Pages

Subscribe

Friday 14 May 2010

မိုင်းနုန်း နှီးဘုရားပွဲတော် ပရိသတ်ပွဲလန့် ပျက်ပြား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် မိုင်းနုန်း နှီးဘုရားပွဲတော်ကျင်းပနေစဉ် လက်နက်ကိုင် ၀ တပ်ဖွဲ့ဝင်ရောက် တိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် ပရိတ်သတ်များပွဲလန့်၍ ပွဲပျက်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ပြီးခဲ့တဲ့အပတ်ထဲက ၃ ရက်ကျင်းပဖို့ ပြင်ဆင်ထားတာ။ ၀ တပ်နဲ့ ဗမာတပ် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်း ကြောင့် ပွဲပျက်ကုန်တာပေါ့၊ ဆွမ်းကပ်၊ ကျွေးမွေးအလှူကြီးပေးဖို့ စိမ်ထားတဲ့ ကောက်ညှင်းဆန်တွေလဲ အလကားဖြစ်ကုန်တယ်”- မိုင်းနုန်းဘက်ရောက်သွားသည့် ကျိုင်းတုံဒေသခံတဦးကပြောပါသည်။

နှီးဘုရား
နယုန်လအတွင်း နှစ်စဉ်ကျင်းပသည့် မိုင်းခတ်မြို့နယ် မိုင်းနုန်း နှီးဘုရားပွဲတော် (ဉိအဦူညဘဦထမဈဢဦငဗဈဢ) သည် ပြီးခဲ့သည့် အပတ်က ၃ ရက်ကျင်းပရန်စီစဉ်ခဲ့သော်လည်း ပထမဆုံးရက်၌ပင်ပွဲပျက်ခဲ့ခြင်းဖြစ်၏။

ဒေသခံတို့၏ ထုံးတမ်းစဉ်လာအရ အရှင်သူမြတ်တို့ထံ အလှူအဒါန်းပြု ရေစက်ချအမျှပေးဝေခဲ့ရသော်လည်း လန့်ဖြစ်စရာ ကောဠာဟဠသတင်းကြောင့် ပရိသတ်များရပ်ရွာနေအိမ်သို့အသီးသီးပြန်ကုန်ကြကာ ရုတ်ချည်း ဆိတ်ငြိမ်သွားကြောင်း ဒေသခံများကပြောပါသည်။  


“မိုင်းနုန်းက မိုင်းခတ်မြို့နယ်ထဲမှာပါတယ်။ ၀ ထိန်းချုပ်တဲ့ မိုင်းပေါက်ဒေသ နဲ့ ကပ်ရက်ပေါ့၊ မိုင်းပေါက်က ၀ တပ် တွေ မိုင်းနုန်းပတ်ပတ်လည် ၀ိုင်းထားတယ်၊ မိုင်းနုန်း ဗမာတပ်စခန်းကို ၀င်တိုက်တော့မယ်ဆိုတဲ့ ကောဠာဟဠ ဘယ်သူက ကမြင်းကြောထပြီး သတင်းဖြန့်လိုက်လဲမသိဘူး၊ ပွဲအတွက်အားခဲ ထားတဲ့ ဈေးသည်တွေလဲ အရှုံး ပေါ်ကုန်တာပေါ့”- ဟု တာချီလိတ်ရောက် မိုင်းနုန်းဒေသခံကပြောပါ သည်။

သီးခြားအတည်မြုပနိုင်သေးသည့် သတင်းရပ်ကွက်တခုကလည်း စ၀်ယွက်စစ် ဦးဆောင်သည့ှ်ဗ တပ်ဖွဲ့သွား ရောက် လှုပ်ရှားနိုင်သည့် မိုင်းလားတပ်ဖွဲ့နှင့် နအဖထိန်းချုပ်ဒေသ (မိုင်းယောင်းမြို့နယ်) နယ်ခြား မိုင်းယုရှိ နအဖ၏ ပလိပ် (ရဲ) စခန်းအားလည်း ယမန်နေ့က အမည်မသိလက်နက်ကိုင်တစုက လောင်ချာနှင့် ၀င်ရောက် ပစ်ခတ်သွားကြောင်း၊ အသေပျောက်စာရင်းမသိရကြောင်းဆို၏။

နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းရန် နအဖ ၏ ဖိအားပေးခံရသော်လဲ လုံးဝ လက်မခံ သည့် အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် (အချို့)၊ ၀ တပ်ဖွဲ့ (တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ မိုင်းလား တပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းနှင့် နယ်ခြားဒေသများတို့ ၂၀၀၉ နှစ်နှောင်းပိုင်းက စပြီး ယနေ့ တိုင်ထိုသတင်း မျိုးမကြာခဏ ဖြစ်ပေါ်သည့်အတွက် လူထု ကျီးလန့်စာ စားမကြာခဏဖြစ်နေကြရသည်။

No comments:

Post a Comment