သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များသည် မြန်မာ့လွတ်လပ်ရေးနေ့ တွင် ခရီးရှည်ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ (Long Distance Walking Campaign For Burma’s Freedom) ကို သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဂေါလ် (Galle) မြို့မှ ကိုလံဘို (Colombo) မြို့တော်အထိ (၅) ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
အဓိကရည်ရွယ်ချက် ကတော့ ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံလွှတ် မြောက်ခဲ့တာ နှစ် (၆၀) ပြည့်ဆိုတာ မှန်ပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေ လက်အောက်ကနေ မလွတ်လပ်သေးဘူးဆိုတာ ပြသဖို့၊ မြန်မာ ပြည်သူ တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်ငြိမ်းချမ်းသာ ကြဖို့နှင့် မြန်မာ့ပြဿနာကို ကမ္ဘာက ပိုမိုအလေးထားလာဖို့ ဖြစ်ပါတယ်။
ဖွင့်ပွဲ အခမ်းအနားကို ဂေါလ်မြို့ မြို့တော်ခန်းမ ရှေ့၌ ဇန်န၀ါရီလ (၄) ရက်၊ နံနက် (၇: ၃၀) ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားသို့ ဂေါလ်မြို့ မြို့တော်ဝန်နှင့် မြို့မိမြို့ဘများ တက်ရောက် ကြပါမည်။ ခရီးအရှည်က (၁၁၆) ကီလိုမိတာဖြစ်ပြီး ဇန်န၀ါရီလ (၈) ရက်တွင် ကိုလံဘိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် အဆုံးသတ်သွားမည် ဖြစ်ပါသည်။

No comments:
Post a Comment