင် ဖြစ်သည်။ အနုပညာသည် ပန်းချီဆရာများ၊ ကဗျာဆရာများ စုဝေး၍ နာဂစ်အတွက် အနုပညာအလှူဒါန လှုပ်ရှားမှု ဆောင်ရွက်ခဲ့စဉ်က ပန်းချီ သန်းမြင့်အောင်သည်လည်း စီစဉ်သူတဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ (ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှုအသင်းမှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ)
ဓာတ်ပုံမှာ ထိုစဉ်က အခမ်းအနားတွင် တွေ့ရသော ပုံ ဖြစ်သည်။ ထိုစဉ်က မိုးမခတင်ဆက်ခဲ့သော ဓာတ်ပုံသတင်းကို သည်နေရာမှာ ပြန်ကြည့်နိုင်သည်။

No comments:

Post a Comment