Pages

Subscribe

Friday 23 May 2008

မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ကုလသမဂ္ဂမှ ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆို


22 May 2008
Nagoya, Japan

ဂျပန်နိုင်ငံ၊ နဂိုယာမြို့တွင် မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် (League for Democracy in Burma – Nagoya Branch)မှ အဖွဲ့ဝင်များ နဂိုယာမြို့ အပြည်ပြည်ဆိုင်ရာ စင်တာရှိ ကုလသမဂ္ဂရုံး ( United Nations Centre for Regional Development) သို့ သွားရောက်ကာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ကုလသမဂ္ဂမှ ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆိုကြပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှုးသို့လိပ်မူ၍ နိုင်ငံတကာ ကယ်ဆယ်ရေးကျွမ်းကျင်သူများနှင့် ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့များ မြန်မာပြည်သို့ အမြန်ဆုံး ၀င်ရောက် ကယ်ဆယ်ရန် တောင်းဆိုချက်စာအား ပေးပို့ပါသည်။

ထိုမှတဆင့် နဂိုယာမြို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ကာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆိုကြပါသည်။

No comments:

Post a Comment