Pages

Subscribe

Saturday 13 March 2010

သျှမ်းသံတော်ဆင့် သတင်း

နယ်ခြားစောင့်အရေး နအဖနှင့် ကေအိုင်အို တွေ့ဆုံ

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ ကေအိုင်အို (ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ) ကိုယ်စားလှယ်များနှင့် မြောက် ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့သည် မြစ်ကြီးနားတွင် ယနေ့ ထပ်မံတွေ့ဆုံကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမပေါ် ကုန်စစ်ဆေးရေးစခန်း မီးလောင်

သျှမ်းပြည်မြောက်ပိုင်း (မန္တလေး- မူစယ်လမ်း) ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီမြို့နယ် ရေပူကုန်စစ်ဆေးရေးဂိတ် အတွင်းရှိ အဆောက်အဦ ၄ လုံး မတ်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်က မီးစွဲလောင်ခဲ့ကြောင်း သိရသည်။

နအဖ တပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်းချဉ်းကပ်

ယခုတပတ်အတွင်း နအဖ တပ်မများ ၀ ထိန်းချုပ်နယ်မြေအနီး ပိုမိုဖြည့်တင်းချဉ်းကပ်လာသည်ဟု စုံစမ်းသိရှိရပါသည်။

တိုင်းရင်းသားဗိုလ်ချုပ်များဖြင့် ကြံဖွတ်ကိုမဲထည့်ရန် ဗိုလ်သိန်းစိန် စည်းရုံးရေးဆင်း

တိုင်းရင်းသားဗိုလ်ချုပ်များဖြင့် ကြံဖွတ်ကိုမဲထည့်ရန်  ဗိုလ်သိန်းစိန် စည်းရုံးရေးဆင်း

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်နေချိန် နအဖ ၀န်ကြီးချုပ်က သျှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် တိုင်းရင်းသား အမည်ခံ ဗိုလ်ချုပ်များအား ရှေ့တန်းတင်ပြီး စည်းရုံးရေးဆင်းသည်ဟု စုံစမ်းသိရှိရပါသည်။

သစ်ကား ရာချီ တရုတ်ဘက် ခိုးထုတ်နေ

သျှမ်းပြည်မြောက်ပိုင်း မဘိန်း၊ မိုးမိတ်မြို့နယ်နှင့် ကချင်ပြည် ရွှေကူ၊ မံစီမြို့နယ်များရှိ ကြိုးဝိုင်းသစ်တော အတွင်း မှ ကျွန်းသစ်ကားအစီး ၇ဝဝ ကျော် ယခုတစ်ပတ်အတွင်း တရုတ်နယ်စပ်သို့ ခိုးထုတ်တင်ပို့ကြောင်းသိရသည်။

ဝန်ကြီးချုပ် သိန်းစိန် သျှမ်းပြည် မြောက်ပိုင်း ရောက်ရှိ

ရွေးကောက်ပွဲဥပဒေထုတ်ပြန်မည်ဟုကြေငြာအပြီး တစ်ရက်အကြာ နအဖ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူစယ်မြို့များတို့ ယနေ့နေ့လည်ပိုင်းက ရဟတ်ယာဉ် ၂ စီးဖြင့် ရောက် ရှိကြောင်း သိရသည်။

No comments:

Post a Comment