Pages

Subscribe

Tuesday 8 June 2010

ရခိုင်လူမှုရေးအသင်း(ဂျပန်)၏ အလုပ် အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

ရခိုင် လူမှုရေး အသင်း(ဂျပန်) ၏ မျက် နှာစုံညီ အစည်းအဝေးနှင့် အလုပ်အမူဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲကို ဇွန်လ ၆ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည်။

အဖွဲ့ဝင် တဦးက “ မျက်နာစုံညီ အစည်းအဝေးနဲ့ အလုပ် အမူ့ဆောင်သစ် ရွှေးချယ် တင်မြှောက်ပွဲကို အသင်းရဲ့ ၁၇ နှစ်မြောက်နေ့ အခမ်းအနားနဲ့ အတူ တိုကျိုက TEIKYO ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနားကို အသင်းသူအသင်းသားတွေ စုံစုံညီညီ တက်ရောက်ခဲ့ပါတယ်” ဟု ပြောသည်။
အခမ်းအနားတွင် ရခိုင်အရေးကို ဦးဆောင် လူပ်ရှားနေသူ တဦးဖြစ်သည့် ဦးလှအေးမောင် မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အခမ်းအနားမှုး အဖြစ် ဒေါ်မသန်းခင်မှ ဆောင်ရွက် သည်။

“အခမ်းအနားမှာ ပထမပိုင်းတော့ ၂၀၀၉-၂၀၁၀ ခုနှစ် အတွင်း အသင်းမှာ တာဝန်ယူ ဆောင်ရွက်ခဲ့ကြတဲ့ အလုပ် အမှုဆောင် ကော်မီတီ အဖွဲ့ဝင်တွေက မိမိတို့နဲ့ သက်ဆိုင်ရာ လုပ်ငန်း ကော်မီတီ အလိုက် အစီရင်ခံစာတွေကို ဖတ်ကြား တင်သွင်းကြပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၁၀-၂၀၁၁ အတွက် အလုပ်အမူဆောင်သစ် ရွှေးချယ် တင်မြှောက်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။” ဟု သူက ဆက်ပြောသည်။

၂၀၁၀-၂၀၁၁ ခုနှစ်အတွက် အဖွဲ့ဝင် ၁၆ ဦးပါ အလုပ်အမှုဆောင် ကော်မီတီသစ်ကို ရွေးချယ် တင်မြှောက်ခဲ့ကြပြီး ဥက္ကဌသစ် အဖြစ် ဦးသန်းထွန်းဦးကို ရွှေးချယ် တင်မြှောက် ခဲ့ကြသည်။

ရခိုင်လူမှုရေး အသင်း(ဂျပန်)ကို ၁၉၉၃ ခုနှစ် ဇွန်လအတွင်းက ဂျပန်ရောက် ရခိုင် အမျိုးသား ၁၀ ဦးဖြင့် ရခိုင်အမျိုးသားများ၏ သာရေး နာရေး ကိစ္စရပ်များကို ကူညီရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

အသင်းကြီးမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယခုအခါ အဖွဲ့ဝင် တစ်ရာကျော် ရှိကာ ဂျပန်ရောက် ရခိုင်လူမျိုးများ၏ အလုပ်အကိုင် ရရှိရေး၊ နေရေး ထိုင်ရေး အဆင်ပြေ စေရေးနှင့် သာရေး နာရေး လုပ်ငန်းများကို ကူညီ လုပ်ဆောင်ပေးလျက် ရှိနေပြီး မြန်မာနိုင်ငံ တွင်လည်း ပညာသင်ကြားရန် အခက်အခဲ ဖြစ်နေသော ဆေးကျောင်းသားများနှင့် တခြား ရခိုင် ကျောင်းသား ကျောင်းသားများအား ပညာသင်ဆုများ ထောက်ပံကြေးများ ပေးသော လူမှုရေး အသင်းအဖွဲ့ကြီး တခုဖြစ်သည်။

No comments:

Post a Comment