မိုးမခအထောက်တော်   ၀၀၃
မေ ၉၊  ၂၀၁၀
ယခင်အပတ်က  အေးလွင်နှင့် ရဲထွန်းညီအကိုတို့က ၂၀၁၀  စစ်အုပ်စုရွေးကောက်ပွဲကို  ၀င်ရောက်ရန် ပါတီမှတ်ပုံတင်ရာတွင်  မြန်မာနိုင်ငံ၏ သမိုင်းဝင်  ကျောင်းသားသမဂ္ဂအလံနှင့်  မြန်မာလွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) အလံတို့ကို  ထပ်တူနီးပါး  ကူးယူသုံစွဲထားသဖြင့် မြန်မာနိုင်ငံ၏ စာပေ၊ အနုပညာရှင်များ၊   ကျောင်းသားပြည်သူများနှင့် သက်ဝါကြီး လူပုဂ္ဂိုလ်ကြီးများ က စုပေါင်း   လက်မှတ်ထိုး ကန့်ကွက်စာထုတ်ပြန်ပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့   ပေးအပ်ခဲ့သည်။
 စုစုပေါင်း   မြန်မာပညာရှင်များ ၉၂ ဦးက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။ သောကြာနေ့က   ကန့်ကွက်စာကို နေပြည်တော် ရုံးအရောက် အချိန်မီသွားပို့ကြခဲ့ပြီး   နောက်တရက်တွင် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က အေးလွင်တို့ထံသို့ ဖုံးဖြင့်   ဆက်သွယ်ပြီး ပါတီအလံကို ပြောင်းလဲပေးရန် အကြောင်းကြားသည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲသည်   တရားမျှတမှု မရှိသည်မှာ ထင်ရှားသော်လည်း ရွေးကောက်ပွဲကို အကြောင်းပြုပြီး   စစ်အုပ်စု လက်ပါးစေများက အတုအယောင်ရွေးကောက်ပွဲအတူ မြန်မာနိုင်ငံတော်၏   သမိုင်းမော်ကွန်းများကိုပါ တန်ဖိုးနိမ့်ကျအောင် ကြိုးစားခြင်းတို့ကို   ဆန့်ကျင်ရမည်၊ ကန့်ကွက်ရမည်ဟု မိုးမခမိတ်ဆွေတဦးက မှတ်ချက်ပေးသည်။
သည်နေရာမှာ   မြန်မာပြည်သူတို့က အေးလွင်နှင့် ရဲထွန်းတို့၏ အလွဲသုံးစားလုပ်ရပ်ကို   ကန့်ကွက်စာများ၏ မိတ္တူ ဖတ်နိုင်ပြီ။ အမှတ်တရ သိမ်းဆည်းထားသင့်ပါသည်။

No comments:
Post a Comment