Pages

Subscribe

Saturday 17 July 2010

လူကုန်ကူးခံရ သူများဘက်မှ အခမဲ့လိုက်ပါ ဆောင်ရွက်မည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ တည်ထောင်မည်

မြန်မာ နိုင်ငံ အပါ အဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ပြဿနာ တစ်ရပ် ဖြစ်နေသည့် လူကုန်ကူး သူများကို တရား ဥပဒေ အရ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ရေး အတွက် လူကုန်ကူး ခံရသူများ ဘက်မှ အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးမည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ကို တည်ထောင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း အစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး အဖွဲ့ အသိုင်း အဝိုင်း အတွင်းမှ စုံစမ်း သိရှိ ရသည်။လူကုန်ကူး ခံရသူ များသည် ၎င်းတို့ ရင်ဆိုင် နေရသော ဒုက္ခ အခက်အခဲ များမှ ပြန်လည် လွတ်မြောက်ပြီး နောက်၎င်း တို့ကို လူကုန်ကူး ရောင်းစားသူ များကို ဖော်ထုတ် ဖမ်းဆီးရန် အားနည်း တတ်ကြကြောင်း၊ ရင်ဆိုင်ခဲ့ ရသော အခြေ အနေဆိုးများကြောင့် ပုံမှန်စိတ် အခြေ အနေ ပြန်လည် ရောက်ရှိအောင် ကြိုးစား နေရသည့် လူကုန်ကူး ခံရသူ များသည် လူကုန်ကူး သူများကို ဖော်ထုတ် ဖမ်းဆီး တိုင်ကြား နိုင်ရန် အခက် အခဲ များစွာ ကြုံတွေ့ ရပြီး အထူး သဖြင့် ဥပဒေကြောင်း အရ တရားစွဲ တိုင်ကြား နိုင်ရန် အခက် အခဲများစွာ ရှိသဖြင့် လူကုန်ကူး ခံရသူများ ဘက်မှ လိုက်ပါ ဆောင်ရွက်နိုင်မည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့စည်း နိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ လူကုန်ကူး ခံရပြီး ပြန်လွတ် လာတဲ့ သူတွေဘက် ဥပဒေကြောင်း အရ လိုက်ပါ ဆောင်ပေး နိုင်တဲ့ အဖွဲ့ တကယ်ကို လိုအပ်နေပါတယ်။

အချို့ လူကုန်ကူး ခံရသူတွေက ပြဿနာ မတက်ချင်လို့၊ အချို့လူကုန်ကူး ခံရသူတွေက မတိုင်ရဲလို့ မတိုင်ကြ တာတွေ ရှိတယ်။ အမျိုးမျိုးပဲ။ အရေးကြီးတာက လူ့အဖွဲ့ အစည်း ထဲမှာ လူကုန်ကူးတဲ့ သူတွေကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးနိုင်ဖို့ အရမ်း အရေးကြီးတယ်” ဟု လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး နှင့် အသိပညာပေးရေး အဖွဲ့ တည်ထောင်ထားသူ တစ်ဦးက ဆိုသည်။ နိုင်ငံခြား သဘောင်္လိုင်း တစ်ခုတွင် အလုပ် ရရှိမည်ဟုဆိုကာ ငါးဖမ်း သဘောင်္ များတွင် လိမ်လည် ခိုင်းစေ ခံရပြီး လုပ်ခလစာ မရရှိဘဲ ရောင်းစား လူကုန်ကူး ခံရမှုမှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာ သူအသက် ၃၀ ကျော်အရွယ် မြန်မာအမျိုးသား တစ်ဦး၏ မိဘ အုပ်ထိန်းသူတစ်ဦးက “သူက စိတ်က ပုံမှန်မဟုတ်ဘူး။ ကြောက်နေသလို ဖြစ်နေတယ်။ သဘောင်္လိုင်းမှာ အလုပ်ရမယ် ဆိုပြီး ငွေလိမ် ရောင်းစားသွားတဲ့ သူက ရန်ကုန်ကပဲ။ သူ့ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် အဲဒီလူကုန်ကူး ရောင်းစားတဲ့ သူကိုတိုင်ဖို့ ဖိဖိစီးစီး မလုပ်နိုင်ဘူး”ဟု ပြောကြားသည်။

လူကုန်ကူး ခံရသူများ ဘက်မှ လိုက်ပါေ ဆာင်ရွက်မည့် ဥပဒေ အတိုင်ပင်ခံ အဖွဲ့တွင် တရားသူကြီးဟောင်းများ၊ ရှေ့နေများ နှင့် အစိုးရ ဝန်ကြီး ဌာနများတွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိ အချို့ ပါဝင်မည်ဟု အဖွဲ့တည်ထောင်ရန် ပြင်ဆင် နေသူများ ထံမှ သိရှိရသည်။ “ဒီလို အဖွဲ့မျိုးက တကယ်ကို လိုအပ်ပါတယ်။ ဘာပဲပြောပြော စိတ်ပိုင်း ဆိုင်ရာ ၊ ငွေကြေးပိုင်း ဆိုင်ရာ အပါအဝင် အခြေအနေ အရပ်ရပ်မှာ အားနည်း ချက်တွေ ရှိလို့ လူကုန်ကူး ခံရတဲ့ သားကောင်တွေ ဖြစ်ခဲ့ ရတယ်။ ဒီလို လူမျိုးတွေ ဘက်က ကာကွယ် ပေးမယ့် ဥပဒေ အဖွဲ့ အစည်း မျိုးကို လုံးဝ ကြိုဆို ပါတယ်” ဟု ရန်ကုန် သတင်းထောက် တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ် အဖွဲဝင် နိုင်ငံ အဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား သည်။

No comments:

Post a Comment