Pages

Subscribe

Monday 24 May 2010

ရန်ကုန် မင်္ဂလာဈေးကြီး မီးလောင်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးကြီးအတွင်း ယနေ့နံနက် ၈ နာရီခန့်မှစ၍ မီးလောင်မှု ဖြစ်ပွားနေရာ နေ့လည် ၂ နာရီအထိ မီးငြိမ်းခြင်း မရှိသေးကြောင်း ဈေးအတွင်း ကုန်ဖြန့်ဖြူးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။
“မင်္ဂလာဈေးပေါ့ ဒီနေ့မနက် ၈ နာရီလောက်ကတည်းက မီးစလောင်နေတာ အခုထက်ထိတော့မီးက မငြိမ်းသေးဘူး မီးညွန့်တော့ကျိုးပြီပေါ့နော် ဒီလိုမီးမျိုးက တစ်ရက်လောက်တော့ငြိမ်းယူရမယ် တစ်ဈေးလုံးပဲ ဈေးကဘယ်လိုမှ မလွတ်ဘူး” ဟု သူကပြောသည်။

ဈေးအတွင်း လျှပ်စစ်ဝါယာကြိုး ရှော့ခ်ကြောင့် မီးစတင်လောင်ခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည် “ ၀ါယာကြိုး ရှော့ခ်ဖြစ်တာပေါ့ ၀ါယာတွေကသိတဲ့အတိုင်းပဲ ဈေးဆောက်တဲ့ ကန်ထရိုက်တွေက အညံ့တွေသုံးတာ ဆိုတော့ ” ဟု သူ က ဆိုသည်။

မင်္ဂလာဈေးသည် ထိုင်း ၊ တရုတ် နှင့် ပြည်ပမှတင်သွင်းသည့် လူသုံး အိမ်သုံးကုန်ပစ္စည်းများအား မြန်မာပြည်တစ်ဝှန်း အဓိကဖြန့်ဖြူးရောင်းချသည့် ဈေးကြီးဖြစ်ကြောင်း သိရသည်။

ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်ငွေ သိန်းထောင်ချီတန်ပြီး လတ်တလောတွင် ဆုံးရူံးမှုတန်ဖိုး မခန့်မှန်းနိုင်သေးကြောင်း သိရသည်။

“တန်ဖိုးက အဲဒီနေရာကမှန်း လို့မလွယ်သေးဘူး လောလောဆယ်ကတော့ ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူး ဆိုင်ခန်းတစ် ခန်းတစ်ခန်းကို သိန်းထောင်ချီတန်တဲ့ ဆိုင်ခန်းတွေပဲ” ဟု ဆိုသည်။

No comments:

Post a Comment