Pages

Subscribe

Tuesday 18 May 2010

ကွန်ကရစ်ရွာ သံမဏိတံခါးများကြားမှ မျက်ရည်မှတ်တမ်းများ
(မသေသောဝိဉာဉ်နှင့် ဦးစောဝင်း)
ဦးဇ၀န
မေ ၁၉၊ ၂၀၁၀
(၁)
မျက်ရည်များသာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်မည်ဆိုလျှင် ဦးဇင်းတို့၏ ရှိုက်သံများကား သမိုင်းဆရာတို့အတွက် အမှန်အကန်ဆုံး ထွက်ဆိုပေးမည့် သက်သေတို့ပင်ဖြစ်ပေလိမ့်မည်။ ဦးဇင်းတို့ အိပ်မက်တွေကလည်း ဘယ်တော့မှ မပုပ်မသိုး ထာဝရလတ်ဆတ်နေသည်။ စေတနာတွေက အထပ်ထပ် သန့်စင်ထားသော အနောဓါတ်ရေပမာ ကြည်လင်သန့်ရှင်းနေသည်ဟု သံသယမရှိ ယုံကြည်မိသည်။ ထိုယုံကြည်ချက်ကပင် ဦးဇင်းတို့အိပ်မက်တွေ အတိုင်းအဆမဲ့ ရှင်သန်နိုင်ရမည်ဟု အာမခံနိုင်ခြင်းဖြစ်သည်။
အပြည့်အစုံသို့ ...
 
Saung Yun La - Kindness to open the closed Window - poem
User Rating: / 1
စာပဒေသာ - ကဗျာ
မေတ္တာနဲ့လင်းမယ့် ပြတင်းတံခါးတွေကို ဖွင့်လိုက်ကြ
ဆောင်းယွန်းလ
မေ ၁၉၊ ၂၀၁၀
တိမ်တွေလျှောက်တဲ့ လမ်းမပေါ်က
သဘာဝရဲ့ဂီတသံဟာ စည်းဝါးမမှန်နိုင်တော့ဘူး ...
၂၁ရာစုရဲ့ ပထမဆယ်မျက်နှာဟာ
အိုင်းအနာဝတ်ရုံကို ခြုံပြီး
ကမ္ဘာကြီးကိုကိုင်လှုပ်ပစ်ခဲ့တာ ဘာမှတောင်မကြာလိုက်သေးဘူး..
အပြည့်အစုံသို့ ...
 
a Thai girl temporarily detains by red-shirt in Bkk:tweetphoto
User Rating: / 0
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
ထိုင်းအမျိုးသမီးတဦးကို ဘန်ကောက်တွင် အကြမ်းဖက်ဆန္ဒပြသူများက ယာယီ ထိန်းသိမ်း
ဓာတ်ပုံသတင်း
မေ ၁၈၊ ၂၀၁၀  ဘန်ကောက်တွင် အကြမ်းဖက် ဆန္ဒပြနေသော ရှပ်နီများက ယနေ့ ဖမ်းဆီးလိုက်သည့် အမျိုးသမီး တဦး။ ထိုအမျိုးသမီးသည် ဧရာဝတီမဂ္ဂဇင်းမှ သတင်းထောက်များအတွက် ဘာသာပြန်ပေးနေသူ ဖြစ်ကြောင်း၊ နာရီပိုင်းအတွင်း ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။ (ဓာတ်ပုံများ - http://tweetphoto.com/22910119 သတင်းကွန်ရက် စာမျက်နှာ)
အပြည့်အစုံသို့ ...
 
Water Drilling initiated by Lotus Foundation in Pegu and Thanatpin Township
User Rating: / 0
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
ရေရှားပါးမှု ရေရှည်ဖြေရှင်းနိုင်ရန် ရေတွင်းများ တူးဖော်
သတင်းရင်းမြစ် - ဦးအေးမြင့်နဲ့ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၁၈၊ ၂၀၁၀
သနပ်ပင်မြို့နယ်-ကမာခနိကျေးရွာ၊ ပဲခူးမြို့နယ်-ကန်ကြီးကုန်းကျေးရွာတွင် ရေတွင်းများ စ တူးနေပါပြီ။ Lotus Foundation စင်ကာပူအဖွဲ့၏ လှူဒါန်းမတည်မှုဖြင့် စတင့် အကောင်အထည်ဖော် ကြောင်းသိရသည်။
အပြည့်အစုံသို့ ...
 
Maung Yit - For Thu Maung with Love
User Rating: / 3
လူမှုရှုခင်း - အမှတ်တရများ
အနုပညာနယ်ထဲက ကောင်းသောလူကလေး … သို့
မောင်ရစ်
မေ ၁၈၊ ၂၀၁၀
အပြည့်အစုံသို့ ...
 
Cartoon Saw Ngo - People's Desire
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်း စောငို - ပြည်သူ့သဘောထား
မေ ၁၈၊ ၂၀၁၀
 
Remembering Thu Maung - Mar Mar Aye
User Rating: / 1
လူမှုရှုခင်း - အမှတ်တရများ
သုမောင် ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း
သုမောင်ရဲ့ကဗျာ၊ မာမာအေးထံက ပေးစာ
မေ ၁၈၊ ၂၀၁၀
မိုးမခ ...ရေ
သုမောင် ခေါ်တဲ့ ဗလကြီးဆီက နောက်ဆုံးရတဲ့ စာထဲမှာ ပါလာတဲ့ “ကဗျာလေး” ပရိသတ်တို့ ဖတ်နှင့်ရအောင် တင်လိုက်ပါနော်။ ရင်အနွမ်းမှာ အလွမ်းတိုးတော့ လက်လျော့နေလို့ နောက်မှ ရေးမယ်လေ။
စာကြွင်း - သူ့လက်ရေးအတိုင်း သုံးပေးပါရန်။      ။
မာမာအေး
(၂၀၁၀ မေ ၁၇ ရက် ည)
အပြည့်အစုံသို့ ...
 
99sanay and book launch event
User Rating: / 0
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
ဘလော်ဂါနိုင်းနိုင်းစနေ၏ စာအုပ် မြန်မာပြည်တွင် ထုတ်ပြီ
ဓာတ်ပုံသတင်း
မေ ၁၈၊ ၂၀၁၀ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် တွေ့ရသော ဘလော်ဂါ နိုင်းနိုင်းစနေ SYNERGY Publication စာအုပ်တိုက်က ထုတ်ဝေသည့် သူ၏ စာအုပ်ကို မေလအတွင်း ကျရောက်သည့် အမေများနေ့အမှတ်တရအဖြစ် ရန်ကုန်တွင် လက်မှတ်ရေးထိုး ရောင်းချ မိတ်ဆက်ခဲ့သည်။
အပြည့်အစုံသို့ ...
 
Cho Saint - Confession
User Rating: / 1
လူမှုရှုခင်း - အမှတ်တရများ
ဖြောင့်ချက်
ချိုစိမ့်
မေ ၁၈၊ ၂၀၁၀
          ကျနော် စစ်ထောက်လှမ်းရေးကို စစ်တရားရုံးမှာ ဘယ်လက်တဖက်နဲ့ ရှိခိုးခဲ့ရပါတယ်၊၊
ဒီလိုပါဗျာ  … ၁၉၉၆ ခုနှစ် ဒီဇဘာင်္လ ၁၂ ရက် ည ၁၂ နာရီ ထိုးမှာ ကျနော်တို့ကို လာဖမ်းသွားပါတယ်၊ အဖမ်းခံရတဲ့ နေရာက   သိင်္ဂါနဒီမြို့ပြ တောအုပ်ပျိုလေးထဲမှာ  ဒီနဒီက ရွှေရောင်ပျိုးပျက် စီးဆင်းဆဲ ၊၊
စစ်ကြောရေးဆိုတာ လူ့ငရဲတဲ့  … ကျနော် ၂ ပါတ်ကြာ တင်းခံနေပါတယ်၊ မင်္ဂလာသတင်းကို  ကြားရတဲ့နေ့က ကျနော် တခွန်းပဲ သူ့တို့ကို ပြောလိုက်ပါတယ်။
          “ရေမသောက်ရတာ ကြာပြီ။ ကျနော် အပေါ့ သွားချင်တယ်။ အလေး သွားချင်တယ်။ သူတို့ ချက်ချင်းပဲ လိုက်ပို့ပါတယ်။ အိမ်သာထဲမှာ လူတယောက် ရှိနေတယ်။ တံခါးကို ဟထားတယ်။ အထဲက ရဲဘော်က လှမ်းမေးတယ်။
အပြည့်အစုံသို့ ...
 
18th May 2010 - Burmese Magazine Digests
User Rating: / 0
သောင်းပြောင်းထွေလာ - မဂ္ဂဇင်းဂျာနယ် အညွှန်း
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
မေ ၁၈၊ ၂၀၁၀
မြန်မာငွေတန်ဖိုး စံချိန်တင် တက်။ လှိုင်သာယာမြို့နယ် ကျေးရွာများ ရေချိုဝယ်လိုအား မြင့်တက် (စာပေစိစစ်ရေးကို ကျော်ဖို့ သတင်းခေါင်းစဉ်ကို အဲသလို ပေးရတယ်ဗျာ။ ရေရှား၊ ပြည်ပကုန် အ၀င်နှေး လို့ မပြောတော့ဘူးလေ)
ထူးဘိလပ်မြေ တရက် တန် ၇၀၀ ထုတ်မည်ဟု ဆိုသည်။ ရွေးကောက်ပွဲပျက်အောင် ဆန့်ကျင်သူတို့က ဗုံးခွဲမှုများ လုပ်ဟု ရဲချုပ် ခင်ရီက စွပ်စွဲ။
အချိန်ပိုင်းနှင့် ပေးသည့် လျှပ်စစ်မီးကို အတိအကျပေးရန် - ပြည်သူတို့လိုလား။ ရာသီဖောက်၍ ပဲဈေးတက်။
လမ်းတံတားကြေးများ တိုးကောက်ခြင်းကြောင့် ပုဂ္ဂလိကပိုင်လမ်းများ ပြုမှု လူထုကို မထိခိုက်စေချင်။
ပါတီထောင်ခွင့် ၃၁ ပါတီ လျှောက်ထား။ ၂၇ ဖွဲ့ကို တည်ထောင်ခွင့်ပြု။
စစ်တွေတွင် လမ်းချော်သည့် လေယာဉ်ကို နေပြည်တော်တွင် ကော်ဖီဆိုင်အဖြစ် တည်ဆောက်။
ပုဂ္ဂလိက အခြေခံပညာအထက်တန်းကျောင်းလခ သိန်း ၃၀ ပေါက် (ဒေါ်လာ ၃ ထောင် တဲ့လား …)
ပုံမှန်ကားဈေး အရောင်းအ၀ယ် မာ - ကားဈေး သိန်း ၂၈၀ မှ ၃၄၀ ( ဒေါ်လာ ၃ သောင်း တဲ့လား …)
မိုးလေ၀သက ကြေညာသည့် အပူချိန်က အပြင်က အမှန်တကယ် အပူချိန်နှင့် ကွာဟနေဟု ဆို။
မန္တလေးတွင် ကွယ်လွန်သူ စာရေးဆရာ မာန်မြင့် ရည်စူုးသည့် သိန်း ၁၀၀၀ (ဒေါ်လာ ၁ သိန်း) ဖြင့် မာန်မြင့်ဖောင်ဒေးရှင်း ဖွဲ့မည် - လမ်းတံတားနဲ့ ပညာရေးကဏ္ဍ အတွက်ဟု ဆို။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာပေးမည်။
တခါသုံး ဖုံးကတ်ဝယ်လိုလျင် - နိုင်ငံသားကတ်ပြားနဲ့ မိတ္တူ ၂ စောင် ပေးအပ်ရမည်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်လိုသူများနဲ့ အင်တာဗျူးကောက်နုတ်ချက်များ။
 
FFSS (Yangon) Charity & Volunteer Works Updates
User Rating: / 2
လူမှုရှုခင်း - ခေတ်ပြိုင်အတွေ့အကြုံ
မေလ တတိယပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
(ကို) ကျော်သူ၏ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်။
မေ ၁၈၊ ၂၀၁၀

No comments:

Post a Comment