Pages

Subscribe

Saturday 1 May 2010

ပဲခူးတိုင်းကျောက်တံခါးမှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့

kyauktakhaမြန်မာနိုင်ငံမှာခုရိုက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ မနေ့ညနဲ့ ဒီကနေ့ညနေတွေမှာတော့ ပဲခူးတိုင်းမှာ ဗုံးတွေပေါက်ခဲ့ပါတယ်။

စနေနေ့ညနေ၄နာရီခွဲလောက်က ပေါက်ခဲ့တဲ့ဗုံးက ပဲခူးတိုင်းညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်က အမှတ် ၇၀ စက်မှုလယ်ယာထွန်စက် စခန်းမှာဖြစ်ပါသည်။
အဲဒီမှာ အဲဒီဗုံးပေါက်ကွဲမှု အတွင်း စက်မှုလယ်ယာ ၀န်ထမ်းတစ်ဦး ဒဏ်ရာရသွားပါတယ်။


သောကြာနေ့ ည ၁၀နာရီ လောက်က အဲဒီစခန်းမှာဘဲ ဗုံးနှစ်လုံးရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့ပါတယ်။

အဲဒီတုန်းက ထိခိုက်ဒဏ်ရာ ရသူ မရှိခဲ့ပေမဲ့ ထွန်စက် တလုံးပျက်စီးသွားတယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ကျောက်တံခါးမြို့နယ်မှာ ခါတိုင်းနှစ်မှာတုန်းကတော့ မကြာခဏဆိုသလို ဗုံးတွေ ပေါက်ကွဲလေ့ရှိခဲ့ပြီး အခုဒီပေါက်ကွဲမှုတွေဟာ ဒီနှစ်ရဲ့ပထမဆုံး ပေါက်ကွဲမှုတွေဖြစ်ပါတယ်။

အခုလိုလုံခြုံရေး အားနည်းတဲ့မြို့နယ်မှာ ဗုံးတွေ စပေါက်လာတဲ့အတွက် လူထုကြားမှာ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်အကြတ်နေ့ကစပြီး ရန်ကုန်မြို့ ၊ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ၊ ကယားပြည်နယ် လွိုင်ကော်ရဲစခန်းနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့တွေမှာ ဆက်တိုက်ဆိုသလို ဗုံးတွေပေါက်ကွဲခဲ့ပါတယ်။

ဒါပေမယ့် လက်သည်တရားခံတွေကိုတော့ ယနေ့ထိတိုင် မဖော်ထုတ်နိုင်သေးပါဘူး။


No comments:

Post a Comment