Pages

Subscribe

Wednesday 17 March 2010

သျှမ်းသံတော်ဆင့် သတင်း

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ ၈ ဦးဒဏ်ရာရ

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ  ၈ ဦးဒဏ်ရာရ

မတ်လ ၁၃ ရက်နေ့ သျှမ်းပြည် (တောင်ပိုင်း) နမ့်ဇန်မြို့နယ် ဟိုက်ဖတ်တိုက်နယ် ၀မ့်ကျောင်းလွိုင်ခန်းရွာအနီး သျှမ်းပြည် တပ်မတော်တပ်ဖွဲ့၏ ချုံခိုတိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်စစ်သည် ၂၀ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် ၀က်ဆိုက် Taifreedom.com တွင် ဖေါ်ပြထားသည်။

နအဖ စစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ

နအဖ စစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ

တရုတ်နယ်စပ် ကျယ်ဂေါင် - မူစယ်လမ်းကြောင်းမှတဆင့် နအဖစစ်တပ်ထံ လွဲပြောင်းပေးမည့် တရုတ်စစ်ထရပ် ကား အစီး ၅၀ ကျော်ခန့် တရုတ်နယ်စပ် ရွှေလီမြို့သို့ မတ်လ ၁၅ ရက်နေ့မှစတင် ရောက်ရှိလာသည်။

သစ်ခိုးထုတ်မှုတွင် ပြည်သူစစ်များ ပါဝင်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မုံးပေါ်ကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူ့စစ်များ သည် တရုတ်နယ်စပ်ဘက် သစ်ခိုးထုတ်သူများနှင့် ပတ်သက်မှုရှိကြောင်း ဒေသခံများကဆိုသည်။

ကျောင်းထုတ်ခံ အထက်တန်းကျောင်းသား ပညာရေးနစ်နာ

ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ် ၃ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ဇန်န၀ါရီလပိုင်းက ကျောင်းထုတ်ခံ ခဲ့ရဖြင့် ပညာရေးတွင် နစ်နာမှုရှိနေကြောင်း ကျောင်းသား၏ အမေက ပြောသည်။

ဝန်ကြီးချုပ် သံသယရှိသည့် မူစယ်က နွားခြံ

နအဖဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်၏ မတ်လ ၉ ရက် သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ခရီးစဉ်အတွင်း များလွန်းလှသည့် နွားများအား ရဟတ်ယာဉ်ပေါ်မှ ဆီးမြင်ပြီးနောက် အဆိုပါ နွားခြံအား စုံစမ်းရန် ရဲ တပ်ဖွဲ့ထံညွန်ကြား ထားကြောင်း သိရသည်။

ဝ နယ်စပ်တလျှောက် တရုတ်လုံခြုံရေးတပ် ထောင်ချီ အင်အားထပ်ဖြည့်

တန့်ယန်းတွေ့ဆုံပွဲနောက်ပိုင်း ၀ နှင့် နအဖ နှစ်ဘက် စစ်ရေးတင်းမာလာချိန်မှစ၍ တရုတ်လုံခြုံရေးတပ်ကနယ်စပ် တလျှောက် အင်အားထောင်ချီ ထပ်မံဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိပါသည်။

No comments:

Post a Comment