လွန်ခဲ့သော နှစ်ပေါင်းများစွာ အင်္ဂလိပ်ကိုတော်လှန်ရန် စိုင်းပြင်းချိန် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သောစကား၊ မိန့်ခွန်းများသည် ပြန်ဖတ် သောအခါ ယခုထက်ထိ မှန်နေသေးတာတွေ များသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သူလူထုသည် ကိုလိုနီစနစ်မှ စစ်ဖက်ဆစ်ဝါဒီအောက်သို့ ရောက်ရခြင်းမျှသာဖြစ်ပြီး အမှန်တကယ်လွတ်လပ်ရေးမရသေးသောကြောင့် ဖြစ်ပေသည်။
ဤကောက်နုတ်ချက်များမှာ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်လိုပြောခဲ့၊ ရေးခဲ့ပြီး မြစိန် မြန်မာပြန်သည့် ဘားမားချဲလင့်ခ်ျစာအုပ်ထဲမှ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ဘားမားချဲလင်း(ခ်ျ) စာအုပ်ထဲမှ ကောက်နုတ်ချက်
ဝင်တိုက်ရေး၊ မတိုက်ရေး
သမ္မတ အီဘရာဟန်လင်ကွန်းက `မည်သည့်နိုင်ငံကမှ အခြားနိုင်ငံတနိုင်ငံကို စိုးမိုးအုပ်ချုပ်ရန် အခွင့်အာဏာမရှိ´ဟု ပြောခဲ့ဘူးသည်။ (p.19)
ဘာအကောင်းဆုံးလဲ
ကမ္ဘာပေါ်ရှိစနစ်အမျိုးမျိုးကိုကား လေ့လာရမည်သာဖြစ်၍ အကောင်းဆုံးစနစ်ကို မိမိအခြေအနေများနှင့်ကိုက်ညီအောင် ပြုပြင်သုံးစွဲရမည်။ (p.38)
ဖြစ်နေတာနဲ့ နှိုင်းယှဉ်ကြည့်ဖို့
ရှေ့အဖို့(အနာဂတ်)တွင်လည်း ဗမာ့တပ်မတော်သားများအဖြစ် တိုင်းပြည်ကို ခုခံကာကွယ်လိုသော ဆန္ဒအသွင်ဖြင့် ထင်ရှားပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ (p.56)
တိုင်းပြည်ကို လက်မတင်လေးကယ်ခဲ့ပါသည်ဆိုသော န.အ.ဖသို့
မည်သည့်စစ်ပွဲ၊ မည်သည့်တော်လှန်ရေးတွင်မဆို တိုင်းပြည်တပြည်သည် သုညမှစ၍ ကိုယ့်ပြည်ကိုကိုယ် အောင်မြင်စွာမဟုတ်သည့် တိုင်၊ ထိုက်ထိုက်တန်တန် ခုခံနိုင်လောက်သည့် အင်အားအထိရှိလာအောင် တိုတောင်းသောကာလအတွင်းမှာပင် စုစည်းနိုင်ကြောင်း သာဓကများစွာရှိခဲ့ပါသည်။ (p.58)
စစ်ဖိနပ်အောက်က ဘာငြိမ်းချမ်းရေးလဲ
သန်မာသော ငြိမ်းချမ်းရေး၊ တည်ဆောက်မှုငြိမ်းချမ်းရေး၊ ကမ္ဘာအနှံ့အပြား၌ လွတ်လပ်မှု၊ တိုးတက်မှု၊ စည်ပင်ဝပြောမှုတို့ကို တည်ဆောက်မည့် ငြိမ်ချမ်းရေးဖြစ်ပါစေ၊ သင်္ချိုင်းကုန်းငြိမ်းချမ်းရေး မဖြစ်ပါစေနှင့်ဟု ဆုတောင်းမိသည်။ (p.62)
လူထုစွမ်းအား
ပြည်သူလူထုတရပ်လုံး၏ တက်ကြွစွာ ထောက်ခံပူးပေါင်းဆောင်ရွက်မှု မပါဘဲနှင့် မည်မျှကြီးမားသော ပုဂ္ဂိုလ်သည်ပင်ဖြစ်စေ သမိုင်းဘီး ကို လှိမ့်နိုင်စွမ်းမရှိပါ။ (p.69)
ဘာလုပ်ကြမလဲ
ကျွန်တော်တို့အားလုံးသည် တနေ့တွင် ခေါင်းဆောင်သူ၊ ခေါင်းဆောင်မှု စသည်တို့ကို မမျှော်ကိုးရသည့် အခြေအနေရောက်ခါ ကျွန် တော်တို့အားလုံးလိုပင် သူရဲကောင်းများဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြရပေလိမ့်မည်။ (p.70-71)
မျက်စိပိတ်၊ နားပိတ် အခြေအနေနှင့် ကြောင်သူတော်များ
ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အထိ လူ့ဘ၀နှင့်လူ့ဘောင်အကြောင်းကို ကောင်းစွာမသိသေးသူ အများအပြားရှိကြပါသေးသည်။ အချို့သောသူတို့မှာ သိလျက်နှင့်၎င်း၊ မသိ၍၄င်း ညစ်ပတ်သောနိုင်ငံရေးကို ဆက်လုပ်လျှက်ရှိကြပါသေးသည်။ (p.72)
အထဲကအေးလွင်တို့၊ ဖားမင်းဆွေတို့၊ အပြင်က ဇော်မျိုးတို့ နဖူးမှာ ဆေးမှင်ထိုးထားဖို့ကောင်းသည့်စာ နိုင်ငံရေးက ညစ်ပတ်သည် မဟုတ်၊ နိုင်ငံရေးကို ညစ်ပတ်အောင်လုပ်နေသူများသည်သာ ညစ်ပတ်ခြင်းဖြစ်ပါသည်။ (p.72)
သံဃာ့အာဇာနည်များသို့
အရှင်ဘုရားတို့၏ တိုင်းပြည်နှင့်လူမျိုးအတွက်လည်း ဤသို့သော `နိုင်ငံရေး´ လုပ်ခြင်းသည်ပင်လျှင်၊ အမွန်မြတ်ဆုံးသော နိုင်ငံရေး လုပ်ခြင်း ဖြစ်ပါသည်ဘုရား။
န.အ.ဖသည် ပြည်သူ့ အစိုးရမဟုတ်
ကျနော်တို့တိုင်းပြည်မှာ သမ္မတလင်ကွန်း၏ `ပြည်သူများ၏ ပြည်သူများအတွက် “ ပြည်သူ့ အစိုးရ ”ဆိုသောစကားကိုပင် ကောင်းစွာ နားလည်နေကြပါပြီ။
စစ်အုပ်စု၏ ဖွဲ့စည်းပုံလည်း ထိုအတိုင်း
ဗမာပြည်၏ လူဦးရေ (၁၇) သန်းအနက် လူ ၁၇ ယောက်လောက်သာ နားလည်နိုင်သော စကားဖြင့် ဥပဒေအရာဆိုသည်မှာ ရှုပ်ထွေး လှပါသည်ဟု လှီးလွှဲပြောနေ၍ အကျိုးထူးမည်မထင်ပါ။
စစ်အုပ်စုရဲ့ လိမ်ဆင် ကိန်းဂဏန်းတွေ
စာရင်းအင်းဆိုသည်တို့ကို ကိုယ့်အယူအဆနှင့်ကိုက်ညီအောင် ပြုပြင်ဖန်တီးယူ၍ ရသည်။
ဆက်လက်ဖော်ပြမည်။
ယောဆရာ စုစည်းတင်ပြသည်
No comments:
Post a Comment