
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး  ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊  မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား  ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊  ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ  ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁)  တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး  ထံမှ စုံစမ်း သိရှိ ရပါသည်။ အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀)  မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄)  စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို  ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို  ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ  ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး  အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ  ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။ မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊  ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော်  ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁)  တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။  ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။
တိုင်းမှူး  တို့ ကျမ်းမာရေး ၀န်ကြီးတို့တော့ ဗိုလ်မှူးကြီး အုန်းချိုကို  လာကြည့်ကြတယ်။ ဗိုလ်မှူးကြီး အုန်းချို မိသားစုတွေ ကတော့ ဒီမှာ အခြေအနေ  မကောင်းတဲ့ အတွက် အရင်က နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း  သွားကုတဲ့ စင်ကာပူက ဆေးရုံကို သွားကုဖို့ ကြိုးစားနေကြတယ် ဟု ဗိုလ်မှူးကြီး  အုန်းချို မိသားစု နှင့် နီးစပ်သော အသိုင်း အ၀ိုင်း ထံမှ သိရှိ ရပါသည်။
နောက်ဆုံး  ရရှိသော သတင်း အရ ဗိုလ်မှူးကြီး အုန်းချိုကတော်မှ တိုင်းမှူးကတော်ကြီး မှ  တဆင့် တိုင်းမှူး အား အသနားခံပြီး ဗိုလ်မှူးကြီး အုန်းချိုအား စင်ကာပူ  ဆေးရုံတွင် သွားရောက်ဆေးကုသခွင့် ရရှိရန် ကြိုးစားနေကြောင်း သတင်း  ရရှိပါသည်။
ဟံသာဝတီ
 
No comments:
Post a Comment