Pages

Subscribe

Sunday 23 March 2008

မြန်မာနိုင်ငံသား ၁၃ ဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ

မောင်သစ်အောင် (နိရဉ္စရာ) မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက် လာကြသူ မြန်မာနိုင်ငံသား ၁၃ ဦးကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ BDR က ကော့စ်ဘဇား ခရိုင်တွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီး လိုက်ကြောင်း နိရဉ္စရာမှ သတင်းရရှိသည်။

အခုအခါ BDRက မြန်မာနိုင်ငံသား ၁၃ ဦးအား မသင်္ခါမှုများနှင့် ပါစ်ပို့မှုတို့ဖြင့် တရားစွဲဆိုထားပြီး ကော့စ်ဘဇား ခရိုင်ရှိ အိုခီးယားမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကာ စစ်ဆေး မေးမြန်မှုများ ပြုလုပ်နေရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက ၎င်းတို့မှာ ကုလသမဂ္ဂမဟာ မင်းကြီးရုံးမှ အသိအမှတ်ပြုခံထားရသော ဒုက္ခသည်များ ဖြစ်သည်ဟုဆိုကာ ပြန်လည် လွှတ်ပေးရန် တောင်းဆိုထား သော်လည်း ဖမ်းဆီးခံရသူများ အနေဖြင့် မည်သည့်အထောက်အထားတခုမှ မပြနိုင်သေးသဖြင့် ဘင်္ဂလာရဲက ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲတွင် ရုဟူအာမီ ရော်ဟ်မင်း(၂၅)နှစ်၊ အာဘ်ဒူလ်မာဇေဒ်(၂၈)၊ ကာဒီဟိုဆန်(၂၇)၊ အာယာတ်ဥလ္လာ(၂၈)၊ အာလီအာဟာမတ်(၄၅)၊ မိုဟာမတ် ဆိုရေရ်(၂၅)၊ ရော်ဥလှော်(၃၀)၊ မိုဟာမတ် အာလမ်(၂၇)၊ မိုဟာမတ် အာလမ်(၂၈)နှစ်နှင့်အတူ တခြားသူများ ပါဝင်ကြောင်း သိရှိရသည်။

လွန်ခဲ့သော လက နည်းမျိုးစုံဖြင့် ယခုလို တရားမ၀င် နယ်စပ်ဖြတ်ကျော်လာကြသော မြန်မာနိုင်ငံသား အနည်းဆုံး ၃၀ ခန့်ကို နယ်စပ်စောင့် ဘင်္ဂလာလုံခြုံရေးတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု သိရှိရသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကုန်ဈေးနုန်းများ ကြီးမြှင့်မှု အပါအ၀င် အလုပ်အကိုင် ရှားပါးမှုနှင့် နစကများ၏ အနိုင်ကျင့်မှုများကြောင့် ဒေသအတွင်းရှိ မူဆလင်ဘာသာဝင်များမှာ တသုတ်ပြီး တသုတ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ နေ့စဉ်နေ့တိုင်း ၀င်ရောက်နေကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment