
အရင်ကဆို Ph.D အတွက်ပဲ ဆိုတော့ တော်ရုံလူက သတ်မှတ်ချက် နဲ့ မဝင်ဘူး။ Ph.D ဆိုတော့ M.Sc ပြီးထားရမယ်။ တခြား လုပ်သက်ကလည်း တော်တော်လေး တောင်းတော့ Government to Governmrnt ပဲဖြစ် သွားတယ်။ အစိုးရ ဝန်ထမ်းဆိုက်ငွေ ဘက်ကပဲ ရတာများ သွား တယ် ဟု ၄င်းက ရှင်းပြသည်။ ဆက်လက်ပြီး အခုတော့ အဲလို မဖြစ်ရအောင် ၊အပြင် လူတွေပါ ပါအောင် ဆိုပြီး M.Sc အတွက် ပါပါတယ်။ M.Sc ဆိုတော့ ဘွဲ့ တစ်ခုခု ရထားရုံနဲ့ တက်လို့ ရပြီဟု အ သေးစိတ် ပြောပြသည်။ လျှောက်လွှာ ခေါ်ယူ ထားသည့် အဓိက ဘာသာရပ် များမှာ Economic Sciences (Business Administration), Political Economic, Development Cooperation Engineering and related sciences, Mathematics, Regional Planning, Agricultural and Forest sciences, Medicine, Public Health, Veterinary, Public Health, Veterinary, Public Health, Sociology and Education တို့ ဖြစ်ကြသည်။ ထို့ပြင် ခေါ်ဆိုသော ဘာသာရပ် တစ်မျိုးစီ အတွက် ဝင်ခွင့် လိုအပ်ချက် အမျိုးမျိုး ရှိပြီး ပျှမ်းမျှ အရည်အချင်း ကန့်သတ်ချက်များမှာ သတ်မှတ်ထားသော Bachelor ဘွဲ့တစ်ခု၊ ဘာသာရပ် နှင့် သက်ဆိုင်သော လုပ်သက် (၁) နှစ် TOEFL (550 points) သို့ IELTS band 6 ရှိရမည် ဖြစ်သည်။
အခု စကောလားရှစ် ပရိုဂရမ်က ၁၀ဝ ရာခိုင်နှုန်း အပြည့် ပေးတာပါ။ ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။ လူနဲ့ ဦးနှောက် စိုက်ရုံပါပဲ။ ဒါကြောင့် ကန့်သတ်ချက် တွေတော့ ရှိနေပါ တယ်။ ဒါပေမယ့် အဓိက အားဖြင့် မြန်မာတွေ အတွက် ကြည်တော့ အင်္ဂလိပ်စာ အရည်အသွေး ပါပဲ။ ပြီးတော့ တောင်းထားတဲ့ လုပ်သက် (၂) နှစ်ကလည်း၊ လူတိုင်း အတွက် မဟုတ်ပါဘူး။ တက္ကသိုလ် တက်ခဲ့တဲ့ သက်တမ်း (၃) နှစ် အထက်ရှိတဲ့ သူတွေ (ရှိတဲ့ ဘာသာရပ်)ဆိုရင် အဲဒီ (၂) နှစ်ကို မကြည့်ပါဘူး။ အဲလိုပဲ လျှောက်တဲ့ ဘာသာရပ် အလိုက် တောင်းတဲ့ လိုအပ်ချက် လေးတွေ မတူတာကို တွေ့ရ ပါတယ်ဟု ယင်း လျှောက်လွှာ လက်ခံသူ ဂျာမာန် သံရုံးမှ တာဝန်ရှိသူ ကဆိုသည်။ ထို့ကြောင် လျှောက်ထား သည့် ဘာသာရပ်ပေါ် မူတည်၍ လိုအပ်ချက် အမျိုးမျိုး ကွဲပြား တက်သောကြောင့် အသေးစိတ် သိရှိလိုပါက daad.de ဝက်ဘ်ဆိုက်တွင် လျှောက်လွှာများ ရယူရင် ဖတ်ရှုနိုင်ပါသည်။
အခြားဖတ်ရှုနိုင်သော နည်းလမ်း တစ်ခုမှာ ဂူဂဲလ် search မှ Post-graduate Scholarship Programme board club ဟု ရိုက်ထည့်ကာ သက်ဆိုင်ရာ Link အား ရှာဖွေနိုင် သည်။ ဤသို့ ဖတ်ရှုပြီး မိမိ အရည် အချင်းနှင့် လိုက်ညီသည့် ဘာသာရပ်ကို တွေ့ရှိပါက ဂျာမာန် သံရုံးရှိ တာဝန်ရှိသူအား ဆက်သွယ်၍ ဦးစွာ ပြောကြား ရမည် ဖြစ်ပြီး ၄င်းတို့မှ လိုအပ်သည့် စာရွက် စာတမ်းများ အကြောင်း ရှင်းလင်း ပြောကြားမည် ဖြစ်သည်။ သို့မှသာ လျှောက်လွှာ တင်နိုင်ရန် ပြည့်စုံသည့် အချက် အလက်များ အား ရရှိ နိုင်မည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၅၄၈၉၅၁၊ ၅၄၈၉၅၂၊ ၅၄၈၉၅၃ ဂျာမာန်သံရုံး၊ ရန်ကုန်သို့ ဖြစ်ကြောင်း True News Journal တွင် ဖော်ပြထားသည်။
No comments:
Post a Comment