Pages

Subscribe

Friday 14 May 2010

လင်မယားနှစ်ဦးကို သိန်းရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့် အတူ ဖမ်းဆီး



yaba-tabletခိုင်ခိုင်စံ(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့ တွင် လင်မယားနှစ်ဦးကို သိန်းရာကျော် ကျော်ဖိုး ရှိသော ယာဘားဆေး ပြားများနှင့် အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

မျက်မြင် တဦးက “သူတို့ လင်မယားနှစ်ဦးကို သုံးမိုင် နစကစ ဂိတ်မှာ မနေ့ နေ့ လည် ၂ နာရီက ဘူးသီးတောင်က မောင်းတောကို ကားနဲ့ အလာမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူတို့ လင်းမယားက ယာဘား ဆေးပြားတွေကို ဆန်အိတ်ထဲမှာ ၀ှက်ပီး ယူလာတာကို ဖမ်းဆီးမိတာ ဖြစ်ပါတယ်” ဟု ပြောသည်။

 စိတ်ကြွဆေးပြား အရေအတွက်မှာ ထောင်ဂဏန်းအထက် ရှိပြီး ကာလ ပေါက်ဈေးနှင့် ဆိုလျှင် မြန်မာကျပ်ငွေ သန်း ၅၀ ဖိုးခန့် ရှိကြောင်း မောင်တောက ရဲအရာရှိ တဦးက ပြောသည်။

“ဖမ်းဆီးခံရတဲ့ လင်မယားနှစ်ဦးက စစ်တွေက ဖြစ်ပါတယ်။ ဦးထွန်းသိန်းမောင် (၅၈ နှစ်) နဲ့ သူ့ ဇနီး ဒေါ်ဦးလှတင်(၄၉ နှစ်) တို့ ဖြစ်ကြပါတယ်။ ဖမ်းဆီးခံရတဲ့ ကားနံပါတ်ကတော့ ဟိုင်းလပ်ကား ၆၂၆၇ ဖြစ်ပါတယ်။ ဆေးပြားတွေ အထူးများပြားတဲ့ အတွက် နစက ဌာနချုပ် ကျီးကန်းပြင် စခန်းမှာ စစ်ဆေးမူတွေကို လုပ်နေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ လင်မယားနှစ်ဦးမှာ ယာဘားဆေးပြားများကို သုံးစွဲပြီး သယ်ယူလာသည်ဟု ရဲက ယူဆသဖြင့် သူတို့ နှစ်ဦးအား ယမန်နေ့က ဆေးဝါး သုံးစွဲမူ ရှိမရှိ မောင်တောဆေးရုံသို့ ယူဆောင်လာပြီး ဆေးစစ်ဆေးမူများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့မှာ ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့မည့် မူးယစ်ဆေးဝါးများ သယ်ယူရာ လမ်းကြောင်းတွင် နောက်ဆုံး မြန်မာဘက်က မြို့ဖြစ်သဖြင့် မကြာခဏ ယာဘား အပါအ၀င် မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိနေသည်ဟု သိရသည်။

လွန်ခဲ့သော တနင်္လာနေ့ကလည်း ယာဘားဆေးပြားများတွင် ထည့်သွင်း အသုံးပြုသည့် ဓါတု ဆေးဝါး တမျိုးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ တင်သွင်းလာစဉ် ဘူးသီးတောင်- စစ်တွေ သင်္ဘောပေါ်ရှိ ခရီးသည် အမျိုးသမီး တဦးထံမှ ဖမ်းဆီး ရမိသည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးမှာ မောင်တော အမှတ် ၄ ရပ်ကွက်မှ ဖြစ်ပြီး ဖမ်းဆီးရမိသော ဓါတုဆေးဝါး တန်ဖိုးမှာ သိန်း ၂၀၀ ရှိကြောင်း သိရသည်။

No comments:

Post a Comment