Pages

Subscribe

Tuesday 30 March 2010

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ်  နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မိုင်းလားတပ်ဖွဲ့အား နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ခေါ်ယူတွေ့ဆုံ၍ ဧပြီလနောက်ဆုံးပတ်သတ်မှတ်ရက် အဖြေပေးရန်၊ သို့မဟုတ်လျှင် မတရားအသင်းဖြစ်မည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုင်းတုံ - ပန်ဆန်း သတင်းရပ်ကွက်ကဆိုသည်။

ကိုးကန့်ဒေသ၌ ပြောက်ကျား (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိဟုဆို

နယ်ခြားစောင့်တပ် အသွင်ပြောင်းထားသော သျှမ်းပြည် (မြောက်ပိုင်း) ကိုးကန့် အထူးဒေသ (၁) လောက်ကိုင်မြို့ ၌ ကိုးကန့်လက်နက်ကိုင် ပြောက်ကျား (၇) ဦး မတ် ၂၇ ရက်နေ့က ဖမ်းဆီးခံရကြောင်း ကိုးကန့်အဖွဲ့နှင့် နီးစပ်သူများထံမှ တဆင့်သိရသည်။

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံရှိ နေအိမ် ၅၉ လုံး ဖယ်ရှားခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံ အတွင်းရှိ မိုင်းယုကျေးရွာမှ နေအိမ် ၅၉ လုံး အား မတ်လကုန် နောက်ဆုံးထား ဖယ်ရှားရန် ဒေသအာဏာပိုင်များ ညွန်ကြားလိုက်ပြီးနောက် အဆိုပါနေအိမ်များဖျက်သိမ်း နေရကြောင်း သိရသည်။

နအဖ စစ်တပ်ရွာထဲလက်နက်ကြီးပစ် ဒေသခံများသေကြေဒဏ်ရာရ

သျှမ်းပြည်အလယ်ပိုင်းသို့ စစ်ကြောင်းလှည့်နေသည့် နအဖ စစ်ကြောင်းတကြောင်းသည် ကျေးရွာတခုအား လက်နက်ကြီး ဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ ၆ ယောက် ထက်မနည်းသေဆုံးသွားသည်ဟု စုံစမ်းသိရှိရပါသည်။

စကခ ၂၁ မှူး ရာထူးမှ အနားယူ

မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စကခ၂၁ မှူး ဗိုလ်မှူးချုပ် စိုးနိုင်အား လွန်ခဲ့သည့် တစ်ပတ်ခန့်က ရာထူးမှ အနားပေးလိုက်ကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆိုအရသိရသည်။

မူစယ်တွင် အတိုင်ခံရသူ ရှေ့နေက ပြန်တရားစွဲ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် စာနယ်ဇင်းအတွင်းရေးမှူးနှင့် အထက်တန်းရှေ့နေ ဦးတင်ထွန်း (ခ) ရွှေလီ မောင်မောင်က ၎င်းအား စုကြေးငွေအလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခဲ့သူများကို မတ်လ ၁၂ ရက်နေ့က မူစယ် တရားရုံးတွင် ပြန်လည် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

No comments:

Post a Comment