Pages

Subscribe

Tuesday 18 May 2010

နအဖကိုယ်စားလှယ်နှင့်တွေ့ရန် အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင် ငြင်းဆန်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့်တွေ့ဆုံရန် မိုင်းနောင် စကခ က ဖိတ်ခေါ်ခဲ့သော်လည်း ယုံကြည်မှုမရှိသော ကြောင့် သွားရောက်တွေ့ဆုံခြင်းမပြုနိုင်ကြောင်း အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင်က အပြတ်ငြင်းဆန်လိုက် သည်ဟု စုံစမ်းသိရှိရပါသည်။“ရပခ ဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးကတွေ့ဖို့ SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှကို လှမ်းဖိတ်တယ်။ နအဖကို အယုံအကြည်မရှိလို့ သွားမတွေ့နိုင်ဘူးလို့ အပြတ်ငြင်းလိုက်တယ်ပြောတယ်”- ဟု လဲချား(လိုင်းခ) ဒေသခံတဦးက ပြောပါသည်။

ဗိုလ်ချုပ်ပန်ဖှ


မေ ၁၅ ရက်နေ့ ဗိုလ်မှူးကြီးခေးမောဝ်း (အသွင်ပြောင်းရေးလက်ခံထားသည့် ဗိုလ်ချုပ်လွယ်မောဝ်း၏ညီ)၊ ဗိုလ်မှူးတွမ်းခမ်း နှင့် ဒု ဗိုလ်အောင်ဘ ဦးဆောင်သည့် အပစ်ရပ် SSA တပ်မဟာ ၁ ကိုယ်စားလှယ်အဖွဲ့က မိုင်းနောင်စကခမှူးဖိတ်ခေါ်ချက် အရ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ရပခ ဒု တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးလည်း မိုင်းနောင်သို့ ရောက်နေကြောင်း - ၎င်းတို့ အသိုင်းအ၀ိုင်းနှင့်ရင်းနှီးကျွမ်းဝင်သူတဦးက ဤကဲ့သို့ ပြောပြပါသည်။

“တပ်မဟာ ၁ ကိုယ်စားလှယ်အဖွဲ့က စနေနေ့မနက်ပိုင်းထွက်သွားတယ်။ အဲနေ့ဘဲ ခဏတွေ့ပြီးပြန်လာတယ်။ ဟိုရောက်တုန်း ဒုတိုင်းမှူးက ဗိုလ်ချုပ်ပန်ဖှကို တွေ့ချင်တယ်ပြောတော့ ကိုယ်စားလှယ်အဖွဲ့က စကားပြောစက် နဲ့ ချက်ခြင်းချိတ်ပေးတယ်၊ ဗိုလ်ချုပ်ပန်ဖှ သျှမ်းလိုပြန်ပြောတာကို ကိုယ်စားလှယ်အဖွဲ့က ဘာသာပြန်ပေးတယ် တဲ့”

‘မိမိသည် ဗိုလ်ချုပ်ဆေထဲန်၏တူဖြစ်ကြောင်း၊ မိမိဦးလေးအား ဖမ်းဆီးစဉ်ကလည်း ရပခ တိုင်းမှူး ခဏတွေ့လို သဖြင့် ခဏလိုက်ခဲ့ပါဟု ဟုခေါ်ဆောင်ရာမှ ယခုကဲ့သို့ ၁၀၆ နှစ် ထောင်နန်းစံနေရကြောင်း၊ ထို့ကြောင့်ယခု ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိ၍ မသွားဝံ့ကြောင်း၊ အသွင်ပြောင်းရေးကိစ္စလည်း နောက်တက်လာမည့်အစိုးရနှင့်သာဆွေးနွေး မည်ဖြစ်ကြောင်း’- ဗိုလ်ချုပ်ပန်ဖှ ပြောကြားခဲ့သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။

RPG 7 (Rocket Propelled Grenade Launcher)


စစ်အစိုးရမှာ ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် အပစ်ရပ် SSA တပ်မဟာ ၁ တပ်ဖွဲ့နှင့် တွေ့ဆုံရန် တဘက်က လေချိုသွေး ကြိးပမ်းနေချိန် အခြားတဘက်၌လည်း အပစ်ရပ် SSA တပ်မဟာ ၁ နယ်မြေ၀န်းကျင်တ၀ိုက်၌ စစ်အင်အားတိုးချထား ကြောင်း၊ တန်းယန်းမြို့နယ်အတွင်းရှိ လားဟူပြည်သူ့စစ်များအားလည်း AK 47 / M 79 နှင့် RPG 7 (Rocket Propelled Grenade Launcher) ပခုံးထမ်း နောက်ပွင့် လက်နက်အများအပြား တပ် ဆင်ပေးပြီး သံလွင်မြစ်တကျောတပ်စခန်းများ အား တပ်စခန်းစောင့်အဖြစ် အသုံးပြုနေကြောင်း ဒေသခံများ ပြောပြ ချက်အရသိရပါသည်။

No comments:

Post a Comment