Pages

Subscribe

Wednesday 31 March 2010

သျှမ်းသံတော်ဆင့် သတင်းများ

ဝ နယ်သို့ ဆန် နှင့် စားနပ်ရိက္ခာတင်ဆောင်ခွင့်ပိတ်ပင်

နတလ ၀န်ထမ်း နှင့် NGO ၀န်ထမ်းများ ခွင့်ရက်ရှည်ပေး၍ နေရပ်ပြန်ရန် နအဖ အာဏာပိုင်များညွှန်ကြားလိုက် ပြီးနောက် ပိုင်း ၀ နယ်သို့ စားနပ်ရိက္ခာတင်ဆောင်ခွင့်ကိုပါ ပိတ်ပင်လိုက်သည်ဟု စုံစမ်းသိရှိရသည်။

SSA နှင့် ဝ နယ်မြေ အနီးရှိ ဗမာတပ် မိသားစုဝင်များ အရေးပေါ် စစ်သင်တန်းတက်

သျှမ်းပြည် (မြောက်ပိုင်း) အပစ်ရပ် SSA နှင့် UWSA ထိန်းချုပ်နယ်မြေ အနီးရှိ တန့်ယန်း မိုင်းရယ်မြို့များ တွင်အခြေစိုက် ထားသော မြန်မာစစ်တပ်များမှ မိသားစုဝင်များသည် မတ်လဆန်းမှစ၍ ယနေ့အထိအရေးပေါ် အခြေခံ စစ်သင်တန်း တက်ရောက်လျှက်ရှိကြောင်း သိရသည်။

လားဟူပြည်သူ့စစ်ကို နယ်ခြားစောင့်တပ်ရင်းအဖြစ်တိုးမြှင့်သည့် အခမ်းအနား ဗိုလ်ရဲမြင့်တက်ရောက်

ထိုင်း - သျှမ်းနယ်ခြားအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ယမန်နေ့နယ်ခြားစောင့်တပ်ရင်းအဖြစ် အသွင်ပြောင်း အခမ်းအနားသို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် သျှမ်းပြည်တိုင်းချုပ် တို့တက်ရောက်ဖွင့်လှစ် တာဝန်အပ်နှင်း ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

No comments:

Post a Comment