Pages

Subscribe

Wednesday 5 May 2010

မြစ်ဆုံဗုံးပေါက်ကွဲမှု တရားခံ ဖမ်းမိရေး နအဖမှ ဆုငွေထုတ်

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း၌ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်၍ တိကျတဲ့ သတင်းပေးသူအား ဆုငွေများ ချီးမြှင့်သွားရန် မြန်မာစစ်အစိုးရက ထုတ်ပြန်ကြော်ဌာသည်။

050310-advertiesment

မြစ်ကြီးနား တနေရာတွင် မြင်တွေ့ရတဲ့ အနီရောင် မပခ ပိုစတာ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဆုငွေများသည် ငွေကျပ် သိန်း (၅၀)၊ ပမ္မတီးမြေ (၁) ကွက် နှင့် CDMA ဖုန်း (၁) လုံးချီးမြှင့်သွားမည် ဟု အနီရောင် စစ်အစိုးရ ကြော်ဌာပိုစတာတွင် ဖော်ပြထားသည်။

မြစ်ကြီးနားမြို့အခြေစိုက် မြှောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း အမိန့်အရ ပြည်နယ်အေးချမ်းသာယာရေးကောင်စီ (ပ.ရ.က) မှ ကမ္ဘာ့အလုပ်သမားနေ့ မေလ (၁)ရက်နေ့တွင် ဗုံးဖောက်ခွဲသူ ဖမ်းဆီးရေး ကြော်ဌာပိုစတာထုတ်ပြန်ခဲ့သည်။ယင်းကြော်ဌာ ပိုစတာများကို သက်ဆိုင်ရာ အာဏာပိုင်များက မြစ်ကြီးနားမြို့တစ်ဝှက်ရှိ ရပ်ကွက်အုပ်ချုပ်ရေး ရုံးတိုင်းတွင် ကပ်ထားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောပြပါသည်။

သူက “အခုအချိန်တော့ မြစ်ဆုံနှင့်ပတ်သက်ပြီး အရမ်းစစ်ဆေးမေးမြန်းနေတယ်၊ ဒီသတင်းကို စုံစမ်းစစ်ဆေးမှုမပြုလုပ်နိုင်ရင် တိုင်းမှူးစိုးဝင်း ရာထူးအာဏာမှ ကျသွားနိုင်တယ်။”

ယခုလို တရားခံဖမ်းဆီးရန် စစ်ဆေးမေးမြန်းရာတွင် မသင်္ကာသူများကို အိမ်တိုင်ရာအရောက် ဖမ်းဆီးချုပ်နှောင်ခြင်းများပြုလုပ်နေသည်။ မြစ်ဆုံအနီး ရွာများသာမက မြစ်ကြီးနားမြို့တွင် ပါမကျန်မသင်္ကာသူအားလုံးကို ဖမ်းဆီးနေသည်။

ယမန်နေ့တွင်လည်း မြန်မာစံတော်ချိန် ၁၂နာရီ ခန့်တွင် မြစ်ကြီးနားမြို့ ဆက်သွယ်ရေးရုံး (ဆတရ)မှ ဝန်ထမ်း နှစ်ဦးအား နအဖ စစ်သား အယောက် ၂၀ က ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်၍ မသင်္ကာသူဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

သင်္ကြန် ဗုံးပေါက်ကွဲပြီးနောက် မြန်မာနိုင်ငံအတွင်း၌ မကြာခဏ ဆိုသလို ထပ်ဆင့်ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။ ဗုံးပေါက်ကွဲသည့် မြို့ရွာများတွင် ဒေသခံလူထုအား စစ်ဆေးမေးမြန်းခြင်း တင်းကျပ်စွာ ပြုလုပ်နေသော်လည်း လက်သည် တရားခံအားမဖမ်းမိသေး။ မသင်္ကာဟု ထင်မှတ်ရသူများသာ ဖမ်းဆီးချုပ်နှောင်ခံနေရသည်။

ယင်း ဗုံးဖောက်ကွဲမှုနှင့် ပတ်သက်၍ နအဖ စစ်အစိုးရမှ မသင်္ကာသူများအား နေ့တိုင်းလိုလိုဖမ်းဆီးမှုများပြုလုပ်နေသည်။

No comments:

Post a Comment