Pages

Subscribe

Monday 5 November 2007

ပုပ်ရဟန်းမင်းကြီး၏ အထူးသတိပေးချက်

ဥပဒေမရှိ ဘာသာတရားမရှိသော မြန်မာနိုင်ငံတွင် နေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ခင်ဗျား ”မည်သည့်ဘာသာတရားကိုမျှယုံကြည်မှုမရှိ တန်ဘိုးထားမှုမရှိဘဲ

ဘာသာပေါင်းစုံကို နှောက်ရှက်ဖျက်ဆီးနေသော ယုတ်ညံ့သောစစ်အစိုးရအား မြင့်မြတ်သော ထာဝရဘုရားသခင်၏ တရားတော်များကို ဗုဒ္ဓဘာသာရဟန်းတော်များနည်းအတိုင်း ဟောကြားခြင်းမပြုကြရန်နှင့် စစ်အစိုးရ၏လှူဒါန်းမှုမျိုးစုံကိုလည်း လက်မခံကြရန်
စစ်အစိုးရအဖွဲဝင်များက ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာပါကလည်း လက်မခံကြရန်” ပုပ်ရဟန်းမင်းကြီးက အထူးသတိပေး အကြောင်းကြားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များကို ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များ ကဲ့သို့ သတ်ဖျက်နှိပ်စက်ခြင်းခံရမည်စိုးသောကြောင့်ဖြစ်သည် အထူးမှာကြားလိုသည်မှာ မည်သည်ဘာသာကိုမှ ယုံကြည်မှုမရှိ ဘာသာအားလုံးကို နှောက်ယှက်ဖျက်ဆီးနေသော ယုတ်ညံ့သော စစ်အစိုးရလက်အောက်တွင် နေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်အချင်းချင်း စည်လုံးညီညွှတ်ကြရန်နှင့် တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ပြီး သတိကြီးစွာထားပြီးနေကြရန် အထူးသတိပေးမှာကြားလိုက်သည်။
(ခရစ်ယာန်ဘာသာဝင် တစ်ဦးမှပေးပို.သည်)

ဒီဘလောက်မှကူးယူသည် (သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ)

No comments:

Post a Comment