Pages

Subscribe

Tuesday 27 November 2007

တို့ လဲလိုက်မယ် ချန်မထားနဲ့

မြန်မာပြည်ရဲ့ အချက်အချာကျတဲ့ မြို့ ကြီးတွေမှာ နအဖ ကိုတော်လှန်ဘို့ အတွက် လက်နက်ငယ်တွေစုနေကြပြီ။
မြန်မာပြည်က ငွေကြေးချမ်းသာပြီး အမှန်တရားကို မြတ်နိုးတဲ့ လူတွေကလဲ တော်လှန်ရေးရဲဘော်တွေအတွက်
နည်းမျိုးစုံနဲ့ လှုကုန်ကြပြီ။
မိဘဆွေမျိုးတွေကလဲ မရှိတာ ရှိတာ အပ,ထား နားထဲကနားကပ်တောင်မချန် ချွတ်ပေးပြီး သူတို့ ရဲ့  သူရဲကောင်း တော်လှန်ရေး ရဲဘော်ရဲမေတွေအတွက်
လိုအပ်တဲ့ လက်နက်တွေဝယ်ဘို့ စုပေးလိုက်ကြပြီ။
နာမည်မဖေါ်လိုတဲ့  ဆန်ကုန်သည်ကြီးတဦးကလဲ ရိက္ခာထောက်ပံ့ ဘို့  လုံးဝ,တာဝန်ယူလိုက်ပြီ။

အဲဒီလိုဘဲ..
ရွှေဆိုင်ပိုင်ရှင်များကလဲဘဲ စုပေါင်းပြီး
တော်လှန်ရေးသမားတွေ သွားရေးလာရေး အဆင်ပြေချောမွေ့ စေဘို့ အတွက်
သူတို့ ကိုယ်ပိုင် မော်တော်ယာဉ်တွေကို ရက်ရက်ရောရော အသုံးပြုခွင့် ပေးလိုက်ကြပြီ။
ကဲ ….နိုင်ငံခြားရောက် လူချမ်းသာတွေ၊စည်းစိမ်ခံတွေ ကရော ?
ရရာလက်နက်ငယ်တွေနဲ့ တော်လှန်တိုက်ပွဲဝင်ကြမယ့် သူတွေအတွက်
ဘယ်လိုတွေ၊ဘာတွေ အကူအညီပေးကြမှာလဲ?
မမြင်ရတဲ့ ၊အကောင်အထည် မရှိတဲ့  အကြောက်တရားတွေနဲ့ ဘဲဖက်တွယ်နေကြတော့ မှာလား?

အရေးကြီးပြီ။
အကြောက်တရားတွေနောက်မှာချန်ထားပြီး ထွက်လာကြပါတော့ ၊။
ရှင်တို့ မပါလဲ ကျမ သူတို့ နဲ့ လိုက်သွားတော့ မယ်။
ချန်မထားပါနဲ့ ။မကျန်ချင်လို့ ပါ။………………..
…………………………………………………………..
မေမြန်မာ…….၂၆.၁၁.၂၀၀၇

1 comment:

Anonymous said...

ဒီပိုစ်ရဲ့  ဆိုလိုရင်းက ဘာလဲဗျ။ အူတီးအူကြောင်မလုပ်ပါနဲ့ ။
မဟုတ်တာတွေပြောပြီး၊ ပြည်ပရောက် သူတွေကို နှိမ်ထားပါလား။

Post a Comment