Pages

Subscribe

Tuesday 15 June 2010

နျူကလီးယားကိစ္စပတ်သက်ပြီး နအဖ စွပ်စွဲချက်အပေါ် ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် ဗိုလ်မှူး အောင်လင်းထွဋ်တို့က ပြန်လည်ငြင်းဆို

စစ်အစိုးရ (MRTV)မှ ဗိုလ်မှုးမဟုတ်ပါဘူး ဗိုလ်ကြီး စိုင်းသိန်းဝင်းပါဟု ဗြောင်လိမ်လည် ငြင်းဆိုထားပါတယ်။ ဓာတ်ပုံကို ကြည့်လျှင် သိနိုင်ပါတယ်။ (ပုံ DVB)
နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရသတင်း ထုတ်ပြန်ချက်ပါ အချက်တချို့ မှားယွင်းနေတယ်လို့ ဗိုလ်မှူး စိုင်း သိန်းဝင်းနဲ့ ဗိုလ်မှူးအောင်လင်းထွဋ်တို့က ဒီဗွီဘီ ဆီစာနဲ့အထောက်အထားဓာတ်ပုံတွေ ပေးပို့ပြီး ငြင်း ဆိုလိုက်ပါတယ်။


အဲဒီစာတွေအတွင်း အထောက်အထားက ထောက်ပြထားတဲ့အချက် ၂ ခုကတော့ ဗိုလ် မှူး စိုင်းသိန်းဝင်းဟာ ‘နအဖ’ ကပြောနေသလို ဗိုလ်ကြီးအဆင့်မဟုတ်ဘဲ ဗိုလ်မှူး ဖြစ်တယ် ဆိုတဲ့ အထောက်အထား ရုံးစာနဲ့အထောက်အထားဓာတ်ပုံ၊ နောက်တခါ ဗိုလ်မှူးအောင် လင်းထွဋ်ရဲ့ စာထဲမှာတော့ ‘နအဖ’ က စွပ်စွဲထားတဲ့ အမေရိကန်ဒေါ်လာ ၄၅ဝဝ ကျော်အလွဲ သုံးစားလုပ်တယ်ဆိုတာ မဟုတ်ကြောင်း၊ ဒေါ်လာ ၈ဝဝဝ ကျော်ကို သံ မှူးကြီး ဦးမင်းလွင်ဆီ လွဲပြီးဖြစ်တဲ့အကြောင်း သံရုံးရဲ့ တရားဝင်စာကို ပူးတွဲဖော်ပြ ထားတာ တွေ့ရပါတယ်။ ဒါဟာမြိုင်မြို့မှာ အခြေစိုက်ဖွင့်ထားတဲ့ နျူကလီးယားတပ်ရင်းမှ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြည်ပကိုထွက်လာပြီး ‘နအဖ’ နဲ့ မြောက်ကိုးရီးယားတို့ရဲ့ နျူကလီး ယား ဆက်ဆံရေးအကြောင်း ဒီဗွီဘီကို ပြောပြပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ စစ်အစိုးရက သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ သတင်းထုတ်ပြန်ချက်ဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမှအပ နျူကလီးယားနဲ့ ပတ်သက် ပြီး အရေးကြီးတဲ့အချက်တွေကို ငြင်းဆိုနိုင်တာမျိုး မတွေ့ရသေးပါဘူး။

သတင်းရင်မြစ်..http://burmese.dvb.no/news.php?id=11197

No comments:

Post a Comment