
Ban Mai Sama Hki ကချင်ရွာ၊ ထိုင်းနိုင်ငံမြောက်ပိုင်း။ ဓါတ်ပုံ - ကချင်သတင်းဌာန
မြန်မာနိုင်ငံရေးမတည်မငြိမ်ဖြစ်ချိန်မှစ၍ အိမ်နီးချင်းထိုင်းငံသို့ ခိုလှုံလာကြသော ကချင်လူမျိုးများကို နိုင်ငံသားအဖြစ်ခံယူခွင့်ပေးခြင်းအပေါ် ခံစားရသော အကျိုးကျေးဇူးများအား ယခုကဲ့သို့ ဖွင့်ဟ၀န်ခံတင်ပြခွင့်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ကချင်ရွာမှ ပါဝင်တက်ရောက်သူ ကချင်အမျိုးသမီးတစ်ဦး ပြောသည်။
"ထိုင်းနိင်ငံ ဘတ်မိုင်ရွာကို ကချင်လူမျိုးတွေအတွက် ထိုင်းဘုရင်ကပေးထားတဲ့နေရာဖြစ်တယ် ဒါကြောင့်ထိုင်းဘုရင်ကိုဂုဏ်ပြုတဲ့ အနေနဲ့ တောင်ပေါ်သားတွေ အပေါ်မှာ ဘယ်လိုကျေးဇူးခံစားရတယ် ဆိုတာကို ကျေးဇူးတင်စကားပြောမယ် ကချင်ရိုးရာဝတ်စုံပြပွဲ ရိုးရာအကပြပွဲ ရိုးရာအစားစာပြပွဲ၊ ရိုးရာအသုံးအဆောင်ပစ္စည်းပြပွဲ ရိုးရာဓလေ့ ပြုမူနေထိုင်ပုံများကို ကိုယ်စီ ပြုလုပ်ပြသသွားမယ်" ဟု ပြောသည်။
အစိုးရနှင့် ဒေသခံတိုင်းရင်သား Thailand Cultural Center က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ထိုင်း ပြည်တွင်းအပြင် ဖီလစ်ပိုင်၊ လာအို၊ တူရကီ၊ တောင်ကိုးရီးယားနိုင်ငံ များမှလည်း ရိုးရာဓလေ့အစီစဉ်များဖြင့် ဘုရင်အားဂုဏ်ပြုခဲ့သည်။
ဤပွဲတွင် ဆက်လက်၍ ကချင်တိုင်းရင်းသားများ၏ အနာဂတ်ဘ၀များအတွက် လိုအပ်နေသော အခွင့် အရေးများကို ပိုမိုသိရှိနားလည်လာစေရန် ဖော်ပြလိုသော အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။
“ထိုင်းမှာမွေးလာတဲ့တိုင်းရင်းသား ကလေးတွေအတွက် အခွင့်အရေးနဲ့ တိုင်းရင်းသားတွေ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် မျှော်လင့်ပါတယ်။ လူတန်းစား မခွဲခြားပဲ တန်းတူဆက်ဆံဖို့အတွက် တိုင်းရင်း သားတွေကို အထင်မမြင်သေးနေတဲ့ လူတွေအများ ကြီးရှိသေးတယ်။ သူတို့ ကို နားလည် လာအောင် ပြောပြရမယ်။ သူတို့ ထင်တာက တောင်ပေါ်ကဆိုရင် ဟိုတောနက်ကြီးက လာတာထင်နေတာလေ။ ငါတို့ ကိုတွေ့ ရင် အထင်သေးအမြင်သေးနဲ့ ကြည့်တယ် ပြောဆိုဆက်ဆံတဲ့ သူတွေရှိတယ်လေ။”
ထိုင်းနိင်ငံအတွင်းရောက်ရှိနေသော တောင်ပေါ်တိုင်ရင်းသား အများစုသည် မြန်မာနိင်ငံ ၁၉၆၂ ခုနစ် ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီးနောက် ထွက်ပြေးလာသော မြန်မာနိင်ငံတိုင်းရင်းသား အများစုဖြစ်ကြ သည်။
ပွဲတော်တွင် ထိုင်းဘုရင်မှာ နာမကျန်းဖြစ်၍ ဆေးရုံတက်နေသောကြောင့် ပါဝင်တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ထိုင်းဝန်ကြီးချုပ်မှဦးဆောင်၍ တောင်ပေါ်နေတိုင်းရင်းသားများတွင် ကိုယ်စီပိုင်ဆိုင် ထားသော ချစ်စရာဓလေ့ ပေါင်းစုံကို ပြသခြင်းအစီစဉ်ကို ခမ်းခမ်းနားနားဖြင့် ပြုလုပ်နိုင်ခဲ့သည်ဟု ပွဲတက်ရောက်သူများ ပြောသည်။
No comments:
Post a Comment