Pages

Subscribe

Friday 7 May 2010

တရုတ်အလုပ်သမားများ သေဆုံးသည့် ဖီမော်သတ္တုတွင်းသို့ စစ်အစိုးရသွားရောက်စစ်ဆေး

050510-moly-mine
ဖီမော် သတ္တုတွင်းပြ မြေပုံ

ဒီအပတ် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ အရှေ့ပိုင်းရှိ ဖီမော်သတ္တုတွင်း၌ နေ့စဉ်လုပ်နေကျ မှိုင်းခွဲရာမှ မြေပြိုပြီး တရုတ်အလုပ်သမားများ သေဆုံးခဲ့ပြီးနောက် ၎င်းဒေသို့ မြန်မာစစ်အစိုးရ အာဏာပိုင်များ သွားရောက်စစ်ဆေးခဲ့သည်။

မေလ ၅ ရက်နေ့၌ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း တို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

တရုတ်-မြန်မာနယ်စပ် မှတ်တိုင်(၇)၊ ချီဖွေမြို့နယ်၊ ဖီမော်ရှိ မိုလေဒီနမ် (Molybdenum) သတ္တုတွင်းတခု၌ ပြီးခဲ့သည့် တနင်္လာနေ့က သတ္တုတွင်းမှိုင်းခွဲရာမှ မြေပြိုကျလာပြီး တရုတ်လုပ်သမား ၁၆ဦးသေဆုံးကာ ၂၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းသတ္တုတွင်းတူးဖော်ရေးလုပ်ငန်းအား ဦးဇခုန်တိန့်ယိန်းမိသားစုပိုင် “ပန်ဝါအထွဋ်အထိပ်ကုမ္ပဏီ” နှင့် တရုတ်ကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်နေသည်မှာ ၁၀နှစ်ကျော်ကြာပြီဖြစ်ကြောင်း ဒေသခံများပြောပါသည်။

ဦး ဇခုန်တိန့်ယိန်း ဦဆောင်သည့် ကချင်အထူးဒေသ(၁)၊ NDA-K အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကပဲ မြန်မာစစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ယခင် NDA-K ထိန်းချုပ်နယ်မြေဖြစ်ခဲ့သည့် ချီဖွေ၊ ပန်ဝါ၊ ဖီမော် ဒေသများတွင် အဓိကသတ္တုသုံးမျိုးဖြစ်သော မိုလေဒီနမ်၊ ခဲ၊ ခဲမဖြူ အဖြိုက်နက်များ ထွက်ရှိပြီး ယခု တရုတ်ကုမ္ပဏီများ အဓိက တူးဖော်နေသည့်သတ္တုမှာ မိုလေဒီနမ် ဖြစ်ကြောင်း လေ့လာသိရသည်။

ယင်းသတ္တုတွင်းမှ နေ့စဉ် မြန်မာကျပ်ငွေ သိန်းထောင်ချီနှင့်ညီမျှသည့် မိုလေဒီနမ်သတ္တုရိုင်းများကို ကုမ္မဏီကုန်တင်ကားကြီးများဖြင့် တရုတ်ပြည်နယ်စပ် နှင့် ထိန်ချူံးမြို့သို့ သယ်ယူနေသည်ကို ဒေသခံများ ပြောပြသည်။

တရုတ်အစိုးရပိုင် (Xinhua news agency) ရှင်ဟွာသတင်းဌာနမှ ဗုဒ္ဓဟူးနေ့ထုတ်သတင်းတွင် ၎င်းမြေပြိုမှု၌ တရုတ်အလုပ်သမား ၁၅ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသည့် ၅ဦးကို ယူနန်ပြည်နယ် ထိန်ချုံးမြို့ ဆေးရုံတရုံသို့ သယ်ပို့ခဲ့ကြောင်း ဖော်ပြသည်။

တရုတ်အစိုးရမှ သတ္တုတွင်း၌ ဒါဏ်ရာရသူများအား ဆေးကုသအကူအညီပေးရနှ် ကယ်ဆယ်ရေးဝန် ထမ်းအယောက် ၁၄၀ ကို ကယ်ဆယ်ရေးစက်ကိရိယာပစ္စည်းများနှင့်အတူ အခင်းဖြစ်ရာနေရာသို့ စေလွှတ်ခဲ့သည်။

အမှန်တကယ် သတ္တုတွင်း၌ သေဆုံး ဒဏ်ရာ ရရှိမှုသည် တရုတ်အစိုးရသတင်းတွေဖော်ပြသည့် ကိန်းဂဏန်းထက် ပိုများနိုင်တယ်လို့ ဒေသခံများထင်မြင်ထားပါသည်။

No comments:

Post a Comment