Pages

Subscribe

Monday 19 November 2007

C-Box

မင်းသစ်: ဖိအားတွေးကြောင့်ယောင်ပြတွေ့ဆုံရေးယနေ့ညနေ ၃နာရီမှာ တနာရီခန့်ဒေါ်အောင်ဆန်းစုကြည်နှင့်နအဖ၀န်ကြီးဦးအောင်ကြည်တို့တွေးဆုံကြောင်းသိရှိရပါသည်၊နအဖ တီဗီသတင်းမှာလည်းသတင်းတိုထုတ်လွှတ်သွားပါသည်။

Niknayman: ဒီနေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်ကို နအဖက နိုင်ငံတော်ဧည့်ဂေဟာကို ခေါ်သွားတယ်လို့  ကြားရပါတယ်။ ခေါ်ဆောင်ရခြင်းအကြောင်းရင်းကိုတော့ မသိရှိရသေးပါ။

Niknayman: နယ်မြို့ ဒေသတွေမှာရှိတဲ့ ရဟန်းတော်တွေကို ရန်ကုန်မြို့ တွင်းကို ဆေးကုသဖို့  ဆရာဝန်လက်မှတ်နဲ့ လာတာကလွဲရင် ရန်ကုန်မြို့ တွင်းကို နအဖအုပ်စုတွေက ၀င်ခွင့်မပေးဖူးလို့  သိရပါတယ်။ ဆရာဝန်လက်မှတ်တို့  ဆေးရုံကစာတို့ ပါမပါကို ဘူတာရုံတွေ ဘတ်စ်ကားမှတ်တိုင်တွေမှာ စစ်ဆေးပြီး ဘယ်ဘုန်းကြီးကျောင်းမှာတည်းမှာနဲ့  ဘယ်ကျောင်းတိုက်ကလာတာလည်းဆိုတာတွေကို စစ်ဆေးမေးမြန်းပါတယ်။ ဒီလက်မှတ်တွေမပါရင် ရန်ကုန်မြို့ မှာနေခွင့်မပေးဘဲ ရောက်တဲ့ဘူတာရုံ ဘတ်စ်ကားဂိတ်ကနေ လာတဲ့အရပ်ကို ချက်ချင်းပြန်ခိုင်းပါတယ်။ ရခိုင်ပြည်နယ်မှ ရဟန်းအပါး (၅၀) ခန့် ဟာ လက်မှတ်မပြနိုင်လို့  ရန်ကုန်ဘူတာရုံကနေ လှည့်ပြန်သွားရပါတယ်။

Niknayman: ဗိုင်းရပ်စ်သတိပေးချက် - အီးမေးလ် attachment ဖိုင်အဖြစ် "message.scr" ပါလာသော အီးမေးလ်စာအား လုံးဝမဖွင့်ရန် သတိပေးအပ်ပါသည်။ ဗိုင်းရပ်စ်အီးမေးလ်ဖြစ်ပါသည်။

မိုးသီး: (၂၁)ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင်ကျင်းပမည်ဖြစ်သော အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို အလေးပေး ဆွေးနွေးရန်အတွက် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီတက်ရောက်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ NHK သတင်းဌါနမှ ကြေညာခဲ့ပါသည်။

ကောင်းကင်ကို: OTAL Company ရဲ့  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့် ကျင်ဆန္ဒပြတဲ့အနေနဲ့ MIKE ROBERTSON ဆိုသူဟာ EIFFEL TOWER ကို ဒီလထဲမှာတက်ခဲ့တဲ့ Videoကြည့်ဖို့  http://kaungkinko.blogspot.com

No comments:

Post a Comment